ချစ် အတ္တ ( Uni+ Zaw )
By Ah-Thunn
239K 13.7K 1.5K
[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား... More
ချစ် အတ္တ - 1
ချစ် အတ္တ - 2
ချစ် အတ္တ - 3
ချစ် အတ္တ -4
ချစ် အတ္တ - 5
ချစ် အတ္တ -6
ချစ် အတ္တ -7
ချစ် အတ္တ - 8
ချစ် အတ္တ -9
ချစ် အတ္တ - 11
ချစ် အတ္တ -12
ချစ် အတ္တ -13
ချစ် အတ္တ -14
ချစ် အတ္တ -15
ချစ် အတ္တ -16
ချစ် အတ္တ -17
ချစ် အတ္တ -18
ချစ် အတ္တ -19
ချစ် အတ္တ-20
ချစ် အတ္တ -21
ချစ်အတ္တ -22
ချစ် အတ္တ -23
ချစ် အတ္တ -24
ချစ် အတ္တ -25
ချစ် အတ္တ -26
ချစ် အတ္တ -27
ချစ် အတ္တ -28
ချစ် အတ္တ -29
ချစ် အတ္တ -30
ချစ် အတ္တ -31
ချစ်အတ္တ -32
ချစ် အတ္တ -33
ချစ် အတ္တ -34
ချစ် အတ္တ - 35
ချစ် အတ္တ - 36
ချစ် အတ္တ -37
ချစ် အတ္တ -38
ချစ် အတ္တ -39
ချစ်အတ္တ -40
ချစ် အတ္တ -41
ချစ် အတ္တ -42
ချစ် အတ္တ -43
ချစ် အတ္တ -44
ချစ် အတ္တ - 45
ချစ် အတ္တ -46
ချစ် အတ္တ -47
ချစ် အတ္တ -48
ချစ် အတ္တ -49
ချစ်အတ္တ -50
ချစ် အတ္တ -51
ချစ် အတ္တ - 52
ချစ် အတ္တ -53
ချစ် အတ္တ - 54
ချစ် အတ္တ -55
ချစ် အတ္တ -56 (completed)
ချစ် အတ္တ -10
4.4K 273 29
By Ah-Thunn
"ဟုတ်လား?.....ကျင့်လေး ..."
"အင်း!...."
"အော်!....."
"ဘယ်သွားမှာလဲ?....
"အာ!..."
...............................................................
...................................................................
"ကျင့်လေး.!!.....ကျင့်လေး!!....."
"............ဟင်....."
"ထ!...ထပါဦး!....."
"ဘာဖြစ်လို့လဲ?...ကိုကို......."
"မဟုတ်!....မဟုတ်ပါဘူး...."
ဘယ်သူလုပ်တာလဲ?......."
"အရမ်းချစ်တယ် ကိုကို....."
[Unicode]
ရီပေါ်တစ်ယောက် ရှောင်ကျန့်ယုံအောင်သာ မန်နေဂျာအလုပ်သွားလုပ်ရမယ်လို့ ပြောထားပေမဲ့......တကယ်တမ်းကျတော့ ပညာရေးကလည်း တစ်ပိုင်းတစ်စနဲ့ နာမည်ပျက်ရှိတဲ့သူလည်း ဖြစ်နေတော့....
ဘယ်သူကမှ ရီပေါ်ကို အလုပ်မခန့်ချင်ကြဘူး.....
