[Zawgyi]
"ေရွာင္က်န္႔က်န္႔!!"
ျခံတံခါးကို အတင္းတြန္းကန္ဖြင့္ရင္းေျပးဖက္လာတဲ့ က်ိဳးခ်န္ေၾကာင့္ ေရွာင္က်န္႔ရယ္မိတယ္
ကေလးဘဝ ပိစိေလးေတြကတည္းက ပခံုးဖက္ေပါင္းလာၿပီး ေရွာင္က်န္႔ ၿမိဳ႕ကိုေျပာင္းသြားေတာ့လည္း က်ိဳးခ်န္နဲ႔အဆက္အသြယ္မျပတ္ခဲ့ဘူး
သူဒီကိုျပန္လာတိုင္း က်ိဳးခ်န္က ေျပးလာတတ္တာ ထံုးစံပဲ
အဆက္အသြယ္မျပတ္ေပမယ့္ အခုဆို လူခ်င္းမေတြ႕ရတာ ဘယ္ေလာက္ေတာင္ၾကာသြားၿပီလဲ
သူငယ္ခ်င္းထက္ပိုတဲ့ ေသြးေသာက္ညီအကိုဆိုလည္းမမွားႏိုင္ဘူး
အဖိုးတန္ က်ိဳးခ်န္!
ေရွာင္က်န္႔ေက်ာအေနာက္ဘက္က ဝမ္ရိေပၚကေတာ့ က်ိဳးခ်န္ကို မအီမသာရယ္ျပရွာတယ္
"သူက?"
က်ိဳးခ်န္ကအခုမွ ဝမ္ရိေပၚကို ေမးေဖာ္ရတယ္
"ဝမ္ရိေပၚေလ..
ရိေပၚဒါက ဝမ္က်ိဳးခ်န္.. ေကာေကာေျပာျပဖူးတယ္မွတ္မိလား"
ရိေပၚက ဝတၱရားေက်ေခါင္းညိမ့္ျပတယ္
"ေအာာာ.....ေရွာင္က်န္႔ေျပာျပတာေတြေတာ့ အၿမဲနားေထာင္ေနရတာ.. အခုမွပဲအျပင္မွာေတြ႕ဖူးေတာ့တယ္.. ဒီကေလးေတာင္ ေတာ္ေတာ္ႀကီးလာၿပီပဲ"
က်ိဳးခ်န္ကလည္း ရိေပၚကို အသိအမွတ္ျပဳသလို ေခါင္းညိတ္နႈတ္ဆက္စကားေျပာၿပီး ေရွာင္က်န္႔ကိုပဲ စကားေတြ တလက္စက္ေျပာေနေတာ့တာပဲ
အခု ေရွာင္က်န္႔ရဲ႕ အခန္းထဲမွာ ႏွစ္ေယာက္သား အလြမ္းသယ္ ေလေပါေနၿပီး တံခါးအျပင္ကေန နားႀကီး တံခါးထဲ ကၽြံဝင္မတတ္ ခိုးနားေထာင္ေနတာက ဝမ္ရိေပၚရယ္..
"ဘာမွလည္းမၾကားရဘူး"
ရိေပၚရဲ႕ နားရြက္က တံခါးထဲ ျမဳပ္ၿပီးညပ္ေနေတာ့မယ္
အခုထိ ဘာမွေရေရရာရာမၾကားရေတာ့ အခက္ေတြ႕ေနတယ္
"ဂ်ပ္!"
"အ အ!"
ပြင့္သြားတဲ့ တံခါးေၾကာင့္ ရိေပၚရဲ႕ တစ္ကိုယ္လံုးယိုင္ထိုးသြားတယ္
"ရိေပၚ?"
တံခါးဝမွာေပၚလာတဲ့ေရွာင္က်န္႔ေၾကာင့္ ရိေပၚ မလံုမလဲရယ္ျပရင္း မတ္မတ္ျပန္ရပ္လိုက္ရတယ္
ေရွာင္က်န္႔က နႈတ္ခမ္းေလးတစ္ဖက္ကိုရြဲ႕ျပရင္း အခန္းထဲကထြက္သြားေတာ့ ရိေပၚ ေရွာင္က်န္႔ရဲ႕လက္ကိုလွမ္းဆြဲလိုက္တယ္
"က်န္႔ေကာ ဘယ္လဲ?"
