ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၂၄

16.8K 2K 48
By i_lia_u

[Zawgyi]

"ေရွာင္က်န္႔!"

ေခၚသံေတြနားထဲမွာၾကားေနရလည္း ၾကားမေနရသလိုပါပဲ။
ကိုယ့္အျမင္အာရံုေတြလည္းေဝဝါးေနသလို ျမင္ေနသမွ်ဟာ ဝိုးတဝါးရယ္။
စကားသံေတြက ဆူညံေနၿပီး ဘာကိုမွ ေရေရရာရာ ၾကားရတာမ်ိဳးလည္းမရွိ။
ကိုယ့္အေတြးထဲမွာရွိေနတာ ေကာင္ေလးတစ္ေယာက္တည္း။

"ေရွာင္က်န္႔! ေရေတြလွ်ံေနၿပီေလ"

အမတစ္ေယာက္က လက္ကို လာဆြဲေဆာင့္မွ ေရွာင္က်န္႔ စိတ္နဲ႔ကိုယ္ျပန္ကပ္တယ္။

"အ"

ေရထည့္ေနရာကေန အေတြးလြန္သြားမိေတာ့ အခု ၾကမ္းျပင္မွာ ေရေတြဒလေဟာ လွ်ံက်ေနၿပီ။

"ေတာင္းပန္ပါတယ္..ေတာင္းပန္ပါတယ္"

ေရွာင္က်န္႔ အားလည္းအားနာ ရွက္လည္းရွက္ၿပီး ဖန္ခြက္ကိုသတိမထားမိပဲလႊတ္ခ်လိုက္မိတယ္
"ခြမ္း"

ရံုးခန္းထဲမွာ ကၽြတ္စုတ္သံေတြဆူညံသြားတာပဲ။
အကုန္လံုး ထိုင္ရာကေနထၿပီး ေရွာင္က်န္႔ျဖစ္ပ်က္ေနတာကို ဝိုင္းေဝဖန္ေနၾကတယ္။

"ေရွာင္က်န္႔.. သြားလိုက္.. အမလုပ္လိုက္မယ္"

"မဟုတ္ဘူး..ရတယ္အမ..က်ေနာ္ပဲ"

အမက ေခါင္းကိုျဖည္းျဖည္းခါရင္း ေရွာင္က်န္႔လက္ေတြကို တြန္းဖယ္တယ္

"မင္းလုပ္ရင္ တလြဲေတြထပ္ျဖစ္လိမ့္မယ္"

ေရွာင္က်န္႔ ေခါင္းငိုက္စိုက္က်သြားတယ္။
သူတစ္ေနကုန္ ဘာကိုမွအာရံုစိုက္လို႔မရဘူး။
ဝမ္ရိေပၚ နဲ႔ သူနဲ႔ၾကားထဲက ျပႆနာ ဇစ္ျမစ္ကိုပဲသူစဥ္းစားေနမိတာ။
ဘယ္အရာက ႏွစ္ေယာက္ၾကားထဲက အေျခအေနတင္းမာမႈကိုအစပ်ိဳးေစခဲ့တာလည္း သူကိုယ္တိုင္ေတာင္မေရရာေတာ့ဘူး။
ကိုယ့္ဘက္ကမျဖစ္သင့္တဲ့အေျခအေနတစ္ခုကိုထိန္းသိမ္းထားရံုတင္။

"အ"

လက္ထဲကိုစိုက္သြားတဲ့ ဖန္ခြက္အကြဲစက လွ်ံလာတဲ့ေသြးေတြေပက်ံေနၿပီ။
"ေျပာသားပဲေရွာင္က်န္႔ရယ္"

အမဆူေနတာကိုလည္းသူမသိေတာ့ဘူး။
သူ႔လက္ထဲက ဖန္ကြဲစကိုထုတ္ၿပီး ေဆးထည့္ေပးေနတာကိုလည္းမသိေတာ့ဘူး။
ေသြးေတြကိုပဲ ငိုင္ငိုင္ႀကီးၾကည့္ေနတဲ့ ေရွာင္က်န္႔ ေၾကာင့္ရံုးခန္းထဲကလူေတြအားလံုးတစ္ေယာက္နဲ႔တစ္ေယာက္ ေမးဆတ္ျပေနရတဲ့အထိျဖစ္ေနၾကၿပီ။

ျပတင္းေပါက္ကို ေငးၾကည့္ေနမိတာ ဘယ္ႏွမိနစ္ရွိေနၿပီမွန္းမသိေတာ့ဘူး။ အေရွ႕ကထမင္းဘူးကလည္း တစ္စက္မွအရာမယြင္းေသးဘူး။
ေရွာင္က်န္႔ရဲ႕ တူကိုင္ထားတဲ့ ပတ္တီးနဲ႔လက္တစ္ဖက္ကလည္း စားပြဲခံုေပၚမွာ ဒီအတိုင္းၿငိမ္ၿငိမ္ကေလး။
ရင္ထဲကတင္းၾကပ္ေနတဲ့ ဒဏ္ရာမမည္တဲ့ နာၾကင္မႈကိုေတာ့ပတ္တီးစည္းေပးလို႔မရႏိုင္ဘူးထင္။

"ေရွာင္က်န္႔"

ေရွာင္က်န္႔က ေခၚေနတာကိုလည္းမၾကားေတာ့ပဲ ျပတင္းေပါက္ကိုပဲဒီတိုင္းေငးၾကည့္ေနတာ ထမင္းစားနားခ်ိန္ကတည္းက အခု နားခ်ိန္ေတာင္ကုန္သြားၿပီ။

"ေရွာင္က်န္႔ ! ဖုန္းလာေနတယ္"

"အာ.. ဟုတ္ ဟုတ္"

ေဘးကအမေအာ္သံၾကားမွ ေရွာင္က်န္႔တစ္ကိုယ္လံုး တုန္တက္သြားၿပီး ဖုန္းျမည္ေနမွန္း သတိထားမိတယ္။
နံပါတ္အစိမ္းမလို႔ ေရွာင္က်န္႔ အင္တင္တင္နဲ႔ကိုင္လိုက္ရတယ္။

"ေရွာင္က်န္႔ဆိုတဲ့သူလားဗ်"

"ဟုတ္ပါတယ္"

"ဝမ္ရိေပၚ ဆိုတဲ့တစ္ေယာက္ ေက်ာင္းသားတစ္ခ်ိဳ႕နဲ႔ ရန္ျဖစ္....."

