အပိုင်း ၂၀

17.3K 1.9K 59
                                    

[Zawgyi]

"ရိပေါ်လေး က လူပျိုပေါက်လေးဖြစ်ပြီး ချောလာလိုက်တာ"

ရှောင်ကျန့်ရဲ့မာမားကရိပေါ်ရဲ့ပန်းကန်ထဲကိုဟင်းတွေခပ်ထည့်ပေးရင်းပြောလာတယ် ရှောင်ကျန့်ကတော့ သူ့ပန်းကန်ထဲကိုဟင်းတွေထည့်မပေးလို့မားကိုနှုတ်ခမ်းဆူပြီးမျက်စောင်းလှမ်းလှမ်းထိုးနေတယ်
ရှောင်ကျန့်ရဲ့ မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ရိပေါ်ဆီက ခပ်တိုးတိုးရယ်သံထွက်လာပြီး သူ့ပန်းကန်ထဲကဟင်းတွေကိုရှောင်ကျန့်ဆီကို ပြောင်းထည့်ပေးလာတယ်

"စားပါ"

ဆူပုတ်ပုတ်ရုပ်နဲ့လာကြည့်နေတဲ့ရှောင်ကျန့်ကိုရိပေါ်အရီတစ်ဝက်နဲ့ပြောလိုက်တယ်

"ကျန့်ကျန့်ကတွေ့တယ်မလား အသက်ကကြီးနေပြီကို ကလေးလေးလိုပဲ"

မားမားက ရှောင်ကျန့်ကိုမျက်စောင်းကလေးပြန်လှမ်းထိုးရင်းပြောတော့ ရိပေါ်အသံထွက်အောင်ရယ်လိုက်မိတယ် ပါပါးကတော့ရှောင်ကျန့်နဲ့ရိပေါ်ကိုကြည့်ရင်းအပြုံးကြီးပြုံးနေတော့တာပဲ

"လူပျိုကြီးကနေ လူအိုကြီးဖြစ်တော့မယ်နော် ကျန့်ကျန့်.. အိမ်ထောင်ပြုဖို့ကခုထိစိတ်မကူးသေးဘူး"

"မားးးး"

မာမားက အမြဲဒီဇာတ်လမ်းကိုမစလိုက်ရရင်မနေနိုင်ဘူး
ရှောင်ကျန့်က မာမားကိုအော်ဟစ်ပြီးတားတော့ ပါပါးရဲ့ရယ်သံကပါထွက်လာတယ်

"ကျန့်ကော ကငယ်ပါသေးတယ်"

ရှောင်ကျန့်ရဲ့မျက်နှာကိုကြည့်ရင်း လေသံခပ်အေးအေးနဲ့ပြောလာတဲ့ရိပေါ်ရဲ့ နှုတ်ခမ်းတွေဟာ ခပ်ပြေပြေတွန့်ချိုးတယ်
ပါပါးက ဒါကိုမြင်တော့ သဘောတကျပြုံးတယ်

"ဟုတ်ပ..ကျန့်ကျန့် မိန်းမမရရင်တော့ဟေ့.. ရိပေါ်လေးလက်ထဲပဲအပ်ရမှာပဲ."

"ပါး.....ရေ"

ရှောင်ကျန့်က အသံကိုအီရင်း စားပွဲပေါ်ကို ခေါင်းလှဲချတော့ ရိပေါ်က အောက်ကနေလက်ဖဝါးလေးခံပေးထားပြန်တယ်
ရှောင်ကျန့်တောင်ကြောင်သွားတယ်..
ဒီနေ့မှအရမ်းဂရုစိုက်ပြနေသလိုပဲ ရိပေါ်..
မာမားနဲ့ပါပါးကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကြိတ်ပြုံးနေကြတယ်

ADORE [Completed]Where stories live. Discover now