Your Smile (Unicode)

Oleh kaihunchoco94

17.3K 1.9K 23

အစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my... Lebih Banyak

Your Smile
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[10]
[11]
[12]
[13]
[14]
[14]~
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
Final

[9]

545 66 0
Oleh kaihunchoco94

ဆရာထွက်သွားမှ ခေါင်းထောင်လာသော chanyeol က တကယ်အိပ်ပျော်နေတာ မဟုတ်မှန်း ကြည်ကြည်လင်လင် သူ့မျက်ဝန်းတွေက ပြောပြနေသည်။

"အိပ်ချင်တာလည်း မဟုတ်ဘဲနဲ့....မင်း ဘာလို့ စာလိုက်မကြည့်တာလဲ"

"ငါ ဒီနေ့ hyung ကို သွားတွေ့မလို့"

"ဟမ်...အဲဒါနဲ့ အခုလို အိပ်နေရောလား"

"ဒါ လှည့်ကွက်လေ...ငါ ခေါင်းမူးနေလို့ စာတွေ မလိုက်နိုင်လို့...hyung ဆီ စာသွားမေးမှာ"

ကျွန်တော် မျက်ခုံးပင့်မိသည်။ ခရီးတို ထွက်ပြီးကတည်းက ကျွန်တော်လည်း အစ်ကိုနဲ့မတွေ့တာ ကြာနေပါပြီ။ သူ့လိုတော့ အကြံမထွက်ခဲ့။

"ဒါဆို ငါရော...စာလိုက်မေးမယ်လေ"

"မင်းက ဘာလိုက်ရှုပ်မှာလဲ"

"ငါက ငါ့အစ်ကိုကို မေးမှာပါ"

"Jongin hyung ?....သူ့ကို ဘယ်သူက စာလာမေးမှာလဲ....ခွီး"

"ဘာလို့လဲ"

"မင်း သူ့ကို မေးချင်ရင်တော့ ဂိမ်းအကြောင်းတို့ ဘောလုံးအကြောင်းတို့ သွားမေးပေါ့...သြော...ပြီးတော့ အကအကြောင်း"

ဝိုး...အစ်ကိုက အကလည်း တတ်တယ်လား။ သူ ဘယ်လိုမျိုး က ပါလိမ့်။

"သွားတော့မယ်"

"Yeol...နေဦးလေ...အခု သွားမှာလား...နေ့လည်စာ မစားတော့ဘူးလား"

"ငါ့ hyung နဲ့ စားမှာ"

chanyeol က ကျွန်တော့်ကို လှည့်တောင် မကြည့်တော့။

ရုတ်တရက်ကြီး တစ်ပတ်ကျော်လောက် ငြိမ်လာသော နှလုံးခုန်သံက မြန်လာသည်။ သတိရလိုက်တာ။ အစ်ကို ဘယ်မှာများလဲ။ အစ်ကိုက တစ်ပတ်စာလောက် နွေးထွေးပေးပြီးလျှင် ဆယ်ရက်လောက် ပျောက်သွားတတ်သည်။

အစ်ကို့အတန်းဘက် လမ်းလျှောက်ထွက်ခဲ့သည်။ ထို့နောက် စာကြည့်တိုက်၊ ဘောလုံးကွင်း၊ ကဲန်တင်း။ အစ်ကို ကျောင်း မလာတာများလား။

ထမင်းစားချိန်လွန်၍ ပထမအချိန်ပင် တစ်ဝက်ကျော်နေပြီ။ ကျွန်တော် ဗိုက်မဆာ၍ ပဲနို့တစ်ဗူးသာ ဝယ်လိုက်သည်။ ကဲန်တင်းက လူရှင်းလျက်။

အဲ.....ရှာတုန်းကဖြင့် မတွေ့ဘဲ

ဘယ်သူမှမရှိချိန်မှ ထမင်းလင်ဗန်းနှင့် ရပ်နေသော အစ်ကိုက ကျွန်တော့်ကို မြင်တော့ ပြုံး၍နှုတ်ဆက်သည်။

"sehun ရော...မစားရသေးဘူးလား"

"အင်း...ကျွန်တော်က မဆာလို့"

အစ်ကိုက ခေါင်းဆတ်ပြပြီး စားပွဲအလွတ်တွင် ဝင်ထိုင်သွားသည်။ ကျွန်တော်က ပဲနို့ဗူးလေးကိုင်၍ အစ်ကို့ရှေ့တွင် ထိုင်သည်။

"ထမင်းစားချိန်ကျော်သွားရင် မရတော့ဘူး ထင်တာ"

"ဒီလူတွေပဲ....အစ်ကိုက ခဏခဏနောက်ကျတော့ သူတို့က နားလည်ပေးပါတယ်"

"အစ်ကိုက ဘာလို့ နောက်ကျတာလဲ"

"လူရှုပ်ရင် မစားချင်လို့"

ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းငုံ့ပြောနေသော အစ်ကိုက ထမင်းလည်း မစားဘဲ ဟိုမွှေဒီမွှေလုပ်နေသည်။

"သြော်...အစ်ကိုက တစ်ယောက်တည်း စားချင်တာလား"

