အပိုင်း ၁၉

17.6K 2.1K 95
                                    

[Zawgyi]

လက်ထဲက ဘယ်သူထိုးထည့်ပေးသွားမှန်းမသိလိုက်တဲ့
"ဝမ်ရိပေါ် အတော်ဆုံး! ဝမ်ရိပေါ် ကြိုးစားထား! ဝမ်ရိပေါ် ချစ်တယ်" ဆိုတဲ့ banner ကြီးကိုင်ပြီး ရှောင်ကျန့် လူပုံအလယ်မှာ ငုတ်တုတ်!

ဝမ်ရိပေါ်ဆိုတဲ့ ကောင်ဆိုးလေးကတော့ ဘတ်စကတ်ဘောလုံးကို လှလှပပ လှည့်ပတ်သွယ်ဝိုက် သွင်းလိုက်ပြီးတာနဲ့ ပွဲကြည့်စင်ပေါ်က ရှောင်ကျန့် ကို လှမ်းလှမ်းရယ်ပြရတာ အမော။
မဟုတ်လည်းပဲ ပြိုင်ဘက်အသင်းက သွင်းလိုက်လည်း လှမ်းလှမ်းရယ်ပြနေတာပါပဲ။
အဲ့ဒိအချိန်ဆို ကျောင်းသူကျောင်းသားတွေရော ပွဲကြည့်ပရိသတ်တွေရော ရှောင်ကျန့် ထိုင်နေတဲ့ တစ်ဝိုက်ကို ဝေ့ဝေ့ကြည့်လာကြလို့ ရှောင်ကျန့်ပါဟိုကြည့်ဒီကြည့်လိုက်လုပ်ပစ်ရတယ်
banner ကိုတောင်မြင့်မြင့်မထောင်ရဲဘူး!
ယုဘင်းဆိုတဲ့ ရိပေါ်ရဲ့သူငယ်ချင်းကတော့ ဝမ်ရိပေါ်ကို လှမ်းလှမ်းဆဲတာ ဒီကနေတောင်ကြားရတယ်!

ဟုတ်တယ် သူအခု ရိပေါ်ရဲ့ ဘတ်စကတ်ဘောပြိုင်ပွဲထဲရောက်နေတာ။

ပြိုင်ဘက်အသင်းက ခပ်ထွားထွားကောင်ကြီးက ဝမ်ရိပေါ်လက်ထဲက ဘောလုံးကို လုဖို့ကြိုးစားတော့ ဝမ်ရိပေါ်က လှလှပပပဲ အကောင်ကြီးပေါင်ကြားထဲကနေတောင် ဘောလုံးကို ဖြတ်ပြီးပုတ်ပြသွားသေးတယ်
အကောင်ကြီးကတော့ တော်တော်နှာမှုတ်နေပြီ
ဝမ်ရိပေါ် ကလှလှပပသွင်းလိုက်နိုင်ပြန်ပြီ!

ရေးးးးးး ဝမ်ရိပေါ် ဝမ်ရိပေါ်!

ပရိသတ်တွေအကုန်ထအော်ခုန်ကြတော့ ရှောင်ကျန့်တောင်ဖင်နည်းနည်းကြွသွားပေမယ့် အဖွဲ့သားတွေ ဝိုင်းနေတဲ့ကြားထဲကတောင် သူ့ကိုလှမ်းရယ်ပြနေပြန်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် ဖင်တစ်ဝက်တစ်ပျက်လေထဲမှာတန့်သွားတယ်

ထုံးစံအတိုင်း သူ့ဘက်တစ်ဝိုက်ကို စောင်းငဲ့ကြည့်လာပြန်တဲ့ ခေါင်းတွေကြောင့် ရှောင်ကျန့် ပါဟိုကြည့်ဒီကြည့်လုပ်လိုက်ရပြန်တယ် ခေါင်းကုတ်ဖင်ကုတ်နဲ့ပေါ့

နှစ်ဖက်အသင်းက ရမှတ်မကွာတော့ အခြေအနေကအရမ်းတင်းမာနေပြီလို့ရှောင်ကျန့်ထင်တယ် သိပ်နားမလည်ပေမယ့် ဘေးကကျောင်းသူလေးတွေတွတ်ထိုးချက်ကအရ ဒီနှစ်သင်းက တကယ့်ဂေါင်တွေတဲ့

ADORE [Completed]Where stories live. Discover now