ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

Extra - 1

29.2K 2.1K 83
By i_lia_u

[Zawgyi]

"နမ္းလို႔ရလား"

စာၾကည့္စားပြဲေပၚကထၿပီး ကုတင္ေခါင္းရင္းကို မီထိုင္ေနတဲ့ ေရွာင္က်န္႔ကို အုပ္မိုးၾကည့္ရင္းခြင့္ေတာင္းလိုက္တယ္။
မဟုတ္ အသိေပးလိုက္တယ္ပဲဆိုပါေတာ့။

"မရဘူး"

ျငင္းဆိုသံတိုးတိုးဆိုၿပီးေနာက္မွာ အနႈတ္ခမ္းအိအိေလးေတြကသိမ္းပိုက္ခံလိုက္ရၿပီ။
ေရွာင္က်န္႔ရဲ႕ လက္ေတြကေတာ့ထံုးစံအတိုင္း ရိေပၚရဲ႕ အက်ႌရင္ဘတ္ကို ဆြဲဆုတ္ထားတာပဲ။

ရိေပၚကအၿမဲအဲ့လိုပဲ နမ္းလို႔ရလား လို႔ခြင့္ေတာင္းမယ္။
ေရွာင္က်န္႔ကမရဘူးလို႔ျပန္ေျဖရင္နႈတ္ခမ္းေတြကေရွ႕တိုးလာမယ္။
ျငင္းရဲ႕သားနဲ႔ နမ္းခံရလို႔ ေရွာင္က်န္႔ကစိတ္ဆိုးမယ္လို႔ေတာ့မထင္ပါဘူး။
အၿမဲ နႈတ္ခမ္းနီရဲရဲေလးေတြက လႈပ္လႈပ္လႈပ္လႈပ္နဲ႔ တုန္႔ျပန္လာတာခ်ည္းပဲ။
အက်ႌရင္ဘတ္ေပၚကလက္သီးဆုပ္ေလးေတြေရာအပါအဝင္ေပါ့။

ရိေပၚကနႈတ္ခမ္းေတြကိုမလြတ္မေပးပဲ လက္ႀကီးႀကီးေတြက ေရွာင္က်န္႔ရဲ႕တီရွပ္ခါးစကိုမေနၿပီ။
ေရွာင္က်န္႔ကထူးၿပီး မအံ့ၾသတဲ့ပံုစံတဲ့ အဲ့ဒိလက္ႀကီးႀကီးေတြကို ျဖတ္႐ိုက္ခ်လိုက္ေတာ့ အမွ်င္မျပတ္ႏိုင္တဲ့ အနမ္းေတြၾကားထဲပဲ ရိေပၚက သြားေတြၿဖီးတယ္။
ဒါမ်ိဳးက ခ်စ္သူသက္တမ္းငါးရက္ေလာက္အတြင္းမွာတင္႐ိုးေနၿပီ။
ရိေပၚကမထိတထိစရင္ ေရွာင္က်န္႔က ေဆာ္ပေလာ္တီးလိုက္ရံုပဲ။

ဦးေလးႀကီးေရွာင္က်န္႔က အရင္ကသိပ္ရွက္တတ္တာပါ။
ဟိုေန႔ကညေနေစ်းတန္းအလယ္ေခါင္မွာ ရိေပၚနမ္းမိတဲ့ ကိစၥကိုလည္း ႏွစ္နာရီေလာက္စိတ္ေကာက္ေသးတယ္။
ၿပီးေတာ့လည္း မခံႏိုင္ပါဘူး စိတ္ဆိုးေျပရတာပဲကို။
ဘာက ဦးေလးႀကီးေရွာင္က်န္႔ကိုစိတ္ဆိုးေျပသြားေစတယ္ထင္လဲ။
ရိေပၚက အတင္းခ်ဳပ္ၿပီး နမ္းပစ္လိုက္တာ!
နမ္းလို႔စိတ္ဆိုးတာကို အနမ္းနဲ႔ေခ်ာ့လို႔ စိတ္ဆိုးေျပတဲ့ ဦးေလးႀကီးေပါ့!
အရမ္းထူးဆန္းတယ္။

ဒါေၾကာင့္ေနာက္ပိုင္း ေရွာင္က်န္႔ျငင္းလည္း ရိေပၚက ဂ႐ုမစိုက္ဘူး အနမ္းေတြနဲ႔ေရွ႕ဆက္ခ်ီတက္တယ္။
ဒီနႈတ္ခမ္းေတြကို ဦးေလးႀကီးေရွာင္က်န္႔က သေဘာက်မွန္း ရိေပၚကသိေနၿပီ။

အခုလည္း ရိေပၚက ေရွာင္က်န္႔ရဲ႕နႈတ္ခမ္းေလးေတြကို လွ်ာဖ်ားေလးနဲ႔စလိုက္ေတာ့ အလိုက္တသိပဲနႈတ္ခမ္းေလးေတြကိုယုန္သြားေလးေတြလစ္ခနဲေပၚတဲ့အထိဟလာေပးတယ္။
ဒီေလာက္ထိ အကၽြမ္းတဝင္ရွိေနပါၿပီဆို။

"ေရွာင္က်န္႔.. အာ!"