စိတ်ထဲက တွေးမိရုံပေမဲ့ လေသံက တိုးတိုးထွက်သွားသည်။ အစ်ကိုက ခဏလေး မျက်လုံးလှန်ကြည့်သည်။

"အဲလိုလည်း မဟုတ်ပါဘူး"

ကျွန်တော် ထပြန်ရမလို ဆက်ထိုင်နေရမလို ဖြစ်နေသည်။ စကားလည်း ဆက်မပြောရဲ။ အစ်ကိုက ဘာအဆင်မပြေဖြစ်နေတာလည်း မသိ။

စိတ်မပါ လက်မပါ ထမင်းစားနေတဲ့ အစ်ကို့ပုံစံကို ကြည့်ပြီး ကျွန်တော် ထွက်သွားပေးရန် ဆုံးဖြတ်လိုက်သည်။

"ဟို...ကျွန်တော် သွားတော့မယ်"

"အတန်း ပြန်တက်ဦးမှာလား"

"အဲ...အင်....မသိသေးဘူး"

အစ်ကိုက ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော် ဘာမှ စဉ်းစားမထားမိ။

"အတန်း မတက်ဘူးဆို အစ်ကိုနဲ့ လိုက်ခဲ့လေ"

တစ်ဝက်မကုန်သေးသော နေ့လည်စာကို လက်စသတ်ပြီး အစ်ကိုက ဖျော့ဖျော့ကလေး ပြုံးရင်း ပြောသည်။

.
.
.

ဘယ်ကို ဦးတည်နေမှန်းမသိဘဲ ကျွန်တော် အစ်ကို့ဘေးက ကုပ်ကုပ်လေး လိုက်ခဲ့သည်။

"ဟိုတစ်ခေါက်က စာမေးပွဲ ဖြေနိုင်လား"

"ဟုတ်...ဖြေနိုင်ပါတယ်"

"မင်း အထက်တန်းပြီးသွားရင် ဘာလုပ်မှာလဲ...ဘယ်တက္ကသိုလ် တက်မှာလဲ"

"အင်း....ကျွန်တော်က ဖေဖေ့အလုပ်တွေ ဆက်လုပ်ရမှာ...အခုတောင် လုပ်ငန်းအကြောင်းတွေ သင်နေရတာ...အထက်တန်းအောင်ပြီးတာနဲ့ အားလုံး ကျွန်တော့်တာဝန်ဖြစ်သွားပြီ"

ပြောရင်းနဲ့ နောက်နှစ်ရက်တွင် ဆိုးလ်သွားရမည်ကို သတိရလိုက်သည်။ စာရင်းတွေ ပြကြမည်၊ လုပ်ငန်းက ပါတနာအသစ်အကြောင်း ဆွေးနွေးရမည် တဲ့။

"တစ်ခါတည်း လူကြီးလုပ်ရတော့မှာပေါ့"

အစ်ကိုက ကျွန်တော့်ဘက် ငဲ့ကြည့်ရင်း ပြုံးပြသည်။ အခုမှ ကျွန်တော် အမြဲတမ်းရနေကျ ကျွန်တော့်အစ်ကို့ အပြုံး။

"လူကြီးအလုပ်တွေ ကျွန်တော်က အခုကတည်းက လုပ်နေရတာပါ...အစ်ကိုကရော...နောက်နှစ်ဆို ဘာလုပ်မှာလဲ"

အစ်ကိုက သွားတွေပေါ်အောင် တစ်ချက်ရယ်လိုက်ပြီး...

"ဟင့်အင်း....မပြောပြဘူး"

ဒုက္ခပဲ။ အစ်ကိုက ထူးထူးခြားခြား ဘာမှလည်း မလုပ်ဘဲ ကျွန်တော်က ဘာလို့ အရမ်းချစ်နေရတာလဲ။

"ကိုယ်ကတော့ ကိုယ်လုပ်ချင်တာပဲ လုပ်မှာ...ကိုယ့်ကို တားမဲ့သူလည်း မရှိဘူး...ထောက်ခံမဲ့သူလည်း မရှိဘူး"

"အစ်ကိုက ဘာဖြစ်ချင်တာလဲ"

"မပြောပြဘူးဆို"

"......"

စ နောက်နေတာလား၊ အတည်လားပင် မသဲကွဲ။
အစ်ကို့ခြေလှမ်းတွေအတိုင်း လိုက်ပါနေရင်း အစ်ကို စိတ်ပြေသွားတာလား ခိုးကြည့်ရသေးသည်။

ကျွန်တော် ကိုင်ထားသည့် ပဲနို့ဗူးလေး ဖောက်ပြီး အစ်ကို့ကို ပေးကြည့်သည်။ အစ်ကိုက ခေါင်းယမ်းသည်။

"ပဲနို့မကြိုက်ဘူး...."

"......"

"ငယ်ငယ်တည်းက နို့ဆို မကြိုက်တာ...အဲဒါကြောင့် ဒီအသားအရောင် ဖြစ်နေတာပေါ့...ဟား...ဟား...."