ေရွာင္က်န္႔က ရိေပၚရဲ႕ေခါင္းကိုဖြဖြေလးေခါက္လိုက္တယ္
ဒီအမူအရာေလးကလည္း ရိေပၚရဲ႕ရင္ထဲတစ္မ်ိဳးတစ္ဖံုခ်စ္ဖို႔ေကာင္းေနျပန္ေရာ
"ဘယ္သြားရမွာလဲ ရွဴးေပါက္မလို႔"
"ေအာာ"
ေရွာင္က်န္႔ထြက္သြားတဲ့အခ်ိန္ ရိေပၚ အခန္းထဲကို တံခါးဟၾကည့္ေတာ့ ဝမ္က်ိဳးခ်န္ဆိုတဲ့ လူက ကုတင္ေပၚမွာထိုင္ရင္း ဖုန္းၾကည့္ေနတယ္
ရိေပၚကို ျမင္ေတာ့ က်ိဳးခ်န္က ေခါင္းညိတ္ျပရင္းရယ္ျပတယ္
ရိေပၚ နႈတ္ခမ္းဖ်ားကိုကိုက္ ခဏေလာက္ စဥ္းစားၿပီးမွ အခန္းထဲကို ဝင္ၿပီး က်ိဳးခ်န္ေဘးမွာဝင္ထိုင္လိုက္တယ္
"က်ေနာ္ ေမးစရာေလးနည္းနည္းရွိလို႔"
...................................
က်ိဳးခ်န္က ေတာ္ေတာ္ၾကာၾကာေနၿပီး သူ႔ညီမကိုေက်ာင္းႀကိဳရမယ့္အခ်ိန္က်မွ အိမ္ျပန္သြားတယ္
မျပန္ခင္ ေရွာင္က်န္႔ကို "ေယာက္ဖ" ဆိုၿပီး စေနာက္သြားလို႔ ဝမ္ရိေပၚရဲ႕ အရစ္သံသရာ ကို တစ္နာရီေလာက္ခံလိုက္ရေသးတယ္
မခံႏိုင္တဲ့အဆံုး ဝမ္ရိေပၚကို အိမ္ေစာင့္ထားခဲ့ၿပီး မာမားတို႔ဆီကို လစ္ေျပးရေတာ့တယ္
ဝမ္ရိေပၚကေတာ့ ေရွာင္က်န္႔ကိုဒီလိုမ်ိဳး စကားနဲ႔ေတာင္ အသားယူသြားတာ သည္းမခံႏိုင္ဘူး ဆိုၿပီး က်ိဳးခ်န္ကို ေမတၱာထိုင္ပို႔ရင္း အိမ္မွာပဲက်န္ခဲ့ရတယ္
...................................
