Ren's Untitled Story [一战]

By namiinchaos

373K 35.6K 884

This story starts with end. More

Prologue
Prologue (U)
Chapter I
Chapter 1 (U)
Chapter II
Chapter II (U)
Chapter III
Chapter III (U)
Chapter IV
Chapter IV (U)
Chapter V
Chapter V (U)
Chapter VI
Chapter VI (U)
Chapter VII
Chapter VII (U)
Chapter VIII
Chapter VIII (U)
Chapter IX
Chapter IX (U)
Chapter X
Chapter X (U)
Chapter XI
Chapter XI(U)
Chapter XII
Chapter XII (U)
Chapter XIII
Chapter XIII(U)
Chapter XIV
Chapter XIV (U)
Chapter XV
Chapter XV (U)
Chapter XVI
Chapter XVI (U)
Chapter XVII
Chapter XVII(U)
Chapter XVIII
Chapter XIX
Chapter XIX (U)
The End
The End (U)
Gifts 💙

Chapter XVIII (U)

7.1K 827 62
By namiinchaos

(Suggest song- Take me home,country road)

အခုဆို ကားအဖြူလေးက အိမ်ရှေ့မှာ ငေါင်းစင်းစင်းနဲ့ ။

ကိုကိုကတော့ နေ့တိုင်း ရေဆေးပေးတယ်.
( မဆေးနဲ့ ပြောလည်းရမှမရတာ..)
ဒါပေမယ့် ပြန်ရောင်းလိုက်ရ ကောင်းမလားတောင် စဉ်းစားတယ်။ Kurashiki မှာက အဝေးကြီး သွားစရာမှ မရှိတာ.. တစ်ခါတစ်လေ ခရီးထွက်ကြတာက လွဲလို့ပေါ့.. ။

အရေးကြီး ကိစ္စရှိတဲ့နေ့တွေကလွဲလို့ ကျန်တဲ့ရက်တွေဆို ယိပေါ်ဟာ အလုပ်ကို ရထားနဲ့ပဲ သွားတယ်။ ကိုကိုက ဘူတာရုံထိ လိုက်ပို့၊ လာကြိုတတ်တာကို သဘောကျလို့..

အစကတော့ အသွားအပြန် ခရီးက ပင်ပန်းပါတယ်။ ဒါပေမယ့် ရထားစိုက်တဲ့အခါ ထိုင်စောင့်နေတဲ့ ကိုကို့မျက်နှာလေး မြင်ရင် အမောပြေသွားရတာပဲ..

_

" ကိုကို.. ကျွန်တော့်ကိုလည်း ကျွေးလေ "

" မင်းက ကြောင်လား..
ကိုယ့်ဟာကိုယ် ယူစားလေ "

ရှောင်းဖန်ကို မျက်စောင်းထိုးလိုက်မိတယ်။

တကယ်ပဲ.. ။ အစကတော့ တစ်သက်လုံး ပြန်မခေါ်တော့မလို မျက်နှာပေးနဲ့ ခုကျမှ ကိုကို့ကို ကပ်နေလိုက်တာ ။

" မင်းကို ရောင်းစားပစ်မယ် "

" ..... "

" ..အိမ်ကို လုံးဝ ပြန်မလာခဲ့နဲ့ "

" ..... "

" ..ကြောင်က ကြောင်လို မနေဘူး သွားစမ်းကွာ "

" ယိပေါ် ဘယ်လိုဖြစ်နေတုန်း
ဟိုမှာ စားနေတာကို "

သူ တွန်းပစ်လိုက်တဲ့ ရှောင်းဖန်ခေါင်းကို ကိုကို့က သာသာလေး ပြန်ပုတ်ပေးနေတယ်။

အလကား.. အဲ့ကောင်လား နာတတ်မှာ.
အပိုတွေ လုပ်ပြီး ချွဲနေတာ ကြည့်ပါလား..

