က်င့္ေလး POV..........
ကိုကိုက မနက္ေစာေစာ ျပန္လာမယ္ဆိုလို႔ အိမ္ထဲမွာ ဝင္ေစာင့္ေနတာ ကားသံၾကားလို႔ ထြက္ၾကၫ့္လိုက္ေတာ့.....
ကိုကို က အဲ့ေကာင္ေလးကို
ေပြ ့ခ်ီလာတာကို ေတြ ့လိုက္ရတဲ့အခါ .....
*အဲ့ေကာင္ေလးကို ကိုကိုက ဘာလို႔
ေပြ႕ခ်ီလာတာလဲ?
ကိုကိုေျပာေတာ့ သူနဲ႔မပက္သတ္ရဘူးဆို......အခု ကိုကိုက အိမ္အထိပါ သူ႔ကိုေခၚလာခဲ့တယ္......ဘာေတြလဲ?.....
ဘာေတြလဲ?......က်င့္ေလး နားမလည္ႏိုင္ေတာ့ဘူး..........*
ဆိုတဲ့ အေတြးေပါင္းမ်ားစြာ ဝင္ေရာက္လာခဲ့တယ္...........ဒါေပမဲ့ ကိုကိုက အေၾကာင္းစံုကို ေျပာျပေပးေတာ့....ရင္ထဲက မတင္မက်မႈက အနည္းငယ္ေလ်ာ့သြားသလိုလို ရိွလာခဲ့သည္။
ကိုကိုက ရံုးသြားေတာ့ က်င့္ေလးလည္း လိုက္လာခဲ့တယ္ အိမ္မွာေတာ့ ရီေပၚကို ကိုကိုငွာထားေပးတဲ့ အကူတစ္ေယာက္နဲ႔ ထားခဲ့လိုက္တယ္.......
.............................................................
ေရွာင္က်န႔္ ညကမအိပ္ရေသာ ဒဏ္ေၾကာင့္ အစည္းအေဝးခန္းထဲတြင္ အေတာ္ငိုက္ေနၿပီျဖစ္သည္။ ရွယ္ယာရွင္မ်ား၏
စကားမ်ားကိုလည္း မၾကားႏိုင္သလို ျပန္လည္းမေျပာႏိုင္ဘဲ ငိုက္ေနသည္မွာ အစည္းေဝးပြဲ ၿပီးဆံုးသည္ထိပင္ ျဖစ္ေလသည္။
"ကိုကို......ေနမေကာင္းဘူးလာ?....."
"အင္း....ေခါင္းေတြလည္း ကိုက္ေနတယ္......"
"ဒါဆို ျပန္နားလိုက္ေလ......"
"ဒါေပမဲ့.....ရံုးက အလုပ္ေတြ မၿပီးေသးဘူးေလ......"
"ရတယ္.....က်င့္ေလးလုပ္ထားလိုက္မယ္.....
ကိုကို ျပန္နားေတာ့ .....က်င့္ေလး...ရံုးဆင္းရင္
ကိုကို႔အိမ္ ဝင္လာခဲ့မယ္.....ကိုကို ျပန္နားေတာ့ေနာ္........."
"အင္း......"
...................................................................
ေရွာင္က်န႔္ ေခါင္းအရမ္းကိုက္ေနေသာေၾကာင့္ ကားေလးကို ျဖည္းျဖည္းေမာင္း၍ အိမ္သို႔ ျပန္ခဲ့ေလသည္။ အိမ္ျပန္ေရာက္တဲ့အခ်ိန္
ေခါင္းအဆက္မျပတ္ ကိုက္လာေသာေၾကာင့္
ျပန္ေရာက္ ေရာက္ခ်င္း.....အခန္းထဲတြင္သာ ဝင္နားေနေလသည္။
ရီေပၚလည္း ေရွာင္က်န႔္ေနမေကာင္းေသာေၾကာင့္
အကူေလးအား အကူညီေတာင္း၍ .....ေရွာင္က်န႔္၏ အခန္းထဲသို႔ သြားဝင္ၾကၫ့္ေလသည္။အခန္းထဲေရာက္ေသာ္.....
ေရွာင္က်န႔္က အိပ္ေပ်ာ္ေနၿပီးျဖစ္ေသာေၾကာင့္ ရီေပၚက ေရွာင္က်န႔္နဲ႔ အနီးဆံုးေနရာတြင္ ခံုထား၍ ဝင္ထိုင္လိုက္ေလသည္။
ရီေပၚ လည္း အိပ္ေပ်ာ္ေနေသာ ေရွာင္က်န႔္၏ အသားကိုထိလိုက္ေသာအခါ......
