ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၂၅

17.7K 1.9K 120
By i_lia_u

[Zawgyi]

"တစ္ ! ႏွစ္ ၿပီးေတာ့ သံုး "

ေကာင္းကင္က ေနဝင္ရီတေရာ ေရာင္စဥ္ေတြ အနားသပ္ ပိတ္သိမ္းၿပီး ၾကယ္ေလးေတြ အိပ္ယာႏိုးစ တျဖတ္ျဖတ္လက္လာခ်ိန္အထိ ျမစ္ေရျပင္ၿငိမ့္ၿငိမ့္ေဘးက ျမက္ခင္းစိမ္းေပၚ ပက္လက္လွဲေနမိတာ ဘယ္ႏွနာရီၾကာၿပီမွန္းေတာင္မသိေတာ့ဘူး။
ေရွာင္က်န္႔က လက္ညိဳးတစ္ေခ်ာင္းကိုမိုးေပၚၫႊန္ရင္း နႈတ္ခမ္းပါးလႊာလႊာ ကေန နံပါတ္ေလးေတြကို အစဥ္လိုက္ ေလသံတိုးတိုးနဲ႔ရြတ္ေနတယ္။
ဒါဟာ သူ႔ရဲ႕ စိတ္ကို ေျဖမိေျဖရာနည္းလမ္းျဖစ္မယ္။
မနက္ကအေၾကာင္းကိုအေတြးထဲ လက္သင့္မခံမိေအာင္ မွိတ္တုတ္မွိတ္တုတ္ၾကယ္ေတြကိုသာ စိတ္လိုလက္ရေရတြက္ေနမိတယ္။
သူ႔ရဲ႕ နႈတ္ခမ္းပါးလႊလႊေအာက္ဘက္နားက အနက္ေရာင္ေတာက္ေတာက္ၾကယ္ေလးဆီ ခပ္ေတြေတြ ေငးေမာေနသူကိုေတာ့သတိျပဳမိပံုမေပၚဘူး။

ၾကယ္ေတြေႂကြတယ္ဆိုတာကိုယံုလား?
ၾကယ္ေတြေႂကြရင္ ဘာလို႔ဆုေတာင္းၾကတာလဲ?
ၾကယ္ေတြက ဆုေတာင္းေတြျပည့္ဖို႔သက္သက္ ေျကြေပးေနၾကတာလား?

ကိုယ့္အတြက္ေတာ့..
ျကယ္ေတြေႂကြရင္ဆုမေတာင္းခ်င္ဘူး
ဆုေတာင္းျပည့္ေအာင္ ျကယ္ကိုလည္းမေႂကြေစခ်င္။

ေကာင္းကင္ေပၚမွာ ၾကယ္ေတြစံုေနရင္ရင္သတ္ရွႈေမာၾကမယ္
ၾကယ္ေႂကြရင္ ဆုေတာင္းၾကမယ္
ေႂကြသြားတဲ့ၾကယ္ကိုေတာ့ ဘယ္ဆီဘယ္ဝယ္ မွန္းစ မတမ္းတၾကေတာ့ျပန္ဘူး။

သိပ္ခက္တယ္။

ေရွာင္က်န္႔ရဲ႕ ပတ္တီးစည္းထားတဲ့လက္တစ္ဖက္က ရင္ဘတ္ေပၚတင္ထားၿပီးတစ္ဖက္က ေလထဲမွာေျမႇာက္ထားတယ္။
တသိမ့္သိမ့္ျဖတ္တိုက္သြားတဲ့ေလျပည္ေတြက ေရွာင္က်န္႔ရဲ႕ဆံပင္ေပ်ာ့အိအိကို ေလယူရာယိမ္းေစတယ္။
ျမင္ကြင္းထဲက ေတြ႕သမွ်ၾကယ္ေလးေတြကိုလက္ညိဳးထိုးရင္း အေတြးတိမ္ထဲစီးေမ်ာမိေတာ့ ၾကယ္ေတြစံုေနတဲ့ေကာင္းကင္က အိပ္မက္လိုဝိုးတဝါး။

ေလျပည္တစ္ခ်က္အၿငိမ့္..
ေျမႇာက္ထားလက္စ လက္ဖဝါးေတြယွက္ႏြယ္ခံလိုက္ရၿပီး
ေကာင္းကင္ကတဖိတ္ဖိတ္လက္ေနတဲ့ၾကယ္ေလးေတြရဲ႕ျမင္ကြင္းထဲ မ်က္ႏွာအရိပ္တစ္ခုက မႈန္ဝါးဝါးဝင္လာတဲ့အထိ အေတြးတိမ္ထဲ နစ္ျမဳပ္ေနမိတုန္းပဲ။

တလက္လက္ၾကယ္ေလးေတြရဲ႕ေတာက္ပမႈက ျဖည္းျဖည္းခ်င္း နီးကပ္လာတဲ့ စူးရွရွမ်က္ဝန္းတစ္စံုနဲ႔ ဘယ္လိုအားၿပိဳင္ႏိုင္မွာတဲ့လဲ။
ဝင္ေလထြက္ေလေရာယွက္ဆက္ႏြယ္သြားတဲ့အခ်ိန္ ပါးလ်တဲ့ နႈတ္ခမ္းသားေတြေပၚ စိုအိအိ နႈတ္ခမ္းဖူးေတြက ႏူးႏူးညံ့ညံ့ဖိကပ္လာတယ္။
ဒီလိုခံစားခ်က္က ပိုးပဝါစေပၚလမ္းေလွ်ာက္ၿပီး တိမ္ေတြေပၚလြင့္ေျမာေနသလိုမ်ိဳး။
ထိထားတဲ့ နႈတ္ခမ္းသားေတြက လႈပ္ရွားလာၿပီး အေပၚနႈတ္ခမ္းေအာက္နႈတ္ခမ္း တလွည့္စီ ႏူးႏူးညံ့ညံ့စုပ္ယူဆြဲငင္တယ္။
ေရွာင္က်န္႔ရဲ႕ မ်က္လံုးေတြက တျဖည္းျဖည္းေမွးစင္းလာၿပီ။

႐ုတ္တရက္ ရင္ဘတ္ေပၚတင္ထားတဲ့လက္က ဖိခံလိုက္ရတဲ့အခါ စူးခနဲေအာင့္တက္လာတဲ့ ဒဏ္ရာေၾကာင့္ အိပ္မက္ကလန္႔ႏိုးသလို အသိစိတ္ကပ္ေတာ့ မွိတ္ထားတဲ့ မ်က္ေတာင္စဥ္းစဥ္းေလးေတြက္ို အထိတ္တလန္႔ျမင္လိုက္ရတယ္။
ေရွာင္က်န္႔ လက္ဖဝါးႏွစ္ဖက္စလံုးက ယွက္ႏြယ္ခံလိုက္ရၿပီးတဲ့အခ်ိန္ ေအာက္နႈတ္ခမ္းက နာနာက်င္က်င္ စုပ္ယူခံလိုက္ရျပန္တယ္။

"အင္း"

ဖိႏွိပ္ခံထားရတဲ့ နႈတ္ခမ္းလႊာက စကားေျပာဖို႔အားယူလိုက္ေပမယ့္ နႈတ္ခမ္းသားတစ္ခုလံုးကို အိအိညက္ညက္ငံုခံလိုက္ရတာေၾကာင့္ စကားလံုးေတြက အာေမဋိတ္ တစ္လံုးထဲမွာတင္ လံုးေထြးကြယ္ေပ်ာက္သြားတယ္။