"ဒါဆို ကျွန်တော်က နို့သောက်လို့ ဖွေးနေတာလား"

"ဟင့်အင်း....ကိုယ်နဲ့ တွဲလျှောက်နေလို့ မင်းက ဖြူတယ် ထင်ရတာပါ"

ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ကြည့်မိသည်။ အစ်ကို့ကို ညိုတယ် မထင်ပေမဲ့ ကျွန်တော်က မဖြူဘူးလား။

"ကျွန်တော်က မဖြူဘူးလား"

"ကိုယ့်အနား နေပါဆို...အဲဒါဆို sehun လေး အသားဖြူတယ် ထင်ရလိမ့်မယ်"

ပြောရင်း အစ်ကိုက မထိန်းနိုင်တော့ဟန်နှင့် သဘောတကျ ရယ်တော့သည်။

"အစ်ကိုက စ နေတာပဲ"

"အင်းလေ...."

အစ်ကိုရဲ့ စကားအခွန်းတိုင်းကကို ချစ်ဖို့ကောင်းတာလို့ မထင်ဘူးလား။ ကျွန်တော်က မချစ်ဘဲ နေနိုင်မတဲ့လား။

"ကျွန်တော်တို့ ဘယ်သွားနေတာလဲ...ဟင်"

"လိုက်ခဲ့မှာမလား....ကြို မပြောပြဘူး"

"ခုနက ကျွန်တော် အစ်ကို့ကို လိုက်ရှာနေတာ"

"အင်း...သိတယ်လေ"

အစ်ကိုက မထူးဆန်းသလို ခေါင်းညိတ်ရင်းပြောတော့ ဘာဆက်ပြောရမည်မှန်း မသိတော့။

"ဒီတိုင်း တွေ့ချင်လို့ မဟုတ်လား...ကိစ္စအထွေအထူး မရှိဘူး မလား"

ကျွန်တော် ခေါင်းသာညိတ်ပြလိုက်ရသည်။ လူက ကြောင်တောင်တောင် ဖြစ်နေသည်။

"Kim jongin"

ရုတ်တရက် အနီးကပ် ပေါ်လာသော ခေါ်သံကြောင့် ကျွန်တော် တုန်သွားရသည်။ အစ်ကိုက ရယ်သည်။ ရှေ့က ဆရာ kim....

"မင်း ကလေးတွေပါ ဖျက်ဆီးနေတာလား"

"ဟာ....မဟုတ်ပါဘူး"

အတန်းလစ်နေသည်မို့ ကျွန်တော်က အသက်ပင်ကောင်းကောင်း မရှူရဲသော်လည်း အစ်ကိုကတော့ ဆရာ့ကို ရယ်မောကာ စကားပြောနေသည်။ ဆရာက ကျွန်တော်နှင့် မသင်ဖူးသော်လည်း.....

နောက်တော့ အစ်ကိုက ကျွန်တော့်ကို ကြည့်ကာ  ဆရာ့ကို တိုးတိုးကပ်ပြောသည်။ ဆရာက စကားအနည်းငယ် ပြန်ပြောပြီး ထွက်သွားတော့ ကျွန်တော် အလွန်အံ့သြသွားရသည်။

"အစ်ကို ဆရာ့ကို ဘာပြောလိုက်တာလဲ"

အစ်ကိုက ရယ်ကျဲကျဲ လုပ်နေသည်။

"ကျွန်တော်က အဆူခံရပြီ ထင်နေတာ...အစ်ကို ဘာပြောလိုက်လို့ မဆူတာလဲ..ဟင်"

"ဆရာနဲ့ ရင်းနှီးတယ်...ကိုယ်နဲ့ ဆုံနေကျပဲ"

"အမ်...အဲလို ရတယ်လား...ဒါဆို ကျွန်တော်ကရော"

"ဘာမှ မဖြစ်ဘူး... အဲဒါက အစ်ကို့ကို ယုံရင် မမေးနဲ့တော့"

"......."

အစ်ကိုက ကျွန်တော့်ကို ဘယ်လိုမှပြောမပြနိုင်ဟူသော ဒီဇိုင်းနှင့်။ သြော....မသိရတော့လည်း ဘာမှမဖြစ်ဘူးလေ။

ကျောင်းဆောင်တွေ၏ အနောက်ဘက်ကို တစ်ကွေ့တစ်ပတ် လျှောက်လာပြီးမှ အစ်ကို့နေရာတွင် ရောက်နှင့်သူတို့က ရှိနေ၏။ chanyeol နှင့် jongdae hyung....

သူတို့ ကြည့်ရတာ အခြေအနေမကောင်း။ အကြီးအကျယ် စကားများနေပုံ။ ဇွတ်အတင်း တိုးဖက်လိုက်သော chanyeol ကို jongdae hyung က တွန်းပစ်လိုက်သည်။

"ဟင်း.......ကိုယ် မပြောဘူးလား...သူတို့က နှစ်ယောက်ပေါင်းရင် အဆင်မပြေပါဘူးဆို"

"ဒါပေမဲ့ သူတို့က တကယ် ချစ်တာလေ"

ရုတ်တရက် chanyeol က jongdae hyung ကို ဇွတ်နမ်းလိုက်သည်ဟု ထင်ရသည်။ သဲသဲကွဲကွဲ မမြင်ရ။

"လာ.....လာ...တခြားနေရာ သွားရအောင်"

အစ်ကိုက ပုခုံးဖက်ကာ ပြန်ခေါ်နေသောကြောင့် chanyeol ကို စိတ်ထဲကသာ အားပေးလိုက်ရသည်။

ကျွန်တော့် သူငယ်ချင်း.....လက်သီးနဲ့တော့ အထိုးမခံရလောက်ပါဘူးနော်.....