ပူေနြးေနေသာေၾကာင့္ .....ဆရာဝန္အား သြားေခၚေပးရန္ အကူေလးအား ေျပာလိုက္ေလသည္။
ဆရာဝန္ ေရာက္ၿပီးေသာအခါ .....
ေရွာင္က်န႔္အား ေဆးထိုးေပး၍ .....ေသာက္ေဆးပါေပးထားလိုက္ေလသည္။
ဆရာဝန္ျပန္ျပီး ခဏအၾကာတြင္ အကူေလးက
ရီေပၚလိုအပ္တာ မွန္သမ်ွ လုပ္ေပးၿပီး ျပန္သြားခဲ့ေလသည္။
................................................................
အကူေလးျပန္သြားေတာ့ ရီေပၚႏွင့္ ေရွာင္က်န႔္ႏွစ္ေယာက္သာ အိမ္ထဲတြင္ က်န္ခဲ့ေလသည္။ ရီေပၚသည္ အကူေလးျပန္သြားမွ
ေရွာင္က်န႔္၏ ကုတင္ေပၚတြင္ တင္ပါးလႊဲထိုင္၍ ေရွာင္က်န႔္၏ အိပ္ေပ်ာ္ေနေသာ မ်က္ႏွာေလးအား အေသအခ်ာၾကၫ့္ေနမိေလသည္။
ျကၫ့္ေနရင္းႏွင့္ပင္...ဘယ္အခ်ိန္
ထိကပ္သြားမွန္းမသိလိုက္ေသာ ရီေပၚ၏ ႏႈတ္ခမ္းပါးႏွင့္ ေရွာင္က်န႔္၏နဖူးျပင္ ....
ခဏအၾကာ ထိကပ္ၿပီးတဲ့ေနာက္မွာ .........
ရီေပၚက လက္ညိုးေလးျဖင့္ ေရွာင့္က်န႔္၏ ႏွာတံေလးကေန ႏႈတ္ခမ္းပါးဆီသို႔ တစ္ေလ်ွာက္ ပြတ္ဆြဲလာ၍...........
"အကို ေရွာင္က်န႔္.....ခင္ဗ်ားက အရမ္းေခ်ာတယ္...
ကြၽန္ေတာ္လည္း ခင္ဗ်ားကို ကိုကိုလို႔ေခၚခြင့္ရိွမလား?......ကြၽန္ေတာ္ ခင္ဗ်ားကို
ကိုကိုလို႔ ေခၚမယ္ေနာ္........ၿပီးေတာ့ ကြၽန္ေတာ္ ကိုကို႔ ကိုအရမ္းခ်စ္တယ္ဗ်.....တကယ္ ကိုကို႔ကို ပံုထဲမွာေတြ ့တဲ့အခ်ိန္ ကိုကိုက ဒီအတိုင္းေလး ေခ်ာတာလို႔ပဲ ထင္ခဲ့တာ.......အျပင္မွာ
ေတြ ့လိုက္ရတဲ့ အခ်ိန္မွာ.....ကြၽန္ေတာ္ ရင္ေတြအရမ္းခုန္ေနတာ.....ၿပီးေတာ့ ကိုကို ေရြးခ်ယ္
တဲ့ ကိုကို႔ရဲ့ သတို႔သားေလး ျဖစ္ခ်င္မိတယ္...."
ရီေပၚ တစ္ေယာက္ စကားေတြ ေတာက္ေလ်ွာက္ေျပာေနခဲ့ၿပီး......ခဏအၾကာ ....
ေရွာင္က်န႔္က ညည္းေနေသာေၾကာင့္ ......
ရီေပၚက ေရွာင္က်န႔္၏ ႏႈတ္ခမ္းပါးနားတြင္
ေရွာင္က်န႔္၏ အသံကို နားေထာင္ေနတုန္း..........
ေရွာင္က်န႔္က ရီေပၚကိုယ္ေလးအား
ရုတ္တရက္ ဆြဲဖက္ထားေသာေၾကာင့္
ရီေပၚလည္း အရိွန္မထိန္းႏိုင္ပဲ ေရွာင္က်န႔္၏ ေဘးတြင္ လွဲမိသလို ျဖစ္သြား၍ အပိုဆုအေနနဲ႔ ေရွာင္က်န႔္၏ ရင္ခြင္ထဲသို႔ ေတာင့္ေတာင့္ႀကီး ဝင္ေနမိေလသည္။
"က်င့္ေလး......ခ်စ္တယ္ေနာ္ ......"
ေရွာင္က်န႔္၏ ေယာင္ေနေသာ အသံကိုအနီးကပ္ ၾကားေနေသာ ရီေပၚက အသံတိတ္မ်က္ရည္မ်ားက်ေနမိေလသည္။
ရီေပၚနည္းတူ........