တံခါးေပါက္ဝမွာ ေရွ႕ပဲတိုးရမလိုေနာက္ပဲဆုတ္ရမလို ကိုးလို႔ကန္႔လန္႔ျဖစ္ေနတဲ့ ဝမ္က်ိဳးခ်န္ကို ကုတင္ေပၚကႏွစ္ေယာက္က နႈတ္ခမ္းေတြမခြာရေသးပဲ မ်က္လံုးျပဴးၾကည့္ေနတယ္။

"ေဆာ..ေဆာရီး.. ငါတံခါး မေခါက္မိလိုက္တာ..ဟို.. Harry Potter ဇာတ္ကားျပန္ၾကည့္ရင္ေခၚဆိုလို႔.. အဲ့တာ..လာေခၚတာ..ဟိုရတယ္.. ဆက္လုပ္ၾကပါ.. လုပ္..လုပ္ၾက.လုပ္ၾက"

က်ိဳးခ်န္က တံခါးေသခ်ာပိတ္ေပးသြားတဲ့အထိ ေရွာင္က်န္႔က မ်က္လံုးႀကီးျပဴးၿပီးေၾကာင္ေနတုန္းပဲ။
နႈတ္ခမ္းေတြကလည္းခုထိမခြာရေသးဘူး။
ရိေပၚကေတာ့ ဆက္နမ္းဖို႔ မ်က္လံုးေတြေတာင္မွိတ္လိုက္ၿပီ။

"ဘာကိုဆက္လုပ္မွာလဲ!!!"

႐ုတ္တရက္ႀကီး ေရွာင္က်န္႔က ေအာ္ဟစ္ၿပီး ရိေပၚကိုတြန္းဖယ္ရင္း ကုတင္ေပၚက ကုန္း႐ုန္းထတယ္။

"ဘယ္လဲ? မသြားနဲ႔!"

လက္တစ္ဖက္ကိုလွမ္းဆြဲလာတဲ့ ရိေပၚရဲ႕နဖူးကို ေရွာင္က်န္႔က လက္ညိဳးနဲ႔တြန္းလိုက္ေတာ့ ဝမ္ရိေပၚမွာ အိပ္ယာေပၚပက္လက္လန္က်န္ခဲ့ရတယ္။

"စာက်က္ေနခဲ့!"

ေရွာင္က်န္႔ကလက္သီးဆုပ္ေလးေထာင္ျပသြားေသးတယ္။
စာေမးပြဲနီးေနတဲ့ ကေလးကိုစာက်က္ဖို႔ၿခိမ္းေျခာက္ေနရတာ။

____________________________

ေဘာက္ဆက္ေဘာက္ဆက္နဲ႔ အခန္းထဲက လိုက္ထြက္လာတဲ့ ရိေပၚက လက္ထဲမွာ ဂြမ္းေစာင္ထူႀကီးကိုသယ္လာေသးတယ္။
ထင္တဲ့အတိုင္း ဆိုဖာမွာ ပခံုးခ်င္းထိေလာက္တဲ့အထိ ကပ္ေနၾကတဲ့ ေသြးေသာက္သူငယ္ခ်င္း ႏွစ္ေဖာ္ေပါ့။
ဆိုဖာနားမေယာင္မလည္သြားကပ္ၾကည့္ေတာ့ ေနာက္ထပ္ထင္တဲ့အတိုင္းပဲ။
အရွက္မရွိတဲ့လူႀကီးက ဆိုဖာေပၚတင္ျပင္ေခြထိုင္ထားတာေၾကာင့္ ခ်ဥ္သားေဘာင္းဘီတိုက ေပါင္ရင္းထိတိုတက္ေနၿပီ။
ဒီေပါင္သားေဖြးေဖြးေတြ အေပၚကိုသာ ဆက္တိုတက္သြားမယ္ဆိုရင္!

ရိေပၚရဲ႕လက္က ျဖတ္ခနဲ ေရွာင္က်န္႔ရဲ႕ေပါင္ရင္းေရာက္ေဘာင္းဘီစကိုလွမ္းဆြဲေတာ့ ရိေပၚရဲ႕လက္ေတြကိုေရွာင္က်န္႔က ျဖန္းခနဲျမည္ေအာင္႐ိုက္ပစ္လိုက္တယ္။
ၿပီးေတာ့ ေပါင္ႏွစ္ေခ်ာင္းကိုစိရင္း လက္နဲ႔ကာထားၿပီး မ်က္လံုးျပဴးၾကည့္တယ္။
ဘာၾကံစည္ေနတာလဲဆိုၿပိီးမယံုသင္ကာေမးတဲ့ အၾကည့္နဲ႔။
ဝမ္ရိေပၚကဒီေလာက္ကိုယံုခ်င္စရာေကာင္းပါတယ္။

ရိေပၚသက္ျပင္းခ်ရင္း ႏွစ္ေယာက္ၾကားထဲအတင္းတိုးထိုင္တယ္။
လက္ထဲကသယ္လာတဲ့ ဂြမ္းေစာင္ႀကီးကိုလည္း ေရွာင္က်န္႔တစ္ကိုယ္လံုးကိုရစ္ပတ္ပစ္လိုက္ေတာ့ ျငင္းေတာ့မျငင္းပါဘူး ဒါေပမယ့္ ႏွာေခါင္းေလးကရွံု႕ျဖစ္ေအာင္ရွံု႕လိုက္ေသးတယ္။

ေရွာင္က်န္႔က အာလူးေၾကာ္ထုတ္ႀကီးကိုရင္ခြင္ပိုက္ရင္း အားလူးေၾကာ္ေတြကိုတစ္ခုခ်င္း ေရွ႕သြားေလးေတြနဲ႔ တတိတိကိုက္စားေနတယ္။
ဒီေလာက္ခ်စ္ဖို႔ေကာင္းတဲ့သူကို ေငးၾကည့္လို႔မဝႏိုင္တဲ့ဝမ္ရိေပၚကို လြန္တယ္မဆိုၾကပါနဲ႔။
ဒီေလာက္ေငးၾကည့္ေနတာေတာင္ ေရွာင္က်န္႔ရဲ႕ အာရံုစိုက္မႈကိုမရပါဘူး။
လက္ထဲကတုတ္ေတြေဝွ႕ယမ္းရင္း ဂါထာေတြရြတ္ေနတဲ့ မ်က္မွန္ဝိုင္းမင္းသားကိုပဲ ေရွာင္က်န္႔က မ်က္စိက်ေနတာ။

အာလူးေၾကာ္ေတြငံုဝါးေနလို႔ေဖာင္းေနတဲ့ ပါးႏွစ္ဖက္က လက္ဖဝါးႀကီးႀကီးႏွစ္ခုရဲ႕ ဖိညႇပ္ခံလိုက္ရေတာ့ စူထြက္လာတဲ့ နႈတ္ခမ္းရဲရဲၾကားမွာ ယုန္သြားေလးက ထင္ထင္ရွားရွားေရွ႕ထြက္ေနတယ္။
တရားခံက မႈန္သိုးသိုးဆိုက္ၾကည့္ေနတဲ့ ဝမ္ရိေပၚ။

"က်ေနာ္ကပိုေခ်ာတယ္မလား"

"ဘာကိုလဲ..စာသြားက်က္ကြာ!"