.
.
.

နောက်ဆုံး ထိုင်ခုံသေးသေးလေးတွင် နှစ်ယောက်သား ပူးကပ်ထိုင်လိုက်ကြတော့ ကျောင်းဆင်းချိန်တောင် နီးနေပြီ။ လမ်းလျှောက်နေတာပဲ တော်တော်ကြာတယ်လေ။

ကျွန်တော်တို့ ငြိမ်ငြိမ်သက်သက်လေး ထိုင်နေကြသည်။

"အစ်ကို...စိတ်ညစ်စရာ ရှိနေတာလား"

အစ်ကိုက အဝေးကို ငေးနေသည်။ ပြုံးလည်း မပြုံး။ ဘာမှလည်း ပြန်မပြော။

"အစ်ကို့ မိန်းကလေးနဲ့ အဆင်မပြေလို့လား....ကျွန်တော်က"

အစ်ကိုက အဝေးကို ကြည့်နေရာမှ သဘောတကျရယ်ရင်း ကျွန်တော့်ကို ကြည့်သည်။ ပြီးတော့ သူ့လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ် ထုတ်သည်။

"ဒါ ဖတ်ပြီးသွားပြီလား"

"............အင်း..."

မျက်နှာဖုံးကို ရင်းနှီးနေသောကြောင့်သာ။ ဘယ်လိုစာအုပ်မျိုးလဲ သေချာ မမှတ်မိ။

"ကိုယ်ကတော့ အချစ်ကို ခွဲခြားနေတာတွေ သဘောမကျဘူး...သူငယ်ချင်းလို ဖြစ်ဖြစ်...ညီအစ်ကို မောင်နှမလို ဖြစ်ဖြစ်....ချစ်သူလို ဖြစ်ဖြစ်....ချစ်တာက ချစ်တာပဲလေ"

"........"

"ကိုယ် လက်ခံထားတာကို ပြောတာပါ....ချစ်တယ်...ပျော်စေချင်တယ်...အကောင်းဆုံးတွေပဲ ရစေချင်တယ်...အတူတူရှိနေရင် စိတ်သက်သာတယ်...အတူတူ ရှိမနေလည်း သတိရနေမယ်....အမျိုးအစားတွေ ခွဲခြားမထားတတ်ဘူး"

အစ်ကိုက စာအုပ်အကြောင်း ပြောနေတာလား။ သူ သိစေချင်တာတွေ ပြောပြနေတာလား။

"ဒီစာအုပ်အကြောင်း ပြောနေတာလား...ဒါ အချစ်အကြောင်း ရေးထားတာလား"

"မဟုတ်ပါဘူး...မင်း ဖတ်ပြီးပြီဆို"

သြော်.......ဒါဆို ပြောချင်လို့ ပြောနေတာပေါ့။

"အဲဒါဆို အစ်ကိုက ချစ်သူ ဘယ်လိုထားမလဲ"

"ချစ်သူ ?..အဲဒီ တစ်ယောက်တည်းကိုပဲ ချစ်ရတော့မှာလား"

"အများကြီး ချစ်လို့ ရပါတယ်...ကျွန်တော် ပြောတာက တစ်ဘဝလုံး အတူတူရှိနေမဲ့သူကို ပြောတာ...လက်တွဲဖော် ပေါ့...အဲဒါကျ တစ်ယောက်တည်း ဖြစ်ရမယ်လေ"

"......"

"အစ်ကို့အချစ်ဆုံးသူကို လက်တွဲမှာလား"

"အဲဒါကျ မဆိုင်ဘူး...လက်တွဲမဲ့သူကျ ပိုရှုပ်ထွေးသွားပြီ....အချစ်တစ်ခုထဲနဲ့ မလုံလောက်တော့ဘူး"

အခုထိ အစ်ကို ဘာကိုစဉ်းစားပြီး ဘာကြောင့် ပြောနေမှန်း ကျွန်တော် နားမလည်။

"အရမ်း ရှုပ်ထွေးတယ်နော်...တစ်ယောက်တည်းနေရတာ ပိုကောင်းပါတယ်"

"အဲဒါ ဟုတ်မှာပါ"

ထိုစကားကိုတော့ စိတ်လိုလက်ရ ထောက်ခံပေးလိုက်သည်။ တကယ်ပဲ အစ်ကို တစ်ယောက်တည်း ဆိုရင် ကောင်းပါတယ်။

ကျွန်တော် ဘယ်သ့ူမှ မမုန်းရတော့ဘူးပေါ့။

•••••••••••••••••••••••••••••••••

ကျောင်းဆင်းချိန်ရောက်မှ အစ်ကိုနဲ့ လမ်းခွဲပြီး ပြန်လာတော့ chanyeol နှင့် ပြန်ဆုံသည်။

အစ်ကို့ကို တွေ့ချင်၍ လိုက်ရှာရာကနေ အကြာကြီး အတူတူရှိခဲ့ရတော့ ကျွန်တော် ပျော်နေသည်။ chanyeol က လည်း ပြုံးပြုံးကြီး....

