အပိုင်း ၁၂

18.6K 2.1K 56
                                    

[Zawgyi]

ရှောင်ကျန့် အိမ်တံခါးတွေကိုသေချာစစ်ပိတ်လိုက်ပြီး ထွက်လာခဲ့တယ် ဘယ်ကိုဟုတ်မယ်ထင်သလဲ..
သူသွားစရာက မျက်စောင်းထိုးအိမ်တင်..
ရိပေါ်ရဲ့ မေမေတို့က ငါးရက်လောက်ကြာနေပြီပေမယ့် ပြန်မလာနိုင်သေးဘူး
အခုတစ်ခေါက်က ရိပေါ်ရဲ့အဘိုးက ဆေးရုံပါတင်နေရတယ်ဆိုလို့လေ
ဒီတော့ရှောင်ကျန့်ကနေ့တိုင်း ရိပေါ်အိမ်ကိုသွားတယ် မနက်ဆို ရိပေါ်ကိုအိပ်ယာနှိုးစားဖို့သောက်ဖို့လုပ်ပေး ညဘက်ဆိုအဓိကက ရိပေါ်ပြန်မလာခင် ညစာစီစဉ်ပေးရိပေါ်ရဲ့ဆိုင်ကယ်ခြံဝင်းထဲဆိုက်ပြီဆိုတာနဲ့ ခဏနေရင်သူပြန်ရတာပဲ
ရိပေါ်ကသူစကားပြောရင်လည်း ကောင်းကောင်းပြန်မပြောဘူး မေးရင်တော့တစ်ခွန်းစနှစ်ခွန်းစဖြေတယ်
ဒီကောင်လေးကိုလည်းစကားအများကြီးသူမပြောရဲဘူး

ရှောင်ကျန့် ရိပေါ်တို့အိမ်တံခါးကိုသော့ဖွင့်နေတဲ့အချိန် ခြံရှေ့ကိုကားတစ်စီးလာရပ်တယ်
"ကျန်းလီ"
"ဟေးးး ရှောင်ကျန့်..ငါလည်းနင့်ကိုတွေ့ချင်နေတာနဲ့အတော်ပဲ"

ကားပေါ်ကကျန်းလီဆင်းလာတယ် ရိပေါ်ရောပါလာသလားလို့ ရှောင်ကျန့်ရှာကြည့်ပေမယ့် အရိပ်အယောင်မတွေ့ရဘူး

"ရိပေါ်ရော?"
ကျန်းလီမေးလာတော့မှ ရိပေါ်ကိုလာရှာမှန်းရှောင်ကျန့်သိသွားတယ်
"သူကျောင်းကပြန်မရောက်သေးဘူး"
"မှောင်နေပြီကို"
ကျန်းလီကလက်မှာပတ်ထားတဲ့ ရွှေရောင်နာရီလေးကိုလက်ညိုးနဲ့တထောက်ထောက်လုပ်ရင်း ခပ်တိုးတိုးရွတ်တယ်

"သူ အခုတလော လေ့ကျင့်ဖို့ရှိနေလို့တဲ့"
ကျန်းလီကခေါင်းငြိမ့်ပြပြီး လမ်းမဘက်ကို ခေါင်းပြူထွက်ပြီးကြည့်နေတယ်
"လာလေ..ကျန်းလီ.. အိမ်ထဲဝင်ပါဦးဟ"
ရှောင်ကျန့်နဲ့ကျန်းလီ ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်ဖြစ်ကြတယ်
"ဘာသောက်ဦးမလဲ"
"ရေလေးတစ်ခွက်ပဲ ရှောင်ကျန့်"

ကျန်းလီက သူ့ဖုန်းကိုသည်းကြီးမည်းကြီးကြည့်နေပြီး လက်သွယ်သွယ်လေးတွေကလည်းရေခွက်လေးကိုကိုင်ထားတယ် လက်သည်းနီဆိုးမထားတဲ့ ခပ်ရှင်းရှင်းလက်ချောင်းလေးတွေရယ် လက်ခလယ်မှာတစ်ကွင်းပဲစွပ်ထားတဲ့ ငွေရောင်လက်စွပ်လေးက ကျန်းလီရဲ့ ရင့်ကျက်တည်ငြိမ်မှုအတိုင်းအတာကိုပြနေသလိုပဲ
သူငယ်ချင်းမလေးကလည်းငယ်ငယ်ကလို ချစ်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်တော့ဘူးပဲ
အခုအလုပ်မှာလည်း ကျန်းလီကရာထူးကြီးတော့ လုံးဝကျဲကျဲပုံစံပဲ သူ့ရဲ့ဝတ်ပုံစားပုံကအစ စမတ်ကျတယ် ချစ်ဖို့ကောင်းတဲ့ဘက်ကိုသိပ်မရောက်တော့ဘူး
ရိပေါ်ရဲ့အကြိုက်က ဒီလိုပုံစံမျိုးလေးပေါ့ ?

ADORE [Completed]Where stories live. Discover now