ေရွာင္က်န္႔က စိတ္မရွည္လက္မရွည္ျပန္ေျပာရင္း ရိေပၚရဲ႕လက္ဖဝါးေတြၾကားထဲက ႐ုန္းထြက္ဖို႔ မ်က္ႏွာကိုဟိုလွည့္ဒီလွည့္လုပ္ေနတယ္။
ေရွာင္က်န္႔ရဲ႕မ်က္ႏွာကဖိညႇပ္ခံထားရလို႔ ရိေပၚနဲ႔မ်က္ႏွာခ်င္းဆိုင္ေနေပမယ့္ မ်က္လံုးေတြကေတာ့ မ်က္မွန္ဝိုင္းမင္းသားဆီမွာပဲ။
ရိေပၚ ႏွာမႈတ္သြားၿပီ။

"ေပၚတိတိေလးကိုျကည့္လို႔!"

အာက်ယ္က်ယ္အသံေၾကာင့္မဟုတ္ပဲ သံုးနႈန္းလိုက္တဲ့နာမ္စားေၾကာင့္ ေရွာင္က်န္႔ကမ်က္လံုးျပဴးၿပီး လွည့္ၾကည့္လာတယ္။
ဝမ္က်ိဳးခ်န္ကလည္း မ်က္စိေစြၾကည့္လာၿပီးအကဲခတ္ေနတယ္။

"က်ေနာ္ကပိုေခ်ာတယ္မလားလို႔!"

ဘယ္သူပိုေခ်ာလဲေတာင္မဟုတ္ပဲ
သူပိုေခ်ာတယ္ဆိုတာကို ေထာက္ခံဖို႔ ဆႏၵမဲဆြယ္သလို ေရွာင္က်န္႔ကို ႏွစ္ေပါက္တစ္ေပါက္လာ႐ိုက္ေနတာ။
ေရွာင္က်န္႔ ျပန္မေျဖပဲ ပါးစပ္ထဲအာလူးေၾကာ္ေတြပဲထိုးထည့္ေနလိုက္တယ္။
လက္ဖဝါးနဲ႔ညႇပ္ထားလို႔ဆူထြက္ေနတဲ့ နႈတ္ခမ္းေထာ္ေထာ္ေလးကအၿငိမ္မေနပဲ တလႈပ္လႈပ္ဝါးေနေတာ့ ဝမ္ရိေပၚရဲ႕ လည္ဇလုတ္တစ္ခ်က္လႈပ္သြားတယ္။

"မေျဖရင္ နမ္းမွာေနာ္!"

ဒီလိုစကားက်မွ အသံကိုအက်ယ္ႀကီးျမႇင့္ေျပာတဲ့ ဝမ္ရိေပၚရဲ႕နႈတ္ခမ္းေတြက ေရွာင္က်န္႔ရဲ႕လက္ဖဝါးေလးေတြရဲ႕ပိတ္ပင္တာခံလိုက္ရတယ္။

ယုန္ေလးရဲ႕ပါးေတြက ျခေသၤ့ေပါက္ေလးရဲ႕လက္ဖဝါးေတြထဲမွာ။ ျခေသၤ့ေပါက္ေလးရဲ႕ နႈတ္ခမ္းေတြက ယုန္ေလးရဲ႕လက္ဖဝါးေအာက္မွာ။

"က်ိဳးခ်န္ရွိေနတာကို ဘာေတြေျပာေနတာလဲ မရွက္ဘူးလား"

ေရွာင္က်န္႔က ရိေပၚၾကားႏိုင္ရံုတိုးတိုးေလးေျပာတယ္။

"အဲ့တာမလို႔ ႏွင္ထုတ္လိုက္ေတာ့လို႔ေျပာသားပဲ"

ေရွာင္က်န္႔က ရိေပၚရဲ႕လက္ေတြထဲက႐ုန္းထြက္ရင္း ေခါင္းလံုးလံုးေလးကို လက္ဆစ္နဲ႔ေခါက္တယ္။
ေရွ႕မၾကည့္ေနာက္မၾကည့္ ဝမ္ရိေပၚက အားနာစိတ္လည္းမရွိဘူး။
က်ိဳးခ်န္ကေတာ့ ဇာတ္ကားထဲပဲစိတ္ႏွစ္ထားပံုရတယ္ ဒါမွမဟုတ္ စိတ္ႏွစ္ထားသလိုလုပ္ေနတာလည္းျဖစ္မယ္။

"မေျပာရဘူးအဲ့လို"

ေရွာင္က်န္႔ဆူေတာ့ ရိေပၚက နႈတ္ခမ္းႀကီးေထာ္ၿပီး တြန္႔လိန္ေနတယ္။
ဟုတ္ပါတယ္။ ဝမ္က်ိဳးခ်န္က ရိေပၚကိုယ္တိုင္ ေရွာင္က်န္႔ကို ဂ႐ုစိုက္ေပးပါဆိုၿပီးေတာင္းဆိုလို႔ ဒီအထိေရာက္လာေပးတာ။
ဒါေပမယ့္ အခု ေရွာင္က်န္႔မွာ ခ်စ္သူရွိသြားၿပီ။
ဆိုေတာ့ က်ိဳးခ်န္က ထြက္သြားလို႔ရၿပီပဲကို။
ဒါကို အခုထိ ေရွာင္က်န္႔ အိမ္မွာ ေနေနတုန္းပဲ။
ရိေပၚက စိတ္ေကာင္းမရွိတာမ်ိဳးေတာ့မဟုတ္ပါဘူး ဒါေပမယ့္ လြတ္လြတ္လပ္လပ္ခ်စ္ခ်င္တယ္ေလ။