မာမား ပါပါး နဲ႔အတူ ေရွာင္က်န္႔ အိမ္ျပန္လာေတာ့ ဝမ္ရိေပၚက တံခါးဝမွာ ငုတ္တုတ္ေလး ေခါင္းေလးမီထိုင္ေနတာ။
သနားစရာေကာင္းလြန္းလို႔ ကေလးကိုဒီတိုင္းထားခဲ့ရမလားဆိုၿပီး မာမားဆူတာကိုေရွာင္က်န္႔ခံလိုက္ရေသးတယ္
ညစာစားၿပီးေတာ့ ရိေပၚ က ပါပါး နဲ႔ အျပင္ထြက္သြားျပန္တယ္။ ဝမ္ရိေပၚက လံုးဝ အခ်စ္ခံေလးျဖစ္ေနတာ။
ေရွာင္က်န္႔ က ပန္းကန္ေတြေဆးၿပီးထြက္လာေတာ့ ဧည့္ခန္းထဲမွာ ဇာတ္လမ္းတြဲ ထိုင္ၾကည့္ေနတဲ့ မာမားေဘးမွာ သြားကပ္ထိုင္ၿပီး သတင္းနႈိက္ရတယ္
"မား.. ပါပါးနဲ႔ရိေပၚ ဘယ္သြားတာလဲ"
မားကေရွာင္က်န္႔ကိုေတာင္ တစ္ခ်က္မၾကည့္ဘူး သူ႔ရဲ႕ ေခ်ာလွခ်ည္ရဲ႕ဆိုတဲ့ ကိုရီးယားမင္းသားကိုပဲ စိတ္ဝင္တစားၾကည့္ေနရင္း ျပန္ေျဖတယ္
"ေယာက္်ားေလးေတြ ကိစၥေနမွာေပါ့ က်န္႔က်န္႔ရယ္"
ေရွာင္က်န္႔ ႏွာမႈတ္သြားတယ္
"မား... က်ေနာ္ လည္း ေယာက္်ားေလးပဲေလ"
ေရွာင္က်န္႔ မာမားကို ဆူေအာင့္ၿပီးေျပာေတာ့ မားက ပါးစပ္ေလးကို လက္နဲ႔ကာၿပီး တခြီခြီလုပ္ေနတယ္
ေရွာင္က်န္႔ ကေတာ့ ဘဲနႈတ္သီးႀကီးလိုပဲ ဆူေထာ္ရင္း မာမားႀကိဳက္တဲ့ ကိုရီးယားမင္းသားကိုပဲ မ်က္ေစာင္းထိုးၿပီးၾကည့္ေနလိုက္ေတာ့တယ္
......................
"မိန္းမ!"
ပါးနဲ႔ရိေပၚ အိမ္ကိုျပန္ေရာက္ေတာ့ ရွစ္နာရီထိုးေနၿပီ
မားကို ေအာ္ေခၚၿပီးဝင္လာေပမယ့္ မားက လွည့္ေတာင္မၾကည့္ဘူး
ပါးကလည္း မမႈဘူး မားေဘးမွာဝင္ထိုင္ၿပီး ပါးေလးကိုေတာင္နမ္းလိုက္ေသးတယ္
ဟိုကျဖင့္ ကိုရီးယားမင္းသားကို အၾကည္စိုက္ေနတဲ့ဟာ
ေရွာင္က်န္႔ ႏွာေခါင္းရွံဳ႕လိုက္တယ္
ဟိုကိုေတာ္ေလးကေရာ..
"က်န္႔ေကာ"
သြားေတြၿဖီးျပေပမယ့္ ေရွာင္က်န္႔ေမွ်ာ္လင့္ထားသလို ေဘးမွာဝင္ထိုင္မလာဘူး အိမ္ေပၚကို ခ်က္ခ်င္းတက္သြားတယ္
"ပါး ဘယ္ေတြသြားေနတာလဲ"
"ဒီလိုပဲ"
သားကိုေက်ာ္ၿပီး အေကာင္ေပါက္နဲ႔ ေဘာ္ဒါေဘာ္ကၽြတ္ေတာ္ထားတဲ့ ပါးကို ေရွာင္က်န္႔ မေက်မခ်မ္းျဖစ္ေနရၿပီ
ေရွာင္က်န္႔ အိမ္ေပၚတက္သြားတဲ့ ဝမ္ရိေပၚကိုလည္း ေမ့ထားလိုက္ၿပီ တီဗီ ထဲစိတ္မေရာက္ေပမယ့္ ငုတ္တုတ္ႀကီးပဲထိုင္ၾကည့္ေနတယ္
..............................
