The True Conqueror [Complete]

Av Heather_Bell

4.4M 498K 28.3K

Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်း... Mer

Prolouge
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 34
Chapter 35
Chapter 35.5
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 44.5
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Note
Chapter 61
Chapter 62
Chapter - 62.5
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 73.5
Chapter 74 (Final)
The End of the Journey
Book 📘📚
Extra (Day 1)
Extra (Day 2)
Extra (Day 3)
Extra (Day 4)
Extra (Day 5)
Extra (Day 6)
Extra (Day 7)
Extra (Day 8)
Extra (Day 9)
Extra (Day 10)

Chapter 33

48.4K 5.8K 171
Av Heather_Bell

(Really sorry for late update...)

လင်းမိုသည် လီချန်းယုံ၏ တာဝန်များကို ခေတ္တတဖြုတ် ဝင်ရောက်ကူညီသည့်နေ့က အကြောင်းအရာ အလုံးစုံသည် ဘုရင်ကြီးလီ၏ နားသို့ရောက်သွားလေသည်။ ဘုရင်ကြီးလီသည် ကျန်းမာရေးချို့တဲ့မှုကြောင့် နန်းဆောင်အပြင်သို့ ထွက်လေ့မရှိဘဲ နိုင်ငံ့တာဝန်ကို အိမ်ရှေ့စံ၏ လက်ထဲသို့ ဝကွက်အပ်ထားခြင်း ဖြစ်သည်။

သူသည် အမိမဲ့သားလေး လီချန်းယုံကို ဖခင်တစ်ယောက်၏ မေတ္တာအပြည့်အဝပေးကာ စောင့်ရှောက်ခဲ့သူဖြစ်သည်။
သားတော်အပေါ် မျှော်လင့်ချက်ကြီးစွာထားသော ဖခင်တစ်ယောက်အနေဖြင့် ကြားရသော သတင်းမှာ စိတ်ကျေနပ်စရာ မရှိပေ။ သားတော်၏ စိတ်ဓာတ်ပြတ်သားမှုကို သိသော ဖခင်တစ်ယောက်အနေဖြင့် အချိန်မနှောင်းခင် မဖြစ်သင့်သည်ကို မဖြစ်အောင်တားမြစ်ရပေမည်။

ဘုရင်ကြီးလီသည် ဤကိစ္စကို စိတ်လက်မာန်ပါဖြေရှင်းခြင်းထက် ပညာသားပါပါ ဖြေရှင်းခြင်းက ပို၍သင့်တော်မည်ဖြစ်ကြောင်း နားလည်ထားလေသည်။ သို့ကြောင့်လည်း ကြိုတင်၍ အစီအမံတစ်ခုပြုလုပ်ထားရန် ဆုံးဖြတ်လိုက်သည်။

အိမ်ရှေ့စံ၏ နန်းဆောင်တွင် လင်းမိုနှင့် လီချန်းယုံအတူရှိနေစဉ် အထိန်းတော်တစ်ယောက်က ဘုရင်ကြီးလီသည် တောင်ပိုင်းဘုရင် လင်းမိုကို နေ့လယ်စာ အတူသုံးဆောင်ရန် ဖိတ်ကြားကြောင်း လာရောက်လျှောက်တင်လေသည်။

"ခမည်းတော်က လင်းမိုတစ်ယောက်ပဲဖိတ်တာလား''

"မှန်လှပါ အရှင်. . . ဘုရင်ကြီးလီက တောင်ပိုင်းဘုရင် အရှင်လင်းမို တစ်ယောက်တည်းကိုပဲ ဖိတ်ကြားတာပါ''
အထိန်းတော်က ဘုရင်ကြီးလီ၏ အမိန့်အတိုင်း ပြန်လည်လျှောက်တင်လိုက်သည်။

"ရတယ် ချန်းယုံ၊ ငါသွားလိုက်မယ်၊ ကိစ္စထွေးထွေထူးထူးမရှိလောက်ပါဘူး''

လင်းမိုက လီချန်းယုံကို ကြည့်ပြီး နှစ်သိမ့်စကားဆိုလိုက်သည်။ အမှန်တကယ်တော့ လီချန်းယုံသည် လင်းမိုကို ဘုရင်ကြီးလီခေါ်ဆိုရသည့် အကြောင်းရင်းကို မသိသော်လည်း အနည်းငယ်တော့ စိုးရိမ်မိသည်။

အထိန်းတော်ထွက်ခွာသွားသောအခါ လင်းမို၏ အမူအရာက လေးနက်နေသည်။ သူသည်တစ်ခုခုကို အပြင်းအထန်စဉ်းစားနေသယောင်ယောင်။ လင်းမို၏ အမူအရာကြောင့် လီချန်းယုံမှာ ပိုမိုစိတ်လှုပ်ရှားလာသည်။

"လင်းမို ခမည်းတော်က တစ်ခုခုကြောင့်များ. . .''

"ချန်းယုံ''

လင်းမိုက လီချန်းယုံ၏ လက်ကိုအသာဆုပ်ကိုင်ပြီး ပြောသည်။

"ဘာကိစ္စပဲရှိရှိ ငါမင်းကို လက်လွှတ်မှာ မဟုတ်လို့ မင်းစိုးရိမ်စရာမလိုဘူး''

လီချန်းယုံက ပြန်မဖြေဘဲ ခေါင်းညိတ်ပြကာ လင်းမို၏ လက်ကို ပြန်လည်ဆုပ်ကိုင်ထားသည်။

ထိုနေ့နေ့လယ်ခင်း ဘုရင်ကြီးလီ၏ အဆောင်တော်သို့ ရောက်လာသောအခါ လင်းမိုအတွက် ပြင်ဆင်ထားပုံရသော စားပွဲဟင်းလျာတို့နှင့် စောင့်ကြိုနေသည့် ဘုရင်ကြီးလီကို တွေ့လိုက်ရသည်။ ဘုရင်ကြီးလီ၏ မျက်နှာချင်းဆိုင်တွင် ငယ်ရွယ်သော မိန်းမပျိုတစ်ယောက်လည်း ထိုင်နေလေသည်။

အဆောင်တွင်းသို့ မဝင်မီ လင်းမိုက အခြေအနေအရပ်ရပ်ကို အကဲခတ်လိုက်သည်။ သူခန့်မှန်းခဲ့သော ကိစ္စမှာ အမှန်တကယ်ဖြစ်လာဟန်ရှိသည်။ လင်းမိုနှင့် သားတော်၏ ဆက်ဆံရေးကို ရိပ်မိသော ဘုရင်ကြီးလီက တိုက်ရိုက်ကန့်ကွက်ခြင်းထက် ပို၍ လိမ္မာပါးနပ်သော အစီအစဉ်တစ်ခုကိုပြုလုပ်ထားပုံရသည်။ အရာရာကို ကြိုတင်စဉ်းစားပြီး အသင့်ပြင်ထားသော လင်းမိုက နန်းဆောင်အတွင်းသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဝင်သွားသည်။

သူဝင်လာသည်ကို မြင်သော ဘုရင်ကြီးလီက ခေါင်းညိတ်ပြုံးပြပြီး နှုတ်ဆက်သည်။ မိန်းမပျိုကမူ မတ်တပ်ရပ်ပြီး လင်းမိုကို အရိုအသေပေးသည်။ လင်းမိုက မိန်းမပျိုကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူမသည် ရွှေရောင်ဇာအနာများပါသော ဆင်စွယ်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမသည် ကြည်လင်သော အသားအရည်ရှိပြီး နှုတ်ခမ်းတို့က နှစ်လိုဖွယ်ပြုံးယောင်ယောင်ဖြစ်သည်။ မိန်းမပျိုသည် ပထမအကြိမ် တွေ့မြင်လိုက်သူအဖို့ ချစ်စရာကောင်းပြီး ရိုးအေးသော သခင်မလေးတစ်ယောက်ဟု ထင်ဖွယ်ရှိသည်။

လင်းမိုကမူ အနှီမိန်းမပျိူ၏ ရိုးသားသောအသွင်အပြင်သည် ဟန်ဆောင်ခြင်းမျှသာ ဖြစ်ကြောင်းရိပ်မိသည်။ သူမ၏ အပြုံးတုတို့နောက်တွင် ကြောက်စရာကောင်းသော မြေခွေးမျက်နှာဖုံး ရှိမှန်း အကဲခတ်မိလေသည်။

သို့သော် တစ်စုံတစ်ယောက်ကသာ အကောက်ကြံလိုသော ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လာပါက ထိုအကောက်ကြံသူထက် အဆတစ်ရာ ဆိုးဝါးသော အကြံတို့ဖြင့် ပြန်လည် အကောက်ကြံမည်မှာ လင်းမို၏ အကျင့်စရိုက်ဖြစ်လေသည်။

သို့ကြောင့် သူ့ကို နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေသော ထိုမိန်းမပျိုကို လင်းမိုက ငဲ့စောင်းကြည့်ပြီး ပြန်လည်ပြုံးပြလိုက်သည်။