က်င့္ေလး ဆိုေသာ နာမည္ကိုမၾကားဘဲ ခ်စ္တယ္
ဟူေသာ စကား အပိုင္းစေလးကိုသာ ၾကားခဲ့ေသာ
က်င့္ေလးတစ္ေယာက္လဲ ခ်စ္ရသူက မိမိအားမခ်စ္ေတာ့ဘူးလား? ဆိုသၫ့္အေတြးမ်ားႏွင့္ အခန္းအျပင္ဘက္တြင္ အသံတိတ္ ငိုေႂကြးေနမိေလသည္။
[Unicode]
ကျင့်လေး POV..........
ကိုကိုက မနက်စောစော ပြန်လာမယ်ဆိုလို့ အိမ်ထဲမှာ ဝင်စောင့်နေတာ ကားသံကြားလို့ ထွက်ကြည့်လိုက်တော့.....
ကိုကို က အဲ့ကောင်လေးကို
ပွေ့ချီလာတာကို တွေ့လိုက်ရတဲ့အခါ .....
*အဲ့ကောင်လေးကို ကိုကိုက ဘာလို့
ပွေ့ချီလာတာလဲ?
ကိုကိုပြောတော့ သူနဲ့မပက်သတ်ရဘူးဆို......အခု ကိုကိုက အိမ်အထိပါ သူ့ကိုခေါ်လာခဲ့တယ်......ဘာတွေလဲ?.....
ဘာတွေလဲ?......ကျင့်လေး နားမလည်နိုင်တော့ဘူး..........*
ဆိုတဲ့ အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့တယ်...........ဒါပေမဲ့ ကိုကိုက အကြောင်းစုံကို ပြောပြပေးတော့....ရင်ထဲက မတင်မကျမှုက အနည်းငယ်လျော့သွားသလိုလို ရှိလာခဲ့သည်။
ကိုကိုက ရုံးသွားတော့ ကျင့်လေးလည်း လိုက်လာခဲ့တယ် အိမ်မှာတော့ ရီပေါ်ကို ကိုကိုငှာထားပေးတဲ့ အကူတစ်ယောက်နဲ့ ထားခဲ့လိုက်တယ်.......
.............................................................
ရှောင်ကျန့် ညကမအိပ်ရသော ဒဏ်ကြောင့် အစည်းအဝေးခန်းထဲတွင် အတော်ငိုက်နေပြီဖြစ်သည်။ ရှယ်ယာရှင်များ၏
စကားများကိုလည်း မကြားနိုင်သလို ပြန်လည်းမပြောနိုင်ဘဲ ငိုက်နေသည်မှာ အစည်းဝေးပွဲ ပြီးဆုံးသည်ထိပင် ဖြစ်လေသည်။
"ကိုကို......နေမကောင်းဘူးလာ?....."
"အင်း....ခေါင်းတွေလည်း ကိုက်နေတယ်......"
"ဒါဆို ပြန်နားလိုက်လေ......"
"ဒါပေမဲ့.....ရုံးက အလုပ်တွေ မပြီးသေးဘူးလေ......"
"ရတယ်.....ကျင့်လေးလုပ်ထားလိုက်မယ်.....
ကိုကို ပြန်နားတော့ .....ကျင့်လေး...ရုံးဆင်းရင်
ကိုကို့အိမ် ဝင်လာခဲ့မယ်.....ကိုကို ပြန်နားတော့နော်........."
"အင်း......"
...................................................................
ရှောင်ကျန့် ခေါင်းအရမ်းကိုက်နေသောကြောင့် ကားလေးကို ဖြည်းဖြည်းမောင်း၍ အိမ်သို့ ပြန်ခဲ့လေသည်။ အိမ်ပြန်ရောက်တဲ့အချိန်
ခေါင်းအဆက်မပြတ် ကိုက်လာသောကြောင့်
ပြန်ရောက် ရောက်ချင်း.....အခန်းထဲတွင်သာ ဝင်နားနေလေသည်။
ရီပေါ်လည်း ရှောင်ကျန့်နေမကောင်းသောကြောင့်
အကူလေးအား အကူညီတောင်း၍ .....ရှောင်ကျန့်၏ အခန်းထဲသို့ သွားဝင်ကြည့်လေသည်။အခန်းထဲရောက်သော်.....
ရှောင်ကျန့်က အိပ်ပျော်နေပြီးဖြစ်သောကြောင့် ရီပေါ်က ရှောင်ကျန့်နဲ့ အနီးဆုံးနေရာတွင် ခုံထား၍ ဝင်ထိုင်လိုက်လေသည်။
ရီပေါ် လည်း အိပ်ပျော်နေသော ရှောင်ကျန့်၏ အသားကိုထိလိုက်သောအခါ......
