အပိုင်း ၆

21.7K 2.5K 55
                                    

[Zawgyi]

"ရိပေါ်"

ထိုင်ခုံမှာငိုင်ငိုင်ကြီးထိုင်နေတဲ့ ရိပေါ်ကို ယုဘင်းက ဂျိယန်ရဲ့ပုခုံးကိုဖက်ရင်း လှမ်းခေါ်တော့ ရိပေါ်ကမော့ကြည့်တယ်
ဒီနေ့လည်းအဆင်ပြေပုံမပေါ်ပြန်ဘူး

"မင်း..မလိုက်တော့ဘူးလား"

မချိတင်ကဲအပြုံးနဲ့ခေါင်းငြိမ့်ပြတယ်

"အိုကေ ..ကေ.."

ရိပေါ် ယုဘင်းတို့နဲ့ လိုက်သွားဖို့စိတ်မပါဘူး
ဘယ်ကိုမှသွားဖို့စိတ်မပါတာ ..
သူ့ခြေထောက်တွေကကျေက်ဆွဲထားသလို ထိုင်ခုံမှာထိုင်ရင်း
ခုံစောင်းအောက်အကန့်ထဲက ထမင်းဘူးလေးကိုငေးကြည့်နေမိတယ်

ရိပေါ် ထမင်းဘူးလေးကို ခုံစောင်းအောက်ကယူလိုက်ပြီး စားပွဲပေါ်တင်လိုက်တဲ့အထိ သူဝေခွဲမရဖြစ်နေတုန်းပဲ..

ရိပေါ် သက်ပြင်းချလိုက်တယ်
ထမင်းဘူးကိုသူဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေဝိုင်းသွားတယ်

ကြက်ဥလိပ် ။ကြက်သားကိုမုန်ညင်းရွက်နဲ့ရောကြော်ထားတယ် နောက်..

ပေါက်စီသေးသေးလေးတွေ..

.............................................................

"ရိပေါ်လေး.. ပေါက်စီတွေပဲနှိုက်စားနေရင် ထမင်းစားမဝင်ပဲနေလိမ့်မယ်."

ပြောမရတဲ့ ရိပေါ်လေးကတော့ ရှောင်ကျန့်ရဲ့ထမင်းဘူးထဲက ပေါက်စီလေးတွေကို တူနဲ့ညှပ်ညှပ်ယူပြီး တသွပ်သွပ်စားနေတော့တာပဲ

"အဲ့လောက်ဖြစ်နေရင်တော့..နောက်နေ့ လုပ်မလာဘူးကြည့်နေ.. အဲ့ပေါက်စီတွေ"

"အွန့်"

ရိပေါ်လေးရဲ့ လက်ကတွန့်ခနဲဖြစ်သွားပြီး ရှောင်ကျန့်ထမင်းဘူးထဲက ကြက်သားဖတ်တစ်ဖတ်ကိုနှိုက်ပြီးစိတ်မပါလက်မပါဝါးလိုက်တယ်

"ဟင် ဒါလည်းကောင်းတာပဲ"

ကြက်သားဖတ်ကောက်ဝါးလိုက် သူ့ထမင်းဘူးထဲက ထမင်းနှိုက်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာပဲ
နောက် အားမရတော့ဘူးထင်တယ် လက်သေးသေးလေးတွေက ထမင်းဘူးနှစ်ဘူးကိုနေရာချင်းလဲနေတယ်
သွားတွေကလည်းရှောင်ကျန့်ကိုဖြီးပြနေရောပဲ

ADORE [Completed]Where stories live. Discover now