ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

_ The End _

27.9K 2.6K 146
By i_lia_u

[Zawgyi]

"က်န္႔ေကာ"

မ်က္ရည္စေတြေၾကာင့္ မႈန္ဝါးေနတဲ့ ပိန္လ်လ် ခႏၶာကိုယ္အရိပ္ေလးဟာ က်န္႔ေကာပါလို႔ မေသခ်ာမေရရာေပမယ့္ ရိေပၚရဲ႕ႏွလံုးသားက ခံစားမိေနတယ္။
ရင္ခုန္သံေတြျမန္လာေပမယ့္ တကယ္လို႔ သူ အျမင္မွားတာသာ ဆိုရင္..

တံခါးေပါက္ကို မ်က္ႏွာလႊဲလိုက္ရင္း နႈတ္ခမ္းေတြ မ်က္ႏွာေတြ လည္ပင္းေတြကို လက္ႏွစ္ဖက္နဲ႔ ပြတ္သုတ္ေနမိတယ္။
က်န္႔ေကာက ေဆးလိပ္နံ့ေတြ ဘီယာနံ့ေတြ မခံႏိုင္ဘူးေလ။

ၿပီးေတာ့ အခု အနားကိုတျဖည္းျဖည္းေရာက္လာတဲ့ ေျခသံတိုးတိုးေလးေတြဟာ က်န္႔ေကာရဲ႕ ေျခသံေလးေတြျဖစ္ေနေစဖို႔ သူ ႀကိတ္ဆုေတာင္းေနမိတယ္။

ဆိုဖာေပၚေခါင္းငိုက္စိုက္က်ရင္း မ်က္ႏွာလႊဲထားတဲ့ရိေပၚရဲ႕ ေရွ႕တည့္တည့္ကိုလာရပ္တဲ့ ေျခအစံုဟာ က်န္႔ေကာရဲ႕ ေျခေခ်ာင္းျဖဴျဖဴေလးေတြပဲလို႔ ရိေပၚ အတပ္သိလိုက္ရတဲ့အခ်ိန္ မ်က္ရည္ေတြကေနာက္တစ္ခ်ိန္ ဝဲတက္လာျပန္တယ္။

ေျခစံုရက္ေနရာကေန ဒူးေထာက္ခ်လိုက္ခ်ိန္ ခပ္သင္းသင္းေရေမႊးနံ့ေလးကို ခံစား႐ွဴ႐ွိဳက္မိေတာ့ က်န္႔ေကာရဲ႕ ကိုယ္သင္းနံ့ေလးကိုေတာင္ သူဘယ္ေလာက္စြဲလမ္းေနမိၿပီလဲ ဆိုတာ သူ႔ကိုယ္သူနားလည္လိုက္တယ္။

အညိဳမဲဒဏ္ရာ ပလပြနဲ႔ ရိေပၚရဲ႕ ပါးတစ္ဖက္ကို ခပ္ဖြဖြထိေတြ႕လာတဲ့ လက္ေခ်ာင္းျဖဴျဖဴေလးေတြက သူအရမ္းတမ္းတေနမိတဲ့ က်န္႔ေကာရဲ႕ တစ္စိတ္တစ္ပိုင္း။

လက္ေခ်ာင္းျဖဴျဖဴေလးေတြက ငိုက္စိုက္က်ေနတဲ့ရိေပၚရဲ႕မ်က္ႏွာေလးကို အသာအယာဆြဲယူတယ္။
က်န္႔ေကာပါလို႔ ႏွလံုးသားကအတည္ျပဳေနေပမယ့္ ဦးေႏွာက္က က်န္႔ေကာ မဟုတ္မွာ သူအရမ္းစိုးရိမ္ေနမိတယ္။

က်န္႔ေကာငိုေနတယ္။
ေသေလာက္ေအာင္လြမ္းေနတဲ့ က်န္႔ေကာရဲ႕မ်က္ႏွာေလးက သိသိသာသာ ေခ်ာင္က်သြားၿပီး ႏြမ္းလ်လ်မ်က္ဝန္းေတြထဲျပည့္လွ်ံေနတဲ့ မ်က္ရည္ေတြက ပါးျပင္တစ္ေလွ်ာက္စီးက်ေနတယ္။
မ်က္လံုးနီရဲရဲေလးေတြမို႔အစ္ေနတဲ့အထိ ဒီလူက ဘယ္ေလာက္ေတာင္ငိုထားတာလဲ။
က်န္႔ေကာ ကိုဒီလိုျဖစ္ေစတာ ကိုယ္ကိုယ္တိုင္လို႔ သတိရမိတဲ့အခ်ိန္ နင့္ေနေအာင္နာက်င္လာတဲ့ ႏွလံုးသားက ကမ႓ာပ်က္မတတ္ပဲ။
က်န္႔ေကာက ရိေပၚရဲ႕ ပါးေပၚကဒဏ္ရာေလးေတြကို လက္မေလးနဲ႔ ဖြဖြပြတ္ရင္း စီးက်ေနတဲ့ မ်က္
ည္စေတြၾကားထဲ ေအာက္နႈတ္ခမ္းေလးကို ဖြဖြကိုက္ထားတယ္။

ျပန္႔က်ဲေနတဲ့ ဘယ္ႏွစ္ဗူးမွန္းမသိတဲ့ ဘီယာဗူးေတြ စားပြဲေပၚက ေခ်ခ်ထားၿပီးသား ေဆးလိပ္တိုေတာင့္ေလးေတြၾကားထဲ ေခါင္းငိုက္စိုက္က်ေနတဲ့ ရိေပၚရဲ႕ ပံုစံက ေရွာင္က်န္႔ရဲ႕ ႏွလံုးသားကို မီးေလာင္တိုက္သြင္းသလို ပူေလာင္ေစတယ္။
ေမွးစင္းက်ေနတဲ့ ရိေပၚရဲ႕ ခပ္ေလးေလး မ်က္ဝန္းေတြထဲက လွ်ံက်လာတဲ့ဝမ္းနည္းရိပ္ေတြကို ေရွာင္က်န္႔ ရင္နာနာနဲ႔ခံစားမိပါရဲ႕။

အဆက္မျပတ္စီးက်လာတဲ့ ကိုယ့္မ်က္ရည္ေတြကို ဆက္ၿပီးမျမင္ေစခ်င္တာေၾကာင့္မ်က္ႏွာလႊဲရင္း လက္ဖမိုးနဲ႔ဖိသုတ္လိုက္တယ္။

"ေဆးထည့္ေပးမယ္ေနာ္"

ရိေပၚရဲ႕တမ္းတလြမ္းဆြတ္မႈေတြဖံုးလႊမ္းေနတဲ့မ်က္ဝန္းေတြကို ခဏ ေရွာင္ဖယ္ခ်င္မိတယ္။
အားလံုးက ကိုယ့္အျပစ္ေတြပါပဲ။

ေဆးဗူးကဘယ္ေနရာမွန္းလည္း ေရွာင္က်န္႔မသိပါဘူး။
ဒါေပမယ့္ ဘယ္ေလာက္တားျမစ္ထားထား အဆက္မျပတ္ က်ေနတဲ့ မ်က္ရည္ေတြၾကားထဲမွာပဲ ေတြ႕ရာေနရာမွာ ေဆးဗူးကိုလိုက္ရွာေနမိတယ္။
တုန္ရီေနတဲ့လက္ေတြနဲ႔ မ်က္ရည္ေတြကိုဘယ္ေလာက္ပြတ္သုတ္သုတ္ ထပ္ခါထပ္ခါတိုးလို႔ စီးက်လာတဲ့မ်က္ရည္ေတြက ထူးမျခားနား။

ယုဘင္းရဲ႕အိမ္ကိုေတာင္ ရိေပၚတစ္ခါေျပာျပထားဖူးလို႔ သူအေရာက္လာႏိုင္တာ။
လာတဲ့လမ္းတစ္ေလွ်ာက္လည္း ရိေပၚေျပာျပဖူးတဲ့ လိပ္စာကို ေကာင္းေကာင္းမစဥ္းစားႏိုင္လို႔ ကားေပၚမွာတင္ အႀကီးအက်ယ္ ငိုခဲ့ေသးတယ္။
ေတာ္ေသးတယ္..
အေရာက္လာႏိုင္ခဲ့လို႔ တကယ္ကိုေတာ္ေသးတယ္။

ဧည့္ခန္းမွာဘာမွရွာမေတြ႕တဲ့အဆံုးမီးဖိုခန္းဘက္ကို ေျခလွမ္းျမန္ျမန္နဲ႔ လွမ္းလာလိုက္တယ္။
ဗီ႐ိုေတြတစ္ခုၿပီးတစ္ခု ဖြင့္ၾကည့္ေနေပမယ့္ ဘာေဆးဗူးမွ ရွာလို႔မေတြ႕ဘူး။
ရွာမေတြ႕ေလ ငိုခ်င္လာေလပဲ။
သူတကယ္ ကေလးရဲ႕မ်က္ႏွာႏုႏုေပၚက ဒဏ္ရာေတြကို ေသခ်ာမၾကည့္ရဲဘူး။ ျမင္ရတာ အရမ္းအသည္းနာဖို႔ေကာင္းလြန္းတယ္။
ဒါေတြကလည္း သူ႔အျပစ္ေတြပဲ။
ဗီ႐ို တံခါးကို လက္ေထာက္ရင္း ပုခံုးေတြတသိမ့္သိမ့္တုန္တဲ့အထိ ငိုေနမိျပန္တယ္။
ေပ်ာ့ညံ့တယ္ပဲဆိုဆို ရိေပၚအတြက္ဆိုရင္ ကူကယ္လို႔မရႏိုင္ေအာင္ ေပ်ာ့ညံ့သြားတတ္တာ..
ကိုယ္တကယ္ဘယ္လိုမွမတတ္ႏိုင္ဘူး။

ေနာက္ေက်ာဘက္က ၾကားလိုက္ရတဲ့ ေျခသံသဲ့သဲ့ေၾကာင့္ လွည့္ၾကည့္ဖို႔ျပင္လိုက္ေပမယ့္ ခါးကိုသြယ္ဖက္လာတဲ့ လက္ေမာင္းေတြနဲ႔အတူ ပခံုးေပၚကို ေခါင္းေလးမီတင္လာတယ္။