ကိုကိုမရှိခင်က သူပဲ ကျွေးထားရတာကို ခုမှ ကိုကို့ကို ကပ်နေလိုက်တာ။ ကြောင်ပါးကို ဝ တယ်။

" ဟ ဟ . ပွစိပွစိနဲ့ ကလေးလည်း မဟုတ်ပဲနဲ့ "

" သူ့ကို ကျွေးတော့ ပြုံးနေတာပဲနော်..
ကျွန်တော့်ကိုကျတော့ ဆောင့်ကြီးအောင့်ကြီးနဲ့ "

ကိုကိုက စိတ်ပျက်သလို ကြည့်ပြီး မီးဖိုခန်းထဲ ဝင်သွားတယ် ။

လိုက်ချော့ရမှာပေါ့.. ဟိဟိ ။

" မင်းလိုက်မလာခဲ့နဲ့ "

သူ့စကားကို နားမလည်သလို ပြူးကြည့်နေတဲ့ ရှောင်းဖန်က ကြောင်စီစီ..။

_

အစက အခန်းထဲမှာ ဓာတ်ပုံတွေကို ကြိုးတန်းလေးနဲ့ တန်းထားဖို့ စိတ်ကူးပေမယ့် ကိုကိုက ကလေးကလား ဆန်တယ်ဆိုလို့ မှန်ဘောင်တွေထဲပဲ ထည့်ပြီး စားပွဲပေါ် တင်ထားရတယ်..

အောက်ထပ် တစ်ထပ်လုံးက စားပွဲနဲ့ ဗီရိုတွေ ပေါ်ပေါ့.. ။

အပေါ်ထပ်မှာက မေမေနေတာမို့ ။ လူကြီးကို မျက်စိနောက်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ..


" ကိုကို.. ကိုကိုက ဘာစပ်သေးလဲဟင်..
မျက်လုံးတွေက လှလိုက်တာ "

ကိုကို့ မျက်လုံးတွေက တကယ်လှတယ်။ နေရောင်ဖြာကျသွားရင် ညိုဖန့်ဖန့်နဲ့ ပိုတောင်လှသေး..

စာအုပ်ကိုပဲ အသည်းအသန် ဖတ်နေတဲ့ ကိုကိုကတော့ ပေါင်ပေါ်က သူ့ကို အဖတ်မလုပ် ။

သူက လှဲရက်အနေအထားနဲ့ ကိုကို့ပေါင်ပေါ်ခေါင်းတင်ပြီး မျက်နှာကို လိုက်ကလိနေတာ.. ။

ကလိမှာပေါ့.. ။ အလုပ်အားရက်လေးကို အဖတ်မလုပ်ပဲ စာအုပ်ပဲ ဖတ်နေတာကြီး..

" ...နှာတံလေးကလည်း စင်းစင်းလေး
ဆင်ခြေလျှောလေးကျနေတာပဲနော် "

" .... "

" ပါးကတော့ မဖောင်းလာတော့ဘူး.
ကိုကို့ကို ပါးပြန်ဖောင်းလာအောင် ဘယ်လိုပြန်လုပ်ရမလဲ ဟင် "

" .... "

" နှုတ်ခမ်းရောပဲ.. ပါးတာလည်း မဟုတ်
ထူတာလည်း မဟုတ်၊ မှဲ့လေးက ပိုလှတယ် "

ပြောရင်းနဲ့ မှဲ့လေးကို လက်နဲ့ တစ်ချက်တောက်လိုက်တယ် ။

" ..နောက်ပြီး ဒီယုန်သွားလေးတွေရော.. "

ပြောပြီး နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်ကို လက်နဲ့ ဖြဲလိုက်တော့...

" ဝမ်ယိပေါ်  !! "

ခိခိ.. ။

စိတ်ဆိုးတော့မယ့် မျက်နှာက သူ့ကိုကြည့်ရင်း တဖြေးဖြေးပြုံးယောင်သန်းလာတယ် ။ ရယ်ချင်တာကို မထိန်းနိုင်ပဲ ထိန်းထားရတဲ့ ပုံလေးနဲ့.. ။

နောက်ဆုံးတော့ ပြုံးပြီး မျက်မှန်ချွတ်၊ စာအုပ်ကို ဘေးကိုချတယ်..

