” ဒါတကယ္တဲ့လား”
ဖန္အာ အျပင္ထြက္သည္မွာက ဖန္အိမ္ေတာ္ကို ျပန္သြားျခင္းသည္သာ ။ ဖန္အိမ္ေတာ္ေရာက္သည္ႏွင့္
အရင္ဆံုးၾကားလိုက္ရတာက ဖန္အိုက္စန္း ႏွင့္ လန္လန္တို႔၏ အေၾကာင္းေတြသာ။
ဒီအေၾကာင္းကို ဖန္အာမွာ ဖန္အိမ္ေတာ္တြင္ ငယ္ငယ္ကတည္းက ခင္မင္လာေသာ သူငယ္ခ်င္း ျဖစ္သူက ေျပာမွသိရေလသည္။ အျခားလူေတြ ကေတာ့ ဒီအေျကာင္းကို ေျပာမည္ မဟုတ္ပါေပ။
”ဘယ္လိုျဖစ္တာလဲ။ ငါေတာ့မယံုႏိုင္ဘူး။ သခင္ေလးက မင္းကိုပဲ ေမတၱာ႐ွိတာ ငါတို႔ေတြ အကုန္သိတာပဲ ေအးေပါ့ေလ။ ေသရည္ ေသာက္ထားတာဆိုေတာ့လဲ”
သူငယ္ခ်င္းျဖစ္သူမွ ဆိုလိုက္ေတာ့ ဖန္အာလည္း အစ္ကို႔အေၾကာင္းကို စဥ္းစားမိသည္။ ဖန္အာ ၁၂ႏွစ္သားကတည္းက ဖန္အိုက္စန္းမွာ သက္တူရြယ္တူ မို႔လိုက္ကပ္သည္ဟု အစက ထင္ေပမယ့္ ေနာက္ၾက တျဖည္းျဖည္း ဖန္အာ့အေပၚ အိုက္စန္း၏ ဂ႐ုဏာမ်ားဟာ တျဖည္းျဖည္း ပိုလာခဲ့သည္ေလ။
” အရာအားလံုးဟာ ျဖစ္ၿပီးရင္ျပတ္မွာပါ။ ခ်စ္ခင္တြယ္တာမိသူဟာလည္း ေနာင္တစ္ခ်ိန္ၾက သူစိမ္း ျဖစ္သြားမွာပါ။”
ဖန္အာဟာ သူကိုယ္တိုင္ေရးခဲ့သည့္ ကဗ်ာေလးကို ေရရြတ္ေနမိသည္။ အရာအားလံုးဟာ အိမ္မက္တစ္ခုျဖစ္သြားပါေစ ဟုသာေတြးမိသည္။
”ဖန္အာ”
အေနာက္မွ တင္းက်ပ္စြာ ေပြ႔ဖတ္မႈေၾကာင့္ ဘယ္သူလည္းဆိုတာ ေနာက္လွည့္မၾကည့္ရင္ေတာင္ သိမိသည္။ သူဟာ ဖန္အာ၏ အခ်စ္ဆံုးလူသာ မဟုတ္ခဲ့လ်ွင္ မည္သူ႐ွိပါမည္နည္း။
”အစ္ကို”
ဖန္အာ ျဖစ္ႏိုင္လ်ွင္ ျပန္လွည့္ျကည့္ျပီး အေနာက္ကအစ္ကိုေတာ့္ကို ျပန္လည္ တင္းၾကပ္စြာ ဖတ္ခ်င္ေသာ္လည္း မျဖစ္ႏိုင္ေတာ့သည့္ အရာမို႔႐ုန္း ဖယ္မိသည္။
”ဖန္အာ မင္းျပန္လာတာလား”
အိုက္စန္းတစ္ေယာက္ ခ်စ္ေသာလူက္ို ၾကင္နာစြာ
ေပြ႔ဖတ္ရင္းေမးလိုက္သည္။ တကယ္ေတာ့ ခ်စ္ခဲ့သည္ထက္ကို ပိုခဲ့ပါသည္။
”မဟုတ္ဘူး။ ကြၽန္ေတာ္လာတာက အစ္ကို႔ကို ဂုဏ္ျပဳဖို႔ပါ”
ဖန္အာ အိုက္စန္းကို ႐ုန္းကန္ရင္း ဆို၏။ တကယ္က ဖန္အာမွာ အိုက္စန္းကို ေတြ႔ခ်င္၍ လာခဲ့ျခင္းသာ ျဖစ္ေသာ္လည္း ၾကားရသည့္ သတင္းမ်ားက ဖန္အာ့ကို အိုက္စန္းႏွင့္ ဘယ္ေသာအခါမွ မေတြ႔သင့္သည္မ်ိဳး ျဖစ္ေလသည္။
”မင္း အခုမွသိတာ ကိုယ္သိတယ္။ကိုယ့္ကို မလိမ္နဲ႔ ဖန္အာ”
