The End (U)

13.6K 1K 98
                                    

(Suggest song- Chisana koi no uta
on Chapter XIX)

" ဆက်ပြောပြလေ ဖိုးဖိုး..
အဲ့ဒီ ကိုကိုက အခုဘယ်ရောက်သွားပြီလဲ "

Ren က သက်ပြင်းဖွဖွ ချတယ် ။

" 12 နာရီထိုးနေပြီလေ Rumi "

" ခဏလေးပါပဲ ရသေးတယ်.. "

" နေ့လည်စာ မစားရသေးဘူးမလား..
သွားစားလိုက်ဦး "

" ဟာ.. ဖိုးဖိုးကလည်း ခဏလေးပဲကို.
ဆက်ပြောပြပါ.. "

Rumi က အလျှော့ပေးမယ့် ပုံမပေါ်။ မပြောမချင်း ပြန်မှာမဟုတ်တော့ သူကပဲ တစ်ထစ်လျှော့ရတယ်။

" အသက်ကြီးတဲ့သူတွေက ဘာလို့ ဆုံးတာလဲ
အကြောင်းပြချက် ရှိမလား Rumi ရဲ့.. ဒီလိုပဲပေါ့"

Rumi က အံသြသွားသလို.. ။

" အဲ့ဒါဆို သူက အခု ဆုံးသွားပြီပေါ့..
ဟုတ်လား ဖိုးဖိုး "

" အင်း.. "

" အယ်.. ဆောရီး.. "

Rumi က သူ့နှုတ်ခမ်းလေးကို လက်နဲ့ အုပ်ထားတယ်။ မပြောသင့်တာကို ပြောမိသွားသလို ပုံစံနဲ့ ။

" ရပါတယ်.. သွား အခု အိမ်ပြန်ပြီး နေ့လည်စာ စားတော့ "

Rumi က သိပ်တော့ ကျေနပ်ပုံမပေါ်။ နောက်နေ့ကျ သေချာပြောပြရမယ် ဆိုပြီး စရန်သတ်ခဲ့သေးတယ်..

တကယ် မလွယ်တဲ့ ကလေးမလေးပဲ..

သူ ပင့်သက်တစ်ချက် ရှိုက်လိုက်တယ်။

'ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေတည်း..' ဆိုတာက ပုံပြင်တွေရဲ့ ပျော်စရာ အဆုံးသတ်ဆို သူနဲ့ ကိုကို ပိုင်ဆိုင်ခဲ့ရတာ ပျော်စရာ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်..

_

အိမ်ထောင်သက် (၁ဝ) နှစ်.. ။

သူတို့ရဲ့ အိမ်ထောင်သက် (၁ဝ) နှစ်မှာ ကိုကို ဆုံးတယ်..

ချောင်းဆိုးတာက ပုံမှန်မဟုတ်မှန်း သတိထားမိခဲ့ပေမယ့် အချိန်က နောက်ကျသွားခဲ့သေးတယ် ။

ဒါတောင် ကိုကိုက ဘာမှမဖြစ်ဘူး လုပ်နေသေးတာ. သူက လိုတာတွေထည့်၊ ကိုကို့ကို လက်ဆွဲပြီး Nakano ကို တန်းပြေးတော့တာပဲ.. ။
ဒီက ဆေးရုံတွေမှာတောင် မပြနိုင်ဘူး။
ပစ္စည်းမစုံလင်မှာ စိုးတာမို့..

Ren's Untitled Story [一战]Where stories live. Discover now