သူ့မျက်နှာကို အုပ်ကိုင်ပြီး နှဖူးပေါ် အနမ်းတစ်ပွင့် ခြွေချတယ်.. ။

ဟိ.. ။

အုပ်ကိုင်လာတဲ့ လက်တွေကို မလွှတ်ပေးပဲ လည်ပင်းနားမှာ ပတ်ထားလိုက်တယ်။

လက်တစ်လျှောက် ဖွဖွလေး ဆွဲမိနေတဲ့ လက်ချောင်းတွေက တစ်နေရာအရောက် တန့်ခနဲ ။

" ကိုကို.. ဒါတွေက မပျောက်တော့ဘူးလား "

ကိုကိုက ပင့်သက်ရှိုက်တယ်..

" မသိဘူးလေ မပျောက်တော့ဘူး ထင်တာပဲ.. "

အင်း.. ။ မပျောက်လည်း ဘာဖြစ်လဲ.. အပေါက်လေးတွေနဲ့ဆိုတော့ လှတောင်လှသေး..

နှုတ်ခမ်းနဲ့ ထိကပ်လိုက်ရာကနေ အသည်းယားလာလို့ သွားနဲ့ ဖိကိုက်လိုက်တယ်။

တစ်စက္ကန့်.. ။

နှစ်စက္ကန့်.. ။

သုံးစက္ကန့်.. ။

ထင်ထားသလို ဖြစ်မလာတော့ လွှတ်ပြီး ကိုကို့ကို မော့ကြည့်လိုက်တော့.. ပြုံးနေတာပဲ ။

" မနာဘူးလား "

" နာတယ်လေ "

" ဘာလို့ မအော်တာလဲ.. "

" ငါအော်ရင် မင်းက ထပ်လုပ်မှာလေ "

သူ ရှုံ့တွပြလိုက်တယ်..

ရယ်သံလွင်လွင်လေး.. ။

ငုတ်တုပ် ထ ထိုင်ရုံပဲ ရှိသေး.. အဝါရောင်အကောင်က ဘယ်ကမှန်းမသိ ရောက်လာပြီ..

" အင်း.. လာပြီ "

ကိုကိုက တခိခိ ရယ်တယ် ။

" ကလေးလား ကြောင်နဲ့ဖက်ပြီး ရန်ဖြစ်နေရတယ်လို့..
ကြီးကောင် ကြီးမားနဲ့ "

" မသိဘူးဗျာ.. ဟျောင့် သွား.. ဆင်း "

အဝါကောင်ကတော့ ခြေထောက်တွေကို ကိုကို့ပေါင်ပေါ်က တစ်ဖဝါးမှ မခွာ..

သူက ခြေထောက်တစ်ဖက်ကို တွန်းချလိုက်၊ နောက်တစ်ဖက် လာတင်လိုက်. မျက်နှာပေးကလည်း ရိုက်သတ်ချင်စရာ..

ကောင်းရောပဲ.. ။

" ထားလိုက်စမ်းပါ ယိပေါ်ရာ..
သူ့ဟာသူ နေပါစေ "

" သူနဲ့ ကျွန်တော် ဘယ်သူ့ကို ပိုချစ်လဲ "

ကိုကိုက ရူးနေလား ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်.

" ဘာလဲ ဒါလေးတောင် မဖြေနိုင်ဘူးပေါ့ "

" မင်းကိုပေါ့ ရူးနေတာလား "

" အဲ့ဒါဆို နမ်း..
သူ့ရှေ့မှာ နမ်း.. "

ကိုကိုက ရယ်တယ်.

" မရယ်နဲ့.. အကောင်းပြောတာ "

" ဝမ်ယိပေါ်ကတော့ တကယ်မနိုင်ဘူး.. "

အဲ့ဒီ့နောက်တော့...

နှုတ်ခမ်းပေါ်ကျလာတဲ့ နူးညံ့နွေးထွေးမှုတွေ.. ။

သူ မျက်လုံးကို မှိတ်လိုက်တယ်.
တကယ်တော့ ရှောင်းဖန်ရော သူရောဟာ မရေမရာနဲ့ ကိုကို့ကို စောင့်နေခဲ့ရတာချင်း အတူတူဖြစ်ရက်နဲ့တောင်..

သူက တကယ်ပဲ နည်းနည်းလောက်ဖြစ်ဖြစ် ပိုသာချင်နေသေးတယ်.