ေရွာင္က်န္႔ရဲ႕ မ်က္ရည္လဲ့လဲ့ မ်က္လံုးေလးေတြကဝိုင္းစက္သြားတာပဲ။
ပခံုးေပၚ ေမွာက္တင္ထားတဲ့ ရိေပၚရဲ႕ေခါင္းကေထာင္မတ္လာၿပီး နႈတ္ခမ္းပါးပါးက ေရွာင္က်န္႔ရဲ႕ နားထင္ေက်ာေလးေတြနားမွာ ေဆြးေဆြးေျမ႕ေျမ႕ရပ္တန္႔ေနတယ္။
ခါးကိုတင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားတဲ့ ရိေပၚရဲ႕ လက္ေတြကို အလန္႔တၾကားဆုပ္ကိုင္လိုက္မိတဲ့အထိပဲ။

"က်ေနာ့ဆီကိုအေရာက္လာခဲ့တာ ေဆးထည့္ေပးရံုအတြက္ပဲလား"

ေရွာင္က်န္႔ ရိေပၚရဲ႕လက္ေတြကိုတင္းတင္းဆုပ္ထားရင္း နားထဲကို တၿငိမ့္ၿငိမ့္စီးလာတဲ့ အသံလိႈင္းတိုးတိုးေလးကို ႏွလံုးသားနဲ႔ တိုက္႐ိုက္ခံစားၾကည့္မိတယ္။
ရိေပၚ အရမ္းဝမ္းနည္းေနတာ။

ေရွာင္က်န္႔ရဲ႕ အေျဖစကားတစ္ခြန္းမရွိတဲ့ ေျခာက္ကပ္ကပ္ေလထုမွာ ခါးေသးေသးေလးကိုတြယ္ဖက္ထားတဲ့ ရိေပၚရဲ႕လက္ေတြေျပေလ်ာ့သြားတာနဲ႔တစ္ၿပိဳင္တည္း ေရွာင္က်န္႔က မ်က္ႏွာခ်င္းဆိုင္ လွည့္ၾကည့္လာတယ္။

က်န္႔ေကာ အထင္မွားေစႏိုင္ေလာက္တဲ့ အျပဴအမူလုပ္မိလိုက္ျပန္ၿပီ။ က်ေနာ္တကယ္ က်န္႔ေကာကို ေျပာခဲ့မိတာေတြက လက္လြတ္စပယ္ျဖစ္သြားခဲ့တယ္။
ပါးစပ္ကထြက္သြားတဲ့ စိတ္ပ်က္စရာစကားလံုးေတြအတြက္ ႏွလံုးသားတစ္ခုလံုး ရင္းၿပီးနာက်င္ခဲ့ရၿပီ။
အမွန္ေတာ့ အပြန္းအပဲ့မခံႏိုင္တဲ့အထိ က်န္႔ေကာက က်ေနာ့အတြက္ တန္ဖိုးအရွိဆံုးတစ္ေယာက္တည္းေသာသူ။

မ်က္လံုးဝိုင္းဝိုုင္းေလးေတြကို အၾကည့္လႊဲရင္း စိတ္ထဲက ေျပာေနမိတဲ့ ေတာင္းပန္စကားေတြ အားလံုးရဲ႕ အႏွစ္ခ်ဳပ္ နႈတ္ထြက္စကားက..

"က်ေနာ္ ေတာင္းပန္ပါတယ္..
က်ေနာ္အရမ္းလြမ္းေနလို႔ပါ"

တျဖည္းျဖည္းငံု႔သြားတဲ့ ရိေပၚရဲ႕မ်က္ႏွာေလးကို လက္ေခ်ာင္းျဖဴလြလြေလးေတြက ဟန္႔တားျပန္တယ္။
ေရွာင္က်န္႔က ရိေပၚရဲ႕ မ်က္လံုးေတြကိုဆိုက္ၾကည့္လာၿပီး ရိေပၚရဲ႕ပါးႏွစ္ဖက္ကို လက္ဖဝါးေႏြးေႏြးေလးနဲ႔ အုပ္ကိုင္လာတယ္။

က်ေနာ့ ဆီကို တျဖည္းျဖည္းခ်ဥ္းကပ္လာတဲ့ က်န္႔ေကာရဲ႕မ်က္ႏွာေလးနဲ႔ မွိတ္က်သြားတဲ့မ်က္လံုးေလးေတြက သိပ္ကဗ်ာဆန္တာပဲ။
နႈတ္ခမ္းေပၚ အိအိညက္ညက္အနမ္းေလး ျဖစ္တည္လာတဲ့အထိ ရိေပၚက ေရွာင္က်န္႔ရဲ႕ မ်က္ခံု မို႔မို႔ေလးေတြနဲ႔ မ်က္ေတာင္စိပ္စိပ္ေလးေတြကို ေၾကာင္ေငးၾကည့္ေနတယ္။

က်န္႔ေကာကစၿပီး က်ေနာ့ကိုေပးတဲ့ ပထမဆံုးအနမ္း။
က်ေနာ္ ခိုးနမ္းခဲ့ဖူးတဲ့ တစ္ဖက္သက္ အနမ္းေတြနဲ႔ယွဥ္လို႔မရေလာက္ေအာင္ ဒါက အခ်ိဳၿမိန္ဆံုးေသာ အၾကင္နာ။

ရိေပၚရဲ႕လက္တစ္ဖက္က ေရွာင္က်န္႔ရဲ႕ ခါးေသးေသးကို သြယ္ဖက္လာၿပီး ေနာက္တစ္ဖက္က ေခါင္းအေနာက္ကို ထိန္းကိုင္ထားရင္း ေရွာင္က်န္႔ရဲ႕ေက်ာ နံရံကိုကပ္လိုက္မိတဲ့အထိ အနမ္းေတြကို မြတ္မြတ္သိပ္သိပ္ တုန္႔ျပန္လာတယ္။
ေရွာင္က်န္႔ရဲ႕ မ်က္ေတာင္စိပ္ေလးေတြကိုေငးၾကည့္ေနခဲ့တဲ့ ရိေပၚရဲ႕ မ်က္လံုးေတြလည္းတျဖည္းျဖည္းေမွးစင္းသြားျပီ။

ရိေပၚရဲ႕ ပါးကို အုပ္ကိုင္ထားတဲ့ ေရွာင္က်န္႔ရဲ႕လက္ေတြက ေလွ်ာဆင္းသြားၿပီး လည္တိုင္သြယ္ကို ယွက္ႏြယ္ေနရာယူလာတယ္။

ျဖည္းျဖည္းခ်င္း ၿငိမ့္ၿငိမ့္ေလး ဆြဲငင္နမ္း႐ွိဳက္ေနတဲ့ အႏူးညံ့ဆံုးေသာအၾကင္နာဟာ ေရွာင္က်န္႔ရဲ႕ မ်က္ရည္စေတြကို ထိကပ္ေနတဲ့ပါးတစ္ဖက္ကေန ခံစားသိရွိလိုက္ရတဲ့အခ်ိန္မွာ မခြဲခ်င္ပါပဲ ဒီနႈတ္ခမ္းနီးေစြးေစြးေလးကို ႏွေျမာတသစြာ ခြဲခြာလိုက္ရတယ္။

ေရွာင္က်န္႔က အနမ္းေတြရပ္တန္႔သြားတာနဲ႔တစ္ၿပိဳင္တည္း ရိေပၚရဲ႕ ရင္ဘတ္ေပၚကို မ်က္ႏွာအပ္လာတယ္။
ရိေပၚရဲ႕ လည္တိုင္ကို ဖက္တြယ္ထားတဲ့ လက္ေတြကေတာ့ အလြတ္မေပးေသးဘူး။
ရိေပၚ ေရွာင္က်န္႔ရဲ႕ ခါးေလးကိုတင္းတင္းဖက္ၿပီး ဆံပင္အိအိေလးေတြကို နမ္း႐ွိဳက္ရင္း ေရွာင္က်န္႔ရဲ႕ကိုယ္ပိုင္ ခပ္သင္းသင္းအေမြးနံ့ေလးကိုခံစားေနမိတယ္။

"က်န္႔ေကာ"

ႏူးႏူးညံ့ညံ့ျဖစ္တည္လာတဲ့ ရိေပၚရဲ႕ေလသံတိုးတိုးက အခုန္ျမန္ေနၿပီးသား ႏွလံုးအိမ္တစ္ခုလံုးကို ႏွစ္ဆကိုင္လႈပ္ႏိုင္စြမ္းရွိတယ္။

"က်ေနာ့ကို ဘာလို႔နမ္းတာလဲ"

ေရွာင္က်န္႔ရဲ႕ မ်က္ႏွာေလးက ရင္ခြင္ထဲကို ပိုတိုးလို႔ဝင္လာတယ္။

"က်ေနာ္ ဟိုတစ္ေန႔က အတင္းနမ္းခဲ့လို႔ ျပန္လက္စားေခ်တာလား"

ဒီလို စကားနာထိုးေတာ့ ရင္ခြင္ထဲကေန အတင္းတိုးထြက္လာတာ တင္းတင္းဖက္ထားတာေတာင္ မရဘူး။
မ်က္ေစာင္းလွလွေလးထိုးရင္း ဆူပုပ္ပုပ္လုပ္ေနတာ က်ေနာ့ထက္ အသက္ႀကီးတဲ့သူလို႔ ယံုခ်င္စရာမရွိဘူး တကယ္။

"ဟင္ ေျဖေလ"

ရိေပၚရဲ႕အႏူးညံ့ဆံုးေသာ အသံေလးကို ေရွာင္က်န္႔ လြတ္မသြားေအာင္ ႏွလံုးသားထဲအထိ မွတ္သားသိမ္းဆည္းလိုက္မိတယ္။
ေအာက္နႈတ္ခမ္းေလးကို ဖြဖြကိုက္လိုက္တဲ့ က်န္႔ေကာရဲ႕ ပံုစံက ရိေပၚ႐ူးခါသြားဖို႔အတြက္ ထိုက္တန္ပါရဲ႕။

