အပိုင်း ၂၃

17.4K 1.8K 29
                                    

[ Zawgyi ]

မြို့အပြန်လမ်းမှာ တရိပ်ရိပ်မောင်းနှင်နေတဲ့ ဘတ်စ်ကား ထဲက aircon လေအေး က ရိပေါ်အတွက်လုံလောက်တဲ့ အေးမြမှုမပေးနိုင်ဘူး။
သက်ပြင်းလေပူပူကလည်း ရင်ထဲက အပူတွေကိုမငြိမ်းပေးနိုင်ပြန်ဘူး။ သူ့ဘေးက ယုန်လေးကတော့ ကားပြတင်းမှန်ကို မီပြီးအေးအေးချမ်းချမ်းပဲအိပ်နေတယ်။
မနေ့က သူပြောခဲ့တာကိုပြန်စဉ်းစာမိတိုင်းရှောင်ကျန့် သူ့အပေါ် အမြင်မှားသွားမှာ သိပ်စိုးရိမ်တယ်။
စိတ်ကိုထိန်းချုပ်နိုင်စွမ်း အားလျော့နေတဲ့သူ့ကိုယ်သူလည်း တစ်ညလုံး အပြစ်တင်ခဲ့ပြီးပြီ။
ရှောင်ကျန့်ကတော့ ဘာမှမဖြစ်သလို ပြုံးပြုံးလေးပါပဲ။
ဖြစ်နိုင်တာက ညက သူအရိပ်ပြမိတာကို ကျန့်ကောက ဖုန်မှုန့်လေးတောင်မြင်မသွားတာပဲ။
ဒီလိုစဉ်းစားလိုက်တော့လည်း သူ့ရင်ထဲအဆင်ပြေသွားပေမယ့် အဆင်မပြေသေးပြန်ဘူး။
ရိပေါ် ဆံပင်တွေကိုထိုးဖွ ပြီး ရှေ့က ရေဘူးခြင်းလေးထဲက ရေကိုတစ်ကျိုက်တည်းမော့သောက်ပစ်လိုက်တယ်
ရေအေးအေး လည်း သူ့ရင်ပူပူကိုမကယ်တင်နိုင်ပြန်ပါဘူး

"ဒုန်း ဒုတ် ဒုတ်"

အသံကြောင့်ဘေးကိုလှည့်ကြည့်လိုက်တော့ ရှောင်ကျန့်ရဲ့ မီအိပ်နေတဲ့ခေါင်းက ပြတင်းမှန်ကို သွားသွားစောင့်နေတာ။
ရိပေါ် အမြန်ပဲ လက်ဖဝါးတစ်ဖက်ကို ရှောင်ကျန့်ခေါင်းနဲ့ မှန်ကြားထဲ လျှိုထည့်လိုက်တယ်

"အင်း အင့်"

ယုန်လေးက တစ်ချက်အိပ်ချင်မူးတူးအသံလေးနဲ့ အီရင်း ခေါင်းလေးကလည်း ရိပေါ်ရဲ့ လက်ဖဝါးကို တိုးဝေ့ပွတ်သပ်ပြီး ပြန်ငြိမ်သွားတယ်
ဒီပုံစံလေးက ရိပေါ်ရဲ့ ခိုးကြောင်ခိုးဝှက် ရင်ခုန်သံကို တိုးတိုးတိတ်တိတ် မြန်လာစေတော့ ရိပေါ်ရဲ့ နှုတ်ခမ်းပါးကလည်း ထပ်တူ တွန့်ချိုးသွားရပြန်တယ်

ကျနော့ရဲ့ စိတ်ရော ကိုယ်ရော ခင်ဗျားနဲ့သာ သက်ဆိုင်နေပြီထင်
........................................................................

အဲယားကွန်းလေအေးအေးမခံနိုင်တဲ့ ရှောင်ကျန့်က ချမ်းစိမ့်စိမ့်ခံစားချက်ကြောင့် မျက်လုံးတွေပွင့်လာပြီ။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက ရိပေါ်ရဲ့ရင်ဘတ်ကျယ်ကျယ်။
ရှောင်ကျန့်ရဲ့ ခေါင်းက ရိပေါ်ရဲ့ ပခုံးပေါ်ကို ငိုက်စိုက်မီပြီး အိပ်နေမိတာပဲ။
ရှောင်ကျန့်ရဲ့ကိုယ်မှာလည်း အနွေးထည်လေးတစ်ထည်လွှားပေးထားသေးတယ်။
တစ်ယောက်တစ်ဖက် တပ်ထားတဲ့ နားကြပ်ဆီက လွင့်ပျံလာတဲ့ သီချင်းသံကြောင့် ရှောင်ကျန့် ချက်ချင်းခေါင်းမထောင်လိုက်နိုင်ပဲ ငိုက်စိုက်မီထားတဲ့ခေါင်းကို ဘေးစောင်းလေးပြောင်းမီလိုက်မိတယ်။

ADORE [Completed]Where stories live. Discover now