လေအေးအေးလေး ဝေ့သွားတဲ့ ဧည့်ခန်းလေးထဲမှာ နမ်းနေတဲ့ သူတို့နှစ်ယောက်ရယ်၊ ကိုကို့ပေါင်ပေါ်က တလှုပ်လှုပ် လုပ်နေတဲ့ အဝါရောင် ကောင်ရယ်.. ။

_

" ဒီနေ့ ကားယူသွားမှာလား "

" ဟင့်အင်း.. လာကြို "

ငယ်ငယ်က မချွဲခဲ့ရတဲ့ ယိပေါ်ဟာ ကိုကို့ကို အတိုးချပြီးတော့ ချွဲနေတော့တာ ။

" ငါ ဒီနေ့ ပူတင်းဖုတ်မလို့..
ပြန်လို့ရရင် စောစောပြန်ခဲ့ "

" ဝါး.. တကယ်လား "

" အင်း.. "

" ဖုန်းဆက်လိုက်မယ် အပြန်ကျရင်.. "

" ဟုတ်ပြီ "

_

နေညိုညို ကောင်းကင်ရယ်၊ စိမ်းစိုနေတဲ့ အပြန်လမ်းတစ်လျှောက်ရယ်.. ။
ရထားပေါ်ကြည့်ရင် ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတဲ့ သစ်ပင်တွေရယ်..

မီးဖိုခန်းထဲမှာ ကတ်ဆက်ဖွင့်ရင်း မုန့်လုပ်နေမယ့် ကိုကို့ကို တွေးမိတော့ ပြုံးရသေးတယ် ။

ဒီတစ်လော သူ အကြားရဆုံးကတော့ John Denver ရဲ့ Country Road ပဲ..။

မနက်တိုင်း ကိုယ့်ဘာသာ ထ ရတဲ့ သူက အခုဆို ကိုကို မနှိုးမချင်း ပေပြီး အိပ်တယ်.
တစ်ခါတစ်လေကျ နှိုးစက်က (၆) နာရီ မြည်တာကို (၇) နာရီဆိုပြီး ညာချခံရတဲ့ မနက်ခင်းတွေလည်း ရှိရဲ့.. ။

ထမင်းဘူးကလည်း ကိုကို့လက်ရာပဲ..

အဲ့ဒီနောက် ကိုကိုက ဘူတာရုံထိ လိုက်ပို့မယ်..
အပြန် ဘူတာရုံမှာ လာကြိုမယ်..

ပြန်ရောက်တာနဲ့ အပေါက်ဝမှာ ဆီးစောင့်နေမယ့် ရှောင်းဖန်နဲ့ ရန်ဖြစ်ရမယ်..

ခုဆို ရှောင်းဖန်တင်မက မေမေကပါ သူ့ထက် ကိုကို့ကို ပိုချစ်နေပြီ..
မတရားလိုက်တာ တကယ်ပဲ.. ။

ဘာမှမဟုတ်ပေမယ့် သူ ပျော်နေရပါတယ်.. ။

ဘူတာရုံကနေ လှေကားစိပ်စိပ်တွေကို ဖြတ်ပြီး အိမ်ထိ ကိုကိုနဲ့ လမ်းလျှောက်မယ်..
ကိုကို့လက်ကို မလွှတ်ပဲနဲ့..

လေအေးအေးလေး တိုက်တဲ့နေ့ရှိမယ်၊ မိုးရွာတဲ့နေ့ရှိမယ်..
ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အဲ့ဒီလက်ကလေးကို မလွှတ်တမ်း တွဲထားမယ်.. ။

ညဘက်ကျရင် ကြယ်တွေ ကြည့်မယ်၊ တစ်ခါတစ်လေ ငြင်းရမယ်၊ တစ်ခါတစ်လေတော့ ငြင်းရင်း ရန်ဖြစ်မယ်.

တစ်ခါက ကိုကို သူ့ကို အကြီးအကျယ် စိတ်ကောက်ဖူးတယ်. အပြန်ကို လာမကြိုတဲ့အထိပဲ ။ အဲ့နေ့က မိုးရွာတဲ့ ဗုဒ္ဓဟူးနေ့ ။

ထီးပါရက်သားနဲ့ မပါချင်ယောင်ဆောင်ပြီး အိမ်ကို ဒီတိုင်း ပြန်တယ်. နောက်ရက် ဖျားတော့လည်း ကိုကိုက မနေနိုင်ပါဘူး. ရုပ်တည်နဲ့ ဆေးလာတိုက်တာပဲ ။

ဒီနေ့တော့ မုန့်လုပ်ထားတာမို့ အိမ်ကို စောစောပြန်ခဲ့ဖို့ မှာထားတယ်.