လူေကာင္းလုပ္မလား အခ်စ္လူမိုက္လုပ္မလားဆိုရင္ေတာ့ ရိေပၚ က အခ်စ္လူမိုက္ကိုပဲ ျပံဳးျပံဳးျကီးေရြးမယ္။

"******"

သီခ်င္းသံသဲ့သဲ့ထြက္လာတဲ့ဖုန္းကိုယူရင္း ဝရန္တာဘက္ကိုထြက္သြားတဲ့ က်ိဳးခ်န္ကို ေရွာင္က်န္႔လိုက္ၾကည့္ေနမိတယ္။
လြန္ခဲ့တဲ့သံုးရက္ေလာက္ကတည္းက ဝမ္ရိေပၚခပ္တည္တည္နဲ႔အထုပ္ဆြဲ ေရွာင္က်န္႔အိမ္ေပၚတက္ေနေနေပမယ့္ က်ိဳးခ်န္က ေရွာင္က်န္႔ နဲ႔ ရိေပၚရဲ႕ပတ္သတ္မႈေတြကို ေမးခြန္းတစ္ခုမွမထုတ္ဘူး။
ထူးဆန္းတာက ေရွာင္က်န္႔သူ႔ကိုတစ္ခါမွေျပာမျပဖူးပဲနဲ႔ အကုန္သိေနသလိုပံုစံမ်ိဳးျဖစ္ေနတာပဲ။
ပိုထူးဆန္းတာက က်ိဳးခ်န္က နယ္မျပန္ပဲျမိဳ႕မွာပဲ အေျခခ်ေတာ့မယ္လို႔ဆံုးျဖတ္လိုက္တာ။

"ဘယ္ေတြလိုက္ၾကည့္ေနတာလဲ ! ဟမ္"

ေရွာင္က်န္႔ နႈိက္ထုတ္သမွ်အာလူးေၾကာ္ေတြကိုျဖတ္လုစားရင္း အာရံုစိုက္မႈေတာင္းခံေနတဲ့ရိေပၚက ေရွာင္က်န္႔သူ႔အေပၚမွာအာရံုရွိမေနမွန္း ရိပ္မိသြားတယ္။

ရိေပၚက အခုတေလာအရမ္းကြိစိကြစိႏိုင္လာတယ္။
ဘာမဟုတ္တာေလးကိုလည္း လိုက္ရစ္ တြယ္ကပ္ေနတတ္တယ္။
ေရွာင္က်န္႔ကေတာ့ ပံုမမွန္တဲ့ရင္ခုန္သံေတြနဲ႔ ပံုမွန္လိုပါပဲ။

ရိေပၚရဲ႕မ်က္ႏွာေလးကေရွ႕ကိုတျဖည္းျဖည္းတိုးလာေတာ့
ေရွာင္က်န္႔ ေက်ာနဲ႔ ဆိုဖာလက္တန္းနဲ႔ထိေအာင္ မီခ်လိုက္မိတဲ့အထိပဲ။
ရိေပၚကအၾကံႀကီးႀကီးျပံဳးရင္း ေစာင္ထုပ္ေလးထဲက ယုန္ေလးကိုတက္ဖိလိုက္တယ္။

ရိေပၚက နႈတ္ခမ္းေတြကို ထိရံုေလးတင္ တစ္ဆက္ဆက္နမ္းေနေတာ့ ေရွာင္က်န္႔နႈတ္ကထြက္သမွ်တားျမစ္သံေတြက ျပတ္ေတာင္းျပတ္ေတာင္းထြက္လာတယ္။

"ရိ-ေပၚ- က်ိဳး- ခ်န္ - ျမင္သြား-မယ္- မလုပ္- နဲ႔"

"ဂ- ႐ု- မ - စိုက္- ဘူး!!"

အာလူးေၾကာ္ထုတ္ကိုၾကမ္းျပင္ေပၚပစ္ခ်ရင္း ရိေပၚရဲ႕ပါးေတြကိုအုပ္ကိုင္ဟန္႔တားလိုက္တဲ့ ခပ္ေႏြးေႏြးလက္ေလး။
အျမင္မမွားဘူးဆိုရင္ ေရွာင္က်န္႔ပါးေလးေတြရဲေနတာတကယ္ပဲ။
ေနာက္ေတာ့ အသက္ရွဴသံမဆိုစေလာက္ေလးျပင္းေနတဲ့ အသံမွ်င္းေလးက ရင္ခုန္သံေတြကိုဆူညံသြားေစတယ္။

"ဒါဆိုလည္း ျမန္ျမန္နမ္း" တဲ့။

[ ဟိုတစ္ေန႔က က်န္႔ေကာ ေတာင္းပန္တိုလွ်ိဳးအၾကည့္ေလးနဲ႔ မ်က္ႏွာခ်ိဳေသြးရင္း ျပလာတဲ့
ေၾကမြညႇိုးႏြမ္းေနတဲ့ "Jonquil" ပန္းပင္ေလးရဲ႕ေနရာမွာ "Kiss Me Quick"  ပင္ေလးအစားထိုးစိုက္လိုက္ေတာ့မယ္]

လူတိုင္းတယုတယပ်ိဳးခ်င္စရာ ဒီပန္းေလးကို ကာကြယ္ဖို႔ကိုယ္ကမင္းအတြက္ဆူး။
ေနေရာင္ျကိဳက္တဲ့ ဒီပန္းေလးအတြက္ ကိုယ္က မင္းရဲ႕ေနအလင္းတန္း။
မင္းကေတာ့ ကိုယ္မရွိလို႔မျဖစ္တဲ့အေျခအေနတစ္ခုမွာ အလွပဆံုးရွင္သန္ပါ။

..............................

