Chapter VII

6.4K 728 7
                                    

(Suggest song - ai ni dekiru koto wa mada aru kai )

ဒါဟာ ဒီလအတွင်းမှာ ကိုကိုနဲ့ တွေ့တာ ငါးကြိမ်​မြောက်​..

ပြန်​တွေ့ကြပြီးနောက်​မှာ ယိပေါ် ကိုကို့ကို နေရမခက်​စေချင်​ဘူး ။
သူ ကိုကို့ရဲ့ ထွက်​ပေါက်​လေး ဖြစ်​ပေးချင်​ခဲ့တယ်​ ။

ဆယ်​ကျော်​သက်​လေး မဟုတ်​တော့တဲ့ ယိပေါ်ဟာ ကိုကို့ကို ကာကွယ်​ပေးနိုင်​လိမ့်​မယ်​လို့ ယုံကြည်​နေခဲ့ပြီ ။

ကိုကိုက ပန်းချီကားတွေကို စိတ်​ဝင်​တစား ကြည့်နေတယ်​။

လူတစ်​ယောက်​ဟာ စိတ်​ဝင်​စားတဲ့အရာကို လုပ်​နေတဲ့အချိန်​က အလှဆုံးပဲတဲ့ ။ ဟုတ်​မဟုတ်​တော့ မသိပေမယ့်​ သူ့ရှေ့က ကိုကိုက ပုံမှန်​ထက်​ ပိုအေးချမ်းနေခဲ့သလိုပဲ...

ယိပေါ် ပန်းချီတွေကို နားမလည်​ပါဘူး. ဒါပေမယ့်​ သူ့ရှေ့က ပန်းချီတွေထဲ နစ်​မြောနေတဲ့လူကိုတော့ နားလည်​ခဲ့တယ်​ ထင်​ပါတယ်​..

ယိပေါ်  အိတ်​ကပ်​ထဲက ခလုတ်​နှိပ်​ ဖုန်းလေးကို ထုတ်​ပြီး ကိုကို့ ပုံရိပ်​ကို အမိအရ ရိုက်​ယူလိုက်​တယ်​.

ဂျင်းပန်​အပြာ၊ အဝါမကျ လိမ္မော်​မကျ ရှပ်​အင်္ကျီလေးနဲ့ စုတ်​ချက်​တွေကို အသေးစိတ်​ ကြည့် နေတဲ့ ကိုကိုက သူ့အတွက်​တော့ ဒီတစ်​ခန်းလုံးက ပန်းချီကားတွေထက်​ အဆများစွာ ပိုပြီးလှနေခဲ့ပါတယ်​.

အင်း... အသက်​ဝင်​နေတဲ့ ပန်းချီကားလေးပေါ့ ။

ကိုကိုက ပန်းချီတွေကို ငေးတယ်​၊ သူက ကိုကို့ကို ငေးတယ်​။ အချိန်​အတန်​ကြာတော့မှ ပြပွဲထဲကနေ ထွက်​လာခဲ့ကြတယ်​.

ကိုကိုက အရောင်​စပ်​ပုံတွေ အကြောင်းရှင်းပြတယ်​။ နောက်​ပြီး ပန်းချီကား တစ်​ကားစီအပေါ်မှာ ထားတဲ့ သူ့အမြင်​တွေ..

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Ren's Untitled Story [一战]Where stories live. Discover now