နာရီကို ကြည့်လိုက်တော့ ၄:၀၀ ။

စိမ်းစိုနေတဲ့ သစ်ပင်တွေ..။
လှေကားစိပ်စိပ်တွေ..။
တိမ်ရိပ်ငွေ့ငွေ့နဲ့ ကောင်းကင်.. ။

ဘူတာရုံမှာ စောင့်နေမယ့် ကိုကို..။

အိမ်မှာ ရှိနေမယ့် မေမေနဲ့ ရှောင်းဖန်.. ။

ကောင်းတဲ့အမှတ်တရတွေပဲ ထားပြီး ရှေ့လျှောက် တူတူ ကျော်ဖြတ်ကြမယ်.. ။

နောက်ဆုံးတော့..
ဒီလမ်းတွေရဲ့အဆုံးမှာ ပြန်စရာ အိမ်လေး ရှိနေခဲ့ပြီ.. ။

_____

တစ်ချက် တစ်ချက် ဖြာခနဲ ပေါက်ထွက်သွားတဲ့ မီးပန်းတွေ.. ။

ဒါဟာ Mid-Autumn Tochigi ပွဲတော် .. ။

လူတွေမှ တကယ့်ကို အများကြီးပဲ..
နောက်ပြီး ပွဲခင်းတွေက ဆိုင်တွေမှ အစုံ.. ။

သူက မုန့်စားချင်ပေမယ့် ကိုကိုက အစီအရီ ချိတ်ဆွဲထားတဲ့ မီးပုံးရောင်စုံ နဲ့ ပွဲတွေကိုပဲ တအံ့တသြဖြစ်နေတော့တာ ။

ကြည့်ပါစေ..။ သူလည်း ကိုကို့ကို ကြည့်နေရတာပဲ မလား..

ကီမိုနိုနဲ့ မြင်ချင်ခဲ့တဲ့ ဆန္ဒဟာ အခုမှပဲ ပြည့်တော့တယ်..
ကိုကိုက ကီမိုနို အပြာရင့်ရောင်လဲ့လဲ့လေးနဲ့..
နှဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကြောင့် ခုမှ နှစ်ဆယ်စွန်းစပြုတဲ့ ကောင်လေးလို..

သူ့လက်တွေကို ဆုပ်ကိုင်ပြီး.. ။

တစ်ချိန်က မျှော်လင့်ထားခဲ့ရတဲ့အတိုင်း..

အိပ်မက်တွေက တကယ်ဖြစ်လာတတ်ပါတယ်။
ကျွန်တော်တို့ ပေးဆပ်ရမှာက မှန်းဆမရတဲ့ အချိန်အတိုင်းအတာနဲ့ နာကျင်မှုတွေ ။

အတန်ကြာတော့ ပွဲခင်းထဲက ထွက်တယ်.

လေအေးအေး ကုန်းလျှောလေးမှာ မီးပန်းတွေ ကြည့်တယ် ။

သူ့အဖြစ်ကလေ..
ရကာမှ ပိုလိုချင်တဲ့ ကလေးလိုပဲ..

ကိုကို့မျက်နှာ ကြည်ကြည်လေးကို ကြည့်ပြီး ပိုင်ဆိုင်ချင်စိတ်တွေပဲ တဖွားဖွားတိုးလာခဲ့ရတယ်..

ဒီလူ့ရဲ့ အကြည်ဓာတ်က ငြိမ့်ငြိမ့်လေးနဲ့ ပူလောင်စေတာ..
အထူးသဖြင့် သူ့ကိုပေါ့.. ။

" ကိုကို.. "

" အင်း.. ? "

မီးပန်းတွေ ကြည့်နေရာက သူ့ကို ကြည့်လာခဲ့တယ်.

" ကျွန်တော်.. "

နှုတ်ခမ်းကို တစ်ချက်သပ်လိုက်မိတယ်.
ဒုက္ခပဲ. ဘယ်လိုပြောရမလဲ ။

" .... ? "

" ဟိုဟာ.. "

တံတွေးတစ်ချက် မြိုချလိုက်တယ်.

