အိမ်ရှေ့တွင် ကျွန်တော် မသိသည့် အမျိုးသမီး သူစိမ်းဧည့်သည်ကြောင့် ထူးဆန်းသွားရသည်။
"ဘာများ ကူညီပေးရမလဲ မသိဘူး"
"သားက oh sehun လား"
"ဟုတ်ကဲ့"
"အန်တီက park chanyeol အမေပါ...သူ ဒီအိမ်မှာ နေတာ မဟုတ်လား"
အား....chanyeol ကို ပြန်လာခေါ်တာပေါ့။ ကျွန်တော် ဘာပြောရမှန်းမသိ ကြောင်နေသည်။
"Chanyeollie"
အိမ်ထဲမှ chanyeol ထွက်လာတော့ ကျွန်တော် ဘေးဖယ်ပေးလိုက်သည်။ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း...ဘယ်တတ်နိုင်ပါ့မလဲ...
"အမေ..ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ"
"သားကို လိုက်ခေါ်ရတာပေါ့...ဘာလို့ ဆိုးရတာလဲ...အမေ့ကို စိတ်ပူအောင်"
"အဲဒါဆိုလည်း ပြန်ရအောင်"
ကျွန်တော် မျက်နှာလွှဲထားလိုက်သည်။
"နေဦး...ဒီက သားကိုလည်း ကျေးဇူးတင်ပါတယ်ကွယ်....အန်တီ့သားကို စောင့်ရှောက်ပေးထားတဲ့အတွက်"
ကျွန်တော် ပြုံးသာပြလိုက်ရသည်။
"sehun"
"ဟင်...အစ်ကို"
ကျွန်တော့်ကို ပြုံးပြနေသော အစ်ကိုက ကား ကွယ်နေ၍ chanyeol အမေကို မြင်ပုံမရ။ သို့သော် သူမကတော့ မြင်လေသည်။
"Kim jongin...မင်းက ဘယ်လိုလုပ် ဒီရောက်နေပြန်တာလဲ"
အစ်ကို့ကို အလိုမကျသံနှင့် ပြောသော အမျိုးသမီးကို ကျွန်တော် ပြူးကြည့်မိသည်။ အစ်ကို့က ကျွန်တော့်ဧည့်သည်လေ။ ကျွန်တော့်အိမ်ထဲမှာ ကျွန်တော့်အစ်ကိုကို.....
သူမက ဇွတ်တရွတ်ဆန်စွာ အစ်ကို့ကို ကျော်၍ လျှောက်သွားသည်။ ခြံအပြင်ဘက်က အစ်ကို့ဆိုင်ကယ်ဘေးတွင် ရပ်နေသော jongdae hyung ဆီ....
"အမေ...ကျွန်တော်တို့ ပြန်ကြမယ်"
chanyeol စကားသံကို သူမက ဂရုမစိုက်စွာ......အစ်ကိုက သူမနောက် လိုက်သွား၍ ကျွန်တော်လည်း လိုက်လာခဲ့သည်။
"နောက်ဆုံးတော့ မင်းပဲကိုး....kim jongdae...မင်းကို park အိမ်တော်နဲ့ မပတ်သတ်ဖို့ ငါ ပြောထားတာလေ"
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world