ကိုကိုလားမသိဘူး....ဟူး!....
"ဟင်!!!.....ခင်ဗျား.!....
ခင်ဗျား ......ဘာလာလုပ်တာလဲ?........"
"ကျင့်လေး!!!......
မင်းက ငါ့ယောက်ျား .....
ဖောက်!!!!......
"လာ.....ကျင့်လေး.....
ကိုယ့်နေရာ ကိုယ်နေ......"
"ဘာ!!...."
အံ့ဩသွားရလေသည်။
"ကယ်!....ကျင့်လေး.....
.......................................................................
ဖမ်းဆုပ်ကာ ...........
"ကိုကို ........မငိုနဲ့.....
မျက်လုံး ထိခိုက်မယ်.......
တောက်!!!!!.......
စောင့်နေမယ်......."
တစ်ခါတစ်လေ အချစ်က
...................................................................
မနက်၁နာရီ.......
မနက်၂နာရီ..........
မနက်၃နာရီ............
မနက်၎နာရီအထိ ရှောင်ကျန့်အား
...........................................................
[Unicode]
အရိပ်ကောင်း၍ ပင်စည်ကြီးသော သစ်ပင်အောက်တွင် ကျင့်လေးတစ်ယောက် ရှောင်ကျန့်ကို စောင့်နေလေသည်။
ကိုကိုက မျက်လုံးပြန်မြင်ရပြီးလို့ ပြောတယ်။
ပြီးတော့ ကျွန်တော့်ကိုလည်း တွေ့ချင်တယ်လို့ ပြောပြီး ချိန်ထားတာကြောင့် ကျွန်တော်ဒီနေရာမှာ လာစောင့်နေတာပါ.......
အနာက်မှာ ခြေသံတွေကြားတယ်.....
ကိုကိုလားမသိဘူး....ဟူး!....
ရင်တွေ ခုန်လိုက်တာဗျာ.........
ကျင့်လေးတစ်ယောက် ခြေသံပိုင်ရှင်သည် ရှောင်ကျန့်အထင်နှင့် လှည့်ကြည့်လိုက်ရာ.......
"ဟင်!!!.....ခင်ဗျား.!....
ခင်ဗျား ......ဘာလာလုပ်တာလဲ?........"
"ကျင့်လေး......ကိုယ်နဲ့ ပြန်လိုက်ခဲ့....."
"မလိုက်နိုင်ဘူး....ကျွန်တော် ခင်ဗျားနဲ့ အတူမနေနိုင်ဘူး........ကျွန်တော် ကိုကို့ကိုပဲ ချစ်တာ ကိုကိုနဲ့ပဲ အတူနေမှာ......"
"ကျင့်လေး!!!......
မင်းက ငါ့ယောက်ျား .....
အဲ့ဒါကြောင့် မင်းငါ့အနားမှာပဲ နေရမှာ......."ဟု ပြောရင်း ဝူရန်တစ်ယောက် ကျင့်လေးလက်ကို အတင်းဆွဲနေလေသည်။
"လွှတ်!.....ကျွန်တော့်လက်ကို ခင်ဗျားလွှတ်ပေး!...."
ဟု နှစ်ယောက်သာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြစဉ်..........
ဖောက်!!!!......
ဝူရန်၏ ညာဘက်ပါးတစ်ဖက်သည် ပူထူသွား၍ ခန္ဓာကိုယ် တစ်ခုလုံးလဲ မြေပြင်ပေါ်သို့လဲကျသွားလေသည်။
"လာ.....ကျင့်လေး.....
ကိုကိုတို့ ဒီနေရာကနေ ထွက်သွားကြရအောင်"ဟု ပြောရင်း ရှောင်ကျန့်က ကျင့်လေးလက်ကို ဆွဲထားသောကြောင့်.......
ဝူရန်က မတ်တပ်ပြန်ရပ်၍ ကျင့်လေး၏ ကျန်လက်တစ်ဖက်အား ဆွဲထားလိုက်လေသည်။
ကျင့်လေးက မိမိလက်တစ်ဖက်ကို ဆွဲထားသော ဝူရန်၏လက်အား ပုတ်ထုတ်၍ ထွက်သွားမည်အလုပ်.....