" ဘာလဲ ပြောလို့.."

" .... "

" ...... "

" .. ဟိုလေ.. ကျွန်တော့်ကို လက်ထပ်မလား..
ဒါက လက်ထပ်ခွင့်တောင်းတာ မဟုတ်သေးဘူးနော်
ဒါပေမယ့်.. အဲ.. လက်ထပ်ခွင့်တောင်းသလို ဖြစ်နေတယ်.. "

" ..... "

" ...ကျွန်တော် ပြောတာက လက်ထပ်ခွင့်တောင်းရင် လက်စွပ်နဲ့ ဒူးထောက်ရမှာလေ. အခု လက်စွပ် မပါလာသေးတော့..
လက်ထပ်ခွင့်တောင်းတာတော့ မဟုတ်ဘူး ဒါပေမယ့် ဟုတ်တယ်..
အာ.. ဘယ်လိုပြောရမလဲ အဲ့ဒါက.. "

ဒုက္ခပဲ. ရှုပ်ကုန်ပြီ။

ကိုကိုရဲ့ ကျုံ့နေတဲ့ မျက်ခုံးတန်းတွေ ပုံမှန် ပြန်ဖြစ်သွားတယ်..

ရယ်သံသဲ့သဲ့..။

ပိုရှက်လာပြီ။
အား.. ပါးတွေတောင် ရဲလာပြီလား မသိဘူး ။

" ဆိုတော့.. ငါက ဘာလုပ်ရမှာလဲ
လက်ထပ်ရမှာလား လက်မထပ်ရဘူးလား "

ဟင် ။ ဒါက ဘယ်လို အခြေအနေကြီးလဲ ။

ကိုကိုက ရှက်ရမှာလေ.. ။ အခု သူက..။

" ..... "

" ...မင်းက လက်ထပ်စေချင်လား..
လက်ထပ်စေချင်ရင် ငါက လက်ထပ်မှာပေါ့ Humm.. "

" ..... "

ကိုကိုက ပြုံးတယ်။

ပြီးတော့.. လက်တစ်ချောင်းချင်းစီက အောက်ချထားတဲ့ သူ့လက်တွေထဲကို တစ်ထပ်တည်း ဆုပ်ကိုင်လာတယ်.. ။

" ... လက်စွပ်မလိုပါဘူး. ဒူးထောက်ဖို့လည်း မလိုဘူး..
ငါ့လက်ကို တွဲထားရုံနဲ့တင် ရပြီ..
လွှတ်မချဖို့ကို ကတိမတောင်းတော့ဘူး..

ငါ့ကိုယ်ငါထက် မင်းကို ပိုယုံလို့.. "

ကိုကို့ မျက်လုံးတွေက နက်ရှိုင်းနေတာပဲ ။

" .... "

" ..မငိုနဲ့လေ ယိပေါ်..
လက်ထပ်ပါမယ်ဆို..ကလေးလား မင်းက.. "

" မသိဘူး.. "

မျက်ရည်တွေလဲ့နေတဲ့ သူ့ကို ကိုကိုက ရယ်တယ်..

အဲ့ဒီညက Kurashiki ဟာ နိဗ္ဗာန်ဘုံ။
တိမ်တွေပေါ် လမ်းလျှောက်နေရသလို ခံစားခဲ့ရတာမို့..

ဒီလိုနဲ့..
သူ့ရဲ့ စီစဉ်မထားတဲ့ အူကြောင်ကြောင် လက်ထပ်ခွင့်ဟာ အဆင်ပြေသွားခဲ့ရပါတယ်.. ။

                          ________

Continue Reading

You'll Also Like

448K 54.1K 26
Wang Yibo × Xiao Zhan (Boy Love Fanfiction)
617K 62.8K 21
တစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan
12K 1K 16
hostကွေးစေရေး systemအရေး..systemအရေး မင်းပဲကွေး မင်းတို့system၁ခုလုံးပဲကွေးငါကforeverအဖြောင့် hostရှေ့ကသူတွေလဲhostလိုပြောပြီးကွေးသွားကြတာပါ😌 😐😐😐
1.1M 19.3K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...