အိုက္စန္း ဖန္အာ့လက္ကို တင္းၾကပ္စြာပင္ ဆုတ္ကိုင္ရင္းပင္ ဆိုလိုက္ေလသည္။
”လႊတ္ပါ အစ္ကိုေတာ္”
ဖန္အာ ႐ွိသမ်ွအားႏွင့္ ႐ုန္းေသာ္လည္း ဖန္အာ့ကို ေပြ႔ခ်ီသြားေသာ အိုက္စန္းပါပင္။
”မင္း ခႏၶာကိုယ္က မင္းႀကီးရဲ႕အမ်ိဳးသား ကိုယ္လုပ္ေတာ္ ျဖစ္ခဲ့ၿပီးၿပီ ဆိုေပမယ့္ ကိုယ့္အတြက္ေတာ့ အရင္က ခႏၶာကိုယ္ပါပဲ ။”
---------------------------------------------------
”ကဲ ဒီေန႔ တိုင္းျပည္အေရးကို ငါကိုယ္ေတာ္ကို အမွန္ေလ်ွာက္တင္စမ္း”
လီဖန္းဟာ ပလႅင္ေတာ္ လက္ေထာက္ၿပီး ထိုင္ကာ မွုးမတ္မ်ားကို ေလ်ွာက္တင္ခိုင္းေလသည္။ ေနခင္းဘက္လုပ္ရမည့္ ညီလာခံကို ညမွ လုပ္သည္က နည္းနည္းေတာ့ ရယ္စရာျဖစ္ေနမိမည္။
”မင္းႀကီး တိုင္းျပည္ကေတာ့ သာယာျမဲ သာယာပါတယ္။ ဒါေပမယ့္ ....”
”ဒါေပမယ့္ ဘာလဲ”
လီဖန္းဟာ မ်က္ေမွာင္ၾကဳတ္လ်က္ပင္ ဆို၏။
”ဟို...ဟို..... ဖန္အိမ္ကကိုယ္လုပ္ေတာ္ေလး... ေပ်ာက္သြားလို႔ပါ”
”ဘာေျပာတယ္”
လီဖန္း၏ ေအာ္သံေၾကာင့္ ညီလာခံတစ္ခုလံုး ဟိန္းထြက္သြားသည္ေလ။
”ေတာက္။ အတင့္ရဲလိုက္တာ”
လီဖန္း ေျပာရင္းဆိုရင္း ပလႅင္ထက္မွ ေဒါသတႀကီး ဆင္းသြားေလသည္။ အခုမွ ညီလာခံ စသည္ကို ခ်က္ခ်င္းဖ်တ္သည့္ လီဖန္းဟာ အေဖအရြယ္ မွူးမတ္ေတြအေပၚေတာ့ အားနာသင့္ပါသည္ေလ။
” သြားၿပီ။ အဓိက အေၾကာင္းအရာက္ို မေျပာမိဘူး”
မွုးမတ္ တစ္ေယာက္က ဆို၏။ အျခားတိုင္းျပည္က မင္းသားဟာ ေနာက္တစ္လ ဒါမွမဟုတ္ ႏွစ္လအတြင္း
လာမည္ဟု ဆိုထားေလသည္။
”ဘာျဖစ္လို႔လဲ”
မုရံုဟာ တီးတိုးတီးတိုး ျဖစ္ေနေသာ မွုးမတ္မ်ား ေဘးသို႔သြားလိုက္ေလသည္။
”အျခားတိုင္းျပည္က မင္းသားဟာ မၾကာခင္ ကြၽန္ေတာ္တို႔ဆီ လာမွာကို မေလ်ွာက္တင္မိခဲ့ဘူး”
”ဟုတ္လား။ ဘယ္ေတာ့ေလာက္လဲ…
”ေနာက္တစ္လ ႏွစ္လေလာက္ပါ”
မုရံုဟာ အျခားတိုင္းျပည္က ပို႔ထားေသာ စာလိပ္ကို ၾကည့္လိုက္သည္။
”အင္း။ မင္းႀကီးကို မနက္ျဖန္ဆက္ဆက္ ေလ်ွာက္တင္လိုက္ပါ။ တစ္ရက္ေလးနဲ႔ေတာ့ ဘာမွမျဖစ္ပါဘူး”
ေျပာၿပီးသည္ႏွင့္ ေပလိပ္ကို ေပးကာ ထြက္သြားသည့္ မုရံုကိုၾကည့္ကာ မႈးမတ္တို႔ သနားမိသည္ေလ။
တကယ္လို႔ အားခ်ံဳသာ မေရာက္ခဲ့ပါလ်ွင္.... ။
Unicode