ေနာက္က ဘာဆက္ေျပာေနလည္းေရွာင္က်န္႔ဆက္နားမေထာင္ရေသးခင္မွာပဲ ခံုေပၚကေန ဝုန္းကနဲထရပ္လိုက္မိေတာ့ အကုန္လံုးသူ႔ကိုေၾကာင္ေတာင္ေတာင္ဝိုင္းၾကည့္လာၾကတယ္။
ေရွာင္က်န္႔ မ်က္လံုးေတြက စိုးရိမ္စိတ္ေတြဖုန္းဖိမရေလာက္ေအာင္ပဲ။
ရံုးအိတ္ေတာင္မယူႏိုင္ေတာ့ပဲ မနက္က ေကာ္ဖီဝယ္ၿပီးပိုလို႔ ခံုေပၚပစ္တင္ထားတဲ့ ပိုက္ဆံေတြကို လံုးေခ်ၿပီး ေဘာင္းဘီအိတ္ထဲထိုးထည့္လိုက္တယ္။

"ဌာနမႉး.. က်ေနာ္ က်ေနာ္"

ေရွာင္က်န္႔က ဌာနမႉးရဲ႕ ရံုးခန္းထဲကို ဝုန္းဒိုင္းႀကဲဝင္လာၿပီး ေမာဟိုက္သံနဲ႔ေတာင္းဆိုေနတယ္။

"ေန႔တစ္ဝက္ေလာက္ ခြင့္ေပးပါ"

"ဘာလို႔လဲ"

စိုးရိမ္စိတ္နဲ႔ေမးလာတဲ့ ဌာနမႉးရဲ႕ မ်က္လံုးေတြကိုေတာင္သူဂ႐ုစိုက္မေနန္ိုင္ေတာ့ဘူး။
ရဲစခန္းကိုအျမန္ေရာက္ဖို႔ပဲ သူစိတ္ေလာေနမိတယ္။
ဘယ္လိုျဖစ္လို႔ ရဲစခန္းအထိေတာင္ေရာက္သြားတဲ့အထိလဲ ဝမ္ရိေပၚ။

"က်ေနာ့ ကေလး..
က်ေနာ့ကေလးရဲ႕ ကိစၥေလးတစ္ခု ေျဖရွင္းေပးရမွာမလို႔"

............................................

ေရွာင္က်န္႔ တကၠစီထိုးရပ္သြားတာနဲ႔ ဘယ္ေလာက္မွန္းမသိတဲ့ ပိုက္ဆံကိုထိုးထည့္ေပးလိုက္ရင္း ရဲစခန္းထဲကို ေျပးဝင္သြားမိတယ္။
လူသိပ္ရႈပ္မေနေပမယ့္ ေရွာင္က်န္႔ အလ်င္လိုေနလို႔လားမသိဘူး သူ ဝမ္ရိေပၚကိုရွာလို႔မေတြ႕ဘူး။

"ေရွာင္က်န္႔လားဗ်"

ရဲဝတ္စံုနဲ႔တစ္ေယာက္က ဆြဲေခၚလာမွ ေရွာင္က်န္႔ အခန္းတစ္ခုထဲက္ိုပါသြားတယ္။
လိုတာထက္ပိုစိုးရိမ္ေနပံုရတဲ့ ေရွာင္က်န္႔ရဲ႕ပံုစံေၾကာင့္ရဲသားေလးလည္း ဘယ္လိုအစခ်ီရမလဲေတာ္ေတာ္စဥ္းစားေနရတယ္။
ေရွာင္က်န္႔ကိုေက်ာေပးၿပီးထိုင္ေနတဲ့လူေတြထဲမွာ ဝမ္ရိေပၚရဲ႕ ေက်ာျပင္ကို ေရွာင္က်န္႔ေကာင္းေကာင္းမွတ္မိတယ္။

"ရိေပၚ"

ေရွာင္က်န္႔ ရဲ႕ တိုးဖြနဲ႔ ေခၚသံ အဆံုးမွာ ရိေပၚရဲ႕ ငိုက္စိုက္က်ေနတဲ့ ေခါင္းကေထာင္မတ္လာၿပီး ေရွာင္က်န္႔ကို လွည့္ၾကည့္လာတယ္။
ရိေပၚရဲ႕ မ်က္လံုးေတြက နီရဲေနၿပီး ေဒါသရွိန္ျပယ္ေသးပံုမေပၚဘူး။
နႈတ္ခမ္းေထာင့္က ေသြးစို႔ေနတဲ့ ဒဏ္ရာကလြဲရင္ ရိေပၚရဲ႕မ်က္ႏွာ ရွင္းရွင္းေလးက အရင္အတိုင္းပဲမို႔ ေရွာင္က်န္႔အခုမွ သက္ျပင္းခ်ႏိုင္တယ္။

"ထိုင္ပါဦးဗ်"

ေရွာင္က်န္႔ ရိေပၚရဲ႕ ေဘးမွာဝင္ထိုင္ၿပီး မ်က္ႏွာကိုလိုက္ၾကည့္ေနေပမယ့္ ရိေပၚရဲ႕မ်က္လံုးေတြက ေရွာင္က်န္႔ရဲ႕ပတ္တီးစည္းထားတဲ့ လက္ေလးကိုပဲေငးၾကည့္ေနတယ္။

"အုပ္ထိန္းသူေခၚခိုုင္းေတာ့ အကို႔ရဲ႕ ဖုန္းနံပါတ္ကိုေပးတာနဲ႔ က်ေနာ္တို႔ တာဝန္အရဆက္လိုက္တာပါ"

ေရွာင္က်န္႔ကေခါင္းညိမ့္တယ္။

"ႏွစ္ေယာက္က ညီအကိုထင္တယ္"

"အရင္းမဟုတ္ပါဘူး"

"တစ္ဝမ္းကြဲေပါ့"

"မဟုတ္ပါဘူး"

ေရွာင္က်န္႔ရဲ႕ အေျဖေၾကာင့္ ရဲသားေလးက အက်ပ္႐ိုက္သြားၿပီး သက္ျပင္းခ်တယ္။
"အုပ္ထိန္းသူမွရမယ္ဗ်.. ဘာမွမေတာ္ရင္ က်ေနာ္တို႔ဆက္လုပ္ေဆာင္ေပးဖို႔က.."