အကြောင်းမသိသော ဘုရင်ကြီးလီအဖို့ လင်းမိုသည် မိန်းမပျို၏ အလှအပအောက်တွင် နစ်မြောပြီး ထိုသို့ ဆက်ဆံသည်ဟုသာ ထင်နေသည်။ ဤနေရာတွင် သားတော်လီချန်းယုံသာဆိုလျှင် လင်းမို၏ ထိုအပြုံးသည် သေချာပေါက် အန္တာရယ်များသည်မှန်း သိပေလိမ့်မည်။

"ရှင်းအိမ်တော်က ပထမသမီးတော် ရှင်းယီ တောင်ပိုင်းဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်''
မိန်းမပျိုသည် လိုသည်ထက်ပို၍ အပြစ်ကင်းဟန်ဆောင်ထားသော အသံတို့ဖြင့် လင်းမိုကို နှုတ်ဆက်သည်။

လင်းမိုက ခေါင်းညိတ်ပြပြီး ပြန်ပြောသည်။
"အော်...ရှင်းယီလား လူရော နာမည်ရော လှပပါပေတယ်၊ ကိုယ်တော်တော့ သေချာမှတ်ထားရမှာပဲ၊ ရှင်းအိမ်တော်ကနော်''

"ကျေးဇူးပါအရှင်...''
တောင်ပိုင်းဘုရင်ဆီက မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်စွာ ဆက်ဆံခံလိုက်ရသောကြောင့် မိန်းမပျိုသည် သူမဟန်ဆောင်နေသော အပြစ်ကင်းသည့် မိန်းမပျိုလေးအသွင်အပြင်ပင် ပျောက်လုမတတ် ပြုံးပျော်သွားလေသည်။

လင်းမိုက သူ့စကားတစ်ခွန်းနှင့် စရိုက်အမှန်ပေါ်လုဆဲဆဲဖြစ်သော အနှီမိန်းမပျိုကို ထပ်ပြီးဂရုမစိုက်တော့ပေ။ ဘုရင်ကြီး လီ၏ တစ်ဖက်တွင် ထိုင်ပြီး နေရာယူလိုက်သည်။

ဘုရင်ကြီးက နေ့လယ်စာပွဲတော်တည်ရင်း လင်းမိုကို စကားပြောသည်။

"ကိုယ်တော်ကတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင်ပဲ အမြဲစဉ်းစားနေမိတယ်၊ အဲ့ဒါကြောင့် မိဖုရားမရှိသေးတဲ့ တောင်ပိုင်းဘုရင်ကို ကိုယ်တော်တို့ မြောက်ပိုင်းက မိဖုရားနေရာအတွက် သင့်တော်တဲ့သူတစ်ယောက် လောက် ဆက်သခွင့်ရရင် အတိုင်းအထက်လွန်ဝမ်းမြောက်မိမှာပဲ''

လင်းမိုက ဘုရင်ကြီးလီ၏ စကားအခွန်းတိုင်းကို လွတ်မသွားအောင် သေချာအာရုံစိုက်ပြီး နားထောင်သည်။

"မြောက်ပိုင်းအိမ်တော်တွေထဲမှာ ရှင်းအိမ်တော်က ကိုယ်တော် အားကိုးအားထားပြုရတဲ့အိမ်တော်ပဲ၊ အဲ့ဒါကြောင့် ရှင်းအိမ်တော်က သမီးအကြီးကို တောင်ပိုင်းကို ဆက်သဖို့ ကိုယ်တော်စဉ်းစားထားတယ်''

ဘုရင်ကြီးလီသည် စကားဆုံးသည့်အခါ လင်းမိုကို အကဲခတ်ဟန်ကြည့်နေသည်။ သူသည်လင်းမို၏ တုံ့ပြန်အဖြေကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသယောင်။

လင်းမိုသည် ဤကိစ္စကိုငြင်းပါက တောင်ပိုင်းနှင့် မြောက်ပိုင်း ဆက်ဆံရေး ပျက်ပြားသွားနိုင်ကြောင်း နားလည်ထားလေသည်။ အကယ်၍ လက်ခံပြန်ပါကလည်း သူသည် လီချန်းယုံကို သစ္စာမရှိရာရောက်ပေလိမ့်မည်။ သူ၏ နှလုံးသားသည် လီချန်းယုံကိုသာ အပ်နှင်းထားပြီး အနှီမြေခွေးလိုမိန်းမပျိုကို မိဖုရားနေရာပေးရန်ဆိုသည်မှာ အလွန်မဆီလျော်သောကိစ္စဖြစ်ချေသည်။

လင်းမိုသည် မိန်းမပျိုကို တစ်ချက်ကြည့်လိုက်ပြီး ဘုရင်ကြီးလီကို ပြန်လည် ခွန်းတုံ့ပြန်သည်။

"ဘုရင်ကြီးလီရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တောင်ပိုင်းနိုင်ငံတွေအားလုံးက ကျွန်တော်တင်မြှောက်မယ့် မိဖုရားကို အများကြီး မျှော်လင့်ထားကြတာ၊ သာမန်အရည်အချင်းနဲ့သာဆိုရင် ပြည်သူတွေသဘောမကျတာမျိုးလည်း ဖြစ်နိုင်တာမလို့ ကျွန်တော်စဉ်းစားပါရစေ''

လင်းမို၏ စကားသည် သူ အလိမ္မာဖြင့် ငြင်းပယ်နေမှန်းသိသာချေပြီ။ တစ်လက်စတည်း ရှင်းယီကိုလည်း သူမျက်လုံးထဲ၌သာမန်မိန်းမပျိုအဖြစ်သာ မြင်ကြောင်းသွယ်ဝိုက်ပြောနေသလိုပင်။

ထိုစကားကြောင့် ရှင်းယီ၏ မျက်နှာမှာ အပျက်ပျက်အယွင်းယွင်းဖြစ်သွားချေသည်။

ဘုရင်ကြီးလီကမူ လင်းမို ယတိပြတ်ငြင်းခြင်းမဟုတ်သည့်အတွက် ဆက်လက်မပြောဆိုတော့ပေ။ ထိုနေ့က နေ့လယ်စာပွဲတော်သည် တိတ်ဆိတ်စွာပင် ပြီးဆုံးသွားသည်။

ဘုရင်ကြီးလီ၏ နန်းဆောင်မှ ထွက်လာသောအခါ ရှင်းယီသည် လင်းမိုနှင့် တစ်ပါတည်းလိုက်လာချေသည်။ သူမက ငြင်သာ သိမ်မွေ့သော ခြေလှမ်းများဖြင့် လင်းမို၏ နောက်က ကပ်လျက်လိုက်လာသည်။ လင်းမိုက ထိုမိန်းမပျိုကို မသိဟန်ဆောင်ပြီး လီချန်းယုံ၏ နန်းဆောင်ဆီသို့ ဦးတည်ပြန်လာသည်။

အံသြစရာကောင်းအောင်ပင် အနှီရှင်းယီသည် လင်းမိုနောက်က ထပ်ကြပ်မကွာလိုက်လာလေသည်။ လင်းမိုက လီချန်းယုံ၏ နန်းဆောင်သို့သွားရန် ကွေ့သည့် လမ်းသွယ်ထိကပ်ပါလာသောကြောင့် လင်းမိုက ခြေလှမ်းတို့ ရပ်တံ့ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှင်းယီက အချိုသာဆုံးသော အပြုံးကိုဆင်မြန်းပြီးလင်းမို၏ အသံတိတ်မေးခွန်းကို ဖြေလိုက်သည်။
"ကျွန်မရဲ့ နန်းဆောင်ကလည်း ဒီဘက်လမ်းမှာမို့လို့ အရှင်''

လင်းမိုက အံသြဟန်မပြပဲ မပြုံးမရယ်မျက်နှာဖြင့် စကားဆိုသည်။
"အော်..အဲ့ဒါကြောင့် နောက်ကလိုက်နေတာလား''

သူတို့နှစ်ယောက်စကားပြောနေစဉ် ညီလာခံမှ ပြန်လာသော လီချန်းယုံနှင့်တိုးလေသည်။ လီချန်းယုံက လင်းမိုကိုမြင်သောအခါပြုံးပြပြီး တစ်ဆက်တည်း လင်းမိုနောက်က ရှင်းယီကို မြင်သောအခါ သူ၏ မျက်နှာ ဝင်းလက်သွားသည်။
"ရှင်းယီပါလား၊ နန်းတော်ထဲ ရောက်နေတာလား''

ရှင်းယီက လီချန်းယုံကို ဂါရဝပြုပြီး ပြန်ဖြေသည်။
"အိမ်ရှေ့စံ. . .ရှင်းယီ နှုတ်ဆက်ပါတယ်။ ရှင်းယီကို ဘုရင်ကြီးလီက နန်းတော်ထဲလာဖို့ ဆင့်ခေါ်တာမလို့''

