အပိုင်း ၁၄

19.4K 2.1K 108
                                    

[Zawgyi]

ဆိုင်ကယ်ဦးထုပ်ဆောင်းမထားတဲ့ ရိပေါ်ရဲ့ ဆံပင်တွေက အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ဆိုင်ကယ်ကြောင့် လေထဲမှာ ဝေ့ဝဲနေတယ်
ကိုယ်သင်းနဲ့တစ်ဖြစ်လည်း ပူရှိန်းနံ့လေးကတစ်ချက်ချက် နှာခေါင်းဖျားနားထိ လွင့်ပျံလာသေးတယ်
ရိပေါ်ရဲ့ဆိုင်ကယ် ဦးထုပ်က ရှောင်ကျန့်ခေါင်းပေါ်မှာ။

လက်တစ်ဖက်တည်းနဲ့ ဆိုင်ကယ်အရှိန်ပြင်းပြင်းကိုထိန်းထားရပေမယ့် ဝမ်ရိပေါ်အတွက်ကတော့ ဒါ မိုင်နာပဲ
ရိပေါ်ရဲ့နောက်လက်တစ်ဖက်ကတော့
ရှောင်ကျန့်ရဲ့လက်နှစ်ဖက်ကို အုပ်ကိုင်ထားတာမို့ မအားလပ်နိုင်ဘူး
ရှောင်ကျန့်ရဲ့လက်တွေကတော့ရိပေါ်ရဲ့ ခါးတွေကိုရစ်ပတ်ထားရတယ်
ရှောင်ကျန့်ဒီကောင်လေးကိုတကယ်ပြောမနိုင်ဘူး။

ရှောင်ကျန့်ကဒီနေ့အလုပ်စဝင်ရမှာ။
မနေ့ညက ရီပေါ်နေမကောင်းလို့ စောင့်အိပ်ပေးလိုက်ရပေမယ့် မနက်စောစောထပြီး သူအလုပ်သွားဖို့ပြင်ရမယ်
ဒါနဲ့ မနက်စောစောထ ရိပေါ်ကိုနှိုးပြီး ဆေးတိုက်ရသေးတယ်
သူမတိုက်ပဲထားခဲ့ရင်ဒီကောင်လေးက သောက်မသောက်သူစိတ်မချနိုင်ဘူး
ဒါနဲ့ ရိပေါ်ကိုသူ အဘိုးကြီးတစ်ယောက်လို ပွစိပွစိနဲ့အမှာစကားတွေပြောပြီး ကိုယ့်အိမ်ဘက်ကို ပြေးရတော့တာပဲ။

သူအကုန်ပြင်ဆင်ပြီးလို့ အိမ်ရှေ့ထွက်လာတော့ ဒေါသကငယ်ထိပ်တက်သွားတယ်
ရိပေါ်က ခြံရှေ့နားမှာ ဆိုင်ကယ်ကိုခွထိုင်ထားတယ် နေမကောင်းတာကိုဘယ်ကိုသွားဦးမလို့လဲ ဆိုပြီး ရှောင်ကျန့်က ရိပေါ်ဆူတော့တာပဲ
ဒါပေမယ့်
" ခင်ဗျားကို လိုက်ပို့ချင်လို့ " ဆိုတဲ့ စကားမှာ သူလုံးဝပါးစပ်အဟောင်းသားဖြစ်သွားရတယ်
ခေါင်းတင်မကဘူး တစ်ကိုယ်လုံးလှုပ်ခါပြီးငြင်းတာကိုတောင် မရဘူး။ သူ့ကို ဆိုင်ကယ်ပေါ်အတင်းကောက်တင်တာပဲ
နေမကောင်းတာကို ဘာတွေလျှောက်လုပ်နေတာလဲ လို့ပြောတော့လည်း
"လိုက်ပို့ပြီးရင်အိမ်မှာနားမှာ" ဆိုပြီးပဲပြောလာတယ်။

နောက်ဆုံးတော့ရှောင်ကျန့်ပဲအလျော့ပေးလိုက်ရတာပဲ
"ကိုင်ထား"
ရိပေါ်ပြောတော့ ရှောင်ကျန့်က စိတ်ဆိုးလက်စ ဆူနေတဲ့နှုတ်ခမ်းတစ်တောင်လောက်နဲ့ ရိပေါ်ရဲ့ အင်္ကျီခါးစနားကို လက်တွေက ခပ်ဖွဖွဆုပ်ကိုင်လာတယ်
တစ်ခုတည်းရှိတဲ့ ဆိုင်ကယ်ဦးထုပ်အပြာလေးကို ရှောင်ကျန့်ကိုလှည့်ဆောင်းပေးလာတော့ ရှောင်ကျန့်ကငြင်းတာပေါ့
"ရိပေါ်ပဲဆောင်း" ဆိုတော့ "မလိုဘူး" တဲ့

ADORE [Completed]Where stories live. Discover now