ရိေပၚရဲ႕လည္ပင္းကိုသိုင္းဖက္ထားတဲ့ ေရွာင္က်န္႔ရဲ႕လက္သြယ္ေလးေတြက တျဖည္းျဖည္းေလွ်ာဆင္းလာၿပီး လက္ေခ်ာင္းထိပ္ေလးေတြက ရိေပၚရဲ႕ ရင္ဘတ္ေပၚမွာ ခိုနားတယ္။

ေရွာင္က်န္႔ရဲ႕ညာဘက္ လက္ညိဳးသြယ္ေလးက ရိေပၚရဲ႕ ဘယ္ဘက္ရင္အံုေပၚမွာ ဖြဖြလႈပ္ရွားရင္း စာလံုးတစ္ခ်ိဳ႕ကိုပံုေဖာ္ေနတယ္။

"哥哥爱你" ( gege ai ni)

ဒီစာလံုးေလး ေလးလံုးေရးၿပီးတာနဲ႔ သူ႔ကိုယ္တိုင္သေဘာတက်ယုန္သြားေလးေတြလစ္ဟာတဲ့အထိရယ္ၿပီး
ရိေပၚရဲ႕ ရင္ဘတ္ေပၚက လက္ေခ်ာင္းေလးေတြက လည္တိုင္ကိုျပန္ၿပီး သြယ္ဖက္လာတယ္။
မ်က္ႏွာေလးကိုလည္း ရင္ခြင္ထဲမွာ တိုးေဝ့ဖြက္ထားျပန္တယ္။

အျပံဳးႀကီးျပံဳးေနတဲ့ ရိေပၚကေတာ့ က်န္႔ေကာရဲ႕ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ အျပဳအမူေလးေၾကာင့္ ေသေပ်ာ္ေလာက္ေအာင္ ႐ူးခ်င္ေနၿပီ။

"က်န္႔ေကာ ဘာျဖစ္သြားတာလဲ.. မ်က္ႏွာေလးၾကည့္ပါရေစဦး"

ရင္ခြင္ထဲကေခါင္းေလးက လႈပ္စိလႈပ္စိနဲ႔ ခါလာတယ္။
ရိေပၚက ရင္ခြင္ထဲက မ်က္ႏွာေလးကိုဆြဲထုတ္ဖို႔ၾကံေတာ့ ေရွာင္က်န္႔ရဲ႕ လက္သီးဆုပ္ေလးက ရိေပၚရဲ႕ ေက်ာျပင္ကို ဖြဖြ ထု႐ိုက္လာၿပီး အသံတိုးတိုးေလးထြက္လာတယ္။

"ရွက္ေနတယ္ေလကြာ" တဲ့။

အား! ႐ူးေတာ့မွာပဲ!
ေရွာင္က်န္႔ရဲ႕ ကိုယ္လံုးေလးကို အတင္းျဖစ္ညစ္ဖက္လိုက္ေတာ့ အင့္ ခနဲအသံေလးက အသည္းႏွလံုးေတြ ယြစိတက္ေအာင္ထြက္လာေသးတယ္။
အရပ္အနည္းငယ္ကြာဟခ်က္ေၾကာင့္ က်န္႔ေကာက ခါးနည္းနည္းကိုင္းထားရၿပီး ရိေပၚက ေျခဖ်ားေလးနည္းနည္းေထာက္ထားရေပမယ့္ ထိန္းမႏိုင္သိမ္းမႏိုင္ အခ်စ္စိတ္ေတြေၾကာင့္ အားလံုး အဆင္ေျပေျပပါပဲ။

ခဏၾကာမွ က်န္႔ေကာရဲ႕ မ်က္ႏွာေလးက ရိေပၚရဲ႕ လက္ဖဝါးႀကီးႀကီးေတြၾကားထဲ အံဝင္ခြင္က်ပါလာတယ္။
မ်က္လံုးခ်င္းဆံုေအာင္မ်က္ႏွာေလးကို ေမာ့ေစလိုက္ေတာ့ ျပံဳးျပံဳးေလးေမာ့ၾကည့္လာတယ္။

"က်န္႔ေကာက က်ေနာ့အပိုင္ျဖစ္လာမယ္ဆိုတာကို က်ေနာ္သိတယ္"

က်န္႔ေကာကေတာ့ ဘာရယ္မဟုတ္ နႈတ္ေခါင္းေလးရွံု႕ျပလိုက္ေပမယ့္ ဒီလူကခ်စ္လြန္းလို႔ ေသရပါေတာ့မယ္ဗ်ာ။
က်န္႔ေကာရဲ႕ နႈတ္ခမ္းနီေစြးေစြးလးဆီကို တိုးကပ္သြားေတာ့ လက္ဖ်ားေလးနဲ႔ ရိေပၚရဲ႕ နႈတ္ခမ္းဖူးဖူးေလးကို ဖြဖြ႐ိုက္လာတယ္။

"ေဆးလိပ္နံ့ေတြေရာ ဘီယာနံ့ေတြေရာ ေရလည္းမခ်ိဳးတာၾကာၿပီမဟုတ္လား... သြား! ေရအရင္သြားခ်ိဳး!"

ရိေပၚက ေအာက္နႈတ္ခမ္းႀကီး တစ္ေတာင္ေလာက္ေထာ္ရင္းဘုၾကည့္ၾကည့္တယ္။
မၾကာဘူး ၿပီတီတီ႐ုပ္ႀကီး ျပန္ျဖစ္လာျပန္ၿပီ။

"က်န္႔ေကာ ခ်ိဳးေပးေလ"

"ဟိတ္"

က်န္႔ေကာက ရိေပၚရဲ႕ ပခံုးကို႐ိုက္ရင္း စကားဟန္႔တယ္။
ဒါ ဒီလူႀကီးရဲ႕ရွက္ပံုရွက္နည္းတစ္မ်ိဳးေလးေပါ့။

"ဘာျဖစ္လဲ ကိုယ့္ခ်စ္သူပဲဟာကို"

က်န္႔ေကာရဲ႕ လက္ဖ်ားေလးေတြကို တင္းတင္းဖိဆုပ္ရင္း ခ်စ္စကားေျပာေတာ့ မ်က္ႏွာေလးက ခ်က္ခ်င္း နီျမန္းျမန္း အေရာင္ေလးေျပာင္းသြားတာ အရမ္းလွလြန္းတယ္။
ဆုပ္ကိုင္ထားတဲ့ လက္ကို ဖယ္ခြာၿပီး ရိေပၚရဲ႕ ေက်ာျပင္ကို အတင္းတြန္းလႊတ္ေနျပန္တယ္။

"သြား! ေရခ်ိဳးပါေတာ့ဆို..  အ! လႊတ္ ဝမ္ရိေပၚ လႊတ္!"

ရိေပၚက လႈပ္ရြျငင္းဆန္ေနတဲ့ေရွာင္က်န္႔ကိုယ္လံုးေလးကို မခ်ီထားျပီး ေရခ်ိဳးခန္းဆီဦးတည္သြားေနၿပီ။

"ေျခေထာက္နာေနတယ္မလား... ေကာကိုခ်ေပးေတာ့..ရိေပၚ"

ရိေပၚေျခေထာက္ဒဏ္ရာရထားမွန္းသတိရသြားေတာ့ က်န္႔ေကာရဲ႕ လႈပ္ယြေနတဲ့ကိုယ္လံုးေလးက ၿငိမ္က်သြားၿပီး ကေလးကိုေခ်ာ့ေျပာသလို ေလသံေအးေအးေလးနဲ႔ နားခ်ေနတယ္။
ဒီလို အေသးအဖြဲ ဂ႐ုစိုက္မႈေလးေတြနဲ႔တင္ ဒီလူရဲ႕ ႏွလံုးသားက အရည္ေပ်ာ္ျပန္ပါျပီ။
ဒါေပမယ့္ ခုေတာ့ အေလ်ာ့မေပးဘူး။
ေရခ်ိဳးခန္းတံခါးကေတာ့ ေစ့ပိတ္သြားၿပီေပမယ့္ စကားသံေတြကေတာ့ေအာ္ႀကီးဟစ္က်ယ္ လိႈင္ထြက္လာတာပဲ။

"ဆရာေရွာင္ ၿငိမ္ၿငိမ္ေနေလဗ်ာ"

"ဝမ္ရိေပၚ မင္းလူမွဟုတ္ရဲ႕လား!"

က်ေနာ္တို႔ႏွစ္ေယာက္ၾကားမွာ ေျဖရွင္းခ်က္ေတြ ေတာင္းပန္စကားေတြ မလိုေလာက္ေတာ့တဲ့အထိ ႏွလံုးသားႏွစ္ခုကို ထပ္တုက်ေစမယ္။

က်ေနာ့ႏွလံုးသားကို က်န္႔ေကာပိုင္တယ္။
က်န္႔ေကာႏွလံုးသားကိုလည္း က်ေနာ္အပိုင္သိမ္းမယ္။

အလိုက္တသိ အိမ္ကထြက္သြားေပးတဲ့ ယုဘင္းနဲ႔ ဂ်ိယန္ကိုေတာ့ စၾကာဝ႒ာႀကီးနဲ႔ ခ်ီၿပီးကို ေက်းဇူးေႂကြးတင္ခံလိုက္ပါၿပီ။

မင္းတို႔ကို ဒီကအကိုႀကီးက ရွဲ႕ရွဲ႕ကမ႓ာပါ.. ဘရားသားတို႔!

...................................................