"sehun...ဒီည မင်းအိမ် လိုက်အိပ်လို့ ဖြစ်လား"

"သိပ် ဖြစ်တာပေါ့...ဒါပေမဲ့ မင်းအိမ်က ပိုင်လို့လား"

ခေါက်ထားလိုက် ဆိုသည့်ပုံစံနှင့် chanyeol က ကျွန်တော့်ပုခုံးကို လာဖက်သည်။ အသင့်စောင့်နေသော ကားပေါ် အတူတက်ကြပြီးမှ chanyeol က တိုးတိုးလေး ကပ်ပြောသည်။

"ငါ ဒီနေ့ hyung ကို နမ်းလိုက်တယ်...သိလား"

"အင်း...အင်း....မင်း ဘာမှမဖြစ်ဘူးလား"

"ဘာလဲ"

"ငါ နည်းနည်းမြင်လိုက်တယ်...jongdae hyung က စိတ်ဆိုးနေသလားလို့"

chanyeol မျက်နှာက ချက်ချင်းကြီးပင် ရှုံ့မဲ့သွားသည်။

"ဗိုက်ကို ထိုးတာကွာ....ငါတော့ အစာအိမ်တောင် ပေါက်သွားပြီ ထင်တာ"

"ဟာ...."

"တော်သေးတာ...ငါ အရပ်လေး ရှည်နေလို့...မဟုတ်ရင် မျက်နှာပဲ"

"မင်းက ဘာလို့ အတင်းသွားနမ်းတာလဲ....စိတ်ရှည်ရမှာပေါ့"

"ငါ သိတတ်စအရွယ်ထဲက စိတ်ရှည်လာတာပဲ... သူ့နှုတ်ခမ်းကို မြင်တိုင်း ဘယ်လောက်နမ်းချင်ခဲ့ရသလဲ"

သူ ပြောမှ ကျွန်တော် အစ်ကို့နှုတ်ခမ်းဖူးဖူးကို မြင်ယောင်မိသည်။ ကျွန်တော်တော့ တစ်ခါမှ နမ်းဖို့ မတွေးမိခဲ့။ အခုတော့ အာခေါင်ခြောက်သလိုလို၊ ရေဆာသလိုလို ဖြစ်လာသည်။

"အဟွတ်....အဟမ်း...အခုတော့ လက်သီးစာ မိသွားပြီ...ဘယ်လိုလုပ်မလဲ"

"ဘယ်လိုလုပ်ရမလဲ....အထိုးခံရတာနဲ့ တန်အောင် မရမက ပြန်နမ်းခဲ့တာပေါ့"

"ဟမ်....."

"သူ တော်တော် တင်းသွားတာကွ"

အေးလေ....အေးလေ...ကျွန်တော်တောင် အမြင်ကပ်ချင်သွားသည်။ မနာလိုတာက တစ်ပိုင်း....

"ငါ့မှာလည်း အချိန်မှ မရှိတော့တာ"

"မင်းက ဘယ်သွားရမှာ မို့လို့လဲ"

"ဒီနှစ်ပြီးရင် hyung က တက္ကသိုလ်တက်တော့မှာလေ...အဲဒီအခါကျရင် ငါ သူနဲ့ လုံးဝမပတ်သတ်တော့ဘူးလို့ မေမေ့ကို ကတိပေးထားတာ"

"ဟင်...အဲဒီတော့ မင်းက hyung ကို တစ်နှစ်စာ ကြိုက်တဲ့ သဘောလား"

"အဲလိုတော့ ဟုတ်မလားဟ"

"အဲဒါဆို မင်းက ကတိဖျက်မှာပေါ့"

"အဲဒါ 18 နှစ် မပြည့်သေးတဲ့ ကလေး chanyeol ရဲ့ ကတိ...လူကြီး chanyeol က သပ်သပ်...နိုင်ငံသားကဒ်တွေတောင် 18 နှစ်ပြည့်ရင် လဲရသေးတာပဲ...လူကြီး ဖြစ်သွားရင် ကြိုက်တာ လုပ်ခွင့် ရှိတယ်လေ"

ကျွန်တော် ဆွံ့အ သွားရသည်။

"ပြီးတော့ ငါ လူကြီး ဖြစ်သွားရင်လည်း hyung ကို ကြိုက်ချင်မှ ကြိုက်တော့မှာ"

နောက်ထပ် စပိလက်ချ်.......

"အဲလိုသာဆို ဘယ်လောက်ကောင်းမလဲ...အားလုံး အဆင်ပြေသွားမှာ...ငါလည်း မေမေ့ကို ကတိဖျက်စရာ မလိုတော့ဘူး"

"မင်းက....မင်းက...jongdae hyung ကို မကြိုက်ချင်ဘဲ ကြိုက်နေရတာလား"

"အင်း...ငါ သူ့ကို မကြိုက်လို့ရရင် မကြိုက်ဘူး"

သူ့ကို ဘယ်သူက ဓားထောက်ပြီး ကြိုက်ခိုင်းတာလဲ....ဟင်။ ထားတော့....ထားပါတော့....