က်ိဳးခ်န္က ဝရန္တာကေန မိနစ္ႏွစ္ဆယ္နီးပါးၾကာမွ ဧည့္ခန္းထဲျပန္ဝင္လာတယ္။
ဖုန္းေျပာေနရလို႔မဟုတ္ပဲ အလိုက္တသိမ်က္ႏွာလႊဲေပးေနရလို႔ဆိုတာမ်ား ဝမ္ရိေပၚသိရင္ လက္ဆြဲနႈတ္ဆက္အသိအမွတ္ျပဳမယ္ထင္ပါတယ္။

_______________________________________

[Unicode]

"နမ်းလို့ရလား"

စာကြည့်စားပွဲပေါ်ကထပြီး ကုတင်ခေါင်းရင်းကို မီထိုင်နေတဲ့ ရှောင်ကျန့်ကို အုပ်မိုးကြည့်ရင်းခွင့်တောင်းလိုက်တယ်။
မဟုတ် အသိပေးလိုက်တယ်ပဲဆိုပါတော့။

"မရဘူး"

ငြင်းဆိုသံတိုးတိုးဆိုပြီးနောက်မှာ အနှုတ်ခမ်းအိအိလေးတွေကသိမ်းပိုက်ခံလိုက်ရပြီ။
ရှောင်ကျန့်ရဲ့ လက်တွေကတော့ထုံးစံအတိုင်း ရိပေါ်ရဲ့ အင်္ကျီရင်ဘတ်ကို ဆွဲဆုတ်ထားတာပဲ။

ရိပေါ်ကအမြဲအဲ့လိုပဲ နမ်းလို့ရလား လို့ခွင့်တောင်းမယ်။
ရှောင်ကျန့်ကမရဘူးလို့ပြန်ဖြေရင်နှုတ်ခမ်းတွေကရှေ့တိုးလာမယ်။
ငြင်းရဲ့သားနဲ့ နမ်းခံရလို့ ရှောင်ကျန့်ကစိတ်ဆိုးမယ်လို့တော့မထင်ပါဘူး။
အမြဲ နှုတ်ခမ်းနီရဲရဲလေးတွေက လှုပ်လှုပ်လှုပ်လှုပ်နဲ့ တုန့်ပြန်လာတာချည်းပဲ။
အင်္ကျီရင်ဘတ်ပေါ်ကလက်သီးဆုပ်လေးတွေရောအပါအဝင်ပေါ့။

ရိပေါ်ကနှုတ်ခမ်းတွေကိုမလွတ်မပေးပဲ လက်ကြီးကြီးတွေက ရှောင်ကျန့်ရဲ့တီရှပ်ခါးစကိုမနေပြီ။
ရှောင်ကျန့်ကထူးပြီး မအံ့သြတဲ့ပုံစံတဲ့ အဲ့ဒိလက်ကြီးကြီးတွေကို ဖြတ်ရိုက်ချလိုက်တော့ အမျှင်မပြတ်နိုင်တဲ့ အနမ်းတွေကြားထဲပဲ ရိပေါ်က သွားတွေဖြီးတယ်။
ဒါမျိုးက ချစ်သူသက်တမ်းငါးရက်လောက်အတွင်းမှာတင်ရိုးနေပြီ။
ရိပေါ်ကမထိတထိစရင် ရှောင်ကျန့်က ဆော်ပလော်တီးလိုက်ရုံပဲ။

ဦးလေးကြီးရှောင်ကျန့်က အရင်ကသိပ်ရှက်တတ်တာပါ။
ဟိုနေ့ကညနေဈေးတန်းအလယ်ခေါင်မှာ ရိပေါ်နမ်းမိတဲ့ ကိစ္စကိုလည်း နှစ်နာရီလောက်စိတ်ကောက်သေးတယ်။
ပြီးတော့လည်း မခံနိုင်ပါဘူး စိတ်ဆိုးပြေရတာပဲကို။
ဘာက ဦးလေးကြီးရှောင်ကျန့်ကိုစိတ်ဆိုးပြေသွားစေတယ်ထင်လဲ။
ရိပေါ်က အတင်းချုပ်ပြီး နမ်းပစ်လိုက်တာ!
နမ်းလို့စိတ်ဆိုးတာကို အနမ်းနဲ့ချော့လို့ စိတ်ဆိုးပြေတဲ့ ဦးလေးကြီးပေါ့!
အရမ်းထူးဆန်းတယ်။

ဒါကြောင့်နောက်ပိုင်း ရှောင်ကျန့်ငြင်းလည်း ရိပေါ်က ဂရုမစိုက်ဘူး အနမ်းတွေနဲ့ရှေ့ဆက်ချီတက်တယ်။
ဒီနှုတ်ခမ်းတွေကို ဦးလေးကြီးရှောင်ကျန့်က သဘောကျမှန်း ရိပေါ်ကသိနေပြီ။

အခုလည်း ရိပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းလေးတွေကို လျှာဖျားလေးနဲ့စလိုက်တော့ အလိုက်တသိပဲနှုတ်ခမ်းလေးတွေကိုယုန်သွားလေးတွေလစ်ခနဲပေါ်တဲ့အထိဟလာပေးတယ်။
ဒီလောက်ထိ အကျွမ်းတဝင်ရှိနေပါပြီဆို။

"ရှောင်ကျန့်.. အာ!"