ကိုယ္ေပၚကို လႊမ္းျခံဳေပးလာတဲ့ အေႏြးထည္ေၾကာင့္ ေရွာင္က်န္႔ ေခါင္းကိုေနာက္လွန္ၿပီး ၾကည့္လိုက္ေတာ့ ရိေပၚကျပံဳးျပံဳးေလး ။
အေႏြးထည္ ဦးထုပ္ လြယ္အိတ္ႀကီး တစ္အိတ္လည္းလြယ္ထားေသးတယ္။
ဘယ္သြားမလို႔လဲ။
"ပါး မား က်ေနာ္ က်န္႔ေကာကိုေခၚသြားေတာ့မယ္"
"ေအး ေအး"
ပါပါး နဲ႔ မာမား က ေခါင္းညိတ္ေနေပမယ့္ ေရွာင္က်န္႔က ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနတယ္
"ဘယ္လဲ ဒီအခ်ိန္ႀကီး"
"လာပါ က်န္႔ေကာရဲ႕"
ေရွာင္က်န္႔ရဲ႕လက္ကိုဆုပ္ကိုင္ထားတဲ့ ရိေပၚရဲ႕လက္ေတြက ေႏြးေထြးလြန္းတယ္
အိမ္ေရွ႕အထိဆြဲေခၚသြားၿပီးေရွာင္က်န္႔ကို ေစာင့္ခိုင္းရင္း ရိေပၚက လမ္းထိပ္ကပါးရဲ႕ ဂိုေဒါင္ေသးေသးေလးဆီကို ေျပးသြားတယ္
ေရွာင္က်န္႔ကေတာ့ အခုထိ အေျခအေနကို လိပ္ပတ္မလည္ေသးဘူး
ဒါေပမယ့္ သူ႔ဆီကို ဦးတည္ျပန္လာေနတဲ့ ရိေပၚကိုျမင္ေတာ့ ေရွာင္က်န္႔ မ်က္ႏွာက အံ့ၾသမႈေၾကာင့္ ပါးစပ္ေလးဟသြားၿပီးတဲ့ေနာက္ အျပံဳးေတြကလည္း ထိန္းမႏိုင္သိမ္းႏိုင္ ျဖစ္တည္လာတယ္
လက္ခုပ္ေသးေသးေလးႏွစ္ဖက္ကလည္း တီးေနေသးတာ။
သြားေတြေပၚတဲ့အထိအျပံဳးႀကီးျပံဳးျပေနရင္း လက္တစ္ဖက္ကိုလည္း ေလထဲမွာ ေျမႇာက္ၿပီး ေဝွ႕ယမ္းျပေနတဲ့ ရိေပၚက စက္ဘီးအျဖဴေလး တစ္စီးကို နင္းလာတယ္
စက္ဘီးအျဖဴေလး ေရွာင္က်န္႔ ေရွ႕ထိုးရပ္လာေတာ့ ေရွာင္က်န္႔ရဲ႕ အျပံဳးေတြနဲ႔ ရိေပၚရဲ႕ အျပံဳးေတြက တြဲဖက္ညီညီ ခ်ိတ္ဆက္မိတယ္
"ရိေပၚ"
ေရွာင္က်န္႔ရဲ႕ေခၚသံက စိတ္လႈပ္ရွားမႈ ေၾကာင့္ တုန္ရီေနတယ္
"တက္"
ေရွာင္က်န္႔ က ေခါင္းေလးကို အႀကိမ္ႀကိမ္ၿငိမ့္ရင္းစက္ဘီးေနာက္မွာေဘးေစာင္းေလး ဝင္ထိုင္တယ္
လက္ေတြကလည္း တစ္ဆက္တည္း ရိေပၚရဲ႕ ခါးကို ဖက္ပစ္လိုက္ၿပီးသား
ရိေပၚရဲ႕ အျပံဳးေတြကေတာ့ ထိန္းမႏိုင္သိမ္းမရပါပဲ။
စက္ဘီးအျဖဴေလးက ေလေျပတစ္ခ်က္နဲ႔အတူ တၿငိမ့္ၿငိမ့္ တာထြက္ၿပီ။
...........