"အဲဒီ ကတိဆိုတဲ့ ကိစ္စကြီးကို jongdae hyung သိလား"

"သူ မသိချင်ရင်တော့ မသိဘူးပေါ့"

အယ်လဲ့....စကားက တစ်ခွန်းတည်း ပါလား။ ပြောပုံကတော့ ကွာသည်။ jongdae hyung က အေးအေးလေးနှင့် တိုးတိုးလေး ပြောသည်။

"အဲဒါကို ငါ မေးချင်တာ...မသိချင်ယောင်ဆောင်နေမှာလို့ ပြောချင်တာလား"

chanyeol က မျက်မှောင်ကြုတ်ပြီး....

"အင်းလေ...မသိချင်ယောင်ဆောင်တာပေါ့...အခုပဲကြည့်....သူ ငါ့ကို သိပ်ချစ်ကြောင်း သူ့အပြုအမူတွေအရ မင်းတောင် သိပေမဲ့.....ငါ သူ့ကို သိပ်ချစ်ပါတယ် ဆိုတာကျ လုံးဝကို မသိချင်ယောင်ဆောင်ထားတာ....လုံးဝကိုနော်....သူ့အတွက် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုလိုမျိုး"

ကျွန်တော် နောက်ကျောထဲကပါ စိမ့်တက်အောင် အေးခဲသွားသည်။

"မချစ်တာလည်း မဟုတ်ဘဲ....ငါ ဘယ်လောက်ခံရခက်လဲ...ငါ တကယ် သူ့ကို မချစ်ချင်ဘူး"

"အဲဒါ...ဘာ.....ဘာ....လို့လဲ"

"သူ့ မာန ကြောင့်ပေါ့....သူက ငါ့ကို ဘယ်တော့မှ လက်တွဲမှာ မဟုတ်ဘူး"

အိမ်ရှေ့သို့ ကားရပ်သွားပြီဖြစ်၍ chanyeol က ကားပေါ်မှ ဆင်းသွားသည်။

အာ...သူတို့ ပြဿနာနဲ့ သူတို့လေ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ အစ်ကိုက အဲလိုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ကြားမှာ ပြဿနာလည်း မရှိဘူး။

ကျွန်တော်တို့က အဆင်ပြေပြေပါပဲ နော။

အသက်ပြင်းပြင်းရှူပြီး ကားပေါ်က ဆင်းလိုက်တော့ chanyeol က ကျွန်တော့်ကို ရပ်ကြည့်နေသည်။

"ဘာ...ဘာလဲ"

"ပြောဖို့ ကျန်ခဲ့လို့...အဲဒီ မသိချင်ယောင်ဆောင်တဲ့ အကွက်က ငါ့ hyung ကို မင်းအစ်ကို သင်ပေးထားတာ....သူကမှ တကယ့် pro"

"Yarr....Park Chanyeol"

ဒါ သက်သက်မဲ့ လျှောက်ပြောနေတာကြီး။

•••••••••••••••••••••••••••••••••••

ဆိုးလ်.......

ဒီလောက် တိုက်ဆိုင်မည်ဟု ကျွန်တော် ထင်မထားမိခဲ့ပါ။ အစ်ကို့ကို တွေ့မှ chanyeol ပြောသောစကားများကို သတိရလာသည်။ သူ နောက်ပြောင်ခဲ့တာ မဟုတ်ဘူးပဲ။

"အဲဒီရက်ဆို jongin hyung လည်း ရှိမယ် ထင်တယ်"

"ဟုတ်လား...အစ်ကိုက သူ့အိမ်ပြန်မှာလား"

"ဟင့်အင်း...သူ အိမ်ပြန်မှာ မဟုတ်ဘူး...အဲ...သေချာတော့ မသိဘူးလေ"

"အစ်ကို့အိမ်က ဘယ်နားမှာလဲ"

"မင်းက ဘာလုပ်မလို့လဲ...သူ့အိမ် သူတောင် မပြန်တာ....သူ့ကိုတွေ့ချင်ရင် ××× အထက်တန်းကျောင်းကိုသွား...ငါတို့ အရင်နေခဲ့တဲ့ကျောင်း"

"အစ်ကိုက အဲဒီကို ဘာသွားလုပ်မှာလဲ"

"မင်း တွေ့ရမှာပေါ့...သူ သွားစရာ အဲဒီပဲ ရှိတာပဲ"

အင်းလေ....တိုက်ဆိုင်သည်ဟု ပြောရအောင်လည်း ကျွန်တော် ဆိုးလ်ကိုလာတာ ပထမဆုံး အခေါက်လည်း မဟုတ်။ မတိုက်ဆိုင်ခဲ့သည့် အခေါက်တွေလဲ များလှရောပေါ့။

တစ်ချို့ ပြဿနာတွေကို မသိချင်ပေမဲ့......
မသိစေချင်ပေမဲ့.....မသိလို့ မဖြစ်တဲ့ ကိစ္စတွေက ရှိနေပြန်ရော။

"ဦးလေး...အချိန်က လိုသေးတယ် မလား...ကျွန်တော့်ကို အဲဒီ ဘတ်စ်ကားနောက် လိုက်ပေးပါ့လား...ခဏလေးပါပဲ"