တံခါးပေါက်ဝမှာ ရှေ့ပဲတိုးရမလိုနောက်ပဲဆုတ်ရမလို ကိုးလို့ကန့်လန့်ဖြစ်နေတဲ့ ဝမ်ကျိုးချန်ကို ကုတင်ပေါ်ကနှစ်ယောက်က နှုတ်ခမ်းတွေမခွာရသေးပဲ မျက်လုံးပြူးကြည့်နေတယ်။

"ဆော..ဆောရီး.. ငါတံခါး မခေါက်မိလိုက်တာ..ဟို.. Harry Potter ဇာတ်ကားပြန်ကြည့်ရင်ခေါ်ဆိုလို့.. အဲ့တာ..လာခေါ်တာ..ဟိုရတယ်.. ဆက်လုပ်ကြပါ.. လုပ်..လုပ်ကြ.လုပ်ကြ"

ကျိုးချန်က တံခါးသေချာပိတ်ပေးသွားတဲ့အထိ ရှောင်ကျန့်က မျက်လုံးကြီးပြူးပြီးကြောင်နေတုန်းပဲ။
နှုတ်ခမ်းတွေကလည်းခုထိမခွာရသေးဘူး။
ရိပေါ်ကတော့ ဆက်နမ်းဖို့ မျက်လုံးတွေတောင်မှိတ်လိုက်ပြီ။

"ဘာကိုဆက်လုပ်မှာလဲ!!!"

ရုတ်တရက်ကြီး ရှောင်ကျန့်က အော်ဟစ်ပြီး ရိပေါ်ကိုတွန်းဖယ်ရင်း ကုတင်ပေါ်က ကုန်းရုန်းထတယ်။

"ဘယ်လဲ? မသွားနဲ့!"

လက်တစ်ဖက်ကိုလှမ်းဆွဲလာတဲ့ ရိပေါ်ရဲ့နဖူးကို ရှောင်ကျန့်က လက်ညိုးနဲ့တွန်းလိုက်တော့ ဝမ်ရိပေါ်မှာ အိပ်ယာပေါ်ပက်လက်လန်ကျန်ခဲ့ရတယ်။

"စာကျက်နေခဲ့!"

ရှောင်ကျန့်ကလက်သီးဆုပ်လေးထောင်ပြသွားသေးတယ်။
စာမေးပွဲနီးနေတဲ့ ကလေးကိုစာကျက်ဖို့ခြိမ်းခြောက်နေရတာ။

____________________________

ဘောက်ဆက်ဘောက်ဆက်နဲ့ အခန်းထဲက လိုက်ထွက်လာတဲ့ ရိပေါ်က လက်ထဲမှာ ဂွမ်းစောင်ထူကြီးကိုသယ်လာသေးတယ်။
ထင်တဲ့အတိုင်း ဆိုဖာမှာ ပခုံးချင်းထိလောက်တဲ့အထိ ကပ်နေကြတဲ့ သွေးသောက်သူငယ်ချင်း နှစ်ဖော်ပေါ့။
ဆိုဖာနားမယောင်မလည်သွားကပ်ကြည့်တော့ နောက်ထပ်ထင်တဲ့အတိုင်းပဲ။
အရှက်မရှိတဲ့လူကြီးက ဆိုဖာပေါ်တင်ပြင်ခွေထိုင်ထားတာကြောင့် ချဉ်သားဘောင်းဘီတိုက ပေါင်ရင်းထိတိုတက်နေပြီ။
ဒီပေါင်သားဖွေးဖွေးတွေ အပေါ်ကိုသာ ဆက်တိုတက်သွားမယ်ဆိုရင်!

ရိပေါ်ရဲ့လက်က ဖြတ်ခနဲ ရှောင်ကျန့်ရဲ့ပေါင်ရင်းရောက်ဘောင်းဘီစကိုလှမ်းဆွဲတော့ ရိပေါ်ရဲ့လက်တွေကိုရှောင်ကျန့်က ဖြန်းခနဲမြည်အောင်ရိုက်ပစ်လိုက်တယ်။
ပြီးတော့ ပေါင်နှစ်ချောင်းကိုစိရင်း လက်နဲ့ကာထားပြီး မျက်လုံးပြူးကြည့်တယ်။
ဘာကြံစည်နေတာလဲဆိုပြီးမယုံသင်ကာမေးတဲ့ အကြည့်နဲ့။
ဝမ်ရိပေါ်ကဒီလောက်ကိုယုံချင်စရာကောင်းပါတယ်။

ရိပေါ်သက်ပြင်းချရင်း နှစ်ယောက်ကြားထဲအတင်းတိုးထိုင်တယ်။
လက်ထဲကသယ်လာတဲ့ ဂွမ်းစောင်ကြီးကိုလည်း ရှောင်ကျန့်တစ်ကိုယ်လုံးကိုရစ်ပတ်ပစ်လိုက်တော့ ငြင်းတော့မငြင်းပါဘူး ဒါပေမယ့် နှာခေါင်းလေးကရှုံ့ဖြစ်အောင်ရှုံ့လိုက်သေးတယ်။

ရှောင်ကျန့်က အာလူးကြော်ထုတ်ကြီးကိုရင်ခွင်ပိုက်ရင်း အားလူးကြော်တွေကိုတစ်ခုချင်း ရှေ့သွားလေးတွေနဲ့ တတိတိကိုက်စားနေတယ်။
ဒီလောက်ချစ်ဖို့ကောင်းတဲ့သူကို ငေးကြည့်လို့မဝနိုင်တဲ့ဝမ်ရိပေါ်ကို လွန်တယ်မဆိုကြပါနဲ့။
ဒီလောက်ငေးကြည့်နေတာတောင် ရှောင်ကျန့်ရဲ့ အာရုံစိုက်မှုကိုမရပါဘူး။
လက်ထဲကတုတ်တွေဝှေ့ယမ်းရင်း ဂါထာတွေရွတ်နေတဲ့ မျက်မှန်ဝိုင်းမင်းသားကိုပဲ ရှောင်ကျန့်က မျက်စိကျနေတာ။

အာလူးကြော်တွေငုံဝါးနေလို့ဖောင်းနေတဲ့ ပါးနှစ်ဖက်က လက်ဖဝါးကြီးကြီးနှစ်ခုရဲ့ ဖိညှပ်ခံလိုက်ရတော့ စူထွက်လာတဲ့ နှုတ်ခမ်းရဲရဲကြားမှာ ယုန်သွားလေးက ထင်ထင်ရှားရှားရှေ့ထွက်နေတယ်။
တရားခံက မှုန်သိုးသိုးဆိုက်ကြည့်နေတဲ့ ဝမ်ရိပေါ်။

"ကျနော်ကပိုချောတယ်မလား"

"ဘာကိုလဲ..စာသွားကျက်ကွာ!"