ဒါဘာလုပ္ေနတာလဲ!
ေရွာင္က်န္႔တစ္ကိုယ္လံုးေသြးေတြေျပာင္းျပန္စီးဆင္းေနသလိုမ်ိဳး ေခါင္းတစ္ခုလံုးခ်ာခ်ာလည္လာတယ္။
ႏွလံုးသားကေတာ့ ခုန္ဖို႔ ေမ့ေနတဲ့အထိကို ေၾကာင္အမ္အမ္းျဖစ္ေနပံုပဲ။
ယွက္ႏြယ္ခံထားရတဲ့ လက္ေတြကို ႐ုန္းေတာ့ ဝမ္ရိေပၚရဲ႕ နႈတ္ခမ္းအိအိေတြက ပိုၿပီးၾကမ္းၾကမ္းတမ္းတမ္း ထိေတြ႕လာခဲ့တယ္။
ဝမ္ရိေပၚ ႐ူးသြားတာလား။
တုန္လႈပ္လာတဲ့ ႏွလံုးသားနဲ႔ ဦးေႏွာက္ရဲ႕ ေစခိုင္းမႈအရ ရိေပၚရဲ႕ နႈတ္ခမ္းကို ကိုက္ခ်လိုက္ၿပီး အားေလ်ာ့သြားတဲ့ လက္ေတြထဲက ႐ုန္းထြက္ရင္း ရင္ဘတ္ကို ရွိသမွ် အားအကုန္ နဲ႔ တြန္းထုတ္လိုက္မိတယ္။

ေရွာင္က်န္႔က တုန္ရီေနတဲ့နႈတ္ခမ္းေတြကို လက္သီးစုပ္နဲ႔ ဖိေခ်ထားတယ္။

"ရိ..ေပၚ"

ယံုႏိုင္စရာမရွိတဲ့အျဖစ္အပ်က္ေတြက အမွန္တရားျဖစ္ေနတဲ့အခါ ေရွာင္က်န္႔ နာမည္ကိုပဲ တုန္တုန္ရီရီေရရြတ္ႏိုင္တယ္။
ရိေပၚက ဖင္ထိုင္က်ေနရာကေန ကုန္း႐ုန္းထလာေတာ့ ေရွာင္က်န္႔ အျမန္ထထိုင္လိုက္ေပမယ့္ ပါးႏွစ္ဖက္ကၾကမ္းၾကမ္းတမ္းတမ္းဆြဲယူခံလိုက္ရျပီး နီေစြးေစြး နႈတ္ခမ္းဖူးက ထိကပ္လာျပန္တယ္။

ဗလံုးဗေထြးစကားသံေတြထြက္မလာေအာင္ နႈတ္ခမ္းတစ္ခုလံုးကို ၾကမ္းတမ္းေနပံုက စိတ္လြတ္ေနတဲ့ အ႐ူးလိုပဲ။
ေရွာင္က်န္႔ ရိေပၚရဲ႕ ရင္ဘတ္ကို တြန္းလႊတ္ေနေပမယ့္ ရိေပၚက အရင္ကထက္ အားသိပ္ေကာင္းေနတယ္။
နႈတ္ခမ္းက စပ္ဖ်င္းဖ်င္းနာက်င္မႈနဲ႔အတူ အသက္႐ွဴၾကပ္လာေပမယ့္ လႊတ္ေပးဖို႔စိတ္ကူးရွိပံုမေပၚဘူး။

ေတာင္းပန္ပါတယ္။
စိတ္ထဲကေရရြတ္လိုက္ေပမယ့္ ပါးေပၚကိုျဖတ္စီးလာတဲ့ မ်က္ရည္စက္ေတြက စကားေျပာတယ္။
ေရွာင္က်န္႔လြတ္ေနတဲ့ လက္တစ္ဖက္နဲ႔ ရိေပၚရဲ႕ မ်က္ႏွာကို အရွိန္ျပင္းျပင္းထိုးလိုက္ေတာ့ ရိေပၚရဲ႕မ်က္ႏွာေရာ တစ္ကိုယ္လံုး ေဘးဘက္ကိုလည္ထြက္သြားတယ္။

ေရွာင္က်န္႔ ျမက္ခင္းျပင္ကို ေနာက္ျပန္လက္ေထာက္ရင္း လက္တစ္ဖက္က ေမာဟိုက္ေနတဲ့ ႏွလံုးသားအတြက္ အက်ႌရင္ဘတ္ကိုစုပ္ေျခရင္းပဲ ေျဖေဖ်ာက္ေနရတယ္။
မီးတိုင္ရဲ႕ေမွာင္ရိပ္ေၾကာင့္ ခန္႔မွန္းရခက္ေနတဲ့ ရိေပၚရဲ႕တေစာင္းမ်က္ႏွာဆီက ေျခာက္ေျခာက္ျခားျခား ရယ္သံထြက္လာတယ္။
စိတ္လြတ္ေနတဲ့လူလိုမ်ိဳး။

"ရိ..ေပၚ"

ေရွာင္က်န္႔ေခၚသံအဆံုး ရိေပၚရဲ႕ရယ္သံကရပ္သြားၿပီး ေရွာင္က်န္႔ရဲ႕မ်က္လံုးေတြနဲ႔ ျဖည္းျဖည္းခ်င္းအၾကည့္ဆံုလာတယ္။
ေရွာင္က်န္႔ရဲ႕ ရင္ဘတ္ထဲ ထိတ္ခနဲပဲ။

ရိေပၚရဲ႕ မ်က္ႏွာေတြကရဲေနၿပီး မီးဟုန္းဟုန္းေတာက္ေနတဲ့မ်က္ဝန္းေတြထဲမွာ မ်က္ရည္ၾကည္စေတြက တြဲလြဲခိုေနတယ္။
တစ္ဖက္ရြဲ႕ထားတဲ့ နႈတ္ခမ္းနီေထြးေထြးေတြက မထီမဲ့ျမင္ပံုစံမ်ိဳး တြန္႔ေကြးလို႔ေနတယ္။

"ရြံတယ္မလား"

ရိေပၚရဲ႕ ပထမဆံုးနႈတ္ထြက္စကားကိုေရွာင္က်န္႔နားမလည္ႏိုင္လြန္းစြာပဲ ၾကည့္ေနမိတယ္။
ရဲစခန္းကထြက္ကတည္းက စကားတစ္ခြန္းမွမဟတဲ့ရိေပၚက ဒီေနရာကိုေခၚလာၿပီး ျမက္ခင္းေပၚလွဲအိပ္ေနေတာ့ ေရွာင္က်န္႔လည္း စိတ္ေျပရာေျပေၾကာင္း ၿငိမ္ေနခဲ့တာ။
ခုဏကအခ်ိန္အထိ အေကာင္းအတိုင္းရွိေသးတာကို။
အခုက။

"ရြံတယ္မလား လို႔ ခင္ဗ်ားကိုေမးေနတယ္ေလ"

"ဘာ..ဘာကိုလဲ ရိေပၚ"

ရိေပၚက ဟက္ခနဲတစ္ခ်က္ရယ္တယ္။

"ခင္ဗ်ား အေကာင္ကိုတမ္းတေနရတာနဲ႔ က်ဳပ္ကိုစာရင္းထဲေတာင္ထည့္ပံုမရပါဘူး"

အစီအေငၚမတည့္တဲ့ရိေပၚရဲ႕စကားေတြက တစ္လံုးခ်င္းစို႔စို႔နစ္နစ္ ထြက္လာတယ္။

"ရိေပၚ ဘာျဖစ္ေနတာလဲ"

"ခင္ဗ်ား က်ဳပ္ကိုခ်စ္လား"