ဒီစက္ဘီးအျဖဴေလးက ေရွာင္က်န္႔ရဲ႕ ငယ္ဘဝတစ္စိတ္တစ္ပိုင္းဆိုလည္းမမွားဘူး။
ေရွာင္က်န္႔က စက္ဘီးမစီးတတ္တာဟုတ္တယ္။
ဒါေပမယ့္ စက္ဘီးမစီးခ်င္တာေတာ့မဟုတ္ဘူး။
ငယ္ငယ္က ပါပါး ဒီစက္ဘီးအျဖဴေလးနဲ႔အလုပ္သြားတိုင္း ေရွာင္က်န္႔က ေငးၾကည့္ေနက်။
ေျမႀကီးေပၚမွာ လမ္းမေလွ်ာက္ပဲ ေလထဲမွာလြင့္ေနရတဲ့ ခံစားခ်က္ေလးကို ေရွာင္က်န္႔ ခံစားၾကည့္ခ်င္တယ္။
ဒါနဲ႔ ေရွာင္က်န္႔ စက္ဘီးစီးက်င့္ခ်င္တယ္လို႔ပူဆာေတာ့ မာမားတို႔က သံုးေခ်ာင္းေထာက္ဘီးေသးေသးေလးဝယ္ေပးတယ္
ေရွာင္က်န္႔ လိုခ်င္တာကဒါမဟုတ္ဘူး။
စက္ဘီးေသးေသးေလးကိုေက်ာ္ၿပီး မားမားကိုေနာက္မွာတင္ၿပီး ပါပါးနင္းနင္းသြားတတ္တဲ့ စက္ဘီးအျဖဴကိုပဲ ေရွာင္က်န္႔က ေမွ်ာ္ၾကည့္ေနခဲ့တာ
ဒီလိုနဲ႔ ေရွာင္က်န္႔ ပါပါးရဲ႕စက္ဘီးကို ခိုးစီးဖို႔ အၾကံဆိုးေပၚၿပီး ဇာတ္လမ္းစခဲ့တယ္
တစ္ခ်က္ ႏွစ္ခ်က္ သံုးခ်က္အထိက ဟုတ္ေသးတယ္
ေနာက္ေတာ့ စက္ဘီးက ဘယ္စီဘယ္ဝယ္မွန္းမသိ ယိမ္းထိုးလာၿပီး လမ္းေဘးကေျမာင္းထဲက်သြားတာပဲ
ေရွာင္က်န္႔ကေတာ့ ေျမာင္းေရမည္းမည္းေတြၾကားထဲ မတ္တပ္ေလး ငိုလို႔။ လက္သီးေသးေသးေလးေတြကိုလည္းက်စ္က်စ္ပါေအာင္ဆုပ္ထားေသးတာ။
ပါပါးနဲ႔မာမား မွာ ရယ္ရခက္ ငိုရခက္။
အဲ့ဒိေနာက္ ေရွာင္က်န္႔ စက္ဘီးစီးက်င့္တဲ့လုပ္ငန္းစဥ္က မရည္ရြယ္ပဲပ်က္သြားခဲ့တယ္
.....
ေရွာင္က်န္႔ မ်က္ႏွာကို ေဝ့ဝဲလာတဲ့ ေလေအးေတြကို မ်က္လံုးေလးမွိတ္ၿပီးခံစားေနမိတယ္
ေလထဲမွာ လြင့္ေနတဲ့ ယုန္ေလးက ျပံဳးျပံဳးေလး။
ရိေပၚက ေရွ႕ကေန သူ႔ကိုယ္လံုးေလးကို ေလေအးေတြမတိုက္ေအာင္ ကာကြယ္ေပးထားတယ္
ဒါေၾကာင့္ ေရွာင္က်န္႔က ေခါင္းေလးကိုပဲ ေဘးထုတ္ၿပီး ေလေအးေအးေတြကိုခံစားေနတယ္
မ်က္ႏွာတစ္ခုလံုးေအးလာေတာ့ ေရွာင္က်န္႔ ရိေပၚရဲ႕ ေက်ာျပင္ေပၚကိုပါးေလးအပ္လိုက္ၿပီး အသံထြက္ေအာင္ရယ္မိတယ္။
အတိတ္ကအမွတ္တရ ေတြကို ပစၥဳပၸန္နဲ႔ ေရာေထြးလိုက္တဲ့အခါ ခံစားခ်က္က ေျပာမျပတတ္ေအာင္ ၾကည္ႏူးစရာ အတိ။
"ေပ်ာ္လား က်န္႔ေကာ"
ေက်ာဘက္က ကပ္ထားတဲ့ မ်က္ႏွာေလးဆီက ေခါင္းၿငိမ့္လိုက္တာကို ရိေပၚခံစားမိလိုက္ေတာ့ ရင္ထဲမွာ ပန္းေတြဆယ္ဆပြင့္သလို
