Chapter XV (U)

6.1K 766 36
                                    

" Ren ဘာဖြစ်လို့လဲ "

ဌာနမှူးက နားမလည်သလို ထပ်မေးတယ် ။

" ကျွန်တော့် ကိုယ်ရေးကိုယ်တာကိစ္စ ကြောင့်ပါ"

အလုပ်ဖြုတ်ရင်လည်း ဖြုတ်ပစေတော့ ဆိုပြီး ပြောချလိုက်တယ်. အလုပ်က ပြန်ရှာလို့ ရတယ် ။ ဒီရက်တွေတော့ ခွင့်ယူပြီး အိမ်မှာနေမှ ဖြစ်မှာ..

ဌာနမှူးဟာ ဆုံးဖြတ်ရခက်တဲ့ ပုံပေါက်နေတယ်..
ယိပေါ်က လက်လွတ်မခံသင့်တဲ့ သူ ဖြစ်တာရယ်၊ တစ်လ ဆိုတဲ့ ခွင့်ရက်က များလွန်းတာရယ်ကြောင့်..

ဒါပေမယ့် သဘောကောင်းလွန်းတဲ့ ဌာနမှူးက..
နောက်ဆုံးတော့ ခေါင်းငြိမ့်ခဲ့ပါတယ်.
တစ်လထက် ကျော်ရင်တော့ မလာတော့ဖို့အကြောင်း ပြောရင်းပေါ့..

" ကျွန်တော် နားလည်ပါပြီ "

တကယ်တော့ အလုပ်ထွက်ရရင်တောင် လောလောဆယ်မှာ သူ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။
သူ ဘာကိုမှလည်း ဂရုမစိုက်နိုင်ပါဘူး ..

လူတစ်ယောက်ကလွဲလို့ .. ။

အဲဒီ့လူရောက်လာရင် ဘာကိုမှ ဂရုမစိုက်နိုင်တော့တာ အရင်တည်းက ..

အထက်တန်းတုန်းက သူငယ်ချင်းတွေ....
အချိန်တွေ...
အလုပ်တွေ..
နောက်ဆုံး ..

အက်ရာ ဗရဗွနဲ့ သူ့နှလုံးသား အထိ ..

သူ ခေါင်းထဲမှာတော့ ကိုကိုဆီ အမြန်ပြန်ဖို့ပဲ စိတ်စောနေတာကလွဲလို့ ဘာကိုမှ တွေးမိပုံမရခဲ့ ။

_

" ကိုကို သေချာပြီနော် "

ကိုကိုက ခေါင်းငြိမ့်ပြတယ်. နည်းနည်းလည်း စိတ်လှုပ်ရှားနေပုံပဲ.

သူ ဆုပ်ကိုင်မိတဲ့ ကိုကို့လက်တွေက ချွေးစေးတွေနဲ့ အေးစက်နေတာပဲ ။

" ကိုကို ဆရာဝန်ကို ဖုန်းပြန်ဆက်ချင်ရသေး- "

" မဆက်ဘူး ရတယ် "

ကြောက်နေတဲ့တိုင်အောင် ကိုကို့မျက်လုံးတွေက ပြတ်သားနေခဲ့တယ်.

သူ ခေါင်းငြိမ့်ပြီး အားပေးတဲ့အနေနဲ့ ဆုပ်ထားတဲ့ လက်ကိုတစ်ချက်ညစ်လိုက်တယ် ။

Ren's Untitled Story [一战]Where stories live. Discover now