ေရွာင္က်န္႔အသက္ရွဴရပ္သြားသလိုခံစားလိုက္ရတယ္။
ဒီစကားအတြက္အေျဖဆိုတာထက္ လက္ဖ်ားေတြေအးစက္လာေစတဲ့အထိ ထိတ္လန္႔မႈက တစ္ကိုယ္လံုးကိုလႈပ္မရေအာင္ခ်ည္ေႏွာင္လိုက္သလိိုပဲ။
ရိေပၚက အထိတ္တလန္႔ျဖစ္သြားတဲ့ ေရွာင္က်န္႔ကိုၾကည့္ၿပီး စိတ္လြတ္လက္လြတ္ရယ္ျပန္တယ္။
အ႐ူးလိုရယ္ေနတဲ့ ရိေပၚကိုၾကည့္ရင္း ေရွာင္က်န္႔မ်က္ရည္ေတြက တိုးလို႔စီးက်တယ္။

"ခင္ဗ်ားမသ္ိခ်င္ေယာင္ေဆာင္လို႔မရဘူး!
က်ဳပ္ ခင္ဗ်ားအေပၚမွာဘယ္လိုသေဘာထားတယ္ဆိုတာ ခင္ဗ်ားသိတယ္!"

ေရွာင္က်န္႔ ဒီအေျခအေနအတြက္ အေကာင္းဆံုးေျဖရွင္းခ်က္ကိုစဥ္းစားေပမယ့္ ဘာကိုမွစဥ္းစားလို႔မရဘူး။
စကားတစ္ခြန္းေျပာဖို႔ အရမ္းအားယူေနရတဲ့ ေရွာင္က်န္႔ကိုၾကည့္ရင္း ရိေပၚရဲ႕ရင္ဘတ္တစ္ခုလံုးမြစာႀကဲေနတယ္။

"မင္းမွာ က်န္းလီ.."

"သူမရွိရင္ေရာ ခင္ဗ်ားလက္ခံမွာမို႔လို႔လား.... ေျဖေလ!"

ဒါက အေၾကာင္းျပခ်က္တစ္ခုမဟုတ္မွန္းခင္ဗ်ားသိပါတယ္။
ပါးျပင္ေပၚလိမ့္ဆင္းၾကလာတဲ့ မ်က္ရည္ေတြကို မျမင္ေစခ်င္တာေၾကာင့္ ရိေပၚ ျမက္ခင္းျပင္ေပၚ လွန္ခ်လိုက္တယ္။

အေျခအေနကို ထိန္းသိမ္းဖို႔ ေရွာင္က်န္႔စဥ္းစားေပမယ့္ ဦးေႏွာက္က လံုးဝ error ျပေနတာေၾကာင့္ စီးက်ေနတဲ့မ်က္ရည္ေတြၾကားကပဲ သူ႔ေခါင္းသူထုေနမိတယ္။

"က်ဳပ္က ခင္ဗ်ားအတြက္ ဟိုေခြးမသားေလာက္ေတာင္ ရင္ထဲမေရာက္ဖူးပဲ"

ရိေပၚရဲ႕ေလသံက ေရခဲ႐ိုက္ထားသလို ေအးစက္သြားျပန္တယ္။

"ဝမ္ရိေပၚ"

ရိေပၚေျပာတဲ့စကားေတြက ေဘာင္လြတ္ေနၿပီ။
လိေဝကိုေျပာမွန္းေရွာင္က်န္႔သိေပမယ့္ ဒီလူက ဒီအေျခအေနထဲ ထည့္ေျပာစရာလိုေလာက္ေအာင္အေရးပါမႈတစ္စက္မွမရွိဘူးထင္တာပဲ။

"ခင္ဗ်ား အိပ္ခဲ့ဖူးတဲ့ လူေတြေလာက္ေအာင္ က်ဳပ္ကိုခင္ဗ်ားက မမက္ေမာဘူးပဲ"

ေရွာင္က်န္႔ရဲ႕အထိတ္တလန္႔ဝိုင္းစက္သြားတဲ့ မ်က္လံုးေတြထဲက မ်က္ရည္ေတြကတားမရစီးမရၿပိဳစင္းလာတယ္။
ဝမ္ရိေပၚတကယ္႐ူးေနၿပီ။
ဘာမဟုတ္တဲ့ေကာင္ေတြေျပာတဲ့စကားကို ဝမ္ရိေပၚက ယံုေနတာလား။
ေရွာင္က်န္႔ ဘက္မွာ ဝမ္ရိေပၚမရွိေတာ့ဘူး။
ေရွာင္က်န္႔ကို ဝမ္ရိေပၚက မယံုေတာ့ဘူး။

"ဝမ္ရိေပၚ!!"

ေရွာင္က်န္႔ ရင္ထဲမွာ တႏုတ္ႏုတ္နာၾကင္လာသမွ် အားအကုန္ေအာ္ဟစ္ပစ္လိုက္တယ္။
ဝမ္ရိေပၚက ဆတ္ခနဲငုတ္တုတ္ထထိုင္လာေတာ့ နီရဲေနတဲ့ မ်က္လံုးေတြကလြဲၿပီး မ်က္ရည္စေတြကို ရွာေဖြလို႔မရႏိုင္ေတာ့ဘူး။

"ဘာအမွားပါသြားလို႔ လာေအာ္ေနတာလဲ!
ျငင္းေလ! ဟိုေခြးမသားကို က်ဳပ္တို႔ႏွစ္ေယာက္က ခ်စ္သူေတြမဟုတ္ဘူးလို႔ ျငင္းလိုက္!
ဒါမွ ခင္ဗ်ား သူ႔သတို႔သမီးေနရာ ဝင္ယူလိုက္ဖို႔ အခြင့္အေရးရရင္ရမွာေပါ့!"

မာန! သိကၡာ ဒါေတြအားလံုးကို ေျခဖဝါးေအာက္မွာနင္းေျခပစ္မယ့္ ဒီစကားလံုးေတြကို ေျပာထြက္ရက္တဲ့သူက ဝမ္ရိေပၚေရာဟုတ္ရဲ႕လား?
တင္းၾကပ္လာတဲ့ ရင္ဘတ္ထဲက ေဒါသေတြကို ပါးစပ္က နာနာက်င္က်င္ မေျပာထြက္လာေအာင္ ေရွာင္က်န္႔ တံေတြးေတြပဲဖိျမိဳခ်ေနမိတယ္။
သူကအႀကီးပဲ။ ဒီကေလးကို...

"က်ဳပ္ကေတာ့ ခင္ဗ်ားေျပာဖူးသလို စကားထဲထည့္ေျပာဖို႔ေတာင္ မသင့္ေတာ္တဲ့ ေကာင္သပ္သပ္ပဲေပါ့"

ဝမ္ရိေပၚက ေျပာခဲ့ဖူးတဲ့စကားတစ္လံုးခ်င္းစီတိုင္းက္ို အဓိပၸာယ္တလြဲေကာက္ၿပီးေတးမွတ္ နာၾကဥ္းတတ္တဲ့သူလို႔ ေရွာင္က်န္႔မထင္ခဲ့တာ အမွားႀကီးမွားတာပဲ။

"ခင္ဗ်ား ဒီေလာက္ေတာင္ အဲ့ေကာင္ကိုတန္းတန္းဆြဲျဖစ္ေနရင္ လြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းက ဒင္းကို ေျခသလံုးဖက္.."

"ဝမ္ရိေပၚ.. မင္းစကားေတြလြန္မလာနဲ႔!
ထင္ရာေျပာေၾကးဆို ငါ့ကို Gay ဆိုၿပီး မင္းစိတ္ကစားရံုသပ္သပ္ အသံုးခ်ဖို႔ စိတ္ေတာင္မကူးနဲ႔!"