ရှင်းယီ၏ စကားကြားသော အခါ လီချန်းယုံ၏ မျက်လုံးတို့က အလိုလို လင်းမိုဆီရောက်သွားသည်။

လင်းမိုက လီချန်းယုံကို အရင်မေးသည်။
"ဒီက မိန်းကလေးရှင်းနဲ့ အိမ်ရှေ့စံက ရင်းရင်းနှီးနှီးသိတာလား''

လီချန်းယုံက သူတစ်ပါးရှေ့တွင် လင်းမိုခေါ်နေကျ အားယုံလေး ဟုမခေါ်သည်ကိုသာ ကျေးဇူးတင်မိသည်။
"အင်း...ရှင်းအိမ်တော်က ရှန်နန်းတော်အတွက် အားကိုးရတဲ့ လက်အောက်ခံအိမ်တော်ပဲ၊ ရှင်းယီနဲ့ကလည်း ငယ်ငယ်လေးကတည်းကသိလာခဲ့ကြတာ''

လင်းမိုက လီချန်းယုံ၏ မျက်နှာအမူအရာအသေးစိတ်ကို အကဲခတ်နေလေသည်။ လီချန်းယုံသည် အမှန်တကယ်ကို ရှင်းယီကို ခင်မင်ကြောင်းထင်ရှားနေသည်။ လင်းမိုသိလိုက်ချေသည်။ ဤမြေခွေးလို အကောက်ကြံတတ်သော မိန်းမပျိုက အပြစ်ကင်းရိုးသားဟန်ဖြင့် လီချန်းယုံကို အယုံသွင်းထားခြင်းဖြစ်သည်။ လီချန်းယုံက သူမကို ညီမတော်တစ်ယောက်လို သဘောထားပြီး ဆက်ဆံနေချေသည်။

ကိစ္စက လင်းမိုထင်ထားသည်ထက် ပိုရှုပ်ထွေးသွားချေပြီ။ ကနဦးက သူစီစဉ်ထားသည့် ရှင်းယီကို အရေးပင်မစိုက်ပဲ လျစ်လျူရှုရန်မှာ မလွယ်ကူတော့ချေ။ လီချန်းယုံ၏ အမြင်တွင် ရှင်းယီသည် လောလောလတ်လတ် အပြစ်ကင်းသော မိန်းမပျိုလေး ဖြစ်နေပြီး လင်းမိုကသာ မချေမငံဆက်ဆံပါက လီချန်းယုံ လင်းမိုကို အထင်မှားသွားချေမည်။ အနည်းဆုံး လင်းမိုသည် မြေခွေးလို မိန်းမပျို၏ မျက်နှာဖုံးကို ခွာချရန်ကြိုးစားပေရမည်။

ထိုနေ့ညနေ အိပ်ဆောင်တွင် လင်းမိုသည် လီချန်းယုံကို ဖြစ်ကြောင်းကုန်စင်ပြောပြသည်။ ဘုရင်ကြီးလီက ရှင်းယီနှင့် သူ့ကို လက်ဆတ်စေလိုသည့် အကြောင်းရင်းကိုလည်းပြောပြလိုက်သည်။

လင်းမို၏ စကားကြားသောအခါ လီချန်းယုံ တိတ်ဆိတ်သွားသည်။ သူက ပြောစရာစကားတို့ ခေတ္တခဏ ပျောက်ရှသွားပုံရသည်။

လင်းမိုက တည်ငြိမ်စွာဖြင့် လီချန်းယုံ၏ မျက်နှာအမူအရာကို အကဲခတ်နေသည်။

"မင်းလက်ခံသင့်တယ်၊ ရှင်းယီက လှပပြီး လိမ္မာတဲ့ မိန်းကလေးပါ၊ သူမသာဆိုရင် မင်းမိဖုရားနေရာနဲ့ သင့်တော်မှာပါ''

"ချန်းယုံ...''
လင်းမို၏ အသံက မသိမသာ ခက်ထန်နေသည်။ သူသည် လီချန်းယုံဆီက ထိုသို့သော စကားကြားရလိမ့်မည်ဟု တွေးထားသော်လည်း တကယ်တမ်းကြားရသည့် အခါ ဒေါသကို မထိန်းနိုင်ပေ။

"ငါလက်မခံဘူးဆိုတာမင်းသိတယ်၊ ဘာလို့လည်းဆိုတာလည်း မင်းသိတယ်''

လီချန်းယုံက လင်းမိုကို မျက်မှောင်ကြုတ်ပြီးပြန်ကြည့်သည်။
"မင်းက ဘယ်လိုလုပ်ချင်တာလဲ၊ အခုကိစ္စက ခမည်းတော်ကိုယ်တိုင်စီစဉ်တာ၊ အခုချိန်ထိ ခမည်းတော်က မြောက်ပိုင်းရဲ့ဘုရင်ပဲ၊ မင်းသိပါတယ် နန်းတွင်းရေးတွေ ဘယ်လောက်ထိရှုပ်လဲဆိုတာ၊ သူမကို လက်မခံရင် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဆက်ဆံရေးက တင်းမာသွားမှာပဲ၊ မင်းအဲ့ဒီလို ဖြစ်စေချင်တာဆိုလည်း လက်မခံဘဲနေလေ''

လင်းမိုက သူနားထဲသို့ ခါးသီးစွာ ဝင်လာသော စကားတို့ကို ဆက်လက် သည်းမခံနိုင်တော့ဟန်ဖြင့် စားပွဲခုံကို ကန်ကျောက်ပစ်လိုက်သည်။

လီချန်းယုံက လင်းမိုဒေါသထွက်နေသည်ကို သိသော်လည်း သူ့စကားကိုဆက်ပြောသည်။

"မင်းဒေါသထွက်စရာမလိုဘူး၊ ဒီလိုကိစ္စဖြစ်လာနိုင်တယ်ဆိုတာမင်းသိပါတယ်''

"ချန်းယုံ...တော်ပြီ ထပ်မပြောနဲ့တော့''

လင်းမိုက လီချန်းယုံကို ဤကဲ့သို့ ခက်ထန်စွာ မည်သည့်အခါကမျှ မပြောဖူးပေ။

ခါတိုင်းနှင့် မတူညီစွာ တည်ငြိမ်မှုကင်းမဲ့ပြီး ဒေါသထွက်နေသော လင်းမိုကို လီချန်းယုံ နားမလည်စွာ ထပ်ပြောသည်။
"မဟုတ်လည်း မင်းတစ်နေ့ကျ မိဖုရားတစ်ပါးပါးတင်မြှောက်ရမှာပဲ၊ ရှင်းယီကသင့်တော်ပါတယ်''

"ဒုန်း...ခလွမ်း...''

စားပွဲပေါ်က ရေကရားနှင့် ဖန်ခွက်တို့မှာ ကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"လီချန်းယုံ...ဆက်မပြောနဲ့တော့''

လင်းမို၏ ဒေါသကို ထပ်ပြီး မဆွချင်သော်လည်း လီချန်းယုံ ထပ်မေးမိသည်။

"မင်းဘာကြောင့် အဲ့ဒီလို ခက်ထန်နေရတာလဲ၊ ငါပြောတာအမှားမပါဘူး''

လင်းမိုက သူ၏ ဒေါသတို့ကို ပြန်မျိုသိပ်နေရဟန်ဖြင့် အသက်ပြင်းပြင်း ရှုနေသည်။ အတန်ကြာမှ သူက လီချန်းယုံဆီသို့ ဦးတည်ပြီး လီချန်းယုံ၏ ကိုယ်ကို ခပ်ကြမ်းကြမ်းတွန်းလိုက်သည်။ လင်းမို၏ မြဲမြံသော လက်တို့ကို လီချန်းယုံမရုန်းနိုင်။ သူ၏ ခြေလှမ်းတို့ နောက်ဆုတ်ပေးလိုက်ရပြီး နရံနှင့် ကပ်သွားသည်။ လင်းမိုက နံရံဖြင့် ကပ်သွားသောလီချန်းယုံ၏ လက်တို့ကို အပေါ်သို့ မြှောက်ပြီး လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ထားသည်။

လင်းမို၏ မြင့်မားသော အရပ်က လီချန်းယုံ၏ မျက်နှာကို အုပ်မိုးနေသည်။ လင်းမိုက လီချန်းယုံကို ငုံ့ကြည့်ပြီး ပြောသည်။

"မင်းပြောတဲ့စကားအမှားပါလို့ ဒေါသထွက်နေတာမဟုတ်ဘူး၊ မင်းအပေါ်ထားတဲ့ ငါရဲ့ အချစ်ကို မင်းအထင်သေးလို့၊ မင်းကို ဒီနေ့အထိ ကာကွယ်ပေးလာသမျှ မင်းကို လုပ်ပေးခဲ့တာတွေကို သိရက်နဲ့တောင် ငါ့ကို တခြားလူနဲ့ လက်ဆတ်ဖို့ ပြောထွက်လို့၊မင်းငါ့ကို အထင်သေးလွန်းတယ်၊ ဒီကိစ္စလောက်ကို ငါမဖြေရှင်းနိုင်ဘူးထင်လို့လား''