ဒါပေမဲ့ ခက်ခက်ခဲခဲနဲ့ အလုပ် တစ်ခု‌တော့ ရလာပါတယ်.....အဲ့တာက တရားမဝင်
စည်ဝိုင်းအတွင်းမှာ တစ်ဦးကိုတစ်ဦး အလဲထိုးသည့်
နေရာတစ်ခုမှာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် ထိုးကြိတ်အပြီးတွင် အနိုင်ရသူက ကြေးများများ
ရရှိ၍ ရှုံးတဲ့သူက နစ်နာကြေးအနေနှင့် အနိုင်ရသူ ရရှိသည့် ကြေး၏ ဆယ်ပုံ နှစ်ပုံသာ ရလေသည်။
ရီပေါ်သည် ငယ်ငယ်ကတည်းကပင် သည်းခံတတ်သူမို့ ကျောင်းတက်တုန်းက အနိုင်လာကျင့်ခဲ့‌သော သူ‌တွေကိုတောင် လက်နှင့် တစ်ခါမှ ပြန်မရွယ်ခဲ့ဘူး။အခုစည်းဝိုင်းထဲ ရောက်တော့လည်း....တစ်ခါမှရန်မဖြစ်ဖူးသော ရီပေါ်အဖို့....ရှေ့ကအားကောင်းမောင်းသန် နဘမ်းသမားအား ဘယ်လိုမှ မတွန်းလှန်နိုင်ခဲ့ပေ။
ပြိ ုင်ပွဲအဆုံးတွင် ရီပေါ်တစ်ယောက် ဒဏ်ရာဒ‌ဏ်ချက်များနှင့် ကြမ်းပြင်ပေါ်သို့
လဲကျသွားလေသည်။ ဒိုင်လူကြီးက အနိုင်ရရှိသူကို
ကြေငြာပြီး၍ လူအားလုံးကလည်း ထိုနေရာမှ ပြန်သွားကြလေသည်။လူတွေ အကုန်ပြန်သွားတော့မှ ရီပေါ်တစ်ယောက် မရှိရှိသော အင်းအားနှင့် ကုန်းထ၍ ရီပေါ်အလုပ်ရှင် ဖြစ်ဟန်ရှိ‌သော သူဆီသို့ ငွေထုတ်ရန် သွားလိုက်လေသည်။သူဋေးပေးလိုက်သော ငွေများမှာ ရီပေါ်၏ ဒဏ်ရာ ကုသစရိတ်နှင့် ရက်အနည်းငယ်လောက် စားဖို့ လုံလောက်လေသည်။
ရီ‌ပေါ်သူဋေးက ရီပေါ်အား ဒဏ်ရာ ကုသစရိတ်ပေးထားသော်လည်း ရီပေါ်မှာ ထိုပိုက်ဆံတို့ကို ဒဏ်ရာကုသဖို့အတွက်တောင် မသုံးရက်ပေ။သူ့ဒဏ်ရာကုမဲ့အစား ရှောင်ကျန့်မျက်စိ ကုဖို့အတွက်စုထားရင် ပိုးကောင်းမည်ဟုတွေးပြီး.......ဒဏ်ရာကုသဖို့ပိုက်ဆံကို ရှောင်ကျန့်မျက်စိကုဖို့ အတွက်သိမ်းထားလေသည်။ထို့နောက် နစ်နာကြေးအနေနှင့်ရလာသော ပိုက်ဆံတို့ကို ရှောင်ကျန့်အတွက် ထမင်းဆိုင်ကောင်းကောင်းမှာ တစ်ယောက်စာ ဝယ်လာ၍ ရီပေါ်ကတော့ ဘာဟင်းမှ မပါဘဲ ထမင်းဖြူသာ ဝယ်လာ‌လေသည်။
"ကိုကို.!!....စားလို့ကောင်းလာ?....."
"အင်း....အရမ်းကောင်းတယ်....ဒါနဲ့
ကျင့်လေးက ပိုက်ဆံတွေဘယ်ကရတာလဲ?....."
"ကိုကိုကလည်း........ကျင့်လေးဒီနေ့ ဟိုတယ်မှာ
လစာကြို ရတယ်လေ....ကျင့်လေးရတဲ့ လစာက ဒီတစ်လအတွင်း ကိုကိုစိတ်ကြိုက်သုံးလို့ရတယ်....."
"ဟုတ်လား?.....ကျင့်လေး ..."
"အင်း!...."
"ကျင့်လေး စားပြီးပြီးလာ?......"
"စားပြီးပြီး.....ကိုကို ဟိုတယ်မှာပဲ စားလိုက်တယ်...."
"အော်!....."
"ဒါဆို ကျင့်လေးသွားနားတော့မယ်နော်....
ကိုကို လိုအပ်တာရှိရင် ခေါ်လိုက်နော်........."
"ဘယ်သွားမှာလဲ?....
ကျင့်လေးက ကိုကိုနဲ့တစ်ခန်းထဲပဲ နေနေတာလေ...."
"အာ!..."
"သွား .....ကိုကို့ ကုတင်ပေါ်မှာ သွားအိပ်လေ......."
"အင်း!.....မအိပ်သေးဘူး ကိုကို ကျင့်လေးရေချိုးလိုက် ဦးမယ်......."ဟု ဆိုရင်
ရီပေါ်တစ်ယောက် ဒဏ်ကြေလိမ်းဆေးနှင့် ထမင်းအဖြူထုပ်လေးအား ရေချိုးခန်းသို့ သယ်သွားလေသည်။
...............................................................
ရီပေါ်တစ်ယောက် ရေချိုးခန်းထဲတွင် ရေများဖွင့်ထားပြီး......ဆေးထိုင်လိမ်းနေလေသည်။
ထို့နောက် လက်ထဲတွင် ပါလာသော ထမင်းအဖြူထုတ်လေးအား ပါးစပ်ထဲသို့ အဆက်မပြတ် ထည့်၍ စား‌နေလေသည်။ အရမ်းဆာနေ‌သော်လည်း အကုန်တော့ ရီပေါ်မစားရဲချေ။ညနေအတွက် ချွေတာရသေးသည်လေ .......
