ကျင့်လေး POV...........
တစ်ဆက်တည်း....ရီပေါ်က အရင်က ဝူရန်အလုပ်သမားဆိုတာရယ်၊ ကိုကိုနဲ့ရီပေါ်အိပ်ဖြစ်အောင် ဝူရန်တို့ဘက်ကပဲ စီစဉ်တယ်ဆိုတာကိုပါ သိလိုက်ရတယ်။
.....................................................................
"အား....!!.....ကျွတ်!...ကျွတ်!....
နာလိုက်တာ ကောရာ........"
(သူရဲကောင်း...)
"အာ!!......ကောနော်!...
ဘာတွေ ပြောနေတာလဲ?......"
"မဟုတ်လို့လား?.....
"ကောကလည်း!.....
ရှိတာကို......."
*ဘာတွေလဲ?....
................................................................
"ကော !.....ကော နိုးပြီးလာ?.....
"ကျင့်လေး.......
ချစ်တာပေါ့......."
"တကယ်လား?...."
"အင်း တကယ်ပေါ့....."
သိပြီးလား?...."
"ခ်ခ်......အင်း.....သိပြီး....
အဲ့တာဆို အာဘွားပေး....."
"အာ!..."
"ဘာလဲ မပေးဘူးလာ?....
"အဟမ်း!......
"ဟုတ်ကော.....
နောက်နေ့မှ တွေ့ မယ်........"
"ကိုကို .....ဘာဖြစ်နေတာလဲ?....."
ကိုကို......."
[Unicode]
ကျင့်လေး POV...........
ကိုကို့အကြောင်းတွေကို လူယုံတစ်ယောက်နဲ့စုံစမ်းခိုင်းလိုက်တဲ့အခါ ကိုကို့ကို ရီပေါ်ခေါ်သွားတဲ့ နေရာကိုသိလိုက်ရတယ်။နောက်ပြီး
တစ်ဆက်တည်း....ရီပေါ်က အရင်က ဝူရန်အလုပ်သမားဆိုတာရယ်၊ ကိုကိုနဲ့ရီပေါ် ်အိပ်ဖြစ်အောင် ဝူရန်တို့ဘက်ကပဲ စီစဉ်တယ်ဆိုတာကိုပါ သိလိုက်ရတယ်။
အဲ့တာကြောင့် ဝူရန်မရှိတုန်း သူ့လူတွေကို တစ်ပတ်ရိုက်ပြီး
ကိုကိုရှိတဲ့နေရာကို ထွက်လာခဲ့တယ်။ကျင့်လေး ကိုကိုနေတဲ့နေရာကို ရောက်တော့ ခြံတံခါးက ပွင့်နေပြီး ဘယ်သူမှမရှိသောကြောင့်.....အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ အိမ်ထဲသို့ ရောက်သောအခါတွင်လည်း ဘယ်သူမှမရှိသော်ကြောင့်....ပြန်လှည့်မည်အလုပ်
အိမ်ပေါ်ထပ်မှ အသံတစ်ခုကြားလိုက်သောကြောင့်..
အသံလာရာ နေရာသို့ တက်သွားလိုက်လေသည်။ထို့နောက် အခန်းလေးတစ်ခုကို တွေ့လိုက်၍ ဝင်သွားကြည့်ရာ.........ထိုင်ခုံပေါ်တွင် ထိုင်နေသော ကိုကို့ကို တွေ့လိုက်ရသည်။ထို့ကြောင့် ကိုကို့ဆီ အပြေးသွားပြီး လှမ်းဖက် လိုက်လေသည်။
ပြီးနောက် ကိုကို့ကို သိက္ခာချပြီး ဘာမှမရှိတော့တဲ့
ဘဝရောက်အောင် ရီပေါ်ကဝူရန်နဲ့ ပေါင်းကြံခဲ့တဲ့ အကြောင်းကို ပြောပြခဲ့တယ်။
အကြောင်းစုံကို သိသွားတဲ့ကိုကိုက သူအလိမ်ခံရသလို ရီပေါ်ကိုလည်း ပြန်ခံစားစေချင်တယ်လို့ ပြောလို့ ထိုအိမ်မှာပဲ
ကိုကို့ကို ထားခဲ့ပြီး ကျင့်လေးကတော့ ဟိုတယ်မှာအနားယူရန် အခန်းငှားခဲ့လေသည်။
.....................................................................