” ဒါတကယ်တဲ့လား”
ဖန်အာ အပြင်ထွက်သည်မှာက ဖန်အိမ်တော်ကို ပြန်သွားခြင်းသည်သာ ။ ဖန်အိမ်တော်ရောက်သည်နှင့်
အရင်ဆုံးကြားလိုက်ရတာက ဖန်အိုက်စန်း နှင့် လန်လန်တို့၏ အကြောင်းတွေသာ။
ဒီအကြောင်းကို ဖန်အာမှာ ဖန်အိမ်တော်တွင် ငယ်ငယ်ကတည်းက ခင်မင်လာသော သူငယ်ချင်း ဖြစ်သူက ပြောမှသိရလေသည်။ အခြားလူတွေ ကတော့ ဒီအကြောင်းကို ပြောမည် မဟုတ်ပါပေ။
”ဘယ်လိုဖြစ်တာလဲ။ ငါတော့မယုံနိုင်ဘူး။ သခင်လေးက မင်းကိုပဲ မေတ္တာရှိတာ ငါတို့တွေ အကုန်သိတာပဲ အေးပေါ့လေ။ သေရည် သောက်ထားတာဆိုတော့လဲ”
သူငယ်ချင်းဖြစ်သူမှ ဆိုလိုက်တော့ ဖန်အာလည်း အစ်ကို့အကြောင်းကို စဉ်းစားမိသည်။ ဖန်အာ ၁၂နှစ်သားကတည်းက ဖန်အိုက်စန်းမှာ သက်တူရွယ်တူ မို့လိုက်ကပ်သည်ဟု အစက ထင်ပေမယ့် နောက်ကြ တဖြည်းဖြည်း ဖန်အာ့အပေါ် အိုက်စန်း၏ ဂရုဏာများဟာ တဖြည်းဖြည်း ပိုလာခဲ့သည်လေ။
” အရာအားလုံးဟာ ဖြစ်ပြီးရင်ပြတ်မှာပါ။ ချစ်ခင်တွယ်တာမိသူဟာလည်း နောင်တစ်ချိန်ကြ သူစိမ်း ဖြစ်သွားမှာပါ။”
ဖန်အာဟာ သူကိုယ်တိုင်ရေးခဲ့သည့် ကဗျာလေးကို ရေရွတ်နေမိသည်။ အရာအားလုံးဟာ အိမ်မက်တစ်ခုဖြစ်သွားပါစေ ဟုသာတွေးမိသည်။
”ဖန်အာ”
အနောက်မှ တင်းကျပ်စွာ ပွေ့ဖတ်မှုကြောင့် ဘယ်သူလည်းဆိုတာ နောက်လှည့်မကြည့်ရင်တောင် သိမိသည်။ သူဟာ ဖန်အာ၏ အချစ်ဆုံးလူသာ မဟုတ်ခဲ့လျှင် မည်သူရှိပါမည်နည်း။
”အစ်ကို”
ဖန်အာ ဖြစ်နိုင်လျှင် ပြန်လှည့်ကြည့်ပြီး အနောက်ကအစ်ကိုတော့်ကို ပြန်လည် တင်းကြပ်စွာ ဖတ်ချင်သော်လည်း မဖြစ်နိုင်တော့သည့် အရာမို့ရုန်း ဖယ်မိသည်။
”ဖန်အာ မင်းပြန်လာတာလား”
အိုက်စန်းတစ်ယောက် ချစ်သောလူက်ို ကြင်နာစွာ
ပွေ့ဖတ်ရင်းမေးလိုက်သည်။ တကယ်တော့ ချစ်ခဲ့သည်ထက်ကို ပိုခဲ့ပါသည်။
”မဟုတ်ဘူး။ ကျွန်တော်လာတာက အစ်ကို့ကို ဂုဏ်ပြုဖို့ပါ”
ဖန်အာ အိုက်စန်းကို ရုန်းကန်ရင်း ဆို၏။ တကယ်က ဖန်အာမှာ အိုက်စန်းကို တွေ့ချင်၍ လာခဲ့ခြင်းသာ ဖြစ်သော်လည်း ကြားရသည့် သတင်းများက ဖန်အာ့ကို အိုက်စန်းနှင့် ဘယ်သောအခါမှ မတွေ့သင့်သည်မျိုး ဖြစ်လေသည်။
”မင်း အခုမှသိတာ ကိုယ်သိတယ်။ကိုယ့်ကို မလိမ်နဲ့ ဖန်အာ”