လင်းမို၏ စကားသံက အေးစက်ပြီး ပြတ်သားသည်။ သူက ဒေါသတို့ကို လျှော့ချလိုက်သော်လည်း သူ၏ မျက်လုံးတို့က စူးရဲနေသည်။

လီချန်းယုံက ခေါင်းယမ်းပြီး လင်းမိုကို ပြန်ပြောသည်။
"မင်းကိုငါ အထင်သေးတာမဟုတ်ဘူး၊ သူမကို လက်ခံတာနဲ့ လက်မခံတာ နှစ်ခုပဲရွေးစရာရှိတဲ့ အချိန်မှာ မင်းကဘာကို ရွေးချင်သေးတာလဲ၊ သူမကို လက်မခံရင် မြောက်ပိုင်းနဲ့တောင်ပိုင်း ဆက်ဆံရေး အဆုံးသတ်ပဲ၊ လက်ခံရင်လည်း မင်းနဲ့ငါ ရဲ့ အဆုံးသတ်ပဲ၊ မလိုလားအပ်တဲ့ ပြည်တွင်းရေးတွေရှုပ်လာမှာထက်ဆိုရင် မင်းနဲ့ငါ အဆုံးသတ်လိုက်တာက ပိုပြီး မရိုးရှင်းဘူးလား''

လင်းမို၏ မျက်ဝန်းတို့က ပိုမိုစူးရဲလာသည်။ သူ၏ နှုတ်ခမ်းတို့က မကောင်းဆိုးဝါးဆန်စွာ ပြုံးနေချေသည်။ သို့သော်ခါတိုင်းကဲ့သို့ နူးညံ့ခြင်းမရှိ။ လင်းမိုက လီချန်းယုံကို စူးစိုက်စွာ ကြည့်ပြီး စကားတစ်လုံးချင်း ပြောသည်။

" ငါနဲ့အဆုံးသတ်လိုက်ဖို့ မင်းလွယ်လွယ်နဲ့ပြောထွက်တယ် ''

လီချန်းယုံက လင်းမို၏ မျက်ဝန်းတို့ကို စိုက်ကြည့်ရင်း သူ၏ နှုတ်ခမ်းလွှာတို့ တုန်ယင်လာသည်။

"ငါ...ငါ...ခမည်းတော်ကို မလွန်ဆန်နိုင်ဘူး''

လင်းမို၏ နှုတ်ခမ်းတို့က ပိုမိုကွေးတက်သွားပြီး သူ၏ မျက်နှာတွင် မဲ့ပြုံးတစ်ခုပေါ်လာသည်။
"ငါကမင်းအတွက် ဆယ့်ခြောက်ပြည်ထောင် ဘုရင်အဖြစ်တောင် လုပ်ခွင့်ရှိရက်နဲ့ မလုပ်ဘူး၊ မင်းသာပြောရင် ဘုရင်အဖြစ်ကလည်း စွန့်လွှတ်နိုင်တယ်၊ ငါ့ကိုမုန်းတယ်လို့ မင်းပြောလာခဲ့ရင် ဒီလောကကြီးက ငါ့ရဲ့ ဖြစ်တည်မှုကို အဆုံးသတ်ပစ်ဖို့ ဝန်မလေးဘူး၊ မင်းကျမှ ခမည်းတော်ကို မလွန်ဆန်နိုင်ဘူးတဲ့လား''

လီချန်းယုံသည် လင်းမို၏ စကားများကို ခွန်းတုံ့မပြန်နိုင်ဘဲ သူရှေ့က အခြားလူတစ်ယောက်လိုပြောင်းသွားသော လင်းမိုကိုသာ စိုက်ကြည့်နေသည်။

လင်းမိုက သူ၏ စကားကို ဆက်ပြောသည်။
"ငါပြောမယ်၊ ရွေးချယ်စရာနှစ်ခုပဲရှိတယ်လို့ မင်းထင်နေတယ်မလား၊ ငါတတိယမြောက်ရွေးချယ်မှု လုပ်ပြမယ်၊ ငါရဲ့ရွေးချယ်မှု အကျိူးဆက်ကိုသာ မင်းလက်ခံနိုင်ပါစေ''

လင်းမိုက ပြောပြီး တင်းကြပ်စွာ ကိုင်ထားသော လီချန်းယုံ၏ လက်တို့ကို လွှတ်ပေးလိုက်သည်။ သူက လီချန်းယုံကို လှည့်မကြည့်ပဲ အခန်းထဲက ထွက်သွားသည်။

လင်းမိုထွက်သွားပြီးနောက် ခံစားချက်များကို မထိန်းနိုင်သည့် လီချန်းယုံသည် နံရံကို လက်သီးဖြင့် ဆက်ကာဆက်ကာ ထိုးပစ်လိုက်သည်။ ငယ်စဉ်ကတည်းက ခမည်းတော်၏ တစ်သွေးတစ်သံ အမိန့်နှင့် အုပ်ထိန်းမှုအောက်သာ ရှိခဲ့ပြီး အရွယ်နှင့် မမျှသော တာဝန်များကို ယူထားခဲ့သူအဖို့ သူ၏ စိတ်ခံစားချက်ကို ဦးစားမပေးနိုင်ပေ။

လီချန်းယုံ၏ လက်မှ သွေးတို့က ကြမ်းပြင်ကို တစ်စက်စက်ကျနေသည်။ သူက လှည့်ထွက်သွားသော တစ်စုံတစ်ယောက်၏ နောက်ကျောကို ပြေးဖက်ပြီး ပြန်လာခဲ့ရန် တောင်းဆိုလိုသော ဆန္ဒတို့ကို နာကျင်မှုဖြင့် အစားထိုးပြီး ဖြေဖျောက်နေသည်။

ထိုနေ့ညက အိမ်ရှေ့စံ၏ အဆောင်တွင် ကွဲကျေနေသော ဖန်ခွဲစများ၊ တစ်စစီရိုက်ချိူးခံရသော ပရိဘောဂပစ္စည်းများစွာဖြင့် ပြည့်နှက်နေတော့သည်။

လှည့်ထွက်သွားသော သူကတော့ ထိုညက ပြန်မလာသောကြောင့် အပျက်အစီးများကြားက သွေးစက်တို့ကို မတွေ့မြင်လိုက်ရချေ။

Zawgyi

(Really sorry for late update...)

လင္းမိုသည္ လီခ်န္းယံု၏ တာဝန္မ်ားကို ေခတၱတျဖဳတ္ ဝင္ေရာက္ကူညီသည့္ေန႔က အေၾကာင္းအရာ အလံုးစံုသည္ ဘုရင္ႀကီးလီ၏ နားသို႔ေရာက္သြားေလသည္။ ဘုရင္ႀကီးလီသည္ က်န္းမာေရးခ်ိဳ႕တဲ့မႈေၾကာင့္ နန္းေဆာင္အျပင္သို႔ ထြက္ေလ့မ႐ွိဘဲ ႏိုင္ငံ့တာဝန္ကို အိမ္ေ႐ွ႕စံ၏ လက္ထဲသို႔ ဝကြက္အပ္ထားျခင္း ျဖစ္သည္။ သူသည္ အမိမဲ့သားေလး လီခ်န္းယံုကို ဖခင္တစ္ေယာက္၏ ေမတၱာအျပည့္အဝေပးကာ ေစာင့္ေ႐ွာက္ခဲ့သူျဖစ္သည္။

သားေတာ္အေပၚ ေမွ်ာ္လင့္ခ်က္ႀကီးစြာထားေသာ ဖခင္တစ္ေယာက္အေနျဖင့္ ၾကားရေသာ သတင္းမွာ စိတ္ေက်နပ္စရာမ႐ွိေပ။ သားေတာ္လီခ်န္းယံု၏ စိတ္ဓာတ္ျပတ္သားမႈကို သိေသာ ဖခင္တစ္ေယာက္အေနျဖင့္ အခ်ိန္မေႏွာင္းခင္ မျဖစ္သင့္သည္ကို မျဖစ္ေအာင္တားျမစ္ရေပမည္။

ဘုရင္ႀကီးလီသည္ ဤကိစၥကို စိတ္လက္မာန္ပါေျဖ႐ွင္းျခင္း ထက္ ပညာသားပါပါ ေျဖ႐ွင္းျခင္းက ပို၍သင့္ေတာ္မည္ျဖစ္ေၾကာင္း နားလည္ထားေလသည္။ သို႔ေၾကာင့္လည္း သူႀကိဳတင္ အစီအမံျပဳလုပ္ထားေလသည္။