ႏွစ္ေယာက္သားမတိုင္ပင္ပါပဲ လမ္းေလွ်ာက္ အိမ္ျပန္ျဖစ္ၾကတယ္။ ေျခာက္နာရီဆိုတဲ့အခ်ိန္က ေမွာင္ရီရီနဲ႔ သိပ္စိတ္ကူးယဥ္ဆန္တာပဲ။ ဒါကလည္းကိုယ့္ေဘးနားရွိေနတဲ့ တစ္ေယာက္ေသာသူေၾကာင့္ ျဖစ္မယ္။

လက္ႀကီးႀကီးၾကားထဲ ပံုစံတက် ဆုပ္ကိုင္ခံထားရတဲ့ လက္ေသးေသးေလးက မၾကာခဏ ႏွစ္ေယာက္လံုးရဲ႕ သြားေလးေတြလစ္ခနဲေပၚသြားေစတဲ့အထိ ျပံဳးရယ္ေစႏိုင္တယ္။
ညဘက္လမ္းမီးတိုင္ေလးေတြေတာင္ ဝါက်င့္က်င့္လင္းထိန္လာၿပီ။ မီးအလင္းဝါဝါေလးထဲ က်န္႔ေကာရဲ႕ပါးေလးေတြက သိသိသာသာ ရဲေနတုန္းပဲ။
က်န္႔ေကာက ရွက္ေနေသးတာ။
ၿပီးေတာ့ ေျပာေသးတယ္။

  "မနက္ကအထိ မေခၚမေျပာျဖစ္ေနတဲ့ သူေတြက
ဒီေလာက္ျမန္ျမန္ ျပန္အဆင္ေျပသြားေတာ့တစ္မ်ိဳးပဲေနာ္" တဲ့..

ဒီေတာ့ က်ေနာ္က "ခ်စ္တာကိုး" လို႔ျပန္ေျဖေတာ့..
ရွက္ျပံဳးေလးျပံဳးေသးတာ။

ညေနဘက္ေစ်းတန္းေလးေတြေရွ႕ေရာက္ေတာ့ က်န္႔ေကာက လက္ညိဳးေတြေလွ်ာက္ထိုးၿပီး ပါးစပ္ကလည္းေတြ႕သမွ်အရာေတြအေၾကာင္း ပြစိပြစိေျပာေနေသးတာ။

က်န္႔ေကာရဲ႕ ေျခလွမ္းေတြက ေစ်းတန္းအလယ္နားက ဆိုင္ခန္းေသးေသးေလးေတြေရွ႕ေရာက္ေတာ့ တျဖည္းျဖည္းေႏွးသြားတယ္။
ၾကယ္မီးပန္းေလးေတြနဲ႔ အဏုျမဴလက္ေကာက္ေလးေတြ။
ၾကည္ႏူးစရာလား ေၾကကြဲစရာလား ေဝခြဲလို႔မရႏိုင္တဲ့ က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ အမွတ္တရေတြကို က်န္႔ေကာ ေတြးမိေနၿပီလား။
က်န္႔ေကာရဲ႕ နႈတ္ခမ္းေတြကေတာ့ ဖြဖြျပံဳးေနတာပဲ။

"က်န္႔ေကာ"

ရိေပၚက ေရွာင္က်န္႔ရဲ႕ ပါးေလးေတြကို အုပ္ကိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္ေစတယ္။

"လူေတြအမ်ားႀကီးပဲကို"

မသိမသာတစ္မ်ိဳး သိသိသာသာတစ္မ်ိဳး အကဲခတ္ေနတဲ့ လူေတြေၾကာင့္ ေရွာင္က်န္႔က ေနရခက္ၿပီး ရိေပၚကိုတြန္းလႊတ္ေနတယ္။

"က်ေနာ့ကိုၾကည့္!"

ရိေပၚရဲ႕ အတိုးမက်ယ္ အသံအဆံုး ေရွာင္က်န္႔ရဲ႕မ်က္လံုးေလးေတြနဲ႔ ဆံုခြင့္ရလိုက္တယ္။

"က်န္႔ေကာေျပာဖူးတယ္မလား.. အဏုျမဴကြင္းေလးေတြက သူတို႔မစြမ္းႏိုင္ေတာ့တဲ့အခ်ိန္ေရာက္ရင္ အေမွာင္ထဲမွာေတာင္မလင္းႏိုင္ေတာ့ဘူး ဆို"

ေရွာင္က်န္႔က ေခါင္းၿငိမ့္တယ္။

"က်ေနာ့ႏွလံုးသားရဲ႕ သက္တမ္းအခ်ိန္ကိုေတာ့ က်န္႔ေကာကသတ္မွတ္ေပးရမယ္..ထာဝရအတြက္ဆိုရင္ေတာင္ျဖစ္တယ္"

ေရွာင္က်န္႔ ရဲ႕ မ်က္လံုးေလးေတြက ဝိုင္းစက္သြားတယ္။

"ၿပီးေတာ့ ၾကယ္မီးပန္ေလးေတြကလည္း သူတို႔ရဲ႕ သက္တမ္းတိုေလးအတြင္းမွာပဲ အလွပဆံုးေတာက္ပေပးႏိုင္ၾကတာဆို"

"...."

"က်ေနာ့ႏွလံုးသားကေတာ့ က်န္႔ေကာ အလိုရွိတဲ့အခ်ိန္ထိ က်န္႔ေကာ တစ္ေယာက္တည္းအတြက္ပဲ အလွပဆံုး ခုန္ေနေပးမွာ"

ေရွာင္က်န္႔ရဲ႕ နႈတ္ခမ္းေထာင့္ဖ်ားေလးေတြက လွလွပပ
ေကာ့တက္သြားတယ္။

"အဏုျမဴကြင္းေလးေတြနဲ႔ ျကယ္မီးပန္းေလးေတြကို သေဘာက်ရတာ ေလာဘႀကီးလို႔မရေပမယ့္
က်ေနာ့ကိုေတာ့ က်န္႔ေကာ တစ္ဘဝလံုးပံုေအာၿပီး ေလာဘႀကီးလို႔ရတယ္..
က်ေနာ္က သူတို႔နဲ႔မတူဘူး...
သူတို႔ကို သံေယာဇဥ္တြယ္လို႔မရႏိုင္ေပမယ့္ က်ေနာ့ကိုေတာ့ လြတ္ထြက္မသြားေအာင္ သံေယာဇဥ္ႀကိဳးေတြတစ္ပံုႀကီးနဲ႔ ရစ္ပတ္ထားေပး... ေနာ္"

အသည္းငယ္တဲ့ က်ေနာ့ရဲ႕ လူႀကီးက အရည္လဲ့လာတဲ့မ်က္လံုးဝိုင္းေလးေတြနဲ႔အတူ ေခါင္းေလးကိုခ်စ္ဖို႔ေကာင္းေအာင္ တဆတ္ဆတ္ၿငိမ့္တယ္။
ခင္ဗ်ားရဲ႕ မ်က္ရည္စေလးေတြကိုေတာင္ တယုတယ ႏွစ္သက္ေနမိေၾကာင္း ဝန္ခံပါတယ္။

"ဒါေၾကာင့္ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ပဲ က်ေနာ့ရဲ႕ မ်က္လံုးေတြကိုပဲျကည့္ေနေပး.. ေနာ္"

က်န္႔ေကာရဲ႕ မ်က္ဝန္းေတြထဲမွာ ထင္ဟပ္ေနတဲ့ က်ေနာ့ပံုရိပ္ကေနတစ္ဆင့္ က်န္႔ေကာရဲ႕ ႏွလံုးသားကို က်ေနာ္ရွာေဖြမယ္။
က်န္႔ေကာလည္း က်ေနာ့မ်က္ဝန္းေတြကေနတစ္ဆင့္ က်ေနာ့ႏွလံုးသားကိုရွာေဖြပါ။

နႈတ္ခမ္းသားႏွစ္ခုက ၾကင္ၾကင္နာနာထိကပ္သြားတဲ့အထိ ႏွစ္ေယာက္လံုး မ်က္လံုးေတြ ေမွးစဥ္းပစ္ဖို႔ေမ့ေလ်ာ့ေနခဲ့တယ္။
အၾကင္နာအနမ္းက ထိကပ္ရံုခဏေလးနဲ႔ ျပန္႐ုတ္သိမ္းလိုက္ရေပမယ့္ တစ္ေယာက္ႏွလံုးသားကိုတစ္ေယာက္ ေသာ့ခပ္ႏိုင္လိုက္ၿပီ လို႔ ရင္ဘတ္ႀကီးက အတည္ျပဳတယ္။

"ခ်စ္တယ္"

စိတ္ထဲ အိပ္မက္ထဲ အေတြးထဲ သြယ္ဝိုက္ေသာနည္းေတြ အသံတိတ္နည္းေတြနဲ႔ အႀကိမ္ႀကိမ္ဝန္ခံခဲ့ဖူးတဲ့ ခ်စ္စကားက အခု ကိုယ္တိုင္ကိုယ္က် နႈတ္ဟဝန္ခံလိုက္ရတဲ့အခ်ိန္ က်ေနာ့ ႏွလံုးအိမ္က မညႇာမတာ ခုန္ေပါက္ေနတယ္ဆိုတာ ခင္ဗ်ားသိပါေစ။
က်ေနာ္အႏွစ္သက္ဆံုး အျပံဳးေတြနဲ႔ သူကေတာ့ က်ေနာ့ႏွလံုးခုန္သံေတြကို ရင္ဘတ္ေပၚဖြဖြတင္ထားတဲ့ လက္ဖ်ားေလးေတြကေနတစ္ဆင့္ ခံစားမိေနမွာပါ။

.................

ခ်စ္မိသြားရင္ကိုယ့္မ်က္ဝန္းေတြထဲမင္းကိုပဲ ျမင္ႏိုင္ေတာ့မွာ..
ျမတ္ႏိုးမိသြားရင္ေတာ့ ကိုယ့္ႏွလံုးသားအိမ္ေလးထဲ မင္းတစ္ေယာက္တည္းကိုပဲထည့္ဖြက္ၿပီး သိမ္းထားခ်င္ေနေတာ့မွာ..

တို႔ႏွစ္ေယာက္ၾကားက မျမင္ႏိုင္တဲ့ႀကိဳးေတြကိုေတာ့ အခ်စ္လို႔ပဲေခါင္းစဥ္တပ္လို႔မရသလို..
ျမတ္ႏိုးျခင္းလို႔ပဲလည္း ေခါင္းစဥ္တပ္လို႔မရျပန္ဘူး..
ကိုယ္ကမင္းကို
ႏွလံုးသားအိမ္ေလးထဲထည့္ဖြက္ထားၿပီး
အၿမဲေငးေမာၾကည့္ေနခ်င္ေသးတာပဲ..
ဒါေၾကာင့္ကိ္ုယ္ကမင္းကို

ခ်စ္တာထက္ ပိုလို႔
....ျမတ္ႏိုးမိရံုေလးသာ..

