Prologue (U)

24.3K 1.1K 6
                                    

               Okayama, Kurashiki ။

နေရောင်ဖြာကျနေတဲ့ မနက်ခင်းလေးက နွေးနေတယ်. လေပြေခပ်လွန့်လွန့်ကလည်း ဝဲလို့ .
အိမ်တစ်ချို့ရဲ့ ဝရံတာမှာ လှမ်းထားတဲ့ အဝတ်တွေက လေနဲ့အတူ လွင့်ချင်သလို ဖြစ်နေတယ် ..

မနက် ( ၉ ) နာရီလောက်မှာ အိမ်တံခါးဘဲလ်ပေါ်ကို လက်ဖြူဖြူလေး တစ်ဖက်ကျရောက်လာခဲ့တယ် ..

" ဖိုးဖိုး Ren .. သမီး ရောက်ပြီ !! "

Rumi က လွယ်အိတ်ကိုဆုပ်ပြီး အာပြဲကြီးနဲ့ လှမ်း အော်ပြန်တယ်.

" ဖိုးဖိုး Ren .... "

" ဝင်လာခဲ့လေ Rumi .. "

Rumi အထဲရောက်တော့ ဖိုးဖိုး Ren က ပန်းပင်တွေကြားမှာ တကုပ်ကုပ်နဲ့ .. ။

Rumi တွေးလိုက်တယ်.

( ၉ ) နာရီမှာ ပန်းစိုက်ဖို့က အဖိုးအို တစ်ယောက်အတွက် စောလွန်းတယ် မဟုတ်ဘူးလား ..

အင်း .. ဒီ ဖိုးဖိုးက ဝီရိယ သိပ်ကောင်းလွန်းတယ် ..

" ဖိုးဖိုး .. ဒီမှာ ဖိုးဖိုး စိုက်မယ်လို့ ပြောထားတဲ့ ဟာ .. "

Ren က ကပ်ကြေးကိုက်နေရာကနေ မော့ကြည့်တယ် ..

" ဒီလောက် အလျင်စလိုကြီး မလိုပါဘူး Rumi ရဲ့ ..
နောက်နေ့မှ ပေးလည်း ရတာပဲ .. "

Rumi က ရယ်ပြရင်း မျိုးစေ့တွေကို Ren လက်ထဲ ထည့်ပေးလိုက်တယ် .

" ရတယ်၊ သမီး ကျောင်းပိတ်ထားလို့ အားနေတာလေ .. အဲ့ဒါနဲ့ သွားဝယ်လိုက်တာ "

" အော် ... "

ဒီလောက် အချိန်တွေ ကြာနေတာတောင် Ren ရဲ့ အသံက တုန်ခါခြင်းမရှိ၊ ပြတ်သားနေတုန်း ..

အရေးအကြောင်း တချို့ရှိနေတဲ့ မျက်နှာကလည်း ကြည်လင်နေတုန်းပဲ ..

" ဖိုးဖိုး .. ပန်းတွေပဲ စိုက်နေရတာ မပျင်းဘူးလား .. "

Rumi က Ren ပန်းစိုက်နေတဲ့ အနားမှာ တတွတ်တွတ်နဲ့ ရှုပ်တယ် ..

Ren ဟာ Rumi မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးတယ် .. တစ်ခါတစ်လေတော့ သာသာလေးပဲ ပြုံးနေတတ်တယ် ..

Rumi ရဲ့ ဘေးအိမ်က ဒီဖိုးဖိုးဟာ ကူဖော်လောင်ဖက် သားသမီး မရှိဘူး. အိမ်နီးနားချင်း တွေကလည်း Ren အကြောင်း သေချာသိတဲ့လူ မရှိဘူး  ..

အသက်ကြီးပြီမို့ အေးအေးလူလူ နေချင်တာကြောင့် တိုကျိုက ပြောင်းလာတယ်လို့ပဲ သိကြတယ် ..

Rumi ကတော့ Ren ကို သဘောကျတယ်. ဖိုးဖိုးက အေးအေးဆေးဆေး နေတတ်ပြီး သူမ မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးတတ်လို့ ..

မျက်နှာမချိုပေမယ့် ကြည်ကြည်လင်လင် ရှိတဲ့ Ren ဟာ အိမ်နဲ့မတည့်တဲ့ ဆယ်ကျော်သက်လေး Rumi ကို လူကြီးလို အရေးတယူရှိတဲ့ ပထမဆုံးလူ ...

Rumi မြေကြီးကို ဆွနေရာက ရပ်လိုက်တယ် ။

" ဒါနဲ့ .. ဖိုးဖိုး ... ဟိုတစ်နေ့က ပြောမလို့ လုပ်နေတဲ့ဟာ ပြောပြလေ .. သမီး အိမ်ပြန်သွားလို့ မပြောလိုက်ရဘူးလေ

ဟိုဟာ .. ဖိုးဖိုးရဲ့ ဘဝမှာ အရေးပါတဲ့လူ ဆိုတာ .. "

Ren က ဖွဖွလေး ပြုံးတယ် ..

" ပြောပြရမှာလား ... "

" အွန်း .. "

Rumi က ခပ်သွက်သွက် ခေါင်းငြိမ့်တယ် ။ ဂုတ်ဝဲဆံပင်လေးက အိခနဲ ...

" လာ .. အိမ်ထဲ သွားကြမယ် .. "

" ဟုတ် .. "

နှစ်ယောက်သား လက်ဆေးပြီး အိမ်ထဲ ဝင်ကြတယ် ..

~

အဲဒီလိုနဲ့ .. ... Ren တစ်ဖြစ်လဲ .. ယိပေါ်ဟာ ဆယ်စုနှစ် (၃) ခုစာလောက် ထုပ်ပိုးထားခဲ့တဲ့ ကိုယ်တိုင်ရေး ပုံပြင်တွေရဲ့အစကို ဖွင့်ချပြဖို့ ဖြစ်လာခဲ့ပါတော့တယ် .......

                              ________

Ren's Untitled Story [一战]Where stories live. Discover now