Chapter II

8.8K 803 7
                                    

( Song suggest: Aitowa
Chapter I မှာ ရှိပါတယ် .. )

ယိပေါ်ဟာ အတန်းထဲမှာကလွဲလို့ သူငယ်​ချင်း တွေနဲ့ သိပ်​မပေါင်းမိတော့ သလောက်​ပဲ ..

ဂိမ်းဆိုင်​သွားမယ်​ဆိုတိုင်း၊ ရေကူးမယ်​ဆိုတိုင်း ..
ယိပေါ်ရဲ့ ကိစ္စတွေဟာ အမြဲပဲ များမြောင်​နေခဲ့တယ်​ ..
ခုဆို ယိပေါ်ကို ခေါ်ချင်​ရင်​ ညဘက်​သွားခေါ်မှပဲ ရတော့တယ်​ ..

ကိုကို့မှာရော သူငယ်​ချင်း မရှိလို့လား သေချာမသိပေမယ့်​ ယိပေါ်ကတော့ သူငယ်​ချင်း တွေနဲ့ ကုန်​ဆုံးမယ့်​ အချိန်​တွေကို ကိုကို့ကို ဖဲ့ပေးနေခဲ့တာ သိသာတယ်​ .

ယိပေါ် ကိုကို့ကို သူသူငယ်​ချင်းတွေနဲ့ တစ်​ခါ မိတ်​ဆက်​ပေးဖူးတယ်​ ..
ကိုကိုက ခပ်​ပြုံးပြုံးပဲ ..

သူတို့ နောက်​ကွယ်​မှာ ကိုကိုက အဲ့လို လူတွေအများကြီးနဲ့ ခင်​ရတာ မကြိုက်​ဘူးလို့ ဖွင့်​ပြောတော့မှ ယိပေါ် သူငယ်​ချင်းတွေနဲ့ မိတ်​ဆက်​ပေးတဲ့ ကိစ္စကို ရပ်​ခဲ့ရတယ်​ ..

ယိပေါ် တစ်​ချက်​သမ်းလိုက်​တယ်​ . ဒီနေ့က နေသာတဲ့ တနင်္လာနေ့ ။ အမှတ်​စာရင်း Report card တွေ ရမယ်​ ။ ဒါပဲ ..

ပျင်းစရာကြီး ..

ခုံပေါ်ကို ပျင်းရိပျင်းတွဲနဲ့ မှောက်​ချပြီး စားပွဲခုံမှာ လျှောက်​ခြစ်​နေလိုက်​တယ်​.

" ဟျောင့်​ ငါ့ဘက်​မှာ လျှောက်​မရေးနဲ့နော်​ .. "

ယိပေါ် .. Kenta ကို စိတ်​ပျက်​သလို ကြည့်​လိုက်​တယ်​.

ဘာလဲဟ .. သူပိုင်​တာလဲ မဟုတ်​ပဲနဲ့ ။

" Ohayōgozaimasu sensei .. "

အတန်းပိုင်​ ဝင်​လာပြီ ... ။

" Ren .. အဆင့်​ ၄၀ .. "

အဆင့်​လိုက်​အတိုင်း အော်​ပြီးဝေတဲ့ report card က ယိပေါ် အလှည့်​ရောက်​လာခဲ့တယ်​ ..

" တော်​လိုက်​တဲ့ Ren .. "

စပ်​ဖြဲဖြဲ Kenta အသံ ...

" နေစမ်းကွာ .. ၃၀ ထဲ မဝင်​ရင်​ မေမေက ညဘက်​တွေ အပြင်​မလွှတ်​တော့ဘူးတဲ့ .. "

" ဘာကြီးလဲ ... အလယ်​တန်းကျောင်းသားလေး ကျနေတာပဲ .. "

Seji က ဝင်​ပြောတယ်​ ..

Ren's Untitled Story [一战]Where stories live. Discover now