ရှောင်ကျန့်က စိတ်မရှည်လက်မရှည်ပြန်ပြောရင်း ရိပေါ်ရဲ့လက်ဖဝါးတွေကြားထဲက ရုန်းထွက်ဖို့ မျက်နှာကိုဟိုလှည့်ဒီလှည့်လုပ်နေတယ်။
ရှောင်ကျန့်ရဲ့မျက်နှာကဖိညှပ်ခံထားရလို့ ရိပေါ်နဲ့မျက်နှာချင်းဆိုင်နေပေမယ့် မျက်လုံးတွေကတော့ မျက်မှန်ဝိုင်းမင်းသားဆီမှာပဲ။
ရိပေါ် နှာမှုတ်သွားပြီ။

"ပေါ်တိတိလေးကိုကြည့်လို့!"

အာကျယ်ကျယ်အသံကြောင့်မဟုတ်ပဲ သုံးနှုန်းလိုက်တဲ့နာမ်စားကြောင့် ရှောင်ကျန့်ကမျက်လုံးပြူးပြီး လှည့်ကြည့်လာတယ်။
ဝမ်ကျိုးချန်ကလည်း မျက်စိစွေကြည့်လာပြီးအကဲခတ်နေတယ်။

"ကျနော်ကပိုချောတယ်မလားလို့!"

ဘယ်သူပိုချောလဲတောင်မဟုတ်ပဲ
သူပိုချောတယ်ဆိုတာကို ထောက်ခံဖို့ ဆန္ဒမဲဆွယ်သလို ရှောင်ကျန့်ကို နှစ်ပေါက်တစ်ပေါက်လာရိုက်နေတာ။
ရှောင်ကျန့် ပြန်မဖြေပဲ ပါးစပ်ထဲအာလူးကြော်တွေပဲထိုးထည့်နေလိုက်တယ်။
လက်ဖဝါးနဲ့ညှပ်ထားလို့ဆူထွက်နေတဲ့ နှုတ်ခမ်းထော်ထော်လေးကအငြိမ်မနေပဲ တလှုပ်လှုပ်ဝါးနေတော့ ဝမ်ရိပေါ်ရဲ့ လည်ဇလုတ်တစ်ချက်လှုပ်သွားတယ်။

"မဖြေရင် နမ်းမှာနော်!"

ဒီလိုစကားကျမှ အသံကိုအကျယ်ကြီးမြှင့်ပြောတဲ့ ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းတွေက ရှောင်ကျန့်ရဲ့လက်ဖဝါးလေးတွေရဲ့ပိတ်ပင်တာခံလိုက်ရတယ်။

ယုန်လေးရဲ့ပါးတွေက ခြင်္သေ့ပေါက်လေးရဲ့လက်ဖဝါးတွေထဲမှာ။ ခြင်္သေ့ပေါက်လေးရဲ့ နှုတ်ခမ်းတွေက ယုန်လေးရဲ့လက်ဖဝါးအောက်မှာ။

"ကျိုးချန်ရှိနေတာကို ဘာတွေပြောနေတာလဲ မရှက်ဘူးလား"

ရှောင်ကျန့်က ရိပေါ်ကြားနိုင်ရုံတိုးတိုးလေးပြောတယ်။

"အဲ့တာမလို့ နှင်ထုတ်လိုက်တော့လို့ပြောသားပဲ"

ရှောင်ကျန့်က ရိပေါ်ရဲ့လက်တွေထဲကရုန်းထွက်ရင်း ခေါင်းလုံးလုံးလေးကို လက်ဆစ်နဲ့ခေါက်တယ်။
ရှေ့မကြည့်နောက်မကြည့် ဝမ်ရိပေါ်က အားနာစိတ်လည်းမရှိဘူး။
ကျိုးချန်ကတော့ ဇာတ်ကားထဲပဲစိတ်နှစ်ထားပုံရတယ် ဒါမှမဟုတ် စိတ်နှစ်ထားသလိုလုပ်နေတာလည်းဖြစ်မယ်။

"မပြောရဘူးအဲ့လို"

ရှောင်ကျန့်ဆူတော့ ရိပေါ်က နှုတ်ခမ်းကြီးထော်ပြီး တွန့်လိန်နေတယ်။
ဟုတ်ပါတယ်။ ဝမ်ကျိုးချန်က ရိပေါ်ကိုယ်တိုင် ရှောင်ကျန့်ကို ဂရုစိုက်ပေးပါဆိုပြီးတောင်းဆိုလို့ ဒီအထိရောက်လာပေးတာ။
ဒါပေမယ့် အခု ရှောင်ကျန့်မှာ ချစ်သူရှိသွားပြီ။
ဆိုတော့ ကျိုးချန်က ထွက်သွားလို့ရပြီပဲကို။
ဒါကို အခုထိ ရှောင်ကျန့် အိမ်မှာ နေနေတုန်းပဲ။
ရိပေါ်က စိတ်ကောင်းမရှိတာမျိုးတော့မဟုတ်ပါဘူး ဒါပေမယ့် လွတ်လွတ်လပ်လပ်ချစ်ချင်တယ်လေ။

လူကောင်းလုပ်မလား အချစ်လူမိုက်လုပ်မလားဆိုရင်တော့ ရိပေါ် က အချစ်လူမိုက်ကိုပဲ ပြုံးပြုံးကြီးရွေးမယ်။

"******"