ရှောင်ကျန့်နဖူး နံရံနဲ့စောင့်မိ၍ မေ့နေသောကြောင့်
ရီပေါ်တစ်ယောက် ယီဘင်ကောကိုသာ ဖုန်းဆက်အကူညီတောင်းရလေသည်။
ရီပေါ် ခြေထောက်ကနာနေသော်လည်း ရှောင်ကျန့်ကို စိတ်ပူနေသောကြောင့် အမြန်ထပြီး အိပ်ယာပေါ်သို့ ပွေ့ချီသွားလိုက်လေသည်။ခဏအကြာတွင် ယီဘင်နှင့် ဆရာဝန်တစ်ယောက်လာပြီး ရှောင်ကျန့်ကို စမ်းသပ်ပေးသွားခဲ့ပြီး ရီပေါ်ခြေထောက်အတွက် ဒဏ်ရာပိုးမဝင်စေရန် ဆေးထည့်ပေးပြီး ကားကွယ်ဆေးတစ်လုံးထိုးပေးခဲ့လေသည်။
ရှောင်ကျန့်နိုးတော့ ခေါင်းများတစ်ဆစ်ဆစ်နှင့် ကိုက်နေလေသည်။ထို့ကြောင့် ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်ရာ.......ပက်တီးစည်းထားရမှန်း ရှောင်ကျန့်တစ်ယောက် သတိပြုမိပါသည်။
ထို့နောက် ဘေးဘက်အနည်းငယ်တွင် သတိထားကြည့်ရာ ဘာအသံမှမကြားရ၍ အခန်းထဲတွင် ရှောင်ကျန့် သူတစ်ယောက်ထဲသာ ရှိနေမှန်းသိလေသည်။ခဏကြာသောအခါ အခန်းတံခါးဝနားတွင် အသံများကြားနေရသောကြောင့် ရှောင်ကျန့်တစ်ယောက် အိပ်ဟန်ဆောင်လိုက်လေသည်။
"အား....!!.....ကျွတ်!...ကျွတ်!....
နာလိုက်တာ ကောရာ........"
"မင်း.....ဒီလောက်တောင် လုပ်ချင်တာ ခံပေါ့......"
(သူရဲကောင်း...)
"အာ!!......ကောနော်!...
ဘာတွေ ပြောနေတာလဲ?......"
"မဟုတ်လို့လား?.....
ဖြစ်လိုက်ပြီးဆို ငါ့ကိုပဲတနေပြီးတော့....."
"ကောကလည်း!.....
ဒီက ပေါ်ပေါ်လေးမှာ ဟော့ဒီက ကောကောယီဘင်ပဲ
ရှိတာကို......."
*ဘာတွေလဲ?....
သူတို့က ကြိုက်နေကြတာလား?.....
မဖြစ်ဘူး.....ရီပေါ် သူ့ကို ကြိုက်လို့မဖြစ်ဘူး....
မဟုတ်ရင် ငါ့ရည်မှန်းချက်တွေ အကုန်ပျက်စီးသွားမယ်.......
ငါကသူ့အသည်းကို တစ်စစီကြေမွအောင် လုပ်ပစ်မှာ
အဲ့တော့ ငါလုပ်ရမှာက သူငါ့ကို ချစ်လာပြီး.....
သူ့ကို ထားပစ်ခဲ့ဖို့ပဲ....သူအဲ့ကောင်လေးကို မကြိုက်စေရဘူး.......*
................................................................
ရီပေါ်နဲ့ယီဘင် စကားများပြောနေတုန်း ရှောင်ကျန့်နိုးလာသောကြောင့်.............
"ကော !.....ကော နိုးပြီးလာ?.....
ကျင့်လေး စိတ်ပူလိုက်ရတာ........."ဟု ရီပေါ်ပြောရင် ရှောင်ကျန့်အား ထ ထိုင်ရန် ထူပေးလိုက်လေသည်။ထိုအခါမှ ရှောင်ကျန့်တစ်ယောက် ရီပေါ် ်၏ခါးကိုဆွဲဖက်၍
ရီပေါ်၏ ရင်ခွင်လေးထဲတွင် ဝင်၍ချွဲလိုက်လေသည်။
"ကျင့်လေး.......
ကိုကို့ကို ........မချစ်တော့ဘူးလာဟင်?....."
"ဘယ်လို ပြောလိုက်တာလဲ?....ကိုကို
ချစ်တာပေါ့......."
"တကယ်လား?...."
"အင်း တကယ်ပေါ့....."
"အဲ့တာဆို ဘယ်လောထိ ချစ်လဲ?......."
"အင်း ......ကိုကို့ကို ကျွန်တော်က
ပင်လယ်ကြီးလောက်ချစ်တယ် သမုဒ္ဒရာကြီးလောက်ချစ်တယ်.....