ရင္ဘတ္ထဲက ပ်ိဳ႕အန္ထြက္လာတဲ့ ေဒါသေတြကို အသိစိတ္အားလံုးကိုအေမွာင္ဖံုးတယ္။
ခပ္ဟဟပြင့္ေနတဲ့ နႈတ္ခမ္းဖူးေတြက အသံထြက္ေအာင္တစ္ခ်က္ပဲရယ္ရင္းပဲ တုန္႔ျပန္လာတယ္။

"ေကာင္းၿပီ"

ဝမ္ရိေပၚက ျမက္ခင္းေပၚကေနေလးေလးကန္ကန္ထေတာ့ ေျခေထာက္ေတြလည္းယိုင္နဲ႔ေနတယ္။

"ေကာင္းၿပီ"
"ေကာင္းၿပီ"
ဝမ္ရိေပၚရဲ႕မ်က္ႏွာမွာ မဲ့ျပံဳးတစ္ခုကလြဲၿပီးဘာခံစားခ်က္မွကပ္ပါမသြားသလိုမွင္ေသေသ။
"ေကာင္းၿပီေလ"
ဒီစကားတစ္ခြန္းကိုပဲ အ႐ူးလိုအတန္တန္ရြတ္ရင္း ေရွာင္က်န္႔ကို ေက်ာခိုင္းထြက္သြားၿပီ။
ဒါဟာ ဒီအေျခအေနကို အေကာင္းဆံုး ထိန္းသိမ္းလိုက္တာမဟုတ္ရင္ေတာင္ အဆင္ေျပပါတယ္။
ပါးေပၚလိမ့္ဆင္းက်လာတဲ့မ်က္ရည္ေတြကို ေရွာင္က်န္႔သုတ္ပစ္ဖို႔ ဆႏၵမရွိေတာ့ဘူး။
ျမက္ခင္းျပင္ေပၚလွဲခ်ရင္း ၾကယ္ေတြလင္းတဲ့ေကာင္းကင္ကိုေမာ့ၾကည့္မိေတာ့ ျပည့္လွ်ံလာတဲ့မ်က္ရည္ေတြေၾကာင့္ မႈန္ဝါးဝါးသာ အလင္းျပတယ္။
ၾကယ္ေတြလည္း သူ႔ကိုမေျဖသိမ့္ေပးႏိုင္ေတာ့ဘူးထင္ပါတယ္။
သူဆယ္ခြန္း ကိုယ္တစ္ခြန္းမွာ စိတ္ေကာက္သြားတဲ့ ေကာင္ေလးက ကေလးစိတ္ပဲရွိေသးတယ္လို႔ေတြးမိေတာ့ မ်က္ရည္ၾကားထဲက အ႐ူးလိုရယ္မိေသးတာ။

ၾကယ္ေတြက ေကာင္းကင္ေပၚမွာပဲ တင့္တယ္ တယ္လို႔ေတြးမိတာ ကိုယ့္အမွားမွမဟုတ္ပဲကြာ။

.......................................................

ကတၳဴစကၠဴဗံုးထဲကို ေနာက္ဆံုးေသာ ဖိုင္တြဲေတြ ဖိသိပ္ထည့္ရင္း အခန္းထဲေဝ့ၾကည့္ၿပီး သက္ျပင္းေလးေလးခ်မိတယ္။
ဒါကမရည္ရြယ္တဲ့ တိုက္ဆိုင္မႈေပမယ့္ ဒီအေျခအေနနဲ႔ ကိုက္ညီမယ္ထင္တာပါပဲ။

ကတၳဴဗံုးကို မရင္း အခန္းတံခါးကို ေျခေထာက္နဲ႔ကန္ပိတ္လိုက္တယ္။
ေလွကားထစ္ေတြကို ယိုင္နဲ႔နဲ႔ဆင္းလာၿပီး ဧည့္ခန္းထဲက အထုပ္ေတြေဘးမွာ ဗံုးကိုခ်လိုက္တဲ့အခ်ိန္ စားပြဲခံုေပၚမွာ ခ်ိဳခ်ဥ္ဗူးခံြေလး။
ဒါ ဝမ္ရိေပၚ အိမ္ကို စာလာလုပ္ရင္ ဝယ္ဝယ္လာတတ္တဲ့ ပူရွိန္းခ်ိဳခ်ဥ္ဗူးေလးပဲ။

"ေရွာင္က်န္႔သြားေတာ့မွာလား.. ေစာလိုက္တာ"

အိမ္ထဲကို ဝင္လာတဲ့ဦးေလးက လွမ္းေမးေတာ့ ေရွာင္က်န္႔ ေခါင္းညိမ့္ျပရင္း ခ်ိဳခ်ဥ္ဗူးခြံကို လႊင့္ပစ္ဖို႔ အမိႈက္ေတာင္းဆီသြားလိုက္တယ္။
ေနာက္မွ သူ႔ကိုစိတ္ဆိုးသြားတဲ့ ဟိုကေလးဆိုးေလးကို ခ်ိဳခ်ဥ္ဗူးေတြနဲ႔ ဖိသတ္ၿပီး ျပန္ေခ်ာ့ရမယ္လို႔ေတြးမိေတာ့ ေလးပင္ေနတဲ့စိတ္နဲ႔ပဲ ျပံဳးရျပန္တယ္။

"အင္း..ဘယ္လိုေျပာရမွန္းမသိေပမယ့္.. ငါလည္းအသက္ႀကီးၿပီ.. အရင္လိုမေတြးႏိုင္ေတာ့ဘူးပဲဆိုဆို"

ေရွာင္က်န္႔က အမိႈက္ေတာင္းဖြင့္တဲ့ ဘုကိုေျခေထာက္နဲ႔နင္းထားရင္း ဦးေလးကို ငဲ့ၾကည့္လိုက္တယ္။

"ေရွာင္က်န္႔.. သား.. တစ္ခါေလာက္ကိုယ့္ကိုကိုယ္ျမင္ေအာင္ၾကည့္ၿပီး ကိုယ့္စိတ္နဲ႔ကိုယ္ေနၾကည့္ပါ"

ဒီကေလးကို အၿမဲပဲစိုးရိမ္စိတ္နဲ႔ တင္းက်ပ္ဖူးတယ္ပဲဆိုဆို ကိုယ့္စိတ္နဲ႔ကိုယ္ တစ္ခါေလာက္ထပ္မိုက္မဲၾကည့္ဖို႔ တြန္းအားေပးမိတယ္။
သိပ္ကိုပင္ပန္းေနတာကို မျမင္ရက္ေတာ့ဘူးေလ။

ေရွာင္က်န္႔က ျပံဳးျပံဳးေလး ေခါင္းညိမ့္တယ္။
ဖြင့္ထားၿပီးသား အမိႈက္ေတာင္းထဲ ဘူးခြံေလးကိုပစ္ဖို႔လက္လွမ္းလိုက္တယ္။

"ရိေပၚေလးက ေစ့စပ္ေတာ့မယ္တဲ့"

ေဆာင့္ခုန္သြားတဲ့ ႏွလံုးအိမ္နဲ႔အတူ အမိႈက္ဗံုးထဲစြန္႔ပစ္လုဆဲဆဲ ခ်ိဳခ်ဥ္ဗူးခြံေလးကို တင္းတင္းဆုပ္ကိုင္လိုက္မိတယ္။

[ ၾကယ္ေႂကြျခင္း မေႂကြျခင္းဟာ ကံၾကမၼာနဲ႔ မဆိုင္သလို
ဆုေတာင္းျပည့္ျခင္းမျပည့္ျခင္းကလည္း ၾကယ္ေလးေတြနဲ႔မသက္ဆိုင္ပါဘူး..