အစ်ကိုက သူ့ဆိုင်ကယ်ကြီးကို ထားပြီး ဘာလို့ ဘတ်စ်ကားစီးရသလဲ။ အဖြူပေါ်မှ အပြာစင်းပါသည့် လက်ရှည်အင်္ကျီနှင့် အစ်ကိုက သိပ်ကြည့်ကောင်းနေသည်။ တမင် သပ်သပ်ရပ်ရပ်ဝတ်လာသလိုမျိုး......

chanyeol ပြောသည့် ကျောင်းရှေ့တွင် အစ်ကို ဘတ်စ်ကားပေါ်မှ ဆင်းသည်။ လက်ထဲမှာ အိတ်တစ်အိတ်နှင့်၊ ကျောင်းပေါက်ဝတွင် တစ်စုံတစ်ယောက်ကို သူ စောင့်နေသည်။

"sehun လေး....အချိန် နီးနေပြီ...လူကြီးတွေ စောင့်နေရမှာ"

"ခဏလေးပါ...ဦးလေး....တကယ် ခဏလေး"

သိပ်မကြာခင် အစ်ကိုက အညိုရောင် ဆံခွေတွေရှိသည့် မိန်းကလေး တစ်ဦးနှင့် စကားပြောနေသည်။ သူမက ကျောင်းဝတ်စုံနှင့်.....

ခဏလေးသာ အချေအတင် စကားပြောကြသည်။ အခြေအနေက အစ်ကိုက သူ့လက်ထဲမှ အိတ်ကို မိန်းကလေးကို ပေးနေသည်ဟု ထင်ရသည်။ မိန်းကလေးက မယူဘဲ ကျောင်းထဲ ဝင်သွားသည်။

ကျွန်တော် ကားပေါ်မှ အလျင်စလို ဆင်းလိုက်တော့ အစ်ကိုလည်း ထွက်သွားပြီ ဖြစ်သည်။ အစ်ကိုက သူ့လက်ထဲက အိတ်ကို လမ်းဘေးအမှိုက်ပုံးထဲ ပစ်ထားခဲ့သည်။

"အသားညိုတဲ့ မိန်းကလေးကျ ဒီဝတ်စုံနဲ့ လိုက်ပါ့မလား"

ခန့်မှန်းထားသည့် အတိုင်းပဲမို့ အင်္ကျီအိတ်ကို အမှိုက်ပုံးထဲ ပြန်ထည့်လိုက်သည်။

အစ်ကို့ချစ်သူလား လို့ မေးတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ တဲ့။ ကျွန်တော်လည်း အစ်ကို့ချစ်သူလို့ မထင်ပါဘူး။

.

.

.

ထိုနေ့က ရှင်းပြကြသည့် လုပ်ငန်းကိစ္စတွေ အတော်များသည် ထင်ရသည်။ ဖေဖေ့လူယုံကြီးတွေ...ဖေဖေ့ရှေ့နေတွေ....ဖေဖေက သူ့သားလေးအတွက် ငွေတွေရော အလုပ်တွေရော ပုံထားခဲ့တာပဲ။

သူတို့က 'အနားယူတော့...သားလေး' ဆိုတော့ ညနေ ၄ နာရီ။ ထိုင်ခုံပေါ်တင် မှောက်အိပ်ချင်လာသည်။ ပင်ပန်းလိုက်တာ.....

"ထမင်း အဆင်သင့်ဖြစ်ပါပြီ...သခင်လေး"

"ဟင့်အင်း...ကျွန်တော် အပြင်မှာ စားမယ်"

.
.

ကျောင်းဆင်းချိန်ဖြစ်၍ လူရှုပ်လျက်။ အစ်ကိုက ကျောင်းမတက်ဘဲ ဘာလို့ ဆိုးလ်ကို လာတာလဲ။ ဟို မိန်းကလေးကြောင့် ဖြစ်မှာပေါ့နော်။

အင်း....အစ်ကို....တကယ် ရှိနေတာပဲ။ အခုကျ သူက ဆိုင်ကယ်ကြီးနှင့်။ အနက်ရောင် တီရှပ်နှင့် ဆိုင်ကယ်ဦးထုပ်ကြီး ဆောင်းထားသော်လည်း အစ်ကို့ ခန္ဓာအချိုးအစားက ငြင်းလို့မှ မရပဲလေ။

မိန်းကလေး တစ်ယောက်ကို တနေကုန်စောင့်နေတာလား ဟူသော အတွေးက စိတ်တော့ မကောင်းပေမဲ့......