"လိုက္လို႔မမီႏိုင္ေတာ့ဘူး ဘယ္လိုေတြမ်ားစီစဥ္လိုက္လဲ"
အမွန္ဆို ဒီ ဘီးအျဖဴေလးက ေရွာင္က်န္႔ ႏိုင္ငံျခားမသြားခင္ အိမ္ျပန္လာကတည္းက အိမ္မွာမေတြ႕ေတာ့တာ
ရိေပၚက ဘယ္ကဆြဲထုတ္လာသလဲ မသိဘူး
"က်န္႔ေကာ မွတ္မိလား"
ေရွာင္က်န္႔ ရိေပၚရဲ႕ ေက်ာကို ပါးအပ္ထားရာကေန ေမးေလးေျပာင္းတင္ရင္း ဦးထုပ္ေၾကာင့္ ခပ္တိတိက်ေနတဲ့ ရိေပၚရဲ႕ ဂုတ္ပိုးေပၚက ဆံပင္ ေလးေတြကိုေငးၾကည့္ေနမိတယ္
"ေကာေကာကတင္မနင္းႏိုင္ရင္ ရိေပၚကတင္နင္းေပါ့ဆိုတာေလ"
ေရွာင္က်န္႔ ရင္ထဲမွာ အေႏြးဓာတ္ဒီဂရီျမင့္တက္တယ္
ဒါ ရိေပၚ ငယ္ငယ္က ေရွာင္က်န္႔ကို စက္ဘီးမစီးတတ္လို႔အပစ္တင္ရင္ သူျပန္ေခ်ပေနက်စကား။
"က်ေနာ္ က်န္႔ေကာ ေျပာခဲ့တာကို ျဖည့္ဆည္းေပးခ်င္လို႔"
ေရွာင္က်န္႔ ရိေပၚရဲ႕ ခါးေတြကိုတိုးဖက္လိုက္တယ္
"ပါးကိုအကူအညီေတာင္းေတာ့ ဒီဘီးေလးကို ဂိုေထာင္ထဲကထုတ္လာေပးတယ္.. စုတ္ေနေပမယ့္ နည္းနည္း ျပန္ျပင္ထားတာ..ဟီး"
"ညေနက အျပင္ကိုႏွစ္ေယာက္သားထြက္သြားတာဒါေၾကာင့္ေပါ့"
"အင္း"
ေရွာင္က်န္႔ ရိေပၚရဲ႕ေက်ာေပၚ မ်က္ႏွာျပန္အပ္ရင္းမ်က္စိစံုမွိတ္ၿပီးေအာ္လိုက္မိတယ္
"ေကာေကာရဲ႕ ရိေပၚကခ်စ္ဖို႔အေကာင္းဆံုးပဲ"
ရိေပၚက သြားေတြေပၚေအာင္ျပံဳးလိုက္တာ အ႐ူးေလးလိုပဲ။
အျဖဴေရာင္ဘီးကေလးက ညေလေအးမွာ တေရြ႕ေရြ႕။
ယုန္ကေလးတစ္ေကာင္ကေတာ့ ေလေျပေတြၾကားထဲတိုးေဝွ႕ေျမာလြင့္။
.......................................................................
ေပ်ာ္ရႊင္စရာသီတင္းကၽြတ္..
___________________________________________
[Unicode]
"ရှောင်ကျန့်ကျန့်!!"
ခြံတံခါးကို အတင်းတွန်းကန်ဖွင့်ရင်းပြေးဖက်လာတဲ့ ကျိုးချန်ကြောင့် ရှောင်ကျန့်ရယ်မိတယ်
ကလေးဘဝ ပိစိလေးတွေကတည်းက ပခုံးဖက်ပေါင်းလာပြီး ရှောင်ကျန့် မြို့ကိုပြောင်းသွားတော့လည်း ကျိုးချန်နဲ့အဆက်အသွယ်မပြတ်ခဲ့ဘူး
သူဒီကိုပြန်လာတိုင်း ကျိုးချန်က ပြေးလာတတ်တာ ထုံးစံပဲ
အဆက်အသွယ်မပြတ်ပေမယ့် အခုဆို လူချင်းမတွေ့ရတာ ဘယ်လောက်တောင်ကြာသွားပြီလဲ
သူငယ်ချင်းထက်ပိုတဲ့ သွေးသောက်ညီအကိုဆိုလည်းမမှားနိုင်ဘူး
အဖိုးတန် ကျိုးချန်!