အိမ္ေ႐ွ႕စံ၏ နန္းေဆာင္တြင္ လင္းမိုႏွင့္ လီခ်န္းယံုအတူ႐ွိေနစဥ္ အထိန္းေတာ္တစ္ေယာက္က ဘုရင္ႀကီးလီသည္ ေတာင္ပိုင္းဘုရင္ လင္းမိုကို ေန႔လည္စာအတူသံုးေဆာင္ရန္ ဖိတ္ၾကားေၾကာင္း လာေရာက္ေလွ်ာက္တင္ေလသည္။

"ခမည္းေတာ္က လင္းမိုတစ္ေယာက္ပဲဖိတ္တာလား''
လီခ်န္းယံုက လာေရာက္ေလွ်ာက္တင္ေသာ အထိန္းေတာ္ကို ျပန္ေမးလိုက္သည္။

"မွန္လွပါ အ႐ွင္...ဘုရင္ႀကီးလီက ေတာင္ပိုင္းဘုရင္ အ႐ွင္လင္းမို တစ္ေယာက္တည္းကိုပဲ ဖိတ္ၾကားတာပါ''
အထိန္းေတာ္က ဘုရင္ႀကီးလီ အမိန္႔အတိုင္း ျပန္လည္ေလွ်ာက္တင္လိုက္သည္။

"ရတယ္ ခ်န္းယံု...ငါသြားလိုက္မယ္။ ကိစၥေထြးေထြထူးထူးမ႐ွိေလာက္ပါဘူး''
လင္းမိုက လီခ်န္းယံုကို ၾကည့္ၿပီး ႏွစ္သိမ့္စကားဆိုလိုက္သည္။ အမွန္တကယ္ေတာ့ လီခ်န္းယံုသည္ လင္းမိုကို ဘုရင္ႀကီးလီေခၚဆိုရသည့္ အေၾကာင္းရင္းမသိေသာ္လည္း အနည္းငယ္စိုးရိမ္မိသည္။

အထိန္းေတာ္ထြက္ခြာသြားေသာအခါ လင္းမို၏ အမူအရာက ေလးနက္ေနသည္။ သူသည္တစ္ခုခုကို အျပင္းအထန္စဥ္းစားေနသေယာင္ေယာင္။ လင္းမို၏ အမူအရာေၾကာင့္ လီခ်န္းယံုမွာ ပိုမိုစိတ္လႈပ္႐ွားလာသည္။

"လင္းမို...ခမည္းေတာ္က တစ္ခုခုေၾကာင့္မ်ား...''

"ခ်န္းယံု...''
လင္းမိုက လီခ်န္းယံု၏ လက္ကိုအသာဆုပ္ကိုင္ၿပီး ေျပာသည္။

"ဘာကိစၥပဲ႐ွိ႐ွိ ငါမင္းကို လက္လႊတ္မွာ မဟုတ္လို႔ မင္းစိုးရိမ္စရာမလိုဘူး။

လီခ်န္းယံုက ျပန္မေျဖပဲ ေခါင္းၿငိမ့္ျပသည္။ သူက အသာအယာျပံဳးျပၿပီး လင္းမို၏ လက္ကို ျပန္လည္ဆုပ္ကိုင္ထားသည္။

ထိုေန႔ေန႔လည္ခင္း ဘုရင္ႀကီးလီ၏ အေဆာင္ေတာ္သို႔ ေရာက္လာေသာအခါ လင္းမိုအတြက္ ျပင္ဆင္ထားပံုရေသာ စားပြဲဟင္းလ်ာတို႔ႏွင့္ ေစာင့္ႀကိဳေနေသာ ဘုရင္ႀကီးလီကိုေတြ႔ျမင္ရသည္။ ဘုရင္ႀကီးလီ၏ မ်က္ႏွာခ်င္းဆိုင္တြင္ ငယ္ရြယ္ေသာ မိန္းမပ်ိဳတစ္ေယာက္လည္းထိုင္ေနေလသည္။

အေဆာင္တြင္းသို႔ မဝင္မီ လင္းမိုက အေျခအေနအရပ္ရပ္ကို အကဲခတ္လိုက္သည္။ သူခန္႔မွန္းခဲ့ေသာ ကိစၥမွာ အမွန္တကယ္ျဖစ္လာဟန္႐ွိသည္။ လင္းမိုႏွင့္ သားေတာ္၏ ဆက္ဆံေရးကို ရိပ္မိေသာ ဘုရင္ႀကီးလီက တိုက္႐ိုက္ကန္႔ကြက္ျခင္းထက္ ပို၍ လိမၼာပါးနပ္ေသာ အစီအစဥ္တစ္ခုကိုျပဳလုပ္ထားပံုရသည္။ အရာရာကို ႀကိဳတင္စဥ္းစားၿပီး အသင့္ျပင္ထားေသာ လင္းမိုက နန္းေဆာင္အတြင္းသို႔ တည္ၿငိမ္ေသာ ေျခလွမ္းမ်ားျဖင့္ ဝင္သြားသည္။.

သူဝင္လာသည္ကို ျမင္ေသာ ဘုရင္ႀကီးလီက ေခါင္းၿငိမ့္ျပံဳးျပၿပီး ႏႈတ္ဆက္သည္။ မိန္းမပ်ိဳကမူ မတ္တပ္ရပ္ၿပီး လင္းမိုကို အ႐ိုအေသေပးလိုက္သည္။ လင္းမိုက မိန္းမပ်ိဳကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။

သူမသည္ ေရႊေရာင္ဇာအနာမ်ားပါေသာ ဆင္စြယ္ေရာင္ဝတ္ရံုကို ဝတ္ဆင္ထားသည္။ သူမသည္ၾကည္လင္ေသာ အသားအရည္႐ွိၿပီး ႏႈတ္ခမ္းတို႔က ႏွစ္လိုဖြယ္ျပံဳးေယာင္ေယာင္ျဖစ္သည္။ မိန္းမပ်ိဳသည္ ပထမအႀကိမ္ ေတြ႔ျမင္လိုက္သူအဖို႔ ခ်စ္စရာေကာင္းၿပီး ႐ိုးေအးေသာ သခင္မေလးတစ္ေယာက္ဟု ထင္ဖြယ္႐ွိသည္။

လင္းမိုကမူ အႏွီမိန္းမပ်ိဴ၏ ႐ိုးသားေသာအသြင္အျပင္သည္ ဟန္ေဆာင္ျခင္းမွ်သာ ျဖစ္ေၾကာင္းရိပ္မိသည္။ သူမ၏ အျပံဳးတုတို႔ေနာက္တြင္ ေၾကာက္စရာေကာင္းေသာ ေျမေခြးမ်က္ႏွာဖံုး ႐ွိမွန္း အကဲခတ္မိေလသည္။

သို႔ေသာ္ တစ္စံုတစ္ေယာက္ကသာ အေကာက္ၾကံလိုေသာ ရည္ရြယ္ခ်က္ျဖင့္ ဝင္ေရာက္လာပါက ထိုအေကာက္ၾကံသူထက္ အဆတစ္ရာ ဆိုးဝါးေသာ အၾကံတို႔ျဖင့္ ျပန္လည္ အေကာက္ၾကံမည္မွာ လင္းမို၏ အက်င့္စရိုက္ျဖစ္ေလသည္။

သို႔ေၾကာင့္ သူ႔ကို ႏွစ္လိုဖြယ္ေကာင္းစြာ ျပံဳးျပေနေသာ ထိုမိန္းမပ်ိဳကို လင္းမိုက ငဲ့ေစာင္းၾကည့္ၿပီး ျပန္လည္ျပံဳးျပလိုက္သည္။

အေျကာင္းမသိေသာ ဘုရင္ႀကီးလီအဖို႔ လင္းမိုသည္ မိန္းမပ်ိဳ၏ အလွအပေအာက္တြင္ နစ္ေျမာၿပီး ထိုသို႔ ဆက္ဆံသည္ဟုသာ ထင္ေနသည္။ ဤေနရာတြင္ သားေတာ္လီခ်န္းယံုသာဆိုလွ်င္ လင္းမို၏ ထိုအျပံဳးသည္ ေသခ်ာေပါက္ အႏၱာရယ္မ်ားသည္မွန္း သိေပလိမ့္မည္။

"႐ွင္းအိမ္ေတာ္က ပထမသမီးေတာ္ ႐ွင္းယီ...ေတာင္ပိုင္းဘုရင္ကို ႏႉတ္ခြန္းဆက္သပါတယ္''
မိန္းမပ်ိဳသည္ လိုသည္ထက္ပိုစြာ အျပစ္ကင္းဟန္ေဆာင္ထားေသာ အသံတို႔ျဖင့္ လင္းမိုကို ႏႈတ္ဆက္သည္။