"ကျင့်လေး......လွန်ခဲ့တဲ့၅နှစ်က အက်စီးဒန့်ဖြစ်ပြီး ပျောက်သွားတဲ့ မှတ်ဉာဏ်တွေကို မသိချင်ဘူးလာ?........ကိုယ်ပြောပြမယ်လေ...."
ဝူရန်စကားကြောင့် ကျင့်လေးခဏတာ တွေဝေသွားလေသည်။သို့သော်......
"အတိတ်ကို အတိတ်မှာထားခဲ့ လိုက်တော့မယ်.....
အခုလက်ရှိမှာ ကျွန်တော့်ဘဝကို ကိုကိုနဲ့ပဲ ဖြတ်သန်းချင်တယ်....ဘာအတိတ် ၊ဘာအနာဂတ်မှ မသိချင်တော့ဘူး.....အဲ့တာကြောင့် ကျွန်တော်တို့ကို
သွားခွင့်ပြုပါ...."ဟု ပြောရင်း ထိုနေရာမှ ထွက်သွားရန် ပြင်နေသော လူနှစ်ယောက်အား........
အကွယ်တစ်နေရာမှ ထွက်လာသော ရီပေါ်က
"ကျွန်တော်က တားမယ်ဆိုရင်ရော....."
"ရီပေါ် မင်းက ဘာလို့တားမှာလဲ?......
မင်းနဲ့ငါ ဘာဆိုင်လို့လဲ?......ငါမင်းကို ခွင့်လွှတ်လိုက်တယ်ဆိုပြီး ရောက်တတ်မနေနဲ့.....
ကိုယ့်နေရာ ကိုယ်နေ......"
"ကောင်းပါပြီ.......ဒါဆို ကျွန်တော်ဘာမှ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး......
အကို ကျင့်လေး......ကျေးဇူးပြုပြီး ကျွန်တော့်ယောက်ျားရဲ့ လက်ကို လွှတ်ပေးပါ....."
"ဘာ!!...."
"မင်း ဘာပြောလိုက်တာလဲ?......ရီပေါ်!!!....."
"ကိုကို ကြားတဲ့အတိုင်းပဲ ကိုကိုက ကျွန်တော့်ယောက်ျားလို့ ပြောလိုက်တာလေ....
မယုံရင် ဒီမှာကြည့် လက်ထက်စာချုပ်....."ဟု ပြောရင်း စာရွက်ကို ရှောင်ကျန့်တို့အား ပြလိုက်သောကြောင့် .............
ရှောင်ကျန့် နှင့်ကျင့်လေးတို့ နှစ်ယောက် အတော်ပင်
အံ့ဩသွားရလေသည်။
"ဒါဘယ်လို ဖြစ်နိုင်မှာလဲ?......
ငါမှ လက်မှတ်မထိုးခဲ့တာ......."
"ကိုကို လက်မှတ်ထိုးခဲ့လို့ပေါ့ ......
စာချုပ်တောင် ကိုကို့ရှေ့ ရောက်နေပြီးမလား?....
အဲ့တော့ အကိုကျင့်လေး.....ကျွန်တော့် ယောက်ျားလက်ကို လွှတ်လိုက်ပါ....ဟု ပြောရင်း
ရီပေါ်က ရှောင်ကျန့်၏ လက်နှင့် ကျင့်လေးလက်တို့ ဆက်နွယ်ထားသည့်နေရာကို ဆွဲဖြုတ်လိုက်လေသည်။
"ကယ်!....ကျင့်လေး.....
ရှောင်ကျန့်ကလည်း ပိုင်ရှင်ရှိနေတယ်.....
အချစ်ကို ကိုယ်လည်းလက်မလွှတ်နိုင်ဘူး.....
အဲ့တော့ ကိုယ့်နဲ့ပြန်လိုက်ခဲ့......"ဟု ပြောရင်း ဝူရန်တစ်ယောက် ကျင့်လေးလက်ကို ဆွဲ၍ ကားပေါ်သို့ တတ်သွားလေသည်။
*ကိုကိုရယ်.........ကံကြမ္မာက မတရားဘူး....
ကျင့်လေးတို့နှစ်ယောက်ကို ဝေးကွာဖို့ပဲ ဖြစ်စေတယ်......*
.......................................................................
