Happily Ever Afterပျော်ရွှင်စရာ အဆုံးသတ်ကြောင့် ကြည်နူးစွာ ပြုံးလိုက်ရင်း ရည်ရွယ်ချက်မရှိ စာတန်းရှည်များကို ဆက်ကြည့်နေမိသည်။
ကာတွန်းကားတွေသည် ကလေးငယ်များအတွက် ရည်ရွယ်ကာ ပျော်ရွှင်စွာ အဆုံးသတ်ပေးကြသည်။
ကျွန်တော်တို့ လက်တွေ့ဘဝတွေလည်း ဘယ်လောက်ပဲ အခက်အခဲများပါစေ။ အဆုံးသတ်မှာ ပျော်ရွှင်ရမည် ဆိုလျှင်.....
ကျွန်တော်သည် ခပ်ပေါပေါအတွေးများဖြင့် သူရဲဘောကြောင်သည့် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။
လင်းထိန်နေသော အခန်းကြီးထဲ တီဗီကို ပိတ်လိုက်ပြီးနောက် အိပ်စက်ရန် ပြင်သည်။ ကျွန်တော့် အိပ်မက်လှလှလေးတွေ အမှောင်ကြောင့် လွဲချော်သွားမှာ စိုးသည်။
•••••••••••••••••••••••••••
ကျောင်းယူနီဖောင်းကို သပ်ရပ်စွာ ဝတ်ဆင်ပြီး အသင့်စောင့်နေသော ကားထဲဝင်ထိုင်လိုက်သည်။ နွေးထွေးစွာ လှုပ်ရှားနေသော မြို့လေးအား ကြည့်ရင်း စိန်ခေါ်မှုများအကြောင်း စဉ်းစားနေမိသည်။
ကျွန်တော့်ဘဝတွင် ဘာမှမရှိတော့။ ကျွန်တော် အကြောက်ဆုံးသော အထီးကျန်မှုတွေသည် တရားဝင် ရောက်ရှိလာခဲ့ပြီ။ ကျွန်တော့်အသက် 17.....
အခုအချိန်မှစ၍ အိပ်မက်တွင်ပင် အားကိုးရာ မရှိ။ ကျွန်တော် တစ်ယောက်တည်း ရှင်သန်ရမည်။ အထီးမကျန်ချင်လျှင်၊ ကွဲထွက်မနေချင်လျှင် ကိုယ်တိုင် ကြိုးစားရမည်။
အသားကျနေသော သီးသန့်နေလိုစိတ်တွေကို ဖယ်ချရမည်။ ဒီမြို့လေးတွင် ကောင်းမွန်စွာ နေထိုင်တတ်ရန် သင်ယူရမည်။ လူငယ်ဘဝ၏ ကျန်ရှိသော နှစ်အနည်းငယ်တွင် အနည်းဆုံး ပုခုံးဖက်ရမည့် သူငယ်ချင်း တစ်ယောက် ရချင်သည်။
ကားကို ကျောင်းမရောက်ခင် ရပ်ခိုင်းလိုက်ပြီး ကျောင်းဝန်းထဲသို့ လမ်းလျှောက် ဝင်လာခဲ့သည်။ ကျောင်းလေးက အေးချမ်းလှသည်။
ဒီတစ်ခါ ရွေးချယ်တာ မှန်ပြီဟု ယူဆရင်း ကျောင်းရုံးခန်းဆီ ဦးတည်လိုက်သည်။
နွေးထွေးသော ဆရာ ဆရာမများကြောင့် စိတ်က သက်တောင့်သက်သာ ဖြစ်နေသည်။
YOU ARE READING
Your Smile (Unicode)
Fanfictionအစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my isolated world