________________________________________

A/N

အိုက္႐ိုး စာလံုးေရ ၅၀၀၀ ေက်ာ္ေနာ္!

ဒါဟာ ဇာတ္အဆံုးမဟုတ္ေပမယ့္ ဇာတ္သိမ္းလို႔ေျပာလို႔ရတယ္....
ဒါေပမယ့္ The မ End ေသးပါဘူး...
ေျပာဖူးပါတယ္ ထိုက္တန္ေသာသၾကားခဲႀကီးမ်ား ခ်ေကၽြးပါဦးမယ္လို႔... ဒါေပမယ့္ ဒီတစ္ပိုင္းနဲ႔တင္ ေတာ္ေတာ္႐ိုေနၿပီ ႏွစ္ေယာက္က..
ကိုယ္ေတာင္ ဒီပလက္ရွင္ဝင္တယ္.. -.-

ဆိုေတာ့ ကိုယ့္သၾကားခဲႀကီးေတြနဲ႔ထိုက္တန္ေအာင္
ဒီအပိုင္းမွာေတာ့ ႀကိဳက္ရင္ၾကယ္ေပးမွျဖစ္မယ္..
feedback ေတြေရာ ေပးရမယ္.. ဒါပဲ!

အဲ.. စာအုပ္ထုတ္ဖို႔ကေတာ့ ဇာတ္ဆံုးမွ တိုင္ပင္တာေပါ့!
ထုတ္ေစခ်င္တယ္ လာလာေျပာၾကလို႔..
တကယ္ ထုတ္ေစခ်င္တယ္ေပါ့?

______________________________
_______________________________

[Unicode]

"ကျန့်ကော"

မျက်ရည်စတွေကြောင့် မှုန်ဝါးနေတဲ့ ပိန်လျလျ ခန္ဓာကိုယ်အရိပ်လေးဟာ ကျန့်ကောပါလို့ မသေချာမရေရာပေမယ့် ရိပေါ်ရဲ့နှလုံးသားက ခံစားမိနေတယ်။
ရင်ခုန်သံတွေမြန်လာပေမယ့် တကယ်လို့ သူ အမြင်မှားတာသာ ဆိုရင်..

တံခါးပေါက်ကို မျက်နှာလွှဲလိုက်ရင်း နှုတ်ခမ်းတွေ မျက်နှာတွေ လည်ပင်းတွေကို လက်နှစ်ဖက်နဲ့ ပွတ်သုတ်နေမိတယ်။
ကျန့်ကောက ဆေးလိပ်နံ့တွေ ဘီယာနံ့တွေ မခံနိုင်ဘူးလေ။

ပြီးတော့ အခု အနားကိုတဖြည်းဖြည်းရောက်လာတဲ့ ခြေသံတိုးတိုးလေးတွေဟာ ကျန့်ကောရဲ့ ခြေသံလေးတွေဖြစ်နေစေဖို့ သူ ကြိတ်ဆုတောင်းနေမိတယ်။

ဆိုဖာပေါ်ခေါင်းငိုက်စိုက်ကျရင်း မျက်နှာလွှဲထားတဲ့ရိပေါ်ရဲ့ ရှေ့တည့်တည့်ကိုလာရပ်တဲ့ ခြေအစုံဟာ ကျန့်ကောရဲ့ ခြေချောင်းဖြူဖြူလေးတွေပဲလို့ ရိပေါ် အတပ်သိလိုက်ရတဲ့အချိန် မျက်ရည်တွေကနောက်တစ်ချိန် ဝဲတက်လာပြန်တယ်။

ခြေစုံရက်နေရာကနေ ဒူးထောက်ချလိုက်ချိန် ခပ်သင်းသင်းရေမွှေးနံ့လေးကို ခံစားရှူရှိုက်မိတော့ ကျန့်ကောရဲ့ ကိုယ်သင်းနံ့လေးကိုတောင် သူဘယ်လောက်စွဲလမ်းနေမိပြီလဲ ဆိုတာ သူ့ကိုယ်သူနားလည်လိုက်တယ်။

အညိုမဲဒဏ်ရာ ပလပွနဲ့ ရိပေါ်ရဲ့ ပါးတစ်ဖက်ကို ခပ်ဖွဖွထိတွေ့လာတဲ့ လက်ချောင်းဖြူဖြူလေးတွေက သူအရမ်းတမ်းတနေမိတဲ့ ကျန့်ကောရဲ့ တစ်စိတ်တစ်ပိုင်း။

လက်ချောင်းဖြူဖြူလေးတွေက ငိုက်စိုက်ကျနေတဲ့ရိပေါ်ရဲ့မျက်နှာလေးကို အသာအယာဆွဲယူတယ်။
ကျန့်ကောပါလို့ နှလုံးသားကအတည်ပြုနေပေမယ့် ဦးနှောက်က ကျန့်ကော မဟုတ်မှာ သူအရမ်းစိုးရိမ်နေမိတယ်။

ကျန့်ကောငိုနေတယ်။
သေလောက်အောင်လွမ်းနေတဲ့ ကျန့်ကောရဲ့မျက်နှာလေးက သိသိသာသာ ချောင်ကျသွားပြီး နွမ်းလျလျမျက်ဝန်းတွေထဲပြည့်လျှံနေတဲ့ မျက်ရည်တွေက ပါးပြင်တစ်လျှောက်စီးကျနေတယ်။
မျက်လုံးနီရဲရဲလေးတွေမို့အစ်နေတဲ့အထိ ဒီလူက ဘယ်လောက်တောင်ငိုထားတာလဲ။
ကျန့်ကော ကိုဒီလိုဖြစ်စေတာ ကိုယ်ကိုယ်တိုင်လို့ သတိရမိတဲ့အချိန် နင့်နေအောင်နာကျင်လာတဲ့ နှလုံးသားက ကမ္ဘာပျက်မတတ်ပဲ။
ကျန့်ကောက ရိပေါ်ရဲ့ ပါးပေါ်ကဒဏ်ရာလေးတွေကို လက်မလေးနဲ့ ဖွဖွပွတ်ရင်း စီးကျနေတဲ့ မျက်
ည်စတွေကြားထဲ အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်ထားတယ်။

ပြန့်ကျဲနေတဲ့ ဘယ်နှစ်ဗူးမှန်းမသိတဲ့ ဘီယာဗူးတွေ စားပွဲပေါ်က ချေချထားပြီးသား ဆေးလိပ်တိုတောင့်လေးတွေကြားထဲ ခေါင်းငိုက်စိုက်ကျနေတဲ့ ရိပေါ်ရဲ့ ပုံစံက ရှောင်ကျန့်ရဲ့ နှလုံးသားကို မီးလောင်တိုက်သွင်းသလို ပူလောင်စေတယ်။
မှေးစင်းကျနေတဲ့ ရိပေါ်ရဲ့ ခပ်လေးလေး မျက်ဝန်းတွေထဲက လျှံကျလာတဲ့ဝမ်းနည်းရိပ်တွေကို ရှောင်ကျန့် ရင်နာနာနဲ့ခံစားမိပါရဲ့။

အဆက်မပြတ်စီးကျလာတဲ့ ကိုယ့်မျက်ရည်တွေကို ဆက်ပြီးမမြင်စေချင်တာကြောင့်မျက်နှာလွှဲရင်း လက်ဖမိုးနဲ့ဖိသုတ်လိုက်တယ်။

"ဆေးထည့်ပေးမယ်နော်"

ရိပေါ်ရဲ့တမ်းတလွမ်းဆွတ်မှုတွေဖုံးလွှမ်းနေတဲ့မျက်ဝန်းတွေကို ခဏ ရှောင်ဖယ်ချင်မိတယ်။
အားလုံးက ကိုယ့်အပြစ်တွေပါပဲ။

ဆေးဗူးကဘယ်နေရာမှန်းလည်း ရှောင်ကျန့်မသိပါဘူး။
ဒါပေမယ့် ဘယ်လောက်တားမြစ်ထားထား အဆက်မပြတ် ကျနေတဲ့ မျက်ရည်တွေကြားထဲမှာပဲ တွေ့ရာနေရာမှာ ဆေးဗူးကိုလိုက်ရှာနေမိတယ်။
တုန်ရီနေတဲ့လက်တွေနဲ့ မျက်ရည်တွေကိုဘယ်လောက်ပွတ်သုတ်သုတ် ထပ်ခါထပ်ခါတိုးလို့ စီးကျလာတဲ့မျက်ရည်တွေက ထူးမခြားနား။

ယုဘင်းရဲ့အိမ်ကိုတောင် ရိပေါ်တစ်ခါပြောပြထားဖူးလို့ သူအရောက်လာနိုင်တာ။
လာတဲ့လမ်းတစ်လျှောက်လည်း ရိပေါ်ပြောပြဖူးတဲ့ လိပ်စာကို ကောင်းကောင်းမစဉ်းစားနိုင်လို့ ကားပေါ်မှာတင် အကြီးအကျယ် ငိုခဲ့သေးတယ်။
တော်သေးတယ်..
အရောက်လာနိုင်ခဲ့လို့ တကယ်ကိုတော်သေးတယ်။

ဧည့်ခန်းမှာဘာမှရှာမတွေ့တဲ့အဆုံးမီးဖိုခန်းဘက်ကို ခြေလှမ်းမြန်မြန်နဲ့ လှမ်းလာလိုက်တယ်။
ဗီရိုတွေတစ်ခုပြီးတစ်ခု ဖွင့်ကြည့်နေပေမယ့် ဘာဆေးဗူးမှ ရှာလို့မတွေ့ဘူး။
ရှာမတွေ့လေ ငိုချင်လာလေပဲ။
သူတကယ် ကလေးရဲ့မျက်နှာနုနုပေါ်က ဒဏ်ရာတွေကို သေချာမကြည့်ရဲဘူး။ မြင်ရတာ အရမ်းအသည်းနာဖို့ကောင်းလွန်းတယ်။
ဒါတွေကလည်း သူ့အပြစ်တွေပဲ။
ဗီရို တံခါးကို လက်ထောက်ရင်း ပုခုံးတွေတသိမ့်သိမ့်တုန်တဲ့အထိ ငိုနေမိပြန်တယ်။
ပျော့ညံ့တယ်ပဲဆိုဆို ရိပေါ်အတွက်ဆိုရင် ကူကယ်လို့မရနိုင်အောင် ပျော့ညံ့သွားတတ်တာ..
ကိုယ်တကယ်ဘယ်လိုမှမတတ်နိုင်ဘူး။