ကမ္ဘာကြီးလောက်ချစ်တယ်......
Infinityလောက်ချစ်တယ်......
ပြောမပြတတ်လောက်အောင်ကို ချစ်တယ်....
သိပြီးလား?...."
"ခ်ခ်......အင်း.....သိပြီး....
အဲ့တာဆို အာဘွားပေး....."
"အာ!..."
"ဘာလဲ မပေးဘူးလာ?....
အဲ့တာဆို ကျင့်လေးက ကိုကို့ကို ချစ်ဘူးလာ?..."
ပြောရင်းဆိုရင်း ချွဲနေသော ရှောင်ကျန့်၏ မျက်နှာလေးကို ရီပေါ်လက်ကလေးများနှင့် အုပ်ကိုင်၍...........
နဖူးကို တစ်ချက် ၊မျက်ခွံကို တစ်ချက် ၊ပါးနှစ်ဖက်ကို
တစ်ချက်စီ ၊ပြီးတော့ မေးစေ့လေးကို တစ်ချက်နဲ့ နှာခေါင်းလုံးလုံးလေးကို တစ်ချက်နမ်းလိုက်လေသည်။
ထို့နောက် ရီပေါ်သည် ရှောင်ကျန့်၏မျက်နှာပေါ်တွင် အုပ်ကိုင်ထားသော လက်လေးအား ဖယ်လိုက်သောအခါ ........
ရှောင်ကျန့်က မျက်မှောင်ကြုံ့၍.......
ကျင့်လေး.....မကုန်သေးဘူးလေ.....
ကျန်နေသေးတယ်....."ဟုဆိုရင်နှုတ်ခမ်းစူပေးထားတာကြောင့် .......
ရီပေါ်လည်း ရှက်ရှက်နှင့်ပြုံးမိသွားလေသည်။
ထို့ကြောင့် ယီဘင်ကပဲ အလိုက်တသိနှင့်.....
"အဟမ်း!......
ကျင့်လေး......ကောပြန်တော့မယ်နော်......"
"ဟုတ်ကော.....
နောက်နေ့မှ တွေ့မယ်........"
ယီဘင်ပြန်သွားတော့.... ရှောင်ကျန့်ကမျက်နှာကြီးစူပုပ်ထား၍ နေနေသောကြောင့်.........
"ကိုကို .....ဘာဖြစ်နေတာလဲ?....."
"သွား!.....ခုဏကတော့ ကြည်နူးနေတာများ ....
ကိုကို့ကိုတောင် မေ့နေပြီးတော့......
အခုမှ စကားလာပြောမနေနဲ့.....မုန်းတယ်.....
ကိုကိုမျက်စိပြန်မြင်ရင် ကလေးကိုထားခဲ့မယ်....
ကိုကို......."
ရှောင်ကျန့်ပြောနေတဲ့ စကားများ လည်ချောင်းထဲတွင် ပြန်ကျသွားလေသည်။အကြောင်းမှာ .....ရှောင်ကျန့်၏နှုတ်ခမ်းပါးများကို ရုတ်တရက်နမ်းနေသော ရီပေါ်၏ နှုတ်ခမ်းများကြောင့် ဖြစ်လေသည်။
ခဏအကြာ ရီပေါ်ရှောင်ကျန့်၏ နှုတ်ခမ်းပါးလေးအား လွှတ်ပေးလိုက်ပြီး.........
"နောက်တစ်ခါ.....ထားသွားမယ်ဆိုတဲ့စကားကို
ယောင်လို့တောင် မထွက်ပါနဲ့ ကိုကို........အဲ့လိုလုပ်ဖို့
တွေးမိတဲ့တစ်နေ့ ကိုကိုနောင်တရလိမ့်မယ်........"
ရှောင်ကျန့်တစ်ယောက် ရီပေါ်၏ စကားများကို ဘာမြှပန်မပြောနိုင်ဘဲ " အင်း "ဟုသာ ပြန်ဖြေမိလေသည်။
*သူ့ကို နာကျင်စေချင်လို့ ပြောတဲ့စကားကြောင့်...
သူက ငါ့ကိုအတင်းနမ်းနေတယ် .......
ရှိပါစေ .......အခုက အကြွေးမှတ်ထားလိုက်မယ်......
နောက်တစ်ခါ အတိုးအရင်းပေါင်းပြီး.....မင်းနှလုံးသားကို
စုတ်ပြတ်သတ်အောင် လုပ်ပေးမယ်.....
ဟက်!.....ကောင်ကလေး မင်းနုပါသေးတယ်...*