"သူက က်ေနာ့ ခ်စ္သူ"

ရိေပၚရဲ႕ေျပာစကားေၾကာင့္ ေရွာင္က်န္႔ မ်က္လံုးေတြဝိုင္းသြားၿပီး ရိေပၚကို လွည့္ၾကည့္လာတယ္။
ေရွာင္က်န္႔ မ်က္လံုးေတြထဲက္ို အၾကည့္လႊဲလာတဲ့ ရိေပၚရဲ႕ မ်က္လံုးေတြက ရဲရဲနီေနတုန္းပဲ။

"က်ေနာ့ဘဝထဲကို ခင္ဗ်ားဝင္စြက္ဖက္ေပးကိုေပးရမယ္လို႔ က်ေနာ္မေျပာခဲ့ဘူးလား"

ရိေပၚက ေရွာင္က်န္႔ရဲ႕မ်က္လံုးေတြကိုစိုက္ၾကည့္ၿပီး နႈတ္ခမ္းတစ္ဖက္ရြဲ႕ရင္း ႏွစ္ကိုယ္ၾကားေျပာတဲ့စကားလံုးေတြက ေအးတိေအးစက္ႏိုင္လြန္းတယ္။

"က်ေနာ္ရန္ျဖစ္တာသူ႔ေၾကာင့္ပဲ.. အဲ့ေတာ့ လုပ္စရာရွိတာဆက္လုပ္ေပး"

ရိေပၚက ေရွာင္က်န္႔မ်က္လံုးေတြကိုအၾကည့္လႊဲသြားၿပီး ရဲအရာရွိကို ေျပာတယ္။

"ဝမ္ရိေပၚက ဒီဘက္ကေက်ာင္းသားေတြနဲ႔ရန္ျဖစ္ခဲ့တယ္.."

ေရွာင္က်န္႔ ရိေပၚရဲ႕ ဟိုဘက္မွာထိုင္ေနတဲ့ေက်ာင္းသားေတြကို ခါးကုန္းၿပီးၾကည့္ေတာ့ ဒဏ္ရာေတြနဲ႔ ေက်ာင္းသားသံုးေယာက္ထိုင္ေနတာေတြ႕ရတယ္။
႐ုတ္တရက္ ေက်ာင္းသားေတြ ဘက္ကေန ေရွာင္က်န္႔က္ို ခါးကုန္းၿပီးၾကည့္လာတဲ့ လူတစ္ေယာက္ေၾကာင့္ ေရွာင္က်န္႔ နႈတ္ခမ္းေတြပြင့္အာသြားေပမယ့္ ခပ္ျမန္ျမန္ ခါးကိုမတ္လိုက္တယ္။
ေရွာင္က်န္႔ရဲ႕ မ်က္လံုးေတြက အံ့ၾသမႈရယ္ တုန္လႈပ္မႈရယ္ ေရာေထြးသြားတယ္။

ရိေပၚက ေရွာင္က်န္႔အေၾကာင္း မဟုတ္မဟတ္ေျပာတဲ့ သူေတြေၾကာင့္ရန္ျဖစ္ခဲ့တယ္လို႔ သိရေတာ့ ေရွာင္က်န္႔တကယ္ပဲ စိတ္မေကာင္းျဖစ္ရတယ္။
ဒါဟာအမွန္တကယ္ ရိေပၚရဲ႕ ေက်ာင္းကိုလိုက္လိုက္လာခဲ့ဖူးတဲ့ သူ႔အမွားပဲလို႔ ေတြးတယ္။
အရာအားလံုးမွာ သူကသာ မွားယြင္းေနသူပါပဲ။
....................

ရိေပၚက ေက်ာင္းလြယ္အိတ္ကို လြယ္ၿပီး ရဲစခန္းထဲကေနအရင္ထြက္သြားေတာ့ ေရွာင္က်န္႔ကေနာက္က နႈတ္ဆိတ္လို႔လိုက္လာတယ္။

"ေရွာင္က်န္႔"

လူတစ္ေယာက္ရဲ႕ ေခၚသံေၾကာင့္ ရိေပၚရဲ႕ ေျခလွမ္းေတြကရပ္တန္႔သြားၿပီး ေနာက္က ေရွာင္က်န္႔ကို လွည့္ၾကည့္ေတာ့ မ်က္ခံုးေတြတြန္႔ခ်ိဳးေနၿပီး မ်က္လံုးေတြက ကဏာမၿငိမ္ျဖစ္ေနတယ္။
ေရွာင္က်န္႔ ပခံုးကိုဆြဲဆုပ္ကိုင္ၿပီး ေနာက္ကေနအမီလိုက္လာတဲ့သူက ရိေပၚရန္ျဖစ္ခဲ့တဲ့ ေက်ာင္းသားေတြထဲကတစ္ေယာက္ရဲ႕ အကို ဆိုတဲ့သူ။

"ေရွာင္က်န္႔ရာ နႈတ္ေတာင္မဆက္ဘူး.. ဒီလိုပဲထြက္သြားေတာ့မွာလား"

အဲ့ဒီလူက ေရွာင္က်န္႔ပခံုးကို ဆုပ္ကိုင္ၿပီး တိုးကပ္ေျပာလာတာမို႔ ရိေပၚ ေရွာင္က်န္႔အနားကို အျမန္ေလွ်ာက္သြားလိုက္တယ္။
ရိေပၚကို ျမင္ေတာ့ အဲ့ဒိလူက ပံုမွန္မဟုတ္တဲ့ အျပံဳးေတြနဲ႔ရယ္ၿပီး ေခါင္းညိမ့္ျပတယ္။
ေရွာင္က်န္႔ရဲ႕ ပခံုးေပၚက သူ႔လက္ေတြကို မဖယ္ေသးတာမို႔ ရိေပၚ လက္သီးကိုက်စ္ေနေအာင္ဆုပ္လိုက္မိတယ္။

ေခါင္းငံု႔ေနတဲ့ ေရွာင္က်န္႔ရဲ႕ မ်က္ႏွာက ေမာ့လာေတာ့ ျပံဳးျပံဳးေလးေပမယ့္ စကားတစ္ခြန္းမွဟ မလာဘူး။

"လိေဝ သြားမယ္ေလ"

ကားထဲက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ေခၚသံေၾကာင့္ ရိေပၚ မ်က္ခံုးေတြက အဆမတန္ တြန္႔ခ်ိဳးသြားတယ္။
လိေဝ။ လိေဝ။ လိေဝ ဆိုတာ
ဟိုေခြးမသား!

