အပိုင်း ၈

19.3K 2.3K 69
                                    

[Zawgyi]

"ခင်ဗျားမှာ ဖြေရှင်းချက်ပေးစရာမရှိဘူးလား"

"ဟင်"

ရှောင်ကျန့်ရဲ့ကြောင်အမ်းအမ်း မျက်နှာအမူအရာကို
ရိပေါ်ကလှောင်သလိုရယ်တယ်

"ဒါဆိုရင် မေးစရာမေးခွန်းရောရှိလား"

ရှောင်ကျန့်ကရိပေါ်ကို ပဲစိုက်ကြည့်နေတယ်

"ဟား..ဒါလည်းရှိပုံမပေါ်ပြန်ဘူး"

ရိပေါ်ရဲ့ရယ်သံကခြောက်ကပ်ကပ်
ပခုံးတွေတသိမ့်သိမ့်တုန်တဲ့အထိသူက လှောင်ရယ်နေတယ်

"ရိပေါ်..ကော ကိုရှင်းအောင်ပြောပြလေ"

"ခင်ဗျားက လူလိမ်တင်မကဘူးပဲ.. ဟန်ဆောင်လည်းသိပ်ကောင်းတာကိုး.. လုံးဝ salute ပဲ"

လှောင်ရယ်သံနဲ့ဗလုံးဗထွေးသံတွေကရှောင်ကျန့်ကို ရင်ဘတ်ထဲကအောင့်လာတဲ့အထိ နှိပ်စက်တယ်

"မေးစရာ"

ရှောင်ကျန့်ရဲ့စကားသံခပ်တိုးတိုးထွက်လာတော့ ရိပေါ်ရဲ့ရယ်သံတွေက ချက်ချင်းရပ်တန့်သွားပြီး ရှောင်ကျန့်ကိုစိုက်ကြည့်လာတယ်
ရှောင်ကျန့်က ဆက်မပြောပဲ ရိပေါ်ကိုကြည့်တော့ မျက်ခုံးတစ်ဖက်ပင့်ပြတယ်..ဆက်ပြော

"မဟုတ်ပေမယ့် စဉ်းစားနေမိတောရှိတယ်"

မျက်ခုံးတစ်ချက်ပင့်လျက်သားနဲ့ရိပေါ်က ခေါင်းစောင်းပြီးကြည့်လာတယ်
ရှောင်ကျန့် လက်တွေတောင်ချွေးစေးပြန်လာပြီ
ဒီကောင်လေးကဘယ်လိုတောင် ကြောက်ဖို့ကောင်းလာတာလဲ

"ရိပေါ် ကျန်းလီကို ဘာလို့ အေးတိအေးစက်ဆက်ဆံနေရသလဲဆိုတာကို"

ရှောင်ကျန့်စကားသံအဆုံးမှာ ပတ်ဝန်းကျင်ကလေထုက စက္ကန့်အနည်းငယ်တိတ်ဆိတ်သွားပြီးတဲ့နောက်
ရိပေါ်ရဲ့ ရယ်သံက ကြီးစိုးသွားပြန်တယ်
အသက်မပါတဲ့ရယ်သံတွေ..

" ဒါဆို ခင်ဗျားကသိပြီးသားပဲ"

ရှောင်ကျန့် ခဏတော့ကြောင်သွားပေမယ့် အာမေဋိတ်သံတစ်ခုနဲ့အတူ ခေါင်းတဆတ်ဆတ်ငြိမ့်တယ်

"အင်း သိတာပေါ့"

ရိပေါ်နဲ့ကျန်းလီတို့က ချစ်သူတွေဆိုတာကို..

ADORE [Completed]Where stories live. Discover now