ျကယ္ေတြေႂကြရင္ဆုမေတာင္းခ်င္ဘူး
ဆုေတာင္းျပည့္ေအာင္ ျကယ္ကိုလည္းမေႂကြေစခ်င္ဘူး။
အကယ္၍ ၾကယ္ေလးက မျဖစ္မေနေႂကြဆင္းရမယ္ဆိုရင္ေတာင္ ကိုယ့္လိုရႊံ့ဗြက္အိုင္ေလးတစ္ခုရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးဖို႔အတြက္ေတာ့ မထိုက္တန္ပါကြယ္]

_________________________________
a/n

ၾကယ္ေႂကြျခင္း မေႂကြျခင္းက ကံၾကမၼာနဲ႔မဆိုင္ေပမယ့္..
Happy Ending - Sad Ending ကေတာ့ စာေရးသူရဲ႕ စိတ္အေျခအေနနဲ႔သာ သက္ဆိုင္ပါသည္တဲ့ကြယ္.. xD
__________________________________

[Unicode]

"တစ် ! နှစ် ပြီးတော့ သုံး "

ကောင်းကင်က နေဝင်ရီတရော ရောင်စဉ်တွေ အနားသပ် ပိတ်သိမ်းပြီး ကြယ်လေးတွေ အိပ်ယာနိုးစ တဖြတ်ဖြတ်လက်လာချိန်အထိ မြစ်ရေပြင်ငြိမ့်ငြိမ့်ဘေးက မြက်ခင်းစိမ်းပေါ် ပက်လက်လှဲနေမိတာ ဘယ်နှနာရီကြာပြီမှန်းတောင်မသိတော့ဘူး။
ရှောင်ကျန့်က လက်ညိုးတစ်ချောင်းကိုမိုးပေါ်ညွှန်ရင်း နှုတ်ခမ်းပါးလွှာလွှာ ကနေ နံပါတ်လေးတွေကို အစဉ်လိုက် လေသံတိုးတိုးနဲ့ရွတ်နေတယ်။
ဒါဟာ သူ့ရဲ့ စိတ်ကို ဖြေမိဖြေရာနည်းလမ်းဖြစ်မယ်။
မနက်ကအကြောင်းကိုအတွေးထဲ လက်သင့်မခံမိအောင် မှိတ်တုတ်မှိတ်တုတ်ကြယ်တွေကိုသာ စိတ်လိုလက်ရရေတွက်နေမိတယ်။
သူ့ရဲ့ နှုတ်ခမ်းပါးလွှလွှအောက်ဘက်နားက အနက်ရောင်တောက်တောက်ကြယ်လေးဆီ ခပ်တွေတွေ ငေးမောနေသူကိုတော့သတိပြုမိပုံမပေါ်ဘူး။

ကြယ်တွေကြွေတယ်ဆိုတာကိုယုံလား?
ကြယ်တွေကြွေရင် ဘာလို့ဆုတောင်းကြတာလဲ?
ကြယ်တွေက ဆုတောင်းတွေပြည့်ဖို့သက်သက် ကြွေပေးနေကြတာလား?

ကိုယ့်အတွက်တော့..
ကြယ်တွေကြွေရင်ဆုမတောင်းချင်ဘူး
ဆုတောင်းပြည့်အောင် ကြယ်ကိုလည်းမကြွေစေချင်။

ကောင်းကင်ပေါ်မှာ ကြယ်တွေစုံနေရင်ရင်သတ်ရှှုမောကြမယ်
ကြယ်ကြွေရင် ဆုတောင်းကြမယ်
ကြွေသွားတဲ့ကြယ်ကိုတော့ ဘယ်ဆီဘယ်ဝယ် မှန်းစ မတမ်းတကြတော့ပြန်ဘူး။

သိပ်ခက်တယ်။

ရှောင်ကျန့်ရဲ့ ပတ်တီးစည်းထားတဲ့လက်တစ်ဖက်က ရင်ဘတ်ပေါ်တင်ထားပြီးတစ်ဖက်က လေထဲမှာမြှောက်ထားတယ်။
တသိမ့်သိမ့်ဖြတ်တိုက်သွားတဲ့လေပြည်တွေက ရှောင်ကျန့်ရဲ့ဆံပင်ပျော့အိအိကို လေယူရာယိမ်းစေတယ်။
မြင်ကွင်းထဲက တွေ့သမျှကြယ်လေးတွေကိုလက်ညိုးထိုးရင်း အတွေးတိမ်ထဲစီးမျောမိတော့ ကြယ်တွေစုံနေတဲ့ကောင်းကင်က အိပ်မက်လိုဝိုးတဝါး။

လေပြည်တစ်ချက်အငြိမ့်..
မြှောက်ထားလက်စ လက်ဖဝါးတွေယှက်နွယ်ခံလိုက်ရပြီး
ကောင်းကင်ကတဖိတ်ဖိတ်လက်နေတဲ့ကြယ်လေးတွေရဲ့မြင်ကွင်းထဲ မျက်နှာအရိပ်တစ်ခုက မှုန်ဝါးဝါးဝင်လာတဲ့အထိ အတွေးတိမ်ထဲ နစ်မြုပ်နေမိတုန်းပဲ။

တလက်လက်ကြယ်လေးတွေရဲ့တောက်ပမှုက ဖြည်းဖြည်းချင်း နီးကပ်လာတဲ့ စူးရှရှမျက်ဝန်းတစ်စုံနဲ့ ဘယ်လိုအားပြိုင်နိုင်မှာတဲ့လဲ။
ဝင်လေထွက်လေရောယှက်ဆက်နွယ်သွားတဲ့အချိန် ပါးလျတဲ့ နှုတ်ခမ်းသားတွေပေါ် စိုအိအိ နှုတ်ခမ်းဖူးတွေက နူးနူးညံ့ညံ့ဖိကပ်လာတယ်။
ဒီလိုခံစားချက်က ပိုးပဝါစပေါ်လမ်းလျှောက်ပြီး တိမ်တွေပေါ်လွင့်မြောနေသလိုမျိုး။
ထိထားတဲ့ နှုတ်ခမ်းသားတွေက လှုပ်ရှားလာပြီး အပေါ်နှုတ်ခမ်းအောက်နှုတ်ခမ်း တလှည့်စီ နူးနူးညံ့ညံ့စုပ်ယူဆွဲငင်တယ်။
ရှောင်ကျန့်ရဲ့ မျက်လုံးတွေက တဖြည်းဖြည်းမှေးစင်းလာပြီ။

ရုတ်တရက် ရင်ဘတ်ပေါ်တင်ထားတဲ့လက်က ဖိခံလိုက်ရတဲ့အခါ စူးခနဲအောင့်တက်လာတဲ့ ဒဏ်ရာကြောင့် အိပ်မက်ကလန့်နိုးသလို အသိစိတ်ကပ်တော့ မှိတ်ထားတဲ့ မျက်တောင်စဉ်းစဉ်းလေးတွေကို အထိတ်တလန့်မြင်လိုက်ရတယ်။
ရှောင်ကျန့် လက်ဖဝါးနှစ်ဖက်စလုံးက ယှက်နွယ်ခံလိုက်ရပြီးတဲ့အချိန် အောက်နှုတ်ခမ်းက နာနာကျင်ကျင် စုပ်ယူခံလိုက်ရပြန်တယ်။

"အင်း"