လင္းမိုက ေခါင္းၿငိမ့္ျပၿပီး ျပန္ေျပာသည္။
"ေအာ္...႐ွင္းယီလား လူေရာ နာမည္ေရာ လွပပါေပတယ္။ ကိုယ္ေတာ္ေတာ့ ေသခ်ာမွတ္ထားရမွာပဲ။ ႐ွင္းအိမ္ေတာ္ကေနာ္''

"ေက်းဇူးပါအ႐ွင္...''
ေတာင္ပိုင္းဘုရင္ဆီက ေမွ်ာ္လင့္ထားသည္ထက္ ပိုမိုေကာင္းမြန္စြာ ဆက္ဆံခံလိုက္ရေသာေၾကာင့္ မိန္းမပ်ိဳသည္ သူမဟန္ေဆာင္ေနေသာ အျပစ္ကင္းသည့္ မိန္းမပ်ိဳေလးအသြင္အျပင္ပင္ ေပ်ာက္လုမတတ္ ျပံဳးေပ်ာ္သြားေလသည္။

လင္းမိုက သူ႔စကားတစ္ခြန္းႏွင့္ စ႐ိုက္အမွန္ေပၚလုဆဲဆဲျဖစ္ေသာ အႏွီမိန္းမပ်ိဳကို ထပ္ၿပီးဂ႐ုမစိုက္ေတာ့ေပ။ ဘုရင္ႀကီး လီ၏ တစ္ဖက္တြင္ ထိုင္ၿပီး ေနရာယူလိုက္သည္။

ဘုရင္ႀကီးက ေန႔လည္စာပြဲေတာ္တည္ရင္း လင္းမိုကို စကားေျပာသည္။

"ကိုယ္ေတာ္ကေတာ့ ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္ပဲ အျမဲစဥ္းစားေနမိတယ္။ အဲ့ဒါေၾကာင့္ မိဖုရားမ႐ွိေသးတဲ့ ေတာင္ပိုင္းဘုရင္ကို ကိုယ္ေတာ္တို႔ ေျမာက္ပိုင္းက မိဖုရားေနရာအတြက္ သင့္ေတာ္တဲ့သူတစ္ေယာက္ ေလာက္ ဆက္သခြင့္ရရင္ အတိုင္းအထက္လြန္ဝမ္းေျမာက္မိမွာပဲ''

လင္းမိုက ဘုရင္ႀကီးလီ၏ စကားအခြန္းတိုင္းကို လြတ္မသြားေအာင္ ေသခ်ာအာရံုစိုက္ၿပီး နားေထာင္သည္။

"ေျမာက္ပိုင္းအိမ္ေတာ္ေတြထဲမွာ... ႐ွင္းအိမ္ေတာ္က ကိုယ္ေတာ္ အားကိုးအားထားျပဳရတဲ့အိမ္ေတာ္ပဲ...အဲ့ဒါေၾကာင့္ ႐ွင္းအိမ္ေတာ္က သမီးအႀကီးကို ေတာင္ပိုင္းကို ဆက္သဖို႔ ကိုယ္ေတာ္စဥ္းစားထားတယ္''

ဘုရင္ႀကီးလီသည္ သူ႔စကားဆံုးေတာ့ လင္းမိုကို အကဲခတ္ဟန္ၾကည့္ေနသည္။ သူသည္လင္းမို၏ တံု႔ျပန္အေျဖကို စိတ္လႈပ္႐ွားစြာ ေစာင့္ဆိုင္းေနသေယာင္။

လင္းမိုသည္ ဤကိစၥကိုျငင္းပါက ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း ဆက္ဆံေရး ပ်က္ျပားသြားႏိုင္ေၾကာင္း နားလည္ထားေလသည္။ အကယ္၍ လက္ခံျပန္ပါကလည္း သူသည္ လီခ်န္းယံုကို သစၥာမ႐ွိရာေရာက္ေပလိမ့္မည္။ သူ၏ ႏွလံုးသားသည္ လီခ်န္းယံုကိုသာ အပ္ႏွင္းထားၿပီး အႏွီေျမေခြးလိုမိန္းမပ်ိဳကို မိဖုရားေနရာေပးရန္ဆိုသည္မွာ အလြန္မဆီေလ်ာ္ေသာကိစၥျဖစ္သည္။

လင္းမိုသည္ မိန္းမပ်ိဳကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဘုရင္ႀကီးလီကို ျပန္လည္ ခြန္းတံု႔ျပန္သည္။

"ဘုရင္ႀကီးလီရဲ႕ ကမ္းလွမ္းမႈကို ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ ေတာင္ပိုင္းႏိုင္ငံေတြအားလံုးက ကြၽန္ေတာ္တင္ေျမႇာက္မယ့္ မိဖုရားကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကတာ။ သာမန္အရည္အခ်င္းနဲ႔သာဆိုရင္ ျပည္သူေတြသေဘာမက်တာမ်ိဳးလည္း ျဖစ္ႏိုင္တာမလို႔ ကြၽန္ေတာ္စဥ္းစားပါရေစ''

လင္းမို၏ စကားသည္ သူအလိမၼာျဖင့္ ျငင္းပယ္ေနမွန္းသိသာေခ်ၿပီ။ တစ္လက္စတည္း ႐ွင္းယီကိုလည္း သူမ်က္လံုးထဲ၌သာမန္မိန္းမပ်ိဳအျဖစ္သာ ျမင္ေၾကာင္းသြယ္ဝိုက္ေျပာေနသလိုပင္။

ထိုစကားေၾကာင့္ ႐ွင္းယီ၏ မ်က္ႏွာမွာ အပ်က္ပ်က္အယြင္းယြင္းျဖစ္သြားေခ်သည္။

ဘုရင္ႀကီးလီကမူ လင္းမို ယတိျပတ္ျငင္းျခင္းမဟုတ္သည့္အတြက္ ဆက္လက္မေျပာဆိုေတာ့ေပ။ ထိုေန႔က ေန႔လည္စာပြဲေတာ္သည္ တိတ္ဆိတ္စြာပင္ ၿပီးဆံုးသြားသည္။

ဘုရင္ႀကီးလီ၏ နန္းေဆာင္မွ ထြက္လာေသာအခါ ႐ွင္းယီသည္ လင္းမိုႏွင့္ တစ္ပါတည္းလိုက္လာေခ်သည္။ သူမက ျငင္သာ သိမ္ေမြ႔ေသာ ေျခလွမ္းမ်ားျဖင့္ လင္းမို၏ ေနာက္က ကပ္လ်က္လိုက္လာသည္။ လင္းမိုက ထိုမိန္းမပ်ိဳကို မသိဟန္ေဆာင္ၿပီး လီခ်န္းယံု၏ နန္းေဆာင္ဆီသို႔ ဦးတည္ျပန္လာသည္။

အံျသစရာေကာင္းေအာင္ပင္ အႏွီ႐ွင္းယီသည္ လင္းမိုေနာက္က ထပ္ၾကပ္မကြာလိုက္လာေလသည္။ လင္းမိုက လီခ်န္းယံု၏ နန္းေဆာင္သို႔သြားရန္ ေကြ႔သည့္ လမ္းသြယ္ထိကပ္ပါလာေသာေၾကာင့္ လင္းမိုက ေျခလွမ္းတို႔ ရပ္တံ့ၿပီး ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။

႐ွင္းယီက အခ်ိဳသာဆံုးေသာ အျပံဳးကိုဆင္ျမန္းၿပီးလင္းမို၏ အသံတိတ္ေမးခြန္းကို ေျဖလိုက္သည္။
"ကြၽန္မရဲ႕ နန္းေဆာင္ကလည္း ဒီဘက္လမ္းမွာမလို႔ အ႐ွင္''

လင္းမိုက အံျသဟန္မျပပဲ မျပံဳးမရယ္မ်က္ႏွာျဖင့္ စကားဆိုသည္။
"ေအာ္..အဲ့ဒါေၾကာင့္ ေနာက္ကလိုက္ေနတာလား''

သူတို႔ႏွစ္ေယာက္စကားေျပာေနစဥ္ ညီလာခံမွ ျပန္လာေသာ လီခ်န္းယံုႏွင့္တိုးေလသည္။ လီခ်န္းယံုက လင္းမိုကိုျမင္ေသာအခါျပံဳးျပၿပီး တစ္ဆက္တည္း လင္းမိုေနာက္က ႐ွင္းယီကို ျမင္ေသာအခါ သူ၏ မ်က္ႏွာ ဝင္းလက္သြားသည္။
"႐ွင္းယီပါလား...နန္းေတာ္ထဲ ေရာက္ေနတာလား''

႐ွင္းယီက လီခ်န္းယံုကို ဂါရဝျပဳၿပီး ျပန္ေျဖသည္။
"အိမ္ေ႐ွ႕စံ...႐ွင္းယီ ႏႈတ္ဆက္ပါတယ္။ ႐ွင္းယီကို ဘုရင္ႀကီးလီက နန္းေတာ္ထဲလာဖို႔ ဆင့္ေခၚတာမလို႔''