ကျင့်လေးတို့ ကား မျက်စိရှေ့မှ ထွက်သွားတော့မှ
ရှောင်ကျန့် ရီပေါ်အား......မျက်ထောင့်နီကြီးနှင့် ကြည့်၍.......ရီပေါ်ပါးပြင်အား လက်သီးနှင့် ကြမ်းတမ်းစွာ ထိုးချလိုက်လေသည်။ထို့နောက် လဲကျသွားသော ရီပေါ်ကိုယ်ပေါ်တွင် ခွထိုင်လျှက် စိတ်ကြိုက်ထိုးမိနေလေသည်။
စိတ်တိုနေသောကြောင့် အချက်ရေ မည်မျှမှန်းထိုမိမှန်း ရှောင်းကျန့်မသိလိုက်ချေ။
ခဏအကြာ ရီပေါ်က ရှောင်ကျန့်၏
လက်ကောက်ဝတ်လေးအား အသားအယာလေး
ဖမ်းဆုပ်ကာ ...........
"ကိုကို ........မငိုနဲ့.....
မျက်လုံး ထိခိုက်မယ်.......
ပြီးတော့ ကိုကို့ရဲ့ လက်နုနုလေးနဲ့ ကျွန်တော့်မျက်နှာကို မထိုးပါနဲ့ ကိုကို့လက်နာသွားမယ်.....မတန်ဘူး....
ကိုကို ဘာဖြစ်ချင်လဲသာပြော ကျွန်တော်ကိုယ်တိုင်
ကိုယ့်ကိုကိုယ် အပြစ်ပေးမယ်...."
တောက်!!!!!.......
ရှောင်ကျန့်တစ်ယောက် ဒေါ်သထွက်လွန်း၍ ထိုနေရာမှ ထထွက်သွားလေသည်။
ထထွက်သွားသော ရှောင်ကျန့်ကို ရီပေါ်က ......
"ကိုကို!!!.....ညနေကျရင် ပြန်လာခဲ့နော်.....
စောင့်နေမယ်......."
*ကျွန်တော့်ကို မကောင်းတဲ့သူ လို့ကိုကိုမြင်နေတာမလား?....
ဒါဆိုလည်း အဲ့လိုပဲသတ်မှတ်လိုက်ပါနော်.....
တစ်ခါတစ်လေ အချစ်က
ရှင်းပြရခက်တဲ့ ပုစ္ဆာတွေလိုပဲ...
အဖြေသိပေမဲ့......တွက်နည်းမသိတော့ အမှားဖြစ်သွားတယ်......*
...................................................................
ည၁၂ထိုးနေပြီး.....ရှောင်ကျန့် ပြန်မလာသေးသောကြောင့် ရီပေါ်တစ်ယောက် အလွန်စိုးရိမ်နေလေသည်။ထို့ကြောင့် အိမ်အပြင်ထွက်၍ ရီပေါ်တစ်ယောက် ရှောင်ကျန့်ကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်ရှာနေလေသည်။
မနက်၁နာရီ.......
မနက်၂နာရီ..........
မနက်၃နာရီ............
မနက်၄နာရီအထိ ရှောင်ကျန့်အား
မရပ်မနား လိုက်ရှာနေသော ရီပေါ်တစ်ယောက်
ကမ်းခြေနားသို့ ရောက်လာလေသည်။ကမ်းခြေနားသို့ ရောက်ခါမှ
ကမ်းစပ်တွင် မူးပြဲ၍အိပ်ပျော်နေသော ရှောင်ကျန့်ကို
တွေ့လိုက်ရသည်။ထို့ကြောင့် ရီပေါ်ထို အမူးသမားအား မနိုင့်တနိုင်ဖြင့် ထမ်း၍ အိမ်သို့ပြန်ခေါ်လာခဲ့လေသည်။
အိမ်ရောက်သည်နှင့် ရီပေါ်ရှောင်ကျန့်အား သန့်ရှင်းရေးလုပ်ပေးပြီး....ရှောင်ကျန့်အိပ်နေသော
ဘေးတွင် သူပါ ဝင်လှဲလိုက်လေသည်။
"ကိုကို အေးဆေးအနာယူနော်.....
ကျွန်တော်ကတော့ ပင်ပန်းလွန်းလို့ ကိုကို့ဘေးမှာ ခဏလောက်ဝင်အိပ်ပါရစေ......"
...........................................................