ဖိနှိပ်ခံထားရတဲ့ နှုတ်ခမ်းလွှာက စကားပြောဖို့အားယူလိုက်ပေမယ့် နှုတ်ခမ်းသားတစ်ခုလုံးကို အိအိညက်ညက်ငုံခံလိုက်ရတာကြောင့် စကားလုံးတွေက အာမေဋိတ် တစ်လုံးထဲမှာတင် လုံးထွေးကွယ်ပျောက်သွားတယ်။

ဒါဘာလုပ်နေတာလဲ!
ရှောင်ကျန့်တစ်ကိုယ်လုံးသွေးတွေပြောင်းပြန်စီးဆင်းနေသလိုမျိုး ခေါင်းတစ်ခုလုံးချာချာလည်လာတယ်။
နှလုံးသားကတော့ ခုန်ဖို့ မေ့နေတဲ့အထိကို ကြောင်အမ်အမ်းဖြစ်နေပုံပဲ။
ယှက်နွယ်ခံထားရတဲ့ လက်တွေကို ရုန်းတော့ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းအိအိတွေက ပိုပြီးကြမ်းကြမ်းတမ်းတမ်း ထိတွေ့လာခဲ့တယ်။
ဝမ်ရိပေါ် ရူးသွားတာလား။
တုန်လှုပ်လာတဲ့ နှလုံးသားနဲ့ ဦးနှောက်ရဲ့ စေခိုင်းမှုအရ ရိပေါ်ရဲ့ နှုတ်ခမ်းကို ကိုက်ချလိုက်ပြီး အားလျော့သွားတဲ့ လက်တွေထဲက ရုန်းထွက်ရင်း ရင်ဘတ်ကို ရှိသမျှ အားအကုန် နဲ့ တွန်းထုတ်လိုက်မိတယ်။

ရှောင်ကျန့်က တုန်ရီနေတဲ့နှုတ်ခမ်းတွေကို လက်သီးစုပ်နဲ့ ဖိချေထားတယ်။

"ရိ..ပေါ်"

ယုံနိုင်စရာမရှိတဲ့အဖြစ်အပျက်တွေက အမှန်တရားဖြစ်နေတဲ့အခါ ရှောင်ကျန့် နာမည်ကိုပဲ တုန်တုန်ရီရီရေရွတ်နိုင်တယ်။
ရိပေါ်က ဖင်ထိုင်ကျနေရာကနေ ကုန်းရုန်းထလာတော့ ရှောင်ကျန့် အမြန်ထထိုင်လိုက်ပေမယ့် ပါးနှစ်ဖက်ကကြမ်းကြမ်းတမ်းတမ်းဆွဲယူခံလိုက်ရပြီး နီစွေးစွေး နှုတ်ခမ်းဖူးက ထိကပ်လာပြန်တယ်။

ဗလုံးဗထွေးစကားသံတွေထွက်မလာအောင် နှုတ်ခမ်းတစ်ခုလုံးကို ကြမ်းတမ်းနေပုံက စိတ်လွတ်နေတဲ့ အရူးလိုပဲ။
ရှောင်ကျန့် ရိပေါ်ရဲ့ ရင်ဘတ်ကို တွန်းလွှတ်နေပေမယ့် ရိပေါ်က အရင်ကထက် အားသိပ်ကောင်းနေတယ်။
နှုတ်ခမ်းက စပ်ဖျင်းဖျင်းနာကျင်မှုနဲ့အတူ အသက်ရှူကြပ်လာပေမယ့် လွှတ်ပေးဖို့စိတ်ကူးရှိပုံမပေါ်ဘူး။

တောင်းပန်ပါတယ်။
စိတ်ထဲကရေရွတ်လိုက်ပေမယ့် ပါးပေါ်ကိုဖြတ်စီးလာတဲ့ မျက်ရည်စက်တွေက စကားပြောတယ်။
ရှောင်ကျန့်လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ရိပေါ်ရဲ့ မျက်နှာကို အရှိန်ပြင်းပြင်းထိုးလိုက်တော့ ရိပေါ်ရဲ့မျက်နှာရော တစ်ကိုယ်လုံး ဘေးဘက်ကိုလည်ထွက်သွားတယ်။

ရှောင်ကျန့် မြက်ခင်းပြင်ကို နောက်ပြန်လက်ထောက်ရင်း လက်တစ်ဖက်က မောဟိုက်နေတဲ့ နှလုံးသားအတွက် အင်္ကျီရင်ဘတ်ကိုစုပ်ခြေရင်းပဲ ဖြေဖျောက်နေရတယ်။
မီးတိုင်ရဲ့မှောင်ရိပ်ကြောင့် ခန့်မှန်းရခက်နေတဲ့ ရိပေါ်ရဲ့တစောင်းမျက်နှာဆီက ခြောက်ခြောက်ခြားခြား ရယ်သံထွက်လာတယ်။
စိတ်လွတ်နေတဲ့လူလိုမျိုး။

"ရိ..ပေါ်"

ရှောင်ကျန့်ခေါ်သံအဆုံး ရိပေါ်ရဲ့ရယ်သံကရပ်သွားပြီး ရှောင်ကျန့်ရဲ့မျက်လုံးတွေနဲ့ ဖြည်းဖြည်းချင်းအကြည့်ဆုံလာတယ်။
ရှောင်ကျန့်ရဲ့ ရင်ဘတ်ထဲ ထိတ်ခနဲပဲ။

ရိပေါ်ရဲ့ မျက်နှာတွေကရဲနေပြီး မီးဟုန်းဟုန်းတောက်နေတဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်စတွေက တွဲလွဲခိုနေတယ်။
တစ်ဖက်ရွဲ့ထားတဲ့ နှုတ်ခမ်းနီထွေးထွေးတွေက မထီမဲ့မြင်ပုံစံမျိုး တွန့်ကွေးလို့နေတယ်။

"ရွံတယ်မလား"

ရိပေါ်ရဲ့ ပထမဆုံးနှုတ်ထွက်စကားကိုရှောင်ကျန့်နားမလည်နိုင်လွန်းစွာပဲ ကြည့်နေမိတယ်။
ရဲစခန်းကထွက်ကတည်းက စကားတစ်ခွန်းမှမဟတဲ့ရိပေါ်က ဒီနေရာကိုခေါ်လာပြီး မြက်ခင်းပေါ်လှဲအိပ်နေတော့ ရှောင်ကျန့်လည်း စိတ်ပြေရာပြေကြောင်း ငြိမ်နေခဲ့တာ။
ခုဏကအချိန်အထိ အကောင်းအတိုင်းရှိသေးတာကို။
အခုက။

"ရွံတယ်မလား လို့ ခင်ဗျားကိုမေးနေတယ်လေ"

"ဘာ..ဘာကိုလဲ ရိပေါ်"

ရိပေါ်က ဟက်ခနဲတစ်ချက်ရယ်တယ်။

"ခင်ဗျား အကောင်ကိုတမ်းတနေရတာနဲ့ ကျုပ်ကိုစာရင်းထဲတောင်ထည့်ပုံမရပါဘူး"

အစီအငေါ်မတည့်တဲ့ရိပေါ်ရဲ့စကားတွေက တစ်လုံးချင်းစို့စို့နစ်နစ် ထွက်လာတယ်။

"ရိပေါ် ဘာဖြစ်နေတာလဲ"

"ခင်ဗျား ကျုပ်ကိုချစ်လား"

ရှောင်ကျန့်အသက်ရှူရပ်သွားသလိုခံစားလိုက်ရတယ်။
ဒီစကားအတွက်အဖြေဆိုတာထက် လက်ဖျားတွေအေးစက်လာစေတဲ့အထိ ထိတ်လန့်မှုက တစ်ကိုယ်လုံးကိုလှုပ်မရအောင်ချည်နှောင်လိုက်သလိုပဲ။
ရိပေါ်က အထိတ်တလန့်ဖြစ်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး စိတ်လွတ်လက်လွတ်ရယ်ပြန်တယ်။
အရူးလိုရယ်နေတဲ့ ရိပေါ်ကိုကြည့်ရင်း ရှောင်ကျန့်မျက်ရည်တွေက တိုးလို့စီးကျတယ်။

"ခင်ဗျားမသိချင်ယောင်ဆောင်လို့မရဘူး!
ကျုပ် ခင်ဗျားအပေါ်မှာဘယ်လိုသဘောထားတယ်ဆိုတာ ခင်ဗျားသိတယ်!"