နောက်ကျောဘက်က ကြားလိုက်ရတဲ့ ခြေသံသဲ့သဲ့ကြောင့် လှည့်ကြည့်ဖို့ပြင်လိုက်ပေမယ့် ခါးကိုသွယ်ဖက်လာတဲ့ လက်မောင်းတွေနဲ့အတူ ပခုံးပေါ်ကို ခေါင်းလေးမီတင်လာတယ်။

ရှောင်ကျန့်ရဲ့ မျက်ရည်လဲ့လဲ့ မျက်လုံးလေးတွေကဝိုင်းစက်သွားတာပဲ။
ပခုံးပေါ် မှောက်တင်ထားတဲ့ ရိပေါ်ရဲ့ခေါင်းကထောင်မတ်လာပြီး နှုတ်ခမ်းပါးပါးက ရှောင်ကျန့်ရဲ့ နားထင်ကျောလေးတွေနားမှာ ဆွေးဆွေးမြေ့မြေ့ရပ်တန့်နေတယ်။
ခါးကိုတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားတဲ့ ရိပေါ်ရဲ့ လက်တွေကို အလန့်တကြားဆုပ်ကိုင်လိုက်မိတဲ့အထိပဲ။

"ကျနော့ဆီကိုအရောက်လာခဲ့တာ ဆေးထည့်ပေးရုံအတွက်ပဲလား"

ရှောင်ကျန့် ရိပေါ်ရဲ့လက်တွေကိုတင်းတင်းဆုပ်ထားရင်း နားထဲကို တငြိမ့်ငြိမ့်စီးလာတဲ့ အသံလှိုင်းတိုးတိုးလေးကို နှလုံးသားနဲ့ တိုက်ရိုက်ခံစားကြည့်မိတယ်။
ရိပေါ် အရမ်းဝမ်းနည်းနေတာ။

ရှောင်ကျန့်ရဲ့ အဖြေစကားတစ်ခွန်းမရှိတဲ့ ခြောက်ကပ်ကပ်လေထုမှာ ခါးသေးသေးလေးကိုတွယ်ဖက်ထားတဲ့ ရိပေါ်ရဲ့လက်တွေပြေလျော့သွားတာနဲ့တစ်ပြိုင်တည်း ရှောင်ကျန့်က မျက်နှာချင်းဆိုင် လှည့်ကြည့်လာတယ်။

ကျန့်ကော အထင်မှားစေနိုင်လောက်တဲ့ အပြူအမူလုပ်မိလိုက်ပြန်ပြီ။ ကျနော်တကယ် ကျန့်ကောကို ပြောခဲ့မိတာတွေက လက်လွတ်စပယ်ဖြစ်သွားခဲ့တယ်။
ပါးစပ်ကထွက်သွားတဲ့ စိတ်ပျက်စရာစကားလုံးတွေအတွက် နှလုံးသားတစ်ခုလုံး ရင်းပြီးနာကျင်ခဲ့ရပြီ။
အမှန်တော့ အပွန်းအပဲ့မခံနိုင်တဲ့အထိ ကျန့်ကောက ကျနော့အတွက် တန်ဖိုးအရှိဆုံးတစ်ယောက်တည်းသောသူ။

မျက်လုံးဝိုင်းဝိုင်းလေးတွေကို အကြည့်လွှဲရင်း စိတ်ထဲက ပြောနေမိတဲ့ တောင်းပန်စကားတွေ အားလုံးရဲ့ အနှစ်ချုပ် နှုတ်ထွက်စကားက..

"ကျနော် တောင်းပန်ပါတယ်..
ကျနော်အရမ်းလွမ်းနေလို့ပါ"

တဖြည်းဖြည်းငုံ့သွားတဲ့ ရိပေါ်ရဲ့မျက်နှာလေးကို လက်ချောင်းဖြူလွလွလေးတွေက ဟန့်တားပြန်တယ်။
ရှောင်ကျန့်က ရိပေါ်ရဲ့ မျက်လုံးတွေကိုဆိုက်ကြည့်လာပြီး ရိပေါ်ရဲ့ပါးနှစ်ဖက်ကို လက်ဖဝါးနွေးနွေးလေးနဲ့ အုပ်ကိုင်လာတယ်။

ကျနော့ ဆီကို တဖြည်းဖြည်းချဉ်းကပ်လာတဲ့ ကျန့်ကောရဲ့မျက်နှာလေးနဲ့ မှိတ်ကျသွားတဲ့မျက်လုံးလေးတွေက သိပ်ကဗျာဆန်တာပဲ။
နှုတ်ခမ်းပေါ် အိအိညက်ညက်အနမ်းလေး ဖြစ်တည်လာတဲ့အထိ ရိပေါ်က ရှောင်ကျန့်ရဲ့ မျက်ခုံ မို့မို့လေးတွေနဲ့ မျက်တောင်စိပ်စိပ်လေးတွေကို ကြောင်ငေးကြည့်နေတယ်။

ကျန့်ကောကစပြီး ကျနော့ကိုပေးတဲ့ ပထမဆုံးအနမ်း။
ကျနော် ခိုးနမ်းခဲ့ဖူးတဲ့ တစ်ဖက်သက် အနမ်းတွေနဲ့ယှဉ်လို့မရလောက်အောင် ဒါက အချိုမြိန်ဆုံးသော အကြင်နာ။

ရိပေါ်ရဲ့လက်တစ်ဖက်က ရှောင်ကျန့်ရဲ့ ခါးသေးသေးကို သွယ်ဖက်လာပြီး နောက်တစ်ဖက်က ခေါင်းအနောက်ကို ထိန်းကိုင်ထားရင်း ရှောင်ကျန့်ရဲ့ကျော နံရံကိုကပ်လိုက်မိတဲ့အထိ အနမ်းတွေကို မွတ်မွတ်သိပ်သိပ် တုန့်ပြန်လာတယ်။
ရှောင်ကျန့်ရဲ့ မျက်တောင်စိပ်လေးတွေကိုငေးကြည့်နေခဲ့တဲ့ ရိပေါ်ရဲ့ မျက်လုံးတွေလည်းတဖြည်းဖြည်းမှေးစင်းသွားပြီ။

ရိပေါ်ရဲ့ ပါးကို အုပ်ကိုင်ထားတဲ့ ရှောင်ကျန့်ရဲ့လက်တွေက လျှောဆင်းသွားပြီး လည်တိုင်သွယ်ကို ယှက်နွယ်နေရာယူလာတယ်။

ဖြည်းဖြည်းချင်း ငြိမ့်ငြိမ့်လေး ဆွဲငင်နမ်းရှိုက်နေတဲ့ အနူးညံ့ဆုံးသောအကြင်နာဟာ ရှောင်ကျန့်ရဲ့ မျက်ရည်စတွေကို ထိကပ်နေတဲ့ပါးတစ်ဖက်ကနေ ခံစားသိရှိလိုက်ရတဲ့အချိန်မှာ မခွဲချင်ပါပဲ ဒီနှုတ်ခမ်းနီးစွေးစွေးလေးကို နှမြောတသစွာ ခွဲခွာလိုက်ရတယ်။

ရှောင်ကျန့်က အနမ်းတွေရပ်တန့်သွားတာနဲ့တစ်ပြိုင်တည်း ရိပေါ်ရဲ့ ရင်ဘတ်ပေါ်ကို မျက်နှာအပ်လာတယ်။
ရိပေါ်ရဲ့ လည်တိုင်ကို ဖက်တွယ်ထားတဲ့ လက်တွေကတော့ အလွတ်မပေးသေးဘူး။
ရိပေါ် ရှောင်ကျန့်ရဲ့ ခါးလေးကိုတင်းတင်းဖက်ပြီး ဆံပင်အိအိလေးတွေကို နမ်းရှိုက်ရင်း ရှောင်ကျန့်ရဲ့ကိုယ်ပိုင် ခပ်သင်းသင်းအမွေးနံ့လေးကိုခံစားနေမိတယ်။

"ကျန့်ကော"

နူးနူးညံ့ညံ့ဖြစ်တည်လာတဲ့ ရိပေါ်ရဲ့လေသံတိုးတိုးက အခုန်မြန်နေပြီးသား နှလုံးအိမ်တစ်ခုလုံးကို နှစ်ဆကိုင်လှုပ်နိုင်စွမ်းရှိတယ်။

"ကျနော့ကို ဘာလို့နမ်းတာလဲ"

ရှောင်ကျန့်ရဲ့ မျက်နှာလေးက ရင်ခွင်ထဲကို ပိုတိုးလို့ဝင်လာတယ်။

"ကျနော် ဟိုတစ်နေ့က အတင်းနမ်းခဲ့လို့ ပြန်လက်စားချေတာလား"

ဒီလို စကားနာထိုးတော့ ရင်ခွင်ထဲကနေ အတင်းတိုးထွက်လာတာ တင်းတင်းဖက်ထားတာတောင် မရဘူး။
မျက်စောင်းလှလှလေးထိုးရင်း ဆူပုပ်ပုပ်လုပ်နေတာ ကျနော့ထက် အသက်ကြီးတဲ့သူလို့ ယုံချင်စရာမရှိဘူး တကယ်။

"ဟင် ဖြေလေ"

ရိပေါ်ရဲ့အနူးညံ့ဆုံးသော အသံလေးကို ရှောင်ကျန့် လွတ်မသွားအောင် နှလုံးသားထဲအထိ မှတ်သားသိမ်းဆည်းလိုက်မိတယ်။
အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်လိုက်တဲ့ ကျန့်ကောရဲ့ ပုံစံက ရိပေါ်ရူးခါသွားဖို့အတွက် ထိုက်တန်ပါရဲ့။