အိုက်စန်း ဖန်အာ့လက်ကို တင်းကြပ်စွာပင် ဆုတ်ကိုင်ရင်းပင် ဆိုလိုက်လေသည်။
”လွှတ်ပါ အစ်ကိုတော်”
ဖန်အာ ရှိသမျှအားနှင့် ရုန်းသော်လည်း ဖန်အာ့ကို ပွေ့ချီသွားသော အိုက်စန်းပါပင်။
”မင်း ခန္ဓာကိုယ်က မင်းကြီးရဲ့အမျိုးသား ကိုယ်လုပ်တော် ဖြစ်ခဲ့ပြီးပြီ ဆိုပေမယ့် ကိုယ့်အတွက်တော့ အရင်က ခန္ဓာကိုယ်ပါပဲ ။”
---------------------------------------------------
”ကဲ ဒီနေ့ တိုင်းပြည်အရေးကို ငါကိုယ်တော်ကို အမှန်လျှောက်တင်စမ်း”
လီဖန်းဟာ ပလ္လင်တော် လက်ထောက်ပြီး ထိုင်ကာ မှုးမတ်များကို လျှောက်တင်ခိုင်းလေသည်။ နေခင်းဘက်လုပ်ရမည့် ညီလာခံကို ညမှ လုပ်သည်က နည်းနည်းတော့ ရယ်စရာဖြစ်နေမိမည်။
”မင်းကြီး တိုင်းပြည်ကတော့ သာယာမြဲ သာယာပါတယ်။ ဒါပေမယ့် ....”
”ဒါပေမယ့် ဘာလဲ”
လီဖန်းဟာ မျက်မှောင်ကြုတ်လျက်ပင် ဆို၏။
”ဟို...ဟို..... ဖန်အိမ်ကကိုယ်လုပ်တော်လေး... ပျောက်သွားလို့ပါ”
”ဘာပြောတယ်”
လီဖန်း၏ အော်သံကြောင့် ညီလာခံတစ်ခုလုံး ဟိန်းထွက်သွားသည်လေ။
”တောက်။ အတင့်ရဲလိုက်တာ”
လီဖန်း ပြောရင်းဆိုရင်း ပလ္လင်ထက်မှ ဒေါသတကြီး ဆင်းသွားလေသည်။ အခုမှ ညီလာခံ စသည်ကို ချက်ချင်းဖျတ်သည့် လီဖန်းဟာ အဖေအရွယ် မှူးမတ်တွေအပေါ်တော့ အားနာသင့်ပါသည်လေ။
” သွားပြီ။ အဓိက အကြောင်းအရာက်ို မပြောမိဘူး”
မှုးမတ် တစ်ယောက်က ဆို၏။ အခြားတိုင်းပြည်က မင်းသားဟာ နောက်တစ်လ ဒါမှမဟုတ် နှစ်လအတွင်း
လာမည်ဟု ဆိုထားလေသည်။
”ဘာဖြစ်လို့လဲ”
မုရုံဟာ တီးတိုးတီးတိုး ဖြစ်နေသော မှုးမတ်များ ဘေးသို့သွားလိုက်လေသည်။
”အခြားတိုင်းပြည်က မင်းသားဟာ မကြာခင် ကျွန်တော်တို့ဆီ လာမှာကို မလျှောက်တင်မိခဲ့ဘူး”
”ဟုတ်လား။ ဘယ်တော့လောက်လဲ…
”နောက်တစ်လ နှစ်လလောက်ပါ”
မုရုံဟာ အခြားတိုင်းပြည်က ပို့ထားသော စာလိပ်ကို ကြည့်လိုက်သည်။
”အင်း။ မင်းကြီးကို မနက်ဖြန်ဆက်ဆက် လျှောက်တင်လိုက်ပါ။ တစ်ရက်လေးနဲ့တော့ ဘာမှမဖြစ်ပါဘူး”
ပြောပြီးသည်နှင့် ပေလိပ်ကို ပေးကာ ထွက်သွားသည့် မုရုံကိုကြည့်ကာ မှုးမတ်တို့ သနားမိသည်လေ။
တကယ်လို့ အားချုံသာ မရောက်ခဲ့ပါလျှင်.... ။