သီချင်းသံသဲ့သဲ့ထွက်လာတဲ့ဖုန်းကိုယူရင်း ဝရန်တာဘက်ကိုထွက်သွားတဲ့ ကျိုးချန်ကို ရှောင်ကျန့်လိုက်ကြည့်နေမိတယ်။
လွန်ခဲ့တဲ့သုံးရက်လောက်ကတည်းက ဝမ်ရိပေါ်ခပ်တည်တည်နဲ့အထုပ်ဆွဲ ရှောင်ကျန့်အိမ်ပေါ်တက်နေနေပေမယ့် ကျိုးချန်က ရှောင်ကျန့် နဲ့ ရိပေါ်ရဲ့ပတ်သတ်မှုတွေကို မေးခွန်းတစ်ခုမှမထုတ်ဘူး။
ထူးဆန်းတာက ရှောင်ကျန့်သူ့ကိုတစ်ခါမှပြောမပြဖူးပဲနဲ့ အကုန်သိနေသလိုပုံစံမျိုးဖြစ်နေတာပဲ။
ပိုထူးဆန်းတာက ကျိုးချန်က နယ်မပြန်ပဲမြို့မှာပဲ အခြေချတော့မယ်လို့ဆုံးဖြတ်လိုက်တာ။

"ဘယ်တွေလိုက်ကြည့်နေတာလဲ ! ဟမ်"

ရှောင်ကျန့် နှိုက်ထုတ်သမျှအာလူးကြော်တွေကိုဖြတ်လုစားရင်း အာရုံစိုက်မှုတောင်းခံနေတဲ့ရိပေါ်က ရှောင်ကျန့်သူ့အပေါ်မှာအာရုံရှိမနေမှန်း ရိပ်မိသွားတယ်။

ရိပေါ်က အခုတလောအရမ်းကွိစိကွစိနိုင်လာတယ်။
ဘာမဟုတ်တာလေးကိုလည်း လိုက်ရစ် တွယ်ကပ်နေတတ်တယ်။
ရှောင်ကျန့်ကတော့ ပုံမမှန်တဲ့ရင်ခုန်သံတွေနဲ့ ပုံမှန်လိုပါပဲ။

ရိပေါ်ရဲ့မျက်နှာလေးကရှေ့ကိုတဖြည်းဖြည်းတိုးလာတော့
ရှောင်ကျန့် ကျောနဲ့ ဆိုဖာလက်တန်းနဲ့ထိအောင် မီချလိုက်မိတဲ့အထိပဲ။
ရိပေါ်ကအကြံကြီးကြီးပြုံးရင်း စောင်ထုပ်လေးထဲက ယုန်လေးကိုတက်ဖိလိုက်တယ်။

ရိပေါ်က ရှောင်ကျန့်ရဲ့ နှုတ်ခမ်းတွေကို ထိရုံလေးတင် တစ်ဆက်ဆက်နမ်းနေတော့ ရှောင်ကျန့်နှုတ်ကထွက်သမျှတားမြစ်သံတွေက ပြတ်တောင်းပြတ်တောင်းထွက်လာတယ်။

"ရိ-ပေါ်- ကျိုး- ချန် - မြင်သွား-မယ်- မလုပ်- နဲ့"

"ဂ- ရု- မ - စိုက်- ဘူး!!"

အာလူးကြော်ထုတ်ကိုကြမ်းပြင်ပေါ်ပစ်ချရင်း ရိပေါ်ရဲ့ပါးတွေကိုအုပ်ကိုင်ဟန့်တားလိုက်တဲ့ ခပ်နွေးနွေးလက်လေး။
အမြင်မမှားဘူးဆိုရင် ရှောင်ကျန့်ပါးလေးတွေရဲနေတာတကယ်ပဲ။
နောက်တော့ အသက်ရှူသံမဆိုစလောက်လေးပြင်းနေတဲ့ အသံမျှင်းလေးက ရင်ခုန်သံတွေကိုဆူညံသွားစေတယ်။

"ဒါဆိုလည်း မြန်မြန်နမ်း" တဲ့။

[ ဟိုတစ်နေ့က ကျန့်ကော တောင်းပန်တိုလျှိုးအကြည့်လေးနဲ့ မျက်နှာချိုသွေးရင်း ပြလာတဲ့
ကြေမွညှိုးနွမ်းနေတဲ့ "Jonquil" ပန်းပင်လေးရဲ့နေရာမှာ "Kiss Me Quick"  ပင်လေးအစားထိုးစိုက်လိုက်တော့မယ်]

လူတိုင်းတယုတယပျိုးချင်စရာ ဒီပန်းလေးကို ကာကွယ်ဖို့ကိုယ်ကမင်းအတွက်ဆူး။
နေရောင်ကြိုက်တဲ့ ဒီပန်းလေးအတွက် ကိုယ်က မင်းရဲ့နေအလင်းတန်း။
မင်းကတော့ ကိုယ်မရှိလို့မဖြစ်တဲ့အခြေအနေတစ်ခုမှာ အလှပဆုံးရှင်သန်ပါ။

..............................

ကျိုးချန်က ဝရန်တာကနေ မိနစ်နှစ်ဆယ်နီးပါးကြာမှ ဧည့်ခန်းထဲပြန်ဝင်လာတယ်။
ဖုန်းပြောနေရလို့မဟုတ်ပဲ အလိုက်တသိမျက်နှာလွှဲပေးနေရလို့ဆိုတာများ ဝမ်ရိပေါ်သိရင် လက်ဆွဲနှုတ်ဆက်အသိအမှတ်ပြုမယ်ထင်ပါတယ်။

_______________________________________

Continue Reading

You'll Also Like

114K 4.9K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
18.5K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
31.7K 3K 19
မျိုးဆက် မရှိလေအောင် သမီးသာ မွေးပါစေ .. သား, ‌မွေးခဲ့သော် လူပုံအလယ် အရှက်ကွဲလေအောင် ကိုယ်နှင့်မျိုးတူ ယောက်‌ျားသား၏ ရင်သွေးကို မွေးဖွားရပါစေ ဤစကားသ...
272K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...