အစ်ကိုက ဒီအတိုင်း အကြာကြီးရပ်နေသည်။ ပြီးမှ ဆိုင်ကယ် မောင်းထွက်သွားသည်။ ကျွန်တော် ကားနှင့် ခပ်ဖြည်းဖြည်းပဲ လိုက်ခဲ့သည်။ လမ်းချိုးလေးထဲ သူ ချိုးဝင်သွားတော့ ကျွန်တော် ကားပေါ်က ဆင်းလိုက်သည်။

"ဦးလေး...ဒီမှာ ခဏစောင့်ပေးနော်"

ကျွန်တော်က ကြောင်တောင်တောင်နဲ့နော်။ "ဟေး...အစ်ကို" လို့ ဒီအတိုင်း နှုတ်ဆက်လိုက်လည်း ဖြစ်ရဲ့သားနဲ့။ မကောင်းတာတွေအတွက် အပင်ပန်းခံ နေသေးတယ်။

ခပ်ချဉ်ချဉ် အတွေးနှင့် လမ်းချိုးထဲ ဝင်လိုက်တော့ ခပ်ဝေးဝေးဆီမှာ အစ်ကိုက ဆိုင်ကယ်ကို ရပ်ထားပြီး တိုင်ကိုမှီ၍ ဆေးလိပ်သောက်နေသည်။

အစ်ကို့ မျက်နှာအထိ သဲသဲကွဲကွဲ မမြင်ရ။ ပြုံးမနေလောက်ဟု ထင်သည်။ ကျွန်တော်လည်း ထိုအကွေ့မှာပဲ ထိုင်ချလိုက်ရင်း ကိုယ့်လက်ပေါ် ကိုယ်မှောက်ပြီး အစ်ကို့ကို ငေးနေလိုက်သည်။

အရမ်းပင်ပန်းနေတာ.... အစ်ကို့မျက်နှာ မလန်းတော့ စိတ်မချမ်းသာဘူး။

အစ်ကိုသည် ထိုနေရာတွင် ထိုပုံစံအတိုင်း နာရီများစွာ ရပ်နေခဲ့သည်။ အမှောင်ချဉ်းလာတော့ သူက ထိုလမ်းဘေးတွင် ထိုင်ချသည်။ ဆေးလိပ်သောက်မပျက်။ အမှောင်ထုထဲတွင် အစ်ကို့ကို အရိပ်သာ မြင်ရတော့သည်။

ကျွန်တော့်ခြေထောက်တွေ ကျဉ်တက်ညောင်းကိုက်လာသည်အထိ အစ်ကိုက ထိုနေရာတွင် မလှုပ်မယှက်။ အိမ်တွေ မီးထွန်းပြီး အတော်ကြီးကြာမှပင် အစ်ကိုသည် အခန်းတစ်ခန်းကိုသာ စိုက်ကြည့်နေကြောင်း ကျွန်တော်သိတော့သည်။ ထပ်ပြီး အညိုရောင် ဆံပင်ခွေလေးပဲလား......

စိတ်ပျက်လက်ပျက် ရယ်မောမိသော်လည်း ကျွန်တော် နေရာက မခွာမိ။ လူပင်ပန်းသည့် ကြားက စိတ်ကပါ ပြိုလဲချင်နေပြီ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကျွန်တော် ပြုံးနေတဲ့ အစ်ကို့ကိုပဲ လိုချင်သည်။

ခြေထောက်တွေသာမက နှလုံးသားတွေပါ တဆစ်ဆစ်ကိုက်ခဲလာသည့်အခါ ကျွန်တော် သည်းမခံနိုင်တော့။ သူ ဘယ်အချိန်ထိ ရပ်နေဦးမှာလဲ။ မျက်နှာကို လက်ဖြင့် ခပ်ကြမ်းကြမ်း သပ်ချလိုက်ပြီး ကားဆီ ပြန်ခဲ့သည်။

ကားတံခါးဆီ လက်အလှမ်းတွင် ဖုန်းမက်ဆေ့ချ်ဝင်လာသည်။

WHAT ?
ကျွန်တော် ပြိုလဲ သွားတော့မလိုပဲ....

ဘာလဲ.... အစ်ကိုက........

မက်ဆေ့ခ်ျက....

'ဘာမှ မစဉ်းစားဘဲ အိပ်ပျော်အောင် အိပ်ပါ'

တဲ့....

ကျွန်တော် တကယ် အော်ဟစ်ပြီး ငိုလိုက်ချင်ပြီ.....

ဖုန်းမျက်နှာပြင်ပေါ်က စာလုံးလေးတွေကို စိုက်ကြည့်နေရင်း ရင်ထဲတွင် တင်းကျပ်ကာ ဆို့တက်လာသည်။ ထပ်ပြီး စာလုံးအသစ်လေးတွေ....

'ကိုယ့်ကိုယ်ကို အပင်ပန်း မခံပါနဲ့...ပြုံးနေစေချင်တယ်...ပြုံးနေပေးပါ"

အဲဒါဆို အစ်ကိုလည်း ပြုံးနေလေဗျာ.....
နောက်ထပ်......

မျက်ဝန်းလေးတွေ မှေးလို့ ပါးစုံ့လေးတွေ မို့တက်အောင် ပြုံးနေသည့် emoji လေးတွေ....

သူ ပြုံးနေတယ်လို့ ပြောချင်တာလား။
ကျွန်တော် တကယ် ပြုံးမိသွားသည်။

အစ်ကိုရော......
တကယ် ပြုံးနေမှာလား..........

Your Smile 🌟








Lanjutkan Membaca

Kamu Akan Menyukai Ini

2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
310K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
138K 15K 16
Suho×Lay , B×B Zawgyi , Unicode Cover by @LenCo Graphics
636K 39K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...