ရိပေါ်ရဲ့လည်ပင်းကိုသိုင်းဖက်ထားတဲ့ ရှောင်ကျန့်ရဲ့လက်သွယ်လေးတွေက တဖြည်းဖြည်းလျှောဆင်းလာပြီး လက်ချောင်းထိပ်လေးတွေက ရိပေါ်ရဲ့ ရင်ဘတ်ပေါ်မှာ ခိုနားတယ်။

ရှောင်ကျန့်ရဲ့ညာဘက် လက်ညိုးသွယ်လေးက ရိပေါ်ရဲ့ ဘယ်ဘက်ရင်အုံပေါ်မှာ ဖွဖွလှုပ်ရှားရင်း စာလုံးတစ်ချို့ကိုပုံဖော်နေတယ်။

"哥哥爱你" ( gege ai ni)

ဒီစာလုံးလေး လေးလုံးရေးပြီးတာနဲ့ သူ့ကိုယ်တိုင်သဘောတကျယုန်သွားလေးတွေလစ်ဟာတဲ့အထိရယ်ပြီး
ရိပေါ်ရဲ့ ရင်ဘတ်ပေါ်က လက်ချောင်းလေးတွေက လည်တိုင်ကိုပြန်ပြီး သွယ်ဖက်လာတယ်။
မျက်နှာလေးကိုလည်း ရင်ခွင်ထဲမှာ တိုးဝေ့ဖွက်ထားပြန်တယ်။

အပြုံးကြီးပြုံးနေတဲ့ ရိပေါ်ကတော့ ကျန့်ကောရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အပြုအမူလေးကြောင့် သေပျော်လောက်အောင် ရူးချင်နေပြီ။

"ကျန့်ကော ဘာဖြစ်သွားတာလဲ.. မျက်နှာလေးကြည့်ပါရစေဦး"

ရင်ခွင်ထဲကခေါင်းလေးက လှုပ်စိလှုပ်စိနဲ့ ခါလာတယ်။
ရိပေါ်က ရင်ခွင်ထဲက မျက်နှာလေးကိုဆွဲထုတ်ဖို့ကြံတော့ ရှောင်ကျန့်ရဲ့ လက်သီးဆုပ်လေးက ရိပေါ်ရဲ့ ကျောပြင်ကို ဖွဖွ ထုရိုက်လာပြီး အသံတိုးတိုးလေးထွက်လာတယ်။

"ရှက်နေတယ်လေကွာ" တဲ့။

အား! ရူးတော့မှာပဲ!
ရှောင်ကျန့်ရဲ့ ကိုယ်လုံးလေးကို အတင်းဖြစ်ညစ်ဖက်လိုက်တော့ အင့် ခနဲအသံလေးက အသည်းနှလုံးတွေ ယွစိတက်အောင်ထွက်လာသေးတယ်။
အရပ်အနည်းငယ်ကွာဟချက်ကြောင့် ကျန့်ကောက ခါးနည်းနည်းကိုင်းထားရပြီး ရိပေါ်က ခြေဖျားလေးနည်းနည်းထောက်ထားရပေမယ့် ထိန်းမနိုင်သိမ်းမနိုင် အချစ်စိတ်တွေကြောင့် အားလုံး အဆင်ပြေပြေပါပဲ။

ခဏကြာမှ ကျန့်ကောရဲ့ မျက်နှာလေးက ရိပေါ်ရဲ့ လက်ဖဝါးကြီးကြီးတွေကြားထဲ အံဝင်ခွင်ကျပါလာတယ်။
မျက်လုံးချင်းဆုံအောင်မျက်နှာလေးကို မော့စေလိုက်တော့ ပြုံးပြုံးလေးမော့ကြည့်လာတယ်။

"ကျန့်ကောက ကျနော့အပိုင်ဖြစ်လာမယ်ဆိုတာကို ကျနော်သိတယ်"

ကျန့်ကောကတော့ ဘာရယ်မဟုတ် နှုတ်ခေါင်းလေးရှုံ့ပြလိုက်ပေမယ့် ဒီလူကချစ်လွန်းလို့ သေရပါတော့မယ်ဗျာ။
ကျန့်ကောရဲ့ နှုတ်ခမ်းနီစွေးစွေးလးဆီကို တိုးကပ်သွားတော့ လက်ဖျားလေးနဲ့ ရိပေါ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွရိုက်လာတယ်။

"ဆေးလိပ်နံ့တွေရော ဘီယာနံ့တွေရော ရေလည်းမချိုးတာကြာပြီမဟုတ်လား... သွား! ရေအရင်သွားချိုး!"

ရိပေါ်က အောက်နှုတ်ခမ်းကြီး တစ်တောင်လောက်ထော်ရင်းဘုကြည့်ကြည့်တယ်။
မကြာဘူး ပြီတီတီရုပ်ကြီး ပြန်ဖြစ်လာပြန်ပြီ။

"ကျန့်ကော ချိုးပေးလေ"

"ဟိတ်"

ကျန့်ကောက ရိပေါ်ရဲ့ ပခုံးကိုရိုက်ရင်း စကားဟန့်တယ်။
ဒါ ဒီလူကြီးရဲ့ရှက်ပုံရှက်နည်းတစ်မျိုးလေးပေါ့။

"ဘာဖြစ်လဲ ကိုယ့်ချစ်သူပဲဟာကို"

ကျန့်ကောရဲ့ လက်ဖျားလေးတွေကို တင်းတင်းဖိဆုပ်ရင်း ချစ်စကားပြောတော့ မျက်နှာလေးက ချက်ချင်း နီမြန်းမြန်း အရောင်လေးပြောင်းသွားတာ အရမ်းလှလွန်းတယ်။
ဆုပ်ကိုင်ထားတဲ့ လက်ကို ဖယ်ခွာပြီး ရိပေါ်ရဲ့ ကျောပြင်ကို အတင်းတွန်းလွှတ်နေပြန်တယ်။

"သွား! ရေချိုးပါတော့ဆို..  အ! လွှတ် ဝမ်ရိပေါ် လွှတ်!"

ရိပေါ်က လှုပ်ရွငြင်းဆန်နေတဲ့ရှောင်ကျန့်ကိုယ်လုံးလေးကို မချီထားပြီး ရေချိုးခန်းဆီဦးတည်သွားနေပြီ။

"ခြေထောက်နာနေတယ်မလား... ကောကိုချပေးတော့..ရိပေါ်"

ရိပေါ်ခြေထောက်ဒဏ်ရာရထားမှန်းသတိရသွားတော့ ကျန့်ကောရဲ့ လှုပ်ယွနေတဲ့ကိုယ်လုံးလေးက ငြိမ်ကျသွားပြီး ကလေးကိုချော့ပြောသလို လေသံအေးအေးလေးနဲ့ နားချနေတယ်။
ဒီလို အသေးအဖွဲ ဂရုစိုက်မှုလေးတွေနဲ့တင် ဒီလူရဲ့ နှလုံးသားက အရည်ပျော်ပြန်ပါပြီ။
ဒါပေမယ့် ခုတော့ အလျော့မပေးဘူး။
ရေချိုးခန်းတံခါးကတော့ စေ့ပိတ်သွားပြီပေမယ့် စကားသံတွေကတော့အော်ကြီးဟစ်ကျယ် လှိုင်ထွက်လာတာပဲ။

"ဆရာရှောင် ငြိမ်ငြိမ်နေလေဗျာ"

"ဝမ်ရိပေါ် မင်းလူမှဟုတ်ရဲ့လား!"

ကျနော်တို့နှစ်ယောက်ကြားမှာ ဖြေရှင်းချက်တွေ တောင်းပန်စကားတွေ မလိုလောက်တော့တဲ့အထိ နှလုံးသားနှစ်ခုကို ထပ်တုကျစေမယ်။

ကျနော့နှလုံးသားကို ကျန့်ကောပိုင်တယ်။
ကျန့်ကောနှလုံးသားကိုလည်း ကျနော်အပိုင်သိမ်းမယ်။

အလိုက်တသိ အိမ်ကထွက်သွားပေးတဲ့ ယုဘင်းနဲ့ ဂျိယန်ကိုတော့ စကြာဝဋ္ဌာကြီးနဲ့ ချီပြီးကို ကျေးဇူးကြွေးတင်ခံလိုက်ပါပြီ။

မင်းတို့ကို ဒီကအကိုကြီးက ရှဲ့ရှဲ့ကမ္ဘာပါ.. ဘရားသားတို့!

...................................................

နှစ်ယောက်သားမတိုင်ပင်ပါပဲ လမ်းလျှောက် အိမ်ပြန်ဖြစ်ကြတယ်။ ခြောက်နာရီဆိုတဲ့အချိန်က မှောင်ရီရီနဲ့ သိပ်စိတ်ကူးယဉ်ဆန်တာပဲ။ ဒါကလည်းကိုယ့်ဘေးနားရှိနေတဲ့ တစ်ယောက်သောသူကြောင့် ဖြစ်မယ်။

လက်ကြီးကြီးကြားထဲ ပုံစံတကျ ဆုပ်ကိုင်ခံထားရတဲ့ လက်သေးသေးလေးက မကြာခဏ နှစ်ယောက်လုံးရဲ့ သွားလေးတွေလစ်ခနဲပေါ်သွားစေတဲ့အထိ ပြုံးရယ်စေနိုင်တယ်။
ညဘက်လမ်းမီးတိုင်လေးတွေတောင် ဝါကျင့်ကျင့်လင်းထိန်လာပြီ။ မီးအလင်းဝါဝါလေးထဲ ကျန့်ကောရဲ့ပါးလေးတွေက သိသိသာသာ ရဲနေတုန်းပဲ။
ကျန့်ကောက ရှက်နေသေးတာ။
ပြီးတော့ ပြောသေးတယ်။

  "မနက်ကအထိ မခေါ်မပြောဖြစ်နေတဲ့ သူတွေက
ဒီလောက်မြန်မြန် ပြန်အဆင်ပြေသွားတော့တစ်မျိုးပဲနော်" တဲ့..