႐ွင္းယီ၏ စကားၾကားေသာ အခါ လီခ်န္းယံု၏ မ်က္လံုးတို႔က အလိုလို လင္းမိုဆီေရာက္သြားသည္။

လင္းမိုက လီခ်န္းယံုကို အရင္ေမးသည္။
"ဒီက မိန္းကေလး႐ွင္းနဲ႔ အိမ္ေ႐ွ႕စံက ရင္းရင္းႏွီးႏွီးသိတာလား''

လီခ်န္းယံုက သူတစ္ပါးေ႐ွ႕တြင္ လင္းမိုေခၚေနက် အားယံုေလး ဟုမေခၚတာကိုသာ ေက်းဇူးတင္မိသည္။
"အင္း...႐ွင္းအိမ္ေတာ္က ႐ွန္နန္းေတာ္အတြက္ အားကိုးရတဲ့ လက္ေအာက္ခံအိမ္ေတာ္ပဲ။ ႐ွင္းယီနဲ႔ကလည္း ငယ္ငယ္ေလးကတည္းကသိလာခဲ့ၾကတာ''

လင္းမိုက လီခ်န္းယံု၏ မ်က္ႏွာအမူအရာအေသးစိတ္ကို အကဲခတ္ေနေလသည္။ လီခ်န္းယံုသည္ အမွန္တကယ္ကို ႐ွင္းယီကို ခင္မင္ေၾကာင္းထင္႐ွားေနသည္။ လင္းမိုသိလိုက္ေခ်သည္။ ဤေျမေခြးလို အေကာက္ၾကံတတ္ေသာ မိန္းမပ်ိဳက အျပစ္ကင္း႐ိုးသားဟန္ျဖင့္ လီခ်န္းယံုကို အယံုသြင္းထားျခင္းျဖစ္သည္။ လီခ်န္းယံုက သူမကို ညီမေတာ္တစ္ေယာက္လို သေဘာထားၿပီး ဆက္ဆံေနေခ်သည္။

ကိစၥက လင္းမိုထင္ထားသည္ထက္ ပို႐ႈပ္ေထြးသြားေခ်ၿပီ။ ကနဦးက သူစီစဥ္ထားသည့္ ႐ွင္းယီကို အေရးပင္မစိုက္ပဲ လ်စ္လ်ဴ႐ႈရန္မွာ မလြယ္ကူေတာ့ေခ်။ လီခ်န္းယံု၏ အျမင္တြင္ ႐ွင္းယီသည္ ေလာေလာလတ္လတ္ အျပစ္ကင္းေသာ မိန္းမပ်ိဳေလး ျဖစ္ေနၿပီး လင္းမိုကသာ မေခ်မငံဆက္ဆံပါက လီခ်န္းယံု လင္းမိုကို အထင္မွားသြားေခ်မည္။ အနည္းဆံုး လင္းမိုသည္ ေျမေခြးလို မိန္းမပ်ိဳ၏ မ်က္ႏွာဖံုးကို ခြာခ်ရန္ႀကိဳးစားေပရမည္။

ထိုေန႔ညေန အိပ္ေဆာင္တြင္ လင္းမိုသည္ လီခ်န္းယံုကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပသည္။ ဘုရင္ႀကီးလီက ႐ွင္းယီႏွင့္ သူ႔ကို လက္ဆတ္ေစလိုသည့္ အေၾကာင္းရင္းကိုလည္းေျပာျပလိုက္သည္။

လင္းမို၏ စကားၾကားေသာအခါ လီခ်န္းယံု တိတ္ဆိတ္သြားသည္။ သူက ေျပာစရာစကားတို႔ ေခတၱခဏ ေပ်ာက္႐ွသြားပံုရသည္။

လင္းမိုက တည္ၿငိမ္စြာျဖင့္ လီခ်န္းယံု၏ မ်က္ႏွာအမူအရာကို အကဲခတ္ေနသည္။

"မင္းလက္ခံသင့္တယ္။ ႐ွင္းယီက လွပၿပီး လိမၼာတဲ့ မိန္းကေလးပါ။ သူမသာဆိုရင္ မင္းမိဖုရားေနရာနဲ႔ သင့္ေတာ္မွာပါ''

"ခ်န္းယံု...''
လင္းမို၏ အသံက မသိမသာ ခက္ထန္ေနသည္။ သူသည္ လီခ်န္းယံုဆီက ထိုသို႔ေသာ စကားၾကားရလိမ့္မည္ဟု ေတြးထားေသာ္လည္း တကယ္ၾကားရသည့္ အခါ ေဒါသကို မထိန္းႏိုင္ေပ။

"ငါလက္မခံဘူးဆိုတာမင္းသိတယ္...ဘာလို႔လည္းဆိုတာလည္း မင္းသိတယ္''

လီခ်န္းယံုက လင္းမိုကို မ်က္ေမွာင္ၾကဳတ္ၿပီးျပန္ၾကည့္သည္။
"မင္းက ဘယ္လိုလုပ္ခ်င္တာလဲ...အခုကိစၥက ခမည္းေတာ္ကိုယ္တိုင္စီစဥ္တာ။ အခုခ်ိန္ထိ ခမည္းေတာ္က ေျမာက္ပိုင္းရဲ႕ဘုရင္ပဲ။ မင္းသိပါတယ္ နန္းတြင္းေရးေတြ ဘယ္ေလာက္ထိ႐ႈပ္လဲဆိုတာ...သူမကို လက္မခံရင္ ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္း ဆက္ဆံေရးက တင္းမာသြားမွာပဲ။ မင္းအဲ့ဒီလို ျဖစ္ေစခ်င္တာဆိုလည္း လက္မခံဘဲေနေလ''

လင္းမိုက သူနားထဲသို႔ ခါးသီးစြာ ဝင္လာေသာ စကားတို႔ကို ဆက္လက္ သည္းမခံႏိုင္ေတာ့ဟန္ျဖင့္ စားပြဲခံုကို ကန္ေက်ာက္ပစ္လိုက္သည္။

လီခ်န္းယံုက လင္းမိုေဒါသထြက္ေနသည္ကို သိေသာ္လည္း သူ႔စကားကိုဆက္ေျပာသည္။

"မင္းေဒါသထြက္စရာမလိုဘူး။ ဒီလိုကိစၥျဖစ္လာႏိုင္တယ္ဆိုတာမင္းသိပါတယ္''

"ခ်န္းယံု...ေတာ္ၿပီ ထပ္မေျပာနဲ႔ေတာ့''

လင္းမိုက လီခ်န္းယံုကို ဤကဲ့သို႔ ခက္ထန္စြာ မည္သည့္အခါကမွ် မေျပာဖူးေပ။

ခါတိုင္းႏွင့္ မတူညီစြာ တည္ၿငိမ္မႈကင္းမဲ့ၿပီး ေဒါသထြက္ေနေသာ လင္းမိုကို လီခ်န္းယံု နားမလည္စြာ ထပ္ေျပာသည္။
"မဟုတ္လည္း မင္းတစ္ေန႔က် မိဖုရားတစ္ပါးပါးတင္ေျမႇာက္ရမွာပဲ။ ႐ွင္းယီကသင့္ေတာ္ပါတယ္''

"ဒုန္း...ခလြမ္း...''

စားပြဲေပၚက ေရကရားႏွင့္ ဖန္ခြက္တို႔မွာ ၾကမ္းျပင္ႏွင့္ ျပင္းထန္စြာ ႐ိုက္ခတ္သြားသည္။

"လီခ်န္းယံု...ဆက္မေျပာနဲ႔ေတာ့''

လင္းမို၏ ေဒါသကို ထပ္ၿပီး မဆြခ်င္ေသာ္လည္း လီခ်န္းယံု ထပ္ေမးမိသည္။

"မင္းဘာေၾကာင့္ အဲ့ဒီလို ခက္ထန္ေနရတာလဲ။ ငါေျပာတာအမွားမပါဘူး''

လင္းမိုက သူ၏ ေဒါသတို႔ကို ျပန္မ်ိဳသိပ္ေနရဟန္ျဖင့္ အသက္ျပင္းျပင္း ႐ႈေနသည္။ အတန္ၾကာမွ သူက လီခ်န္းယံုဆီသို႔ ဦးတည္ၿပီး လီခ်န္းယံု၏ ကိုယ္ကို ခပ္ၾကမ္းၾကမ္းတြန္းလိုက္သည္။ လင္းမို၏ ျမဲျမံေသာ လက္တို႔ကို လီခ်န္းယံုမ႐ုန္းႏိုင္။ သူ၏ ေျခလွမ္းတို႔ ေနာက္ဆုတ္ေပးလိုက္ရၿပီး နရံႏွင့္ ကပ္သြားသည္။ လင္းမိုက နံရံျဖင့္ ကပ္သြားေသာလီခ်န္းယံု၏ လက္တို႔ကို အေပၚသို႔ ေျမႇာက္ၿပီး လက္ေကာက္ဝတ္ကေန ဆုပ္ကိုင္ထားသည္။