ရှောင်ကျန့် ဒီအခြေအနေအတွက် အကောင်းဆုံးဖြေရှင်းချက်ကိုစဉ်းစားပေမယ့် ဘာကိုမှစဉ်းစားလို့မရဘူး။
စကားတစ်ခွန်းပြောဖို့ အရမ်းအားယူနေရတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း ရိပေါ်ရဲ့ရင်ဘတ်တစ်ခုလုံးမွစာကြဲနေတယ်။

"မင်းမှာ ကျန်းလီ.."

"သူမရှိရင်ရော ခင်ဗျားလက်ခံမှာမို့လို့လား.... ဖြေလေ!"

ဒါက အကြောင်းပြချက်တစ်ခုမဟုတ်မှန်းခင်ဗျားသိပါတယ်။
ပါးပြင်ပေါ်လိမ့်ဆင်းကြလာတဲ့ မျက်ရည်တွေကို မမြင်စေချင်တာကြောင့် ရိပေါ် မြက်ခင်းပြင်ပေါ် လှန်ချလိုက်တယ်။

အခြေအနေကို ထိန်းသိမ်းဖို့ ရှောင်ကျန့်စဉ်းစားပေမယ့် ဦးနှောက်က လုံးဝ error ပြနေတာကြောင့် စီးကျနေတဲ့မျက်ရည်တွေကြားကပဲ သူ့ခေါင်းသူထုနေမိတယ်။

"ကျုပ်က ခင်ဗျားအတွက် ဟိုခွေးမသားလောက်တောင် ရင်ထဲမရောက်ဖူးပဲ"

ရိပေါ်ရဲ့လေသံက ရေခဲရိုက်ထားသလို အေးစက်သွားပြန်တယ်။

"ဝမ်ရိပေါ်"

ရိပေါ်ပြောတဲ့စကားတွေက ဘောင်လွတ်နေပြီ။
လိဝေကိုပြောမှန်းရှောင်ကျန့်သိပေမယ့် ဒီလူက ဒီအခြေအနေထဲ ထည့်ပြောစရာလိုလောက်အောင်အရေးပါမှုတစ်စက်မှမရှိဘူးထင်တာပဲ။

"ခင်ဗျား အိပ်ခဲ့ဖူးတဲ့ လူတွေလောက်အောင် ကျုပ်ကိုခင်ဗျားက မမက်မောဘူးပဲ"

ရှောင်ကျန့်ရဲ့အထိတ်တလန့်ဝိုင်းစက်သွားတဲ့ မျက်လုံးတွေထဲက မျက်ရည်တွေကတားမရစီးမရပြိုစင်းလာတယ်။
ဝမ်ရိပေါ်တကယ်ရူးနေပြီ။
ဘာမဟုတ်တဲ့ကောင်တွေပြောတဲ့စကားကို ဝမ်ရိပေါ်က ယုံနေတာလား။
ရှောင်ကျန့် ဘက်မှာ ဝမ်ရိပေါ်မရှိတော့ဘူး။
ရှောင်ကျန့်ကို ဝမ်ရိပေါ်က မယုံတော့ဘူး။

"ဝမ်ရိပေါ်!!"

ရှောင်ကျန့် ရင်ထဲမှာ တနုတ်နုတ်နာကြင်လာသမျှ အားအကုန်အော်ဟစ်ပစ်လိုက်တယ်။
ဝမ်ရိပေါ်က ဆတ်ခနဲငုတ်တုတ်ထထိုင်လာတော့ နီရဲနေတဲ့ မျက်လုံးတွေကလွဲပြီး မျက်ရည်စတွေကို ရှာဖွေလို့မရနိုင်တော့ဘူး။

"ဘာအမှားပါသွားလို့ လာအော်နေတာလဲ!
ငြင်းလေ! ဟိုခွေးမသားကို ကျုပ်တို့နှစ်ယောက်က ချစ်သူတွေမဟုတ်ဘူးလို့ ငြင်းလိုက်!
ဒါမှ ခင်ဗျား သူ့သတို့သမီးနေရာ ဝင်ယူလိုက်ဖို့ အခွင့်အရေးရရင်ရမှာပေါ့!"

မာန! သိက္ခာ ဒါတွေအားလုံးကို ခြေဖဝါးအောက်မှာနင်းခြေပစ်မယ့် ဒီစကားလုံးတွေကို ပြောထွက်ရက်တဲ့သူက ဝမ်ရိပေါ်ရောဟုတ်ရဲ့လား?
တင်းကြပ်လာတဲ့ ရင်ဘတ်ထဲက ဒေါသတွေကို ပါးစပ်က နာနာကျင်ကျင် မပြောထွက်လာအောင် ရှောင်ကျန့် တံတွေးတွေပဲဖိမြိုချနေမိတယ်။
သူကအကြီးပဲ။ ဒီကလေးကို...

"ကျုပ်ကတော့ ခင်ဗျားပြောဖူးသလို စကားထဲထည့်ပြောဖို့တောင် မသင့်တော်တဲ့ ကောင်သပ်သပ်ပဲပေါ့"

ဝမ်ရိပေါ်က ပြောခဲ့ဖူးတဲ့စကားတစ်လုံးချင်းစီတိုင်းကို အဓိပ္ပာယ်တလွဲကောက်ပြီးတေးမှတ် နာကြဉ်းတတ်တဲ့သူလို့ ရှောင်ကျန့်မထင်ခဲ့တာ အမှားကြီးမှားတာပဲ။

"ခင်ဗျား ဒီလောက်တောင် အဲ့ကောင်ကိုတန်းတန်းဆွဲဖြစ်နေရင် လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ဒင်းကို ခြေသလုံးဖက်.."

"ဝမ်ရိပေါ်.. မင်းစကားတွေလွန်မလာနဲ့!
ထင်ရာပြောကြေးဆို ငါ့ကို Gay ဆိုပြီး မင်းစိတ်ကစားရုံသပ်သပ် အသုံးချဖို့ စိတ်တောင်မကူးနဲ့!"