ရိေပၚက ေရွာင္က်န္႔ရဲ႕ ပခံုးေတြကို ဆုပ္ကိုင္ထားဆဲျဖစ္တဲ့ လိေဝရဲ႕ လက္ေတြကို အားျပင္းျပင္းနဲ႔ ပုတ္ခ်လိုက္ေတာ့
လိေဝက မ်က္ခံုးပင့္ရင္း ခနဲ႔ျပံဳးျပံဳးတယ္။

"ေကာင္ေလးရာ..  မင္းလူႀကီးကို ကိုယ္ဘာမွမလုပ္ပါဘူး"

ရိေပၚက အံႀကိတ္ထားတာ ပါး႐ိုးေတြေထာင္ေနတဲ့အထိပဲ။
လိေဝ က ေရွာင္က်န္႔ရဲ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီးဆက္ေျပာတယ္။

"ေရွာင္က်န္႔ ေရွာင္က်န္႔.. မင္းက အရင္ကေျပာစကားနဲ႔ အခုလုပ္ေနတာ တျခားစီပါလား.. တကယ္ပဲ ဒီလူငယ္ေလးနဲ႔ ျဖစ္ေနတာပဲ"

ေရွာင္က်န္႔က တစ္ခြန္းမွဝင္မေျပာေပမယ့္ လိေဝရဲ႕မ်က္လံုးေတြကိုျပန္စိုက္ၾကည့္ေနတာပါပဲ။

"ၿပီးေတာ့လည္း ငါ့ညီ ေျပာခဲ့တာေတြကလည္း ရန္စတာေတြမွ မဟုတ္ပဲ.. အမွန္တရားေတြေျပာလို႔ အထိနာသြားတာခ်ည္းပဲ"

လိေဝရဲ႕ ညီက ရိေပၚကို "မင္းလူ ေရွာင္က်န္႔က အရင္ကလည္း တျခားေယာက္်ားေတြနဲ႔ အိပ္ခဲ့ဖူးတယ္" ဆိုၿပီး ရန္စခဲ့တာ။
လိေဝရဲ႕ စကားဆံုးေတာ့ ရိေပၚရဲ႕ လက္သီးတစ္ဖက္က ေလေပၚေျမာက္တက္လာေပမယ့္ ေရွာင္က်န္႔က ဖမ္းဆုပ္ၿပီး ျပန္ဆြဲခ်လိုက္တယ္။
ရိေပၚ အရမ္းေဒါသထြက္ေနေပမယ့္ သူ႔လက္ကိုဖမ္းဆုပ္ထားတဲ့ ေရွာင္က်န္႔ရဲ႕လက္က ပတ္တီးျဖဴျဖဴေၾကာင့္ ၿငိမ္သြားတယ္။

"လိေဝ မင္းထင္ေနတာေတြ မဟုတ္ဘူး.. ငါနဲ႔ ရိေပၚက ဘာမွမဟုတ္ဘူး"

ရိေပၚရဲ႕ နႈတ္ခမ္းအစံုကပြင့္အာသြားၿပီး ေရွာင္က်န္႔ကို နားမလည္မႈေတြနဲ႔ ၾကည့္လာတယ္။
ဘာလိုအပ္လို႔ ခင္ဗ်ားက သိပ္ရွင္းျပခ်င္ေနတာလဲ?
လိေဝကေတာ့ ေရွာင္က်န္႔ရဲ႕ အေျဖစကားေၾကာင့္ ရိေပၚကို ၾကည့္ၿပီး ေလွာင္ျပံဳးျပံဳးတယ္။

"မင္းနဲ႔ေျပာစရာစကားလည္းမရွိတာမလို႔ ကိုယ့္လမ္းကိုယ္သြားပါ"

ေရွာင္က်န္႔ရဲ႕ အေျပာအဆံုးမွာ လိေဝက ပုခံုးတြန္႔တယ္။

"ေအာ.. ဒါနဲ႔ ဟိုကားထဲက ကိုယ့္ရဲ႕ သတို႔သမီးေလာင္းေလးပဲ.. ေနာက္တစ္ပတ္ စေနမွာ မဂၤလာေဆာင္မွာ..ေရွာင္က်န္႔ကလာေရာက္ ခ်ီးျမႇင့္ေပးပါဦး"

ခနဲ႔ျပံဳးနဲ႔ လိေဝက သပ္သပ္ေၾကာေနမွန္း အသိသာႀကီးရယ္။
ေရွာင္က်န္႔ ကခပ္ဖြဖြျပံဳးတယ္။

"မလာမယ္မွန္းသိရဲ႕သားနဲ႔ ဝတၲရားအရဖိတ္ေပးတာကိုေက်းဇူးတင္ပါတယ္"

လိေဝက အ႐ူးလိုတဟားဟားေအာ္ရယ္ရင္း လက္ျပရင္း ေက်ာခိုင္းသြားတယ္။

"ေအာေအာ..  ေရွာင္က်န္႔ မင္းလည္း မိန္းကေလးတစ္ေယာက္ေလာက္ရွာၿပီး အရင္လို ေစာက္ေရးမပါတာေတြလုပ္မေနနဲ႔ေတာ့ေပါ့ကြာ..ဟားးဟားး"

လႈပ္ရွားလာျပန္တဲ့ ရိေပၚရဲ႕ လက္သီးေတြက္ို ေရွာင္က်န္႔ အားနဲ႔ပိုၿပီး ဆုပ္ကိုင္လိုက္ေတာ့ မနက္က ရထားတဲ့ ဒဏ္ရာက ဆစ္ခနဲ ဆူးေအာင့္နာၾကင္သြားရတယ္။
ရိေပၚကိုၾကည့္လိုက္ေတာ့ စိတ္ထိန္းခ်ဳပ္ထားရမွန္းသိပ္သိသာလြန္းတယ္။
အံကို ပါး႐ိုးေတြ တုန္တဲ့အထိႀကိတ္ထားၿပီး မ်က္လံုးေတြနီရဲေနတယ္။

ရိေပၚက သူ႔လက္ေတြကို ဆုပ္ကိုင္ထားတဲ့ ေရွာင္က်န္႔ရဲ႕လက္ေတြကို ခပ္တင္းတင္းျပန္ဆုပ္ကိုင္ၿပီး ဆြဲေဆာင့္ေခၚသြားတယ္။
ဒဏ္ရာကိုစည္းထားတဲ့ ပတ္တီးေနရာနဲ႔လြတ္ကင္းတဲ့ လက္ေကာက္ဝတ္ကေနပါပဲ။

ဆိုင္ကယ္ကို အရွိန္ျမႇင့္ၿပီးေမာင္းေနတဲ့ ရိေပၚကို ေရွာင္က်န္႔ဘာမွ မေျပာႏိုင္ေတာ့ဘူး။
ရိေပၚရဲ႕ အက်ႌခါးစကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္ၿပီး ရိေပၚရဲ႕ ပခံုးေပၚ ေခါင္းငိုက္စိုက္မီတင္လိုက္မိတယ္။
ခပ္ျပင္းျပင္းတိုးေဝွ႕တိုက္ခိုက္လာတဲ့ ေလၾကမ္းေတြက အ႐ိုင္းဆန္လြန္းတယ္။

_________________________________________

A/N

လိေဝ ဆိုတဲ့ အေကာင္ ကို မွတ္မိမယ္ထင္ပါတယ္
မမွတ္မိရင္ အပိုင္း ၁၃ ျပန္ဖတ္ၾကည့္ရင္ရပါမယ္..

