[4]

558 84 0
                                    

ပိတ်ရက် ခရီးတိုလေး ပြီးသွားတော့ အကုန် သူ့နေရာနှင့် သူ ဖြစ်ကုန်သည်။ အစ်ကိုလည်း အစ်ကို့ အတန်း....ကျွန်တော်လည်း ကျွန်တော့် အတန်း...

တစ်ကျောင်းတည်းဆိုသော်လည်း အစ်ကိုနှင့် မတွေ့ရပါ။ chanyeol က တစ်ခါတစ်ရံ jongdae hyung ဆီ သွားသော်လည်း စိတ်ဆိုးပြီး ပြန်လာသည်က များသည်။

ဘုန်း...

Chanyeol စာအုပ်ကို စားပွဲပေါ် ပစ်တင်လိုက်သဖြင့် ထွက်လာသော အသံ...

"ဘာဖြစ်လာတာလဲ"

"ဘာမှ ဖြစ်မလာဘူး....လာ canteen သွားရအောင်"

သူ ဆွဲခေါ်ရာ ပါလာရင်း သူ့အခြေအနေကြည့့်ရသေးသည်။

"Jongdae hyung ဆီ သွားတာ မဟုတ်ဘူးလား"

"သူ ငါ့ကို လှည့်ပတ်ရှောင်နေတာ"

ဘာပြောပေးရမှန်းလည်း မသိ။ ရှောင်နေလျှင် မတွေ့နဲ့ပေါ့။ chanyeol က စိတ်ညစ်နေဟန် တူသည်။

"စိတ်ညစ်မနေပါနဲ့...hyung က အလုပ်ရှုပ်နေလို့ ဖြစ်မှာပေါ့...သူတို့က ကျောင်းသားခေါင်းဆောင်တွေ မဟုတ်လား"

"ဘယ်သူတို့ကလဲ"

"jongdae hyung တို့လေ"

"သူတို့က ကျောင်းသားခေါင်းဆောင်တွေ မဟုတ်ပါဘူး"

"ဟင်....မဟုတ်ဘူးလား"

"မဟုတ်ဘူး....အာ...တောင်တက်အဖွဲ့က သူတို့ခေါင်းဆောင်လေ....အဲဒါကြောင့် ငါတို့ သူတို့တဲထဲ အိပ်ရတာပေါ့...တောင်တက်ပြီးတော့ နှစ်ယောက်လုံး ပျောက်နေကြသေးတယ်...ငါ သူ့ကို သေချာမတွေ့ရသေးဘူး"

ခေါင်းကြီးငုံ့ပြောနေသော chanyeol စကားကို သေချာမကြားမိ။ ခပ်လှမ်းလှမ်းမှ jongdae hyung ထွက်ပြေးသွားသည်ကို မြင်လိုက်ရခြင်းကြောင့် ဖြစ်သည်။

"ငါ hyung ကို တွေ့လိုက်တယ်"

"ဟင်...ဘယ်သူ...ဟာ...ဟ"

အကင်းပါးလွန်းသော chanyeol က ထွက်ပြေးသော လူသေးသေးနောက် အပြေးလိုက်တော့သည်။ သူတို့ ဘာကြောင့် ပြေးတမ်းလိုက်တမ်း ကစားနေကြမှန်း ကျွန်တော်နားမလည်ပါ။

သို့သော် သူတို့ကိုများ စိတ်စွဲသလား မသိ။ canteen မှ ထွက်လာသော အစ်ကို့ကို အဝေးမှ လှမ်းမြင်ရစဉ် ကျွန်တော် ထွက်ပြေးချင်စိတ်ပေါက်မိသည်။

Your Smile (Unicode)Tahanan ng mga kuwento. Tumuklas ngayon