ရင်ဘတ်ထဲက ပျို့အန်ထွက်လာတဲ့ ဒေါသတွေကို အသိစိတ်အားလုံးကိုအမှောင်ဖုံးတယ်။
ခပ်ဟဟပွင့်နေတဲ့ နှုတ်ခမ်းဖူးတွေက အသံထွက်အောင်တစ်ချက်ပဲရယ်ရင်းပဲ တုန့်ပြန်လာတယ်။

"ကောင်းပြီ"

ဝမ်ရိပေါ်က မြက်ခင်းပေါ်ကနေလေးလေးကန်ကန်ထတော့ ခြေထောက်တွေလည်းယိုင်နဲ့နေတယ်။

"ကောင်းပြီ"
"ကောင်းပြီ"
ဝမ်ရိပေါ်ရဲ့မျက်နှာမှာ မဲ့ပြုံးတစ်ခုကလွဲပြီးဘာခံစားချက်မှကပ်ပါမသွားသလိုမှင်သေသေ။
"ကောင်းပြီလေ"
ဒီစကားတစ်ခွန်းကိုပဲ အရူးလိုအတန်တန်ရွတ်ရင်း ရှောင်ကျန့်ကို ကျောခိုင်းထွက်သွားပြီ။
ဒါဟာ ဒီအခြေအနေကို အကောင်းဆုံး ထိန်းသိမ်းလိုက်တာမဟုတ်ရင်တောင် အဆင်ပြေပါတယ်။
ပါးပေါ်လိမ့်ဆင်းကျလာတဲ့မျက်ရည်တွေကို ရှောင်ကျန့်သုတ်ပစ်ဖို့ ဆန္ဒမရှိတော့ဘူး။
မြက်ခင်းပြင်ပေါ်လှဲချရင်း ကြယ်တွေလင်းတဲ့ကောင်းကင်ကိုမော့ကြည့်မိတော့ ပြည့်လျှံလာတဲ့မျက်ရည်တွေကြောင့် မှုန်ဝါးဝါးသာ အလင်းပြတယ်။
ကြယ်တွေလည်း သူ့ကိုမဖြေသိမ့်ပေးနိုင်တော့ဘူးထင်ပါတယ်။
သူဆယ်ခွန်း ကိုယ်တစ်ခွန်းမှာ စိတ်ကောက်သွားတဲ့ ကောင်လေးက ကလေးစိတ်ပဲရှိသေးတယ်လို့တွေးမိတော့ မျက်ရည်ကြားထဲက အရူးလိုရယ်မိသေးတာ။

ကြယ်တွေက ကောင်းကင်ပေါ်မှာပဲ တင့်တယ် တယ်လို့တွေးမိတာ ကိုယ့်အမှားမှမဟုတ်ပဲကွာ။

.......................................................

ကတ္ထူစက္ကူဗုံးထဲကို နောက်ဆုံးသော ဖိုင်တွဲတွေ ဖိသိပ်ထည့်ရင်း အခန်းထဲဝေ့ကြည့်ပြီး သက်ပြင်းလေးလေးချမိတယ်။
ဒါကမရည်ရွယ်တဲ့ တိုက်ဆိုင်မှုပေမယ့် ဒီအခြေအနေနဲ့ ကိုက်ညီမယ်ထင်တာပါပဲ။

ကတ္ထူဗုံးကို မရင်း အခန်းတံခါးကို ခြေထောက်နဲ့ကန်ပိတ်လိုက်တယ်။
လှေကားထစ်တွေကို ယိုင်နဲ့နဲ့ဆင်းလာပြီး ဧည့်ခန်းထဲက အထုပ်တွေဘေးမှာ ဗုံးကိုချလိုက်တဲ့အချိန် စားပွဲခုံပေါ်မှာ ချိုချဉ်ဗူးခွံလေး။
ဒါ ဝမ်ရိပေါ် အိမ်ကို စာလာလုပ်ရင် ဝယ်ဝယ်လာတတ်တဲ့ ပူရှိန်းချိုချဉ်ဗူးလေးပဲ။

"ရှောင်ကျန့်သွားတော့မှာလား.. စောလိုက်တာ"

အိမ်ထဲကို ဝင်လာတဲ့ဦးလေးက လှမ်းမေးတော့ ရှောင်ကျန့် ခေါင်းညိမ့်ပြရင်း ချိုချဉ်ဗူးခွံကို လွှင့်ပစ်ဖို့ အမှိုက်တောင်းဆီသွားလိုက်တယ်။
နောက်မှ သူ့ကိုစိတ်ဆိုးသွားတဲ့ ဟိုကလေးဆိုးလေးကို ချိုချဉ်ဗူးတွေနဲ့ ဖိသတ်ပြီး ပြန်ချော့ရမယ်လို့တွေးမိတော့ လေးပင်နေတဲ့စိတ်နဲ့ပဲ ပြုံးရပြန်တယ်။

"အင်း..ဘယ်လိုပြောရမှန်းမသိပေမယ့်.. ငါလည်းအသက်ကြီးပြီ.. အရင်လိုမတွေးနိုင်တော့ဘူးပဲဆိုဆို"

ရှောင်ကျန့်က အမှိုက်တောင်းဖွင့်တဲ့ ဘုကိုခြေထောက်နဲ့နင်းထားရင်း ဦးလေးကို ငဲ့ကြည့်လိုက်တယ်။

"ရှောင်ကျန့်.. သား.. တစ်ခါလောက်ကိုယ့်ကိုကိုယ်မြင်အောင်ကြည့်ပြီး ကိုယ့်စိတ်နဲ့ကိုယ်နေကြည့်ပါ"

ဒီကလေးကို အမြဲပဲစိုးရိမ်စိတ်နဲ့ တင်းကျပ်ဖူးတယ်ပဲဆိုဆို ကိုယ့်စိတ်နဲ့ကိုယ် တစ်ခါလောက်ထပ်မိုက်မဲကြည့်ဖို့ တွန်းအားပေးမိတယ်။
သိပ်ကိုပင်ပန်းနေတာကို မမြင်ရက်တော့ဘူးလေ။

ရှောင်ကျန့်က ပြုံးပြုံးလေး ခေါင်းညိမ့်တယ်။
ဖွင့်ထားပြီးသား အမှိုက်တောင်းထဲ ဘူးခွံလေးကိုပစ်ဖို့လက်လှမ်းလိုက်တယ်။

"ရိပေါ်လေးက စေ့စပ်တော့မယ်တဲ့"

ဆောင့်ခုန်သွားတဲ့ နှလုံးအိမ်နဲ့အတူ အမှိုက်ဗုံးထဲစွန့်ပစ်လုဆဲဆဲ ချိုချဉ်ဗူးခွံလေးကို တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။

[ ကြယ်ကြွေခြင်း မကြွေခြင်းဟာ ကံကြမ္မာနဲ့ မဆိုင်သလို
ဆုတောင်းပြည့်ခြင်းမပြည့်ခြင်းကလည်း ကြယ်လေးတွေနဲ့မသက်ဆိုင်ပါဘူး..

ကြယ်တွေကြွေရင်ဆုမတောင်းချင်ဘူး
ဆုတောင်းပြည့်အောင် ကြယ်ကိုလည်းမကြွေစေချင်ဘူး။
အကယ်၍ ကြယ်လေးက မဖြစ်မနေကြွေဆင်းရမယ်ဆိုရင်တောင် ကိုယ့်လိုရွှံ့ဗွက်အိုင်လေးတစ်ခုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်တော့ မထိုက်တန်ပါကွယ်]

__________________________________

a/n

ကြယ်ကြွေခြင်း မကြွေခြင်းက ကံကြမ္မာနဲ့မဆိုင်ပေမယ့်..
Happy Ending - Sad Ending ကတော့ စာရေးသူရဲ့ စိတ်အခြေအနေနဲ့သာ သက်ဆိုင်ပါသည်တဲ့ကွယ်.. xD

Continue Reading

You'll Also Like

672K 50.6K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတု့ိ သိကြလားကျွန်တော်ကအတ္...
346K 35.8K 52
အထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 F...
57.4K 7.8K 31
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
546K 52.6K 42
ကျိုးနိုင်ငံမှ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သော ကျိုးနိုင်ငံရဲ့အချစ်တော်လေးဖြစ်တဲ့ အလိုလိုက်ခံမင်းသားလေးကျန့်ကျန့်... အင်အားကြီးမားကာ လက်အောက်ခ...