ၾကယ္ေတြ feedback ေတြေမွ်ာ္ေနပါ့မယ္.. အိုက္နိ💞

_______________________________________

Unicode

"ရှောင်ကျန့်!"

ခေါ်သံတွေနားထဲမှာကြားနေရလည်း ကြားမနေရသလိုပါပဲ။
ကိုယ့်အမြင်အာရုံတွေလည်းဝေဝါးနေသလို မြင်နေသမျှဟာ ဝိုးတဝါးရယ်။
စကားသံတွေက ဆူညံနေပြီး ဘာကိုမှ ရေရေရာရာ ကြားရတာမျိုးလည်းမရှိ။
ကိုယ့်အတွေးထဲမှာရှိနေတာ ကောင်လေးတစ်ယောက်တည်း။

"ရှောင်ကျန့်! ရေတွေလျှံနေပြီလေ"

အမတစ်ယောက်က လက်ကို လာဆွဲဆောင့်မှ ရှောင်ကျန့် စိတ်နဲ့ကိုယ်ပြန်ကပ်တယ်။

"အ"

ရေထည့်နေရာကနေ အတွေးလွန်သွားမိတော့ အခု ကြမ်းပြင်မှာ ရေတွေဒလဟော လျှံကျနေပြီ။

"တောင်းပန်ပါတယ်..တောင်းပန်ပါတယ်"

ရှောင်ကျန့် အားလည်းအားနာ ရှက်လည်းရှက်ပြီး ဖန်ခွက်ကိုသတိမထားမိပဲလွှတ်ချလိုက်မိတယ်
"ခွမ်း"

ရုံးခန်းထဲမှာ ကျွတ်စုတ်သံတွေဆူညံသွားတာပဲ။
အကုန်လုံး ထိုင်ရာကနေထပြီး ရှောင်ကျန့်ဖြစ်ပျက်နေတာကို ဝိုင်းဝေဖန်နေကြတယ်။

"ရှောင်ကျန့်.. သွားလိုက်.. အမလုပ်လိုက်မယ်"

"မဟုတ်ဘူး..ရတယ်အမ..ကျနော်ပဲ"

အမက ခေါင်းကိုဖြည်းဖြည်းခါရင်း ရှောင်ကျန့်လက်တွေကို တွန်းဖယ်တယ်

"မင်းလုပ်ရင် တလွဲတွေထပ်ဖြစ်လိမ့်မယ်"

ရှောင်ကျန့် ခေါင်းငိုက်စိုက်ကျသွားတယ်။
သူတစ်နေကုန် ဘာကိုမှအာရုံစိုက်လို့မရဘူး။
ဝမ်ရိပေါ် နဲ့ သူနဲ့ကြားထဲက ပြဿနာ ဇစ်မြစ်ကိုပဲသူစဉ်းစားနေမိတာ။
ဘယ်အရာက နှစ်ယောက်ကြားထဲက အခြေအနေတင်းမာမှုကိုအစပျိုးစေခဲ့တာလည်း သူကိုယ်တိုင်တောင်မရေရာတော့ဘူး။
ကိုယ့်ဘက်ကမဖြစ်သင့်တဲ့အခြေအနေတစ်ခုကိုထိန်းသိမ်းထားရုံတင်။

"အ"

လက်ထဲကိုစိုက်သွားတဲ့ ဖန်ခွက်အကွဲစက လျှံလာတဲ့သွေးတွေပေကျံနေပြီ။
"ပြောသားပဲရှောင်ကျန့်ရယ်"

အမဆူနေတာကိုလည်းသူမသိတော့ဘူး။
သူ့လက်ထဲက ဖန်ကွဲစကိုထုတ်ပြီး ဆေးထည့်ပေးနေတာကိုလည်းမသိတော့ဘူး။
သွေးတွေကိုပဲ ငိုင်ငိုင်ကြီးကြည့်နေတဲ့ ရှောင်ကျန့် ကြောင့်ရုံးခန်းထဲကလူတွေအားလုံးတစ်ယောက်နဲ့တစ်ယောက် မေးဆတ်ပြနေရတဲ့အထိဖြစ်နေကြပြီ။

ပြတင်းပေါက်ကို ငေးကြည့်နေမိတာ ဘယ်နှမိနစ်ရှိနေပြီမှန်းမသိတော့ဘူး။ အရှေ့ကထမင်းဘူးကလည်း တစ်စက်မှအရာမယွင်းသေးဘူး။
ရှောင်ကျန့်ရဲ့ တူကိုင်ထားတဲ့ ပတ်တီးနဲ့လက်တစ်ဖက်ကလည်း စားပွဲခုံပေါ်မှာ ဒီအတိုင်းငြိမ်ငြိမ်ကလေး။
ရင်ထဲကတင်းကြပ်နေတဲ့ ဒဏ်ရာမမည်တဲ့ နာကြင်မှုကိုတော့ပတ်တီးစည်းပေးလို့မရနိုင်ဘူးထင်။

"ရှောင်ကျန့်"

ရှောင်ကျန့်က ခေါ်နေတာကိုလည်းမကြားတော့ပဲ ပြတင်းပေါက်ကိုပဲဒီတိုင်းငေးကြည့်နေတာ ထမင်းစားနားချိန်ကတည်းက အခု နားချိန်တောင်ကုန်သွားပြီ။

"ရှောင်ကျန့် ! ဖုန်းလာနေတယ်"

"အာ.. ဟုတ် ဟုတ်"

ဘေးကအမအော်သံကြားမှ ရှောင်ကျန့်တစ်ကိုယ်လုံး တုန်တက်သွားပြီး ဖုန်းမြည်နေမှန်း သတိထားမိတယ်။
နံပါတ်အစိမ်းမလို့ ရှောင်ကျန့် အင်တင်တင်နဲ့ကိုင်လိုက်ရတယ်။

"ရှောင်ကျန့်ဆိုတဲ့သူလားဗျ"

"ဟုတ်ပါတယ်"

"ဝမ်ရိပေါ် ဆိုတဲ့တစ်ယောက် ကျောင်းသားတစ်ချို့နဲ့ ရန်ဖြစ်....."