ရှောင်ကျန့်ကျောအနောက်ဘက်က ဝမ်ရိပေါ်ကတော့ ကျိုးချန်ကို မအီမသာရယ်ပြရှာတယ်
"သူက?"
ကျိုးချန်ကအခုမှ ဝမ်ရိပေါ်ကို မေးဖော်ရတယ်
"ဝမ်ရိပေါ်လေ..
ရိပေါ်ဒါက ဝမ်ကျိုးချန်.. ကောကောပြောပြဖူးတယ်မှတ်မိလား"
ရိပေါ်က ဝတ္တရားကျေခေါင်းညိမ့်ပြတယ်
"အောာာ.....ရှောင်ကျန့်ပြောပြတာတွေတော့ အမြဲနားထောင်နေရတာ.. အခုမှပဲအပြင်မှာတွေ့ဖူးတော့တယ်.. ဒီကလေးတောင် တော်တော်ကြီးလာပြီပဲ"
ကျိုးချန်ကလည်း ရိပေါ်ကို အသိအမှတ်ပြုသလို ခေါင်းညိတ်နှုတ်ဆက်စကားပြောပြီး ရှောင်ကျန့်ကိုပဲ စကားတွေ တလက်စက်ပြောနေတော့တာပဲ
အခု ရှောင်ကျန့်ရဲ့ အခန်းထဲမှာ နှစ်ယောက်သား အလွမ်းသယ် လေပေါနေပြီး တံခါးအပြင်ကနေ နားကြီး တံခါးထဲ ကျွံဝင်မတတ် ခိုးနားထောင်နေတာက ဝမ်ရိပေါ်ရယ်..
"ဘာမှလည်းမကြားရဘူး"
ရိပေါ်ရဲ့ နားရွက်က တံခါးထဲ မြုပ်ပြီးညပ်နေတော့မယ်
အခုထိ ဘာမှရေရေရာရာမကြားရတော့ အခက်တွေ့နေတယ်
"ဂျပ်!"
"အ အ!"
ပွင့်သွားတဲ့ တံခါးကြောင့် ရိပေါ်ရဲ့ တစ်ကိုယ်လုံးယိုင်ထိုးသွားတယ်
"ရိပေါ်?"
တံခါးဝမှာပေါ်လာတဲ့ရှောင်ကျန့်ကြောင့် ရိပေါ် မလုံမလဲရယ်ပြရင်း မတ်မတ်ပြန်ရပ်လိုက်ရတယ်
ရှောင်ကျန့်က နှုတ်ခမ်းလေးတစ်ဖက်ကိုရွဲ့ပြရင်း အခန်းထဲကထွက်သွားတော့ ရိပေါ် ရှောင်ကျန့်ရဲ့လက်ကိုလှမ်းဆွဲလိုက်တယ်
"ကျန့်ကော ဘယ်လဲ?"
ရှောင်ကျန့်က ရိပေါ်ရဲ့ခေါင်းကိုဖွဖွလေးခေါက်လိုက်တယ်
ဒီအမူအရာလေးကလည်း ရိပေါ်ရဲ့ရင်ထဲတစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းနေပြန်ရော
"ဘယ်သွားရမှာလဲ ရှူးပေါက်မလို့"
"အောာ"
ရှောင်ကျန့်ထွက်သွားတဲ့အချိန် ရိပေါ် အခန်းထဲကို တံခါးဟကြည့်တော့ ဝမ်ကျိုးချန်ဆိုတဲ့ လူက ကုတင်ပေါ်မှာထိုင်ရင်း ဖုန်းကြည့်နေတယ်
ရိပေါ်ကို မြင်တော့ ကျိုးချန်က ခေါင်းညိတ်ပြရင်းရယ်ပြတယ်
ရိပေါ် နှုတ်ခမ်းဖျားကိုကိုက် ခဏလောက် စဉ်းစားပြီးမှ အခန်းထဲကို ဝင်ပြီး ကျိုးချန်ဘေးမှာဝင်ထိုင်လိုက်တယ်
"ကျနော် မေးစရာလေးနည်းနည်းရှိလို့"
...................................