ဒီတော့ ကျနော်က "ချစ်တာကိုး" လို့ပြန်ဖြေတော့..
ရှက်ပြုံးလေးပြုံးသေးတာ။

ညနေဘက်ဈေးတန်းလေးတွေရှေ့ရောက်တော့ ကျန့်ကောက လက်ညိုးတွေလျှောက်ထိုးပြီး ပါးစပ်ကလည်းတွေ့သမျှအရာတွေအကြောင်း ပွစိပွစိပြောနေသေးတာ။

ကျန့်ကောရဲ့ ခြေလှမ်းတွေက ဈေးတန်းအလယ်နားက ဆိုင်ခန်းသေးသေးလေးတွေရှေ့ရောက်တော့ တဖြည်းဖြည်းနှေးသွားတယ်။
ကြယ်မီးပန်းလေးတွေနဲ့ အဏုမြူလက်ကောက်လေးတွေ။
ကြည်နူးစရာလား ကြေကွဲစရာလား ဝေခွဲလို့မရနိုင်တဲ့ ကျနော်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကို ကျန့်ကော တွေးမိနေပြီလား။
ကျန့်ကောရဲ့ နှုတ်ခမ်းတွေကတော့ ဖွဖွပြုံးနေတာပဲ။

"ကျန့်ကော"

ရိပေါ်က ရှောင်ကျန့်ရဲ့ ပါးလေးတွေကို အုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်စေတယ်။

"လူတွေအများကြီးပဲကို"

မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး အကဲခတ်နေတဲ့ လူတွေကြောင့် ရှောင်ကျန့်က နေရခက်ပြီး ရိပေါ်ကိုတွန်းလွှတ်နေတယ်။

"ကျနော့ကိုကြည့်!"

ရိပေါ်ရဲ့ အတိုးမကျယ် အသံအဆုံး ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေနဲ့ ဆုံခွင့်ရလိုက်တယ်။

"ကျန့်ကောပြောဖူးတယ်မလား.. အဏုမြူကွင်းလေးတွေက သူတို့မစွမ်းနိုင်တော့တဲ့အချိန်ရောက်ရင် အမှောင်ထဲမှာတောင်မလင်းနိုင်တော့ဘူး ဆို"

ရှောင်ကျန့်က ခေါင်းငြိမ့်တယ်။

"ကျနော့နှလုံးသားရဲ့ သက်တမ်းအချိန်ကိုတော့ ကျန့်ကောကသတ်မှတ်ပေးရမယ်..ထာဝရအတွက်ဆိုရင်တောင်ဖြစ်တယ်"

ရှောင်ကျန့် ရဲ့ မျက်လုံးလေးတွေက ဝိုင်းစက်သွားတယ်။

"ပြီးတော့ ကြယ်မီးပန်လေးတွေကလည်း သူတို့ရဲ့ သက်တမ်းတိုလေးအတွင်းမှာပဲ အလှပဆုံးတောက်ပပေးနိုင်ကြတာဆို"

"...."

"ကျနော့နှလုံးသားကတော့ ကျန့်ကော အလိုရှိတဲ့အချိန်ထိ ကျန့်ကော တစ်ယောက်တည်းအတွက်ပဲ အလှပဆုံး ခုန်နေပေးမှာ"

ရှောင်ကျန့်ရဲ့ နှုတ်ခမ်းထောင့်ဖျားလေးတွေက လှလှပပ
ကော့တက်သွားတယ်။

"အဏုမြူကွင်းလေးတွေနဲ့ ကြယ်မီးပန်းလေးတွေကို သဘောကျရတာ လောဘကြီးလို့မရပေမယ့်
ကျနော့ကိုတော့ ကျန့်ကော တစ်ဘဝလုံးပုံအောပြီး လောဘကြီးလို့ရတယ်..
ကျနော်က သူတို့နဲ့မတူဘူး...
သူတို့ကို သံယောဇဉ်တွယ်လို့မရနိုင်ပေမယ့် ကျနော့ကိုတော့ လွတ်ထွက်မသွားအောင် သံယောဇဉ်ကြိုးတွေတစ်ပုံကြီးနဲ့ ရစ်ပတ်ထားပေး... နော်"

အသည်းငယ်တဲ့ ကျနော့ရဲ့ လူကြီးက အရည်လဲ့လာတဲ့မျက်လုံးဝိုင်းလေးတွေနဲ့အတူ ခေါင်းလေးကိုချစ်ဖို့ကောင်းအောင် တဆတ်ဆတ်ငြိမ့်တယ်။
ခင်ဗျားရဲ့ မျက်ရည်စလေးတွေကိုတောင် တယုတယ နှစ်သက်နေမိကြောင်း ဝန်ခံပါတယ်။

"ဒါကြောင့် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ကျနော့ရဲ့ မျက်လုံးတွေကိုပဲကြည့်နေပေး.. နော်"

ကျန့်ကောရဲ့ မျက်ဝန်းတွေထဲမှာ ထင်ဟပ်နေတဲ့ ကျနော့ပုံရိပ်ကနေတစ်ဆင့် ကျန့်ကောရဲ့ နှလုံးသားကို ကျနော်ရှာဖွေမယ်။
ကျန့်ကောလည်း ကျနော့မျက်ဝန်းတွေကနေတစ်ဆင့် ကျနော့နှလုံးသားကိုရှာဖွေပါ။

နှုတ်ခမ်းသားနှစ်ခုက ကြင်ကြင်နာနာထိကပ်သွားတဲ့အထိ နှစ်ယောက်လုံး မျက်လုံးတွေ မှေးစဉ်းပစ်ဖို့မေ့လျော့နေခဲ့တယ်။
အကြင်နာအနမ်းက ထိကပ်ရုံခဏလေးနဲ့ ပြန်ရုတ်သိမ်းလိုက်ရပေမယ့် တစ်ယောက်နှလုံးသားကိုတစ်ယောက် သော့ခပ်နိုင်လိုက်ပြီ လို့ ရင်ဘတ်ကြီးက အတည်ပြုတယ်။

"ချစ်တယ်"

စိတ်ထဲ အိပ်မက်ထဲ အတွေးထဲ သွယ်ဝိုက်သောနည်းတွေ အသံတိတ်နည်းတွေနဲ့ အကြိမ်ကြိမ်ဝန်ခံခဲ့ဖူးတဲ့ ချစ်စကားက အခု ကိုယ်တိုင်ကိုယ်ကျ နှုတ်ဟဝန်ခံလိုက်ရတဲ့အချိန် ကျနော့ နှလုံးအိမ်က မညှာမတာ ခုန်ပေါက်နေတယ်ဆိုတာ ခင်ဗျားသိပါစေ။
ကျနော်အနှစ်သက်ဆုံး အပြုံးတွေနဲ့ သူကတော့ ကျနော့နှလုံးခုန်သံတွေကို ရင်ဘတ်ပေါ်ဖွဖွတင်ထားတဲ့ လက်ဖျားလေးတွေကနေတစ်ဆင့် ခံစားမိနေမှာပါ။

.................

ချစ်မိသွားရင်ကိုယ့်မျက်ဝန်းတွေထဲမင်းကိုပဲ မြင်နိုင်တော့မှာ..
မြတ်နိုးမိသွားရင်တော့ ကိုယ့်နှလုံးသားအိမ်လေးထဲ မင်းတစ်ယောက်တည်းကိုပဲထည့်ဖွက်ပြီး သိမ်းထားချင်နေတော့မှာ..

တို့နှစ်ယောက်ကြားက မမြင်နိုင်တဲ့ကြိုးတွေကိုတော့ အချစ်လို့ပဲခေါင်းစဉ်တပ်လို့မရသလို..
မြတ်နိုးခြင်းလို့ပဲလည်း ခေါင်းစဉ်တပ်လို့မရပြန်ဘူး..
ကိုယ်ကမင်းကို
နှလုံးသားအိမ်လေးထဲထည့်ဖွက်ထားပြီး
အမြဲငေးမောကြည့်နေချင်သေးတာပဲ..
ဒါကြောင့်ကိုယ်ကမင်းကို

ချစ်တာထက် ပိုလို့
....မြတ်နိုးမိရုံလေးသာ..

________________________________________

A/N

အိုက်ရိုး စာလုံးရေ ၅၀၀၀ ကျော်နော်!

ဒါဟာ ဇာတ်အဆုံးမဟုတ်ပေမယ့် ဇာတ်သိမ်းလို့ပြောလို့ရတယ်....
ဒါပေမယ့် The မ End သေးပါဘူး...
ပြောဖူးပါတယ် ထိုက်တန်သောသကြားခဲကြီးများ ချကျွေးပါဦးမယ်လို့... ဒါပေမယ့် ဒီတစ်ပိုင်းနဲ့တင် တော်တော်ရိုနေပြီ နှစ်ယောက်က..
ကိုယ်တောင် ဒီပလက်ရှင်ဝင်တယ်.. -.-

ဆိုတော့ ကိုယ့်သကြားခဲကြီးတွေနဲ့ထိုက်တန်အောင်
ဒီအပိုင်းမှာတော့ ကြိုက်ရင်ကြယ်ပေးမှဖြစ်မယ်..
feedback တွေရော ပေးရမယ်.. ဒါပဲ!

အဲ.. စာအုပ်ထုတ်ဖို့ကတော့ ဇာတ်ဆုံးမှ တိုင်ပင်တာပေါ့!
ထုတ်စေချင်တယ် လာလာပြောကြလို့..
တကယ် ထုတ်စေချင်တယ်ပေါ့?

______________________________
_______________________________

Continue Reading

You'll Also Like

452K 63.1K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
89.7K 7.3K 22
#ကျွန်တော် သူ့ကိုအရမ်းချစ်တာမို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဆောင်းကိုလည်း ကျွန်တော်ချစ်တယ် # #Yizhan fanfiction #Feedback votingပေးတဲ့တစ်ဦးချင်းစီကိုအရမ်းကျေ...
164K 25.7K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
77.7K 10.3K 38
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]