နောက်က ဘာဆက်ပြောနေလည်းရှောင်ကျန့်ဆက်နားမထောင်ရသေးခင်မှာပဲ ခုံပေါ်ကနေ ဝုန်းကနဲထရပ်လိုက်မိတော့ အကုန်လုံးသူ့ကိုကြောင်တောင်တောင်ဝိုင်းကြည့်လာကြတယ်။
ရှောင်ကျန့် မျက်လုံးတွေက စိုးရိမ်စိတ်တွေဖုန်းဖိမရလောက်အောင်ပဲ။
ရုံးအိတ်တောင်မယူနိုင်တော့ပဲ မနက်က ကော်ဖီဝယ်ပြီးပိုလို့ ခုံပေါ်ပစ်တင်ထားတဲ့ ပိုက်ဆံတွေကို လုံးချေပြီး ဘောင်းဘီအိတ်ထဲထိုးထည့်လိုက်တယ်။

"ဌာနမှူး.. ကျနော် ကျနော်"

ရှောင်ကျန့်က ဌာနမှူးရဲ့ ရုံးခန်းထဲကို ဝုန်းဒိုင်းကြဲဝင်လာပြီး မောဟိုက်သံနဲ့တောင်းဆိုနေတယ်။

"နေ့တစ်ဝက်လောက် ခွင့်ပေးပါ"

"ဘာလို့လဲ"

စိုးရိမ်စိတ်နဲ့မေးလာတဲ့ ဌာနမှူးရဲ့ မျက်လုံးတွေကိုတောင်သူဂရုစိုက်မနေနိုင်တော့ဘူး။
ရဲစခန်းကိုအမြန်ရောက်ဖို့ပဲ သူစိတ်လောနေမိတယ်။
ဘယ်လိုဖြစ်လို့ ရဲစခန်းအထိတောင်ရောက်သွားတဲ့အထိလဲ ဝမ်ရိပေါ်။

"ကျနော့ ကလေး..
ကျနော့ကလေးရဲ့ ကိစ္စလေးတစ်ခု ဖြေရှင်းပေးရမှာမလို့"

............................................

ရှောင်ကျန့် တက္ကစီထိုးရပ်သွားတာနဲ့ ဘယ်လောက်မှန်းမသိတဲ့ ပိုက်ဆံကိုထိုးထည့်ပေးလိုက်ရင်း ရဲစခန်းထဲကို ပြေးဝင်သွားမိတယ်။
လူသိပ်ရှုပ်မနေပေမယ့် ရှောင်ကျန့် အလျင်လိုနေလို့လားမသိဘူး သူ ဝမ်ရိပေါ်ကိုရှာလို့မတွေ့ဘူး။

"ရှောင်ကျန့်လားဗျ"

ရဲဝတ်စုံနဲ့တစ်ယောက်က ဆွဲခေါ်လာမှ ရှောင်ကျန့် အခန်းတစ်ခုထဲကိုပါသွားတယ်။
လိုတာထက်ပိုစိုးရိမ်နေပုံရတဲ့ ရှောင်ကျန့်ရဲ့ပုံစံကြောင့်ရဲသားလေးလည်း ဘယ်လိုအစချီရမလဲတော်တော်စဉ်းစားနေရတယ်။
ရှောင်ကျန့်ကိုကျောပေးပြီးထိုင်နေတဲ့လူတွေထဲမှာ ဝမ်ရိပေါ်ရဲ့ ကျောပြင်ကို ရှောင်ကျန့်ကောင်းကောင်းမှတ်မိတယ်။

"ရိပေါ်"

ရှောင်ကျန့် ရဲ့ တိုးဖွနဲ့ ခေါ်သံ အဆုံးမှာ ရိပေါ်ရဲ့ ငိုက်စိုက်ကျနေတဲ့ ခေါင်းကထောင်မတ်လာပြီး ရှောင်ကျန့်ကို လှည့်ကြည့်လာတယ်။
ရိပေါ်ရဲ့ မျက်လုံးတွေက နီရဲနေပြီး ဒေါသရှိန်ပြယ်သေးပုံမပေါ်ဘူး။
နှုတ်ခမ်းထောင့်က သွေးစို့နေတဲ့ ဒဏ်ရာကလွဲရင် ရိပေါ်ရဲ့မျက်နှာ ရှင်းရှင်းလေးက အရင်အတိုင်းပဲမို့ ရှောင်ကျန့်အခုမှ သက်ပြင်းချနိုင်တယ်။

"ထိုင်ပါဦးဗျ"

ရှောင်ကျန့် ရိပေါ်ရဲ့ ဘေးမှာဝင်ထိုင်ပြီး မျက်နှာကိုလိုက်ကြည့်နေပေမယ့် ရိပေါ်ရဲ့မျက်လုံးတွေက ရှောင်ကျန့်ရဲ့ပတ်တီးစည်းထားတဲ့ လက်လေးကိုပဲငေးကြည့်နေတယ်။

"အုပ်ထိန်းသူခေါ်ခိုင်းတော့ အကို့ရဲ့ ဖုန်းနံပါတ်ကိုပေးတာနဲ့ ကျနော်တို့ တာဝန်အရဆက်လိုက်တာပါ"

ရှောင်ကျန့်ကခေါင်းညိမ့်တယ်။

"နှစ်ယောက်က ညီအကိုထင်တယ်"

"အရင်းမဟုတ်ပါဘူး"

"တစ်ဝမ်းကွဲပေါ့"

"မဟုတ်ပါဘူး"

ရှောင်ကျန့်ရဲ့ အဖြေကြောင့် ရဲသားလေးက အကျပ်ရိုက်သွားပြီး သက်ပြင်းချတယ်။
"အုပ်ထိန်းသူမှရမယ်ဗျ.. ဘာမှမတော်ရင် ကျနော်တို့ဆက်လုပ်ဆောင်ပေးဖို့က.."