ကျိုးချန်က တော်တော်ကြာကြာနေပြီး သူ့ညီမကိုကျောင်းကြိုရမယ့်အချိန်ကျမှ အိမ်ပြန်သွားတယ်
မပြန်ခင် ရှောင်ကျန့်ကို "ယောက်ဖ" ဆိုပြီး စနောက်သွားလို့ ဝမ်ရိပေါ်ရဲ့ အရစ်သံသရာ ကို တစ်နာရီလောက်ခံလိုက်ရသေးတယ်
မခံနိုင်တဲ့အဆုံး ဝမ်ရိပေါ်ကို အိမ်စောင့်ထားခဲ့ပြီး မာမားတို့ဆီကို လစ်ပြေးရတော့တယ်
ဝမ်ရိပေါ်ကတော့ ရှောင်ကျန့်ကိုဒီလိုမျိုး စကားနဲ့တောင် အသားယူသွားတာ သည်းမခံနိုင်ဘူး ဆိုပြီး ကျိုးချန်ကို မေတ္တာထိုင်ပို့ရင်း အိမ်မှာပဲကျန်ခဲ့ရတယ်
...................................
မာမား ပါပါး နဲ့အတူ ရှောင်ကျန့် အိမ်ပြန်လာတော့ ဝမ်ရိပေါ်က တံခါးဝမှာ ငုတ်တုတ်လေး ခေါင်းလေးမီထိုင်နေတာ။
သနားစရာကောင်းလွန်းလို့ ကလေးကိုဒီတိုင်းထားခဲ့ရမလားဆိုပြီး မာမားဆူတာကိုရှောင်ကျန့်ခံလိုက်ရသေးတယ်
ညစာစားပြီးတော့ ရိပေါ် က ပါပါး နဲ့ အပြင်ထွက်သွားပြန်တယ်။ ဝမ်ရိပေါ်က လုံးဝ အချစ်ခံလေးဖြစ်နေတာ။
ရှောင်ကျန့် က ပန်းကန်တွေဆေးပြီးထွက်လာတော့ ဧည့်ခန်းထဲမှာ ဇာတ်လမ်းတွဲ ထိုင်ကြည့်နေတဲ့ မာမားဘေးမှာ သွားကပ်ထိုင်ပြီး သတင်းနှိုက်ရတယ်
"မား.. ပါပါးနဲ့ရိပေါ် ဘယ်သွားတာလဲ"
မားကရှောင်ကျန့်ကိုတောင် တစ်ချက်မကြည့်ဘူး သူ့ရဲ့ ချောလှချည်ရဲ့ဆိုတဲ့ ကိုရီးယားမင်းသားကိုပဲ စိတ်ဝင်တစားကြည့်နေရင်း ပြန်ဖြေတယ်
"ယောက်ျားလေးတွေ ကိစ္စနေမှာပေါ့ ကျန့်ကျန့်ရယ်"
ရှောင်ကျန့် နှာမှုတ်သွားတယ်
"မား... ကျနော် လည်း ယောက်ျားလေးပဲလေ"
ရှောင်ကျန့် မာမားကို ဆူအောင့်ပြီးပြောတော့ မားက ပါးစပ်လေးကို လက်နဲ့ကာပြီး တခွီခွီလုပ်နေတယ်
ရှောင်ကျန့် ကတော့ ဘဲနှုတ်သီးကြီးလိုပဲ ဆူထော်ရင်း မာမားကြိုက်တဲ့ ကိုရီးယားမင်းသားကိုပဲ မျက်စောင်းထိုးပြီးကြည့်နေလိုက်တော့တယ်
......................
"မိန်းမ!"
ပါးနဲ့ရိပေါ် အိမ်ကိုပြန်ရောက်တော့ ရှစ်နာရီထိုးနေပြီ
မားကို အော်ခေါ်