ရီ‌ပေါ် ရေချိုးအပြီးတွင် ရှောင်ကျန့်က ကုတင်ပေါ်တွင် အိပ်ပျော်နေလေသည်။ထို့ကြောင့်
ရီပေါ်လည်း ရှောင်ကျန့်၏အနားတွင် အသာလေးဝင်လှဲလိုက်လေသည်။
...................................................................
ရှောင်ကျန့်နိုးတော့ နှာခေါင်းထဲတွင်...ပူရှိန်းရှိန်းဆေးနံ့ရ၍......
အနံခံကြည့်ရာ.......ရီပေါ်ကိုယ်မှထွက်လာခြင်း ဖြစ်သောကြောင့်.........
"ကျင့်လေး.!!.....ကျင့်လေး!!....."
"............ဟင်....."
"ထ!...ထပါဦး!....."
"ဘာဖြစ်လို့လဲ?...ကိုကို......."
"‌ေ‌ဆးနံ့တွေ ရတယ် .......ကျင့်လေးဆီက မလား?..."
*ငါ...ငါ ကိုကို့ကို ဘယ်လိုပြောရပါ့မလဲ?......"
"မဟုတ်!....မဟုတ်ပါဘူး...."
"ကျင့်လေး!.....ကိုကို့ကို မညာပါနဲ့ဆို....
ဘာလဲ?.....ကျင့်လေးက ကိုကိုမမြင်ရလို့
လိမ်နေတာလား?....ကိုကို့ ကို ကျင့်လေးဘာလုပ်နေတယ်ဆိုတာ အသိပေးစရာ မလိုဘူးလာ.?......"
"မဟုတ်!....အဲ့လို သဘောမဟုတ်ပါဘူး ကိုကို...တကယ်တော့ ......
ဆေးနံ့က ကျင့်လေးဆီကပါ........"
"ကျင့်လေးဘယ်နားထိခိုက်ထားလို့လဲ?....
ဘယ်သူလုပ်တာလဲ?......."
"ဘယ်သူမှ လုပ်တာမဟုတ်ပါဘူး.....
ကျင့်လေး....အိမ်ပြန်လာတဲ့လမ်းမှာ ကလေးတစ်ယောက်က စက်ဘီးနဲ့တိုက်မိမလို ဖြစ်နေတာကို ရှောင်ရင်း ခြေထောက်နည်းနည်း ခေါက်သွားတာပါ......အဲ့ဒါ‌ကြောင့် ‌ဆေးလိမ်းထားတာပါ ကိုကိုရ..... စိတ်မဆိုးပါနဲ့နော်....."
"စိတ်ဆိုးလို့ မဟုတ်ပါဘူး.....ကိုကိုက စိုးရိမ်လို့ပါ....
ကိုကိုက ကျင့်လေးနဲ့ ထပ်ဝေးရမှာ ကြောက်လို့ပါ...."
ရှောင်ကျန့်စကားအပြီး ရီပေါ်ရှောင်ကျန့်ကို တင်းကြပ်စွာဖက်ထားလိုက်လေသည်။
"အရမ်းချစ်တယ် ကိုကို....."
"အတူတူပါပဲ ....ကျင့်လေးရယ်....."
*တစ်ခါတစ်လေ ကျွန်တော်ကျင့်‌လေးဆိုတဲ့ လူကိုတောင် မနာလိုဖြစ်မိတယ် .....
ကျွန်တော်လည်း.....ကိုကိုက အရမ်းချစ်ပါတယ်လို့ အပြောခံရတဲ့ လူသားလေးဖြစ်ချင်မိပါရဲ့......ကိုကိုရယ်...."
....
Continue Reading
You'll Also Like
1.1M 49.1K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
143K 10K 31
ဝတ္ထုတစ်ပုဒ်အားသဘောကျ၍ Yizhan အနေဖြင့်ရေးသားခြင်းဖြစ်ပါသည်။ အမြင်မတူခဲ့ပါက ကျော်သွားပေးပါရန် ဝတ္ထုတစ်ပုဒ်အားသဘောကျ၍ Yizhan အနေဖြင့်ရေးသားခြင်းဖြစ်ပါသည...
243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
12K 887 2
Zawgyi အဖြူရောင်နတ်ဘုရားနဲ့လူသားလေး💕 သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှု... ကျွန်တော့်ရဲ့အချစ်ဦးဆိုတဲ့အမည်နာမဟာအဖြူရောင်နတ်ဘုရားကြောင့်ပဲဖြစ်တည်တယ်... Wang...