"သူက ကျနော့ ချစ်သူ"

ရိပေါ်ရဲ့ပြောစကားကြောင့် ရှောင်ကျန့် မျက်လုံးတွေဝိုင်းသွားပြီး ရိပေါ်ကို လှည့်ကြည့်လာတယ်။
ရှောင်ကျန့် မျက်လုံးတွေထဲကို အကြည့်လွှဲလာတဲ့ ရိပေါ်ရဲ့ မျက်လုံးတွေက ရဲရဲနီနေတုန်းပဲ။

"ကျနော့ဘဝထဲကို ခင်ဗျားဝင်စွက်ဖက်ပေးကိုပေးရမယ်လို့ ကျနော်မပြောခဲ့ဘူးလား"

ရိပေါ်က ရှောင်ကျန့်ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ရွဲ့ရင်း နှစ်ကိုယ်ကြားပြောတဲ့စကားလုံးတွေက အေးတိအေးစက်နိုင်လွန်းတယ်။

"ကျနော်ရန်ဖြစ်တာသူ့ကြောင့်ပဲ.. အဲ့တော့ လုပ်စရာရှိတာဆက်လုပ်ပေး"

ရိပေါ်က ရှောင်ကျန့်မျက်လုံးတွေကိုအကြည့်လွှဲသွားပြီး ရဲအရာရှိကို ပြောတယ်။

"ဝမ်ရိပေါ်က ဒီဘက်ကကျောင်းသားတွေနဲ့ရန်ဖြစ်ခဲ့တယ်.."

ရှောင်ကျန့် ရိပေါ်ရဲ့ ဟိုဘက်မှာထိုင်နေတဲ့ကျောင်းသားတွေကို ခါးကုန်းပြီးကြည့်တော့ ဒဏ်ရာတွေနဲ့ ကျောင်းသားသုံးယောက်ထိုင်နေတာတွေ့ရတယ်။
ရုတ်တရက် ကျောင်းသားတွေ ဘက်ကနေ ရှောင်ကျန့်ကို ခါးကုန်းပြီးကြည့်လာတဲ့ လူတစ်ယောက်ကြောင့် ရှောင်ကျန့် နှုတ်ခမ်းတွေပွင့်အာသွားပေမယ့် ခပ်မြန်မြန် ခါးကိုမတ်လိုက်တယ်။
ရှောင်ကျန့်ရဲ့ မျက်လုံးတွေက အံ့သြမှုရယ် တုန်လှုပ်မှုရယ် ရောထွေးသွားတယ်။

ရိပေါ်က ရှောင်ကျန့်အကြောင်း မဟုတ်မဟတ်ပြောတဲ့ သူတွေကြောင့်ရန်ဖြစ်ခဲ့တယ်လို့ သိရတော့ ရှောင်ကျန့်တကယ်ပဲ စိတ်မကောင်းဖြစ်ရတယ်။
ဒါဟာအမှန်တကယ် ရိပေါ်ရဲ့ ကျောင်းကိုလိုက်လိုက်လာခဲ့ဖူးတဲ့ သူ့အမှားပဲလို့ တွေးတယ်။
အရာအားလုံးမှာ သူကသာ မှားယွင်းနေသူပါပဲ။
....................

ရိပေါ်က ကျောင်းလွယ်အိတ်ကို လွယ်ပြီး ရဲစခန်းထဲကနေအရင်ထွက်သွားတော့ ရှောင်ကျန့်ကနောက်က နှုတ်ဆိတ်လို့လိုက်လာတယ်။

"ရှောင်ကျန့်"

လူတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရိပေါ်ရဲ့ ခြေလှမ်းတွေကရပ်တန့်သွားပြီး နောက်က ရှောင်ကျန့်ကို လှည့်ကြည့်တော့ မျက်ခုံးတွေတွန့်ချိုးနေပြီး မျက်လုံးတွေက ကဏာမငြိမ်ဖြစ်နေတယ်။
ရှောင်ကျန့် ပခုံးကိုဆွဲဆုပ်ကိုင်ပြီး နောက်ကနေအမီလိုက်လာတဲ့သူက ရိပေါ်ရန်ဖြစ်ခဲ့တဲ့ ကျောင်းသားတွေထဲကတစ်ယောက်ရဲ့ အကို ဆိုတဲ့သူ။

"ရှောင်ကျန့်ရာ နှုတ်တောင်မဆက်ဘူး.. ဒီလိုပဲထွက်သွားတော့မှာလား"

အဲ့ဒီလူက ရှောင်ကျန့်ပခုံးကို ဆုပ်ကိုင်ပြီး တိုးကပ်ပြောလာတာမို့ ရိပေါ် ရှောင်ကျန့်အနားကို အမြန်လျှောက်သွားလိုက်တယ်။
ရိပေါ်ကို မြင်တော့ အဲ့ဒိလူက ပုံမှန်မဟုတ်တဲ့ အပြုံးတွေနဲ့ရယ်ပြီး ခေါင်းညိမ့်ပြတယ်။
ရှောင်ကျန့်ရဲ့ ပခုံးပေါ်က သူ့လက်တွေကို မဖယ်သေးတာမို့ ရိပေါ် လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်မိတယ်။

ခေါင်းငုံ့နေတဲ့ ရှောင်ကျန့်ရဲ့ မျက်နှာက မော့လာတော့ ပြုံးပြုံးလေးပေမယ့် စကားတစ်ခွန်းမှဟ မလာဘူး။

"လိဝေ သွားမယ်လေ"

ကားထဲက အမျိုးသမီးတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရိပေါ် မျက်ခုံးတွေက အဆမတန် တွန့်ချိုးသွားတယ်။
လိဝေ။ လိဝေ။ လိဝေ ဆိုတာ
ဟိုခွေးမသား!

ရိပေါ်က ရှောင်ကျန့်ရဲ့ ပခုံးတွေကို ဆုပ်ကိုင်ထားဆဲဖြစ်တဲ့ လိဝေရဲ့ လက်တွေကို အားပြင်းပြင်းနဲ့ ပုတ်ချလိုက်တော့
လိဝေက မျက်ခုံးပင့်ရင်း ခနဲ့ပြုံးပြုံးတယ်။

"ကောင်လေးရာ..  မင်းလူကြီးကို ကိုယ်ဘာမှမလုပ်ပါဘူး"

ရိပေါ်က အံကြိတ်ထားတာ ပါးရိုးတွေထောင်နေတဲ့အထိပဲ။
လိဝေ က ရှောင်ကျန့်ရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီးဆက်ပြောတယ်။

"ရှောင်ကျန့် ရှောင်ကျန့်.. မင်းက အရင်ကပြောစကားနဲ့ အခုလုပ်နေတာ တခြားစီပါလား.. တကယ်ပဲ ဒီလူငယ်လေးနဲ့ ဖြစ်နေတာပဲ"