ပူနွေးနေသောကြောင့် .....ဆရာဝန်အား သွားခေါ်ပေးရန် အကူလေးအား ပြောလိုက်လေသည်။
ဆရာဝန် ရောက်ပြီးသောအခါ .....
ရှောင်ကျန့်အား ဆေးထိုးပေး၍ .....သောက်ဆေးပါပေးထားလိုက်လေသည်။
ဆရာဝန်ပြန်ပြီး ခဏအကြာတွင် အကူလေးက
ရီပေါ်လိုအပ်တာ မှန်သမျှ လုပ်ပေးပြီး ပြန်သွားခဲ့လေသည်။
................................................................
အကူလေးပြန်သွားတော့ ရီပေါ်နှင့် ရှောင်ကျန့်နှစ်ယောက်သာ အိမ်ထဲတွင် ကျန်ခဲ့လေသည်။ ရီပေါ်သည် အကူလေးပြန်သွားမှ
ရှောင်ကျန့်၏ ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်၍ ရှောင်ကျန့်၏ အိပ်ပျော်နေသော မျက်နှာလေးအား အသေအချာကြည့်နေမိလေသည်။
ကြည့်နေရင်းနှင့်ပင်...ဘယ်အချိန်
ထိကပ်သွားမှန်းမသိလိုက်သော ရီပေါ်၏ နှုတ်ခမ်းပါးနှင့် ရှောင်ကျန့်၏နဖူးပြင် ....
ခဏအကြာ ထိကပ်ပြီးတဲ့နောက်မှာ .........
ရီပေါ်က လက်ညိုးလေးဖြင့် ရှောင့်ကျန့်၏ နှာတံလေးကနေ နှုတ်ခမ်းပါးဆီသို့ တစ်လျှောက် ပွတ်ဆွဲလာ၍...........
"အကို ရှောင်ကျန့်.....ခင်ဗျားက အရမ်းချောတယ်...
ကျွန်တော်လည်း ခင်ဗျားကို ကိုကိုလို့ခေါ်ခွင့်ရှိမလား?......ကျွန်တော် ခင်ဗျားကို
ကိုကိုလို့ ခေါ်မယ်နော်........ပြီးတော့ ကျွန်တော် ကိုကို့ ကိုအရမ်းချစ်တယ်ဗျ.....တကယ် ကိုကို့ကို ပုံထဲမှာတွေ့တဲ့အချိန် ကိုကိုက ဒီအတိုင်းလေး ချောတာလို့ပဲ ထင်ခဲ့တာ.......အပြင်မှာ
တွေ့လိုက်ရတဲ့ အချိန်မှာ.....ကျွန်တော် ရင်တွေအရမ်းခုန်နေတာ.....ပြီးတော့ ကိုကို ရွေးချယ်
တဲ့ ကိုကို့ရဲ့ သတို့သားလေး ဖြစ်ချင်မိတယ်...."
ရီပေါ် တစ်ယောက် စကားတွေ တောက်လျှောက်ပြောနေခဲ့ပြီး......ခဏအကြာ ....
ရှောင်ကျန့်က ညည်းနေသောကြောင့် ......
ရီပေါ်က ရှောင်ကျန့်၏ နှုတ်ခမ်းပါးနားတွင်
ရှောင်ကျန့်၏ အသံကို နားထောင်နေတုန်း..........
ရှောင်ကျန့်က ရီပေါ်ကိုယ်လေးအား
ရုတ်တရက် ဆွဲဖက်ထားသောကြောင့်
ရီပေါ်လည်း အရှိန်မထိန်းနိုင်ပဲ ရှောင်ကျန့်၏ ဘေးတွင် လှဲမိသလို ဖြစ်သွား၍ အပိုဆုအနေနဲ့ ရှောင်ကျန့်၏ ရင်ခွင်ထဲသို့ တောင့်တောင့်ကြီး ဝင်နေမိလေသည်။
"ကျင့်လေး......ချစ်တယ်နော် ......"
ရှောင်ကျန့်၏ ယောင်နေသော အသံကိုအနီးကပ် ကြားနေသော ရီပေါ်က အသံတိတ်မျက်ရည်များကျနေမိလေသည်။
ရီပေါ်နည်းတူ........
ကျင့်လေး ဆိုသော နာမည်ကိုမကြားဘဲ ချစ်တယ်
ဟူသော စကား အပိုင်းစလေးကိုသာ ကြားခဲ့သော
ကျင့်လေးတစ်ယောက်လဲ ချစ်ရသူက မိမိအားမချစ်တော့ဘူးလား? ဆိုသည့်အတွေးများနှင့် အခန်းအပြင်ဘက်တွင် အသံတိတ် ငိုကြွေးနေမိလေသည်။