လင္းမို၏ ျမင့္မားေသာ အရပ္က လီခ်န္းယံု၏ မ်က္ႏွာကို အုပ္မိုးေနသည္။ လင္းမိုက လီခ်န္းယံုကို ငံု႔ၾကည့္ၿပီး ေျပာသည္။

"မင္းေျပာတဲ့စကားအမွားပါလို႔ ေဒါသထြက္ေနတာမဟုတ္ဘူး။ မင္းအေပၚထားတဲ့ ငါရဲ႕ အခ်စ္ကို မင္းအထင္ေသးလို႔။ မင္းကို ဒီေန႔အထိ ကာကြယ္ေပးလာသမွ် မင္းကို လုပ္ေပးခဲ့တာေတြကို သိရက္နဲ႔ေတာင္ ငါ့ကို တျခားလူနဲ႔ လက္ဆတ္ဖို႔ ေျပာထြက္လို႔။ မင္းငါ့ကို အထင္ေသးလြန္းတယ္။ ဒီကိစၥေလာက္ကို ငါမေျဖ႐ွင္းႏိုင္ဘူးထင္လို႔လား။''

လင္းမို၏ စကားသံက ေအးစက္ၿပီး ျပတ္သားသည္။ သူက ေဒါသတို႔ကို ေလွ်ာ့ခ်လိုက္ေသာ္လည္း သူ၏ မ်က္လံုးတို႔က စူးရဲေနသည္။

လီခ်န္းယံုက ေခါင္းယမ္းၿပီး လင္းမိုကို ျပန္ေျပာသည္။
"မင္းကိုငါ အထင္ေသးတာမဟုတ္ဘူး။ သူမကို လက္ခံတာနဲ႔ လက္မခံတာ ႏွစ္ခုပဲေရြးစရာ႐ွိတဲ့ အခ်ိန္မွာ မင္းကဘာကို ေရြးခ်င္ေသးတာလဲ။ သူမကို လက္မခံရင္ ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္း ဆက္ဆံေရး အဆံုးသတ္ပဲ။ လက္ခံရင္လည္း မင္းနဲ႔ငါ ရဲ႕ အဆုံုးသတ္ပဲ။ မလိုလားအပ္တဲ့ ျပည္တြင္းေရးေတြ႐ႈပ္လာမွာထက္ဆိုရင္ မင္းနဲ႔ငါ အဆံုးသတ္လိုက္တာက ပိုၿပီး မ႐ိုး႐ွင္းဘူးလား''

လင္းမို၏ မ်က္ဝန္းတို႔က ပိုမိုစူးရဲလာသည္။ သူ၏ ႏႈတ္ခမ္းတို႔က မေကာင္းဆိုးဝါးဆန္စြာ ျပံဳးေနေခ်သည္။ သို႔ေသာ္ခါတိုင္းကဲ့သို႔ ႏူးညံ့ျခင္းမ႐ွိ။ လင္းမိုက လီခ်န္းယံုကို စူးစိုက္စြာ ၾကည့္ၿပီး စကားတစ္လံုးခ်င္း ေျပာသည္။

" ငါနဲ႔အဆံုးသတ္လိုက္ဖို႔ မင္းလြယ္လြယ္နဲ႔ေျပာထြက္တယ္။ ''

လီခ်န္းယံုက လင္းမို၏ မ်က္ဝန္းတို႔ကို စိုက္ၾကည့္ရင္း သူ၏ ႏႈတ္ခမ္းလႊာတို႔ တုန္ယင္လာသည္။

"ငါ...ငါ...ခမည္းေတာ္ကို မလြန္ဆန္ႏိုင္ဘူး။ ''

လင္းမို၏ ႏႈတ္ခမ္းတို႔က ပိုမိုေကြးတက္သြားၿပီး သူ၏ မ်က္ႏွာတြင္ မဲ့ျပံဳးတစ္ခုေပၚလာသည္။
"ငါကမင္းအတြက္ ဆယ့္ေျခာက္ျပည္ေထာင္ ဘုရင္အျဖစ္ေတာင္ လုပ္ခြင့္႐ွိရက္နဲ႔ မလုပ္ဘူး။ မင္းသာေျပာရင္ ဘုရင္အျဖစ္ကလည္း စြန္႔လႊတ္ႏိုင္တယ္။ ငါ့ကိုမုန္းတယ္လို႔ မင္းေျပာလာခဲ့ရင္ ဒီေလာကႀကီးက ငါ့ရဲ႕ ျဖစ္တည္မႈကို အဆံုးသတ္ပစ္ဖို႔ ဝန္မေလးဘူး။ မင္းက်မွ ခမည္းေတာ္ကို မလြန္ဆန္ႏိုင္ဘူးတဲ့လား...''

လီခ်န္းယံုသည္ လင္းမို၏ စကားမ်ားကို ခြန္းတံု႔မျပန္ႏိုင္ဘဲ သူေ႐ွ႕က အျခားလူတစ္ေယာက္လိုေျပာင္းသြားေသာ လင္းမိုကိုသာ စိုက္ၾကည့္ေနသည္။

လင္းမိုက သူ၏ စကားကို ဆက္ေျပာသည္။
"ငါေျပာမယ္။ ေရြးခ်ယ္စရာႏွစ္ခုပဲ႐ွိတယ္လို႔ မင္းထင္ေနတယ္မလား။ ငါတတိယေျမာက္ေရြးခ်ယ္မႈ လုပ္ျပမယ္။ ငါရဲ႕ေရြးခ်ယ္မႈ အက်ိဴးဆက္ကိုသာ မင္းလက္ခံႏိုင္ပါေစ''

လင္းမိုက ေျပာၿပီး တင္းၾကပ္စြာ ကိုင္ထားေသာ လီခ်န္းယံု၏ လက္တို႔ကို လႊတ္ေပးလိုက္သည္။ သူက လီခ်န္းယံုကို လွည့္မၾကည့္ပဲ အခန္းထဲက ထြက္သြားသည္။

လင္းမိုထြက္သြားၿပီးေနာက္ ခံစားခ်က္မ်ားကို မထိန္းႏိုင္သည့္ လီခ်န္းယံုသည္ နံရံကို လက္သီးျဖင့္ ဆက္ကာဆက္ကာ ထိုးပစ္လိုက္သည္။ ငယ္စဥ္ကတည္းက ခမည္းေတာ္၏ တစ္ေသြးတစ္သံ အမိန္႔ႏွင့္ အုပ္ထိန္းမႈေအာက္သာ ႐ွိခဲ့ၿပီး အရြယ္ႏွင့္ မမွ်ေသာ တာဝန္မ်ားကို ယူထားခဲ့သူအဖို႔ သူ၏ စိတ္ခံစားခ်က္ကို ဦးစားမေပးႏိုင္ေပ။

လီခ်န္းယံု၏ လက္မွ ေသြးတို႔က ၾကမ္းျပင္ကို တစ္စက္စက္က်ေနသည္။ သူက လွည့္ထြက္သြားေသာ တစ္စံုတစ္ေယာက္၏ ေနာက္ေက်ာကို ေျပးဖက္ၿပီး ျပန္လာခဲ့ရန္ ေတာင္းဆိုလိုေသာ ဆႏၵတို႔ကို နာက်င္မႈျဖင့္ အစားထိုးၿပီး ေျဖေဖ်ာက္ေနသည္။

ထိုေန႔ညက အိမ္ေ႐ွ႕စံ၏ အေဆာင္တြင္ ကြဲေက်ေနေသာ ဖန္ခြဲစမ်ား၊ တစ္စစီ႐ိုက္ခ်ိဴးခံရေသာ ပရိေဘာဂပစၥည္းမ်ားစြာျဖင့္ ျပည့္ႏွက္ေနေတာ့သည္။

လွည့္ထြက္သြားေသာ သူကေတာ့ ထိုညက ျပန္မလာေသာေၾကာင့္ အပ်က္အစီးမ်ားၾကားက ေသြးစက္တို႔ကို မေတြ႔ျမင္လိုက္ရေခ်။

Fortsett å les

You'll Also Like

115K 5.8K 32
chan-ငါမင္​းကိုအရမ္​းမုန္​းတယ္​ မင္​းက အရမ္​း အတၱႀကီးလြန္​းတယ္​ Sehun-hyung ကြၽန္​​ေတာ္​့ကို ႀကိဳက္​သ​ေလာက္​ မုန္​းႏိုင္​တယ္​ ...
4.8K 556 7
Unicode ရှင်းသန့်၏ ဘဝတွင် ဘာဘီအရုပ်တစ်ရုပ်ကို ဆရာတင်ရမည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပါ။ ပိုဆိုးသည်က အနှီဘာဘီရုပ်ထဲရှိလူမှာ ယောကျ်ားတစ်ယောက်ဖြစ်နေလိမ်...
101K 8.8K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
59.3K 6.3K 91
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...