ရှောင်ကျန့်က တစ်ခွန်းမှဝင်မပြောပေမယ့် လိဝေရဲ့မျက်လုံးတွေကိုပြန်စိုက်ကြည့်နေတာပါပဲ။

"ပြီးတော့လည်း ငါ့ညီ ပြောခဲ့တာတွေကလည်း ရန်စတာတွေမှ မဟုတ်ပဲ.. အမှန်တရားတွေပြောလို့ အထိနာသွားတာချည်းပဲ"

လိဝေရဲ့ ညီက ရိပေါ်ကို "မင်းလူ ရှောင်ကျန့်က အရင်ကလည်း တခြားယောက်ျားတွေနဲ့ အိပ်ခဲ့ဖူးတယ်" ဆိုပြီး ရန်စခဲ့တာ။
လိဝေရဲ့ စကားဆုံးတော့ ရိပေါ်ရဲ့ လက်သီးတစ်ဖက်က လေပေါ်မြောက်တက်လာပေမယ့် ရှောင်ကျန့်က ဖမ်းဆုပ်ပြီး ပြန်ဆွဲချလိုက်တယ်။
ရိပေါ် အရမ်းဒေါသထွက်နေပေမယ့် သူ့လက်ကိုဖမ်းဆုပ်ထားတဲ့ ရှောင်ကျန့်ရဲ့လက်က ပတ်တီးဖြူဖြူကြောင့် ငြိမ်သွားတယ်။

"လိဝေ မင်းထင်နေတာတွေ မဟုတ်ဘူး.. ငါနဲ့ ရိပေါ်က ဘာမှမဟုတ်ဘူး"

ရိပေါ်ရဲ့ နှုတ်ခမ်းအစုံကပွင့်အာသွားပြီး ရှောင်ကျန့်ကို နားမလည်မှုတွေနဲ့ ကြည့်လာတယ်။
ဘာလိုအပ်လို့ ခင်ဗျားက သိပ်ရှင်းပြချင်နေတာလဲ?
လိဝေကတော့ ရှောင်ကျန့်ရဲ့ အဖြေစကားကြောင့် ရိပေါ်ကို ကြည့်ပြီး လှောင်ပြုံးပြုံးတယ်။

"မင်းနဲ့ပြောစရာစကားလည်းမရှိတာမလို့ ကိုယ့်လမ်းကိုယ်သွားပါ"

ရှောင်ကျန့်ရဲ့ အပြောအဆုံးမှာ လိဝေက ပုခုံးတွန့်တယ်။

"အော.. ဒါနဲ့ ဟိုကားထဲက ကိုယ့်ရဲ့ သတို့သမီးလောင်းလေးပဲ.. နောက်တစ်ပတ် စနေမှာ မင်္ဂလာဆောင်မှာ..ရှောင်ကျန့်ကလာရောက် ချီးမြှင့်ပေးပါဦး"

ခနဲ့ပြုံးနဲ့ လိဝေက သပ်သပ်ကြောနေမှန်း အသိသာကြီးရယ်။
ရှောင်ကျန့် ကခပ်ဖွဖွပြုံးတယ်။

"မလာမယ်မှန်းသိရဲ့သားနဲ့ ဝတ္တရားအရဖိတ်ပေးတာကိုကျေးဇူးတင်ပါတယ်"

လိဝေက အရူးလိုတဟားဟားအော်ရယ်ရင်း လက်ပြရင်း ကျောခိုင်းသွားတယ်။

"အောအော..  ရှောင်ကျန့် မင်းလည်း မိန်းကလေးတစ်ယောက်လောက်ရှာပြီး အရင်လို စောက်ရေးမပါတာတွေလုပ်မနေနဲ့တော့ပေါ့ကွာ..ဟားးဟားး"

လှုပ်ရှားလာပြန်တဲ့ ရိပေါ်ရဲ့ လက်သီးတွေကို ရှောင်ကျန့် အားနဲ့ပိုပြီး ဆုပ်ကိုင်လိုက်တော့ မနက်က ရထားတဲ့ ဒဏ်ရာက ဆစ်ခနဲ ဆူးအောင့်နာကြင်သွားရတယ်။
ရိပေါ်ကိုကြည့်လိုက်တော့ စိတ်ထိန်းချုပ်ထားရမှန်းသိပ်သိသာလွန်းတယ်။
အံကို ပါးရိုးတွေ တုန်တဲ့အထိကြိတ်ထားပြီး မျက်လုံးတွေနီရဲနေတယ်။

ရိပေါ်က သူ့လက်တွေကို ဆုပ်ကိုင်ထားတဲ့ ရှောင်ကျန့်ရဲ့လက်တွေကို ခပ်တင်းတင်းပြန်ဆုပ်ကိုင်ပြီး ဆွဲဆောင့်ခေါ်သွားတယ်။
ဒဏ်ရာကိုစည်းထားတဲ့ ပတ်တီးနေရာနဲ့လွတ်ကင်းတဲ့ လက်ကောက်ဝတ်ကနေပါပဲ။

ဆိုင်ကယ်ကို အရှိန်မြှင့်ပြီးမောင်းနေတဲ့ ရိပေါ်ကို ရှောင်ကျန့်ဘာမှ မပြောနိုင်တော့ဘူး။
ရိပေါ်ရဲ့ အင်္ကျီခါးစကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ရိပေါ်ရဲ့ ပခုံးပေါ် ခေါင်းငိုက်စိုက်မီတင်လိုက်မိတယ်။
ခပ်ပြင်းပြင်းတိုးဝှေ့တိုက်ခိုက်လာတဲ့ လေကြမ်းတွေက အရိုင်းဆန်လွန်းတယ်။

_________________________________________

A/N

လိဝေ ဆိုတဲ့ အကောင် ကို မှတ်မိမယ်ထင်ပါတယ်
မမှတ်မိရင် အပိုင်း ၁၃ ပြန်ဖတ်ကြည့်ရင်ရပါမယ်..

ကြယ်တွေ feedback တွေမျှော်နေပါ့မယ်.. အိုက်နိ💞

Continue Reading

You'll Also Like

109K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
131K 7.7K 54
ရင္​း....ကိုယ္​မင္​းကိုအရမ္​းခ်စ္​တယ္​... လန္​ဝမ္​့က်ီး လန္​က်န္​႔က ငါ့ကို ခ်စ္​တယ္​တဲ့... ငါက သူ႔ညီျဖစ္​ရက္​နဲ႔​ေလ... ​ေဝ့ဝူ႐ွန္​႔ ရင်း....ကိုယ်မင်း...
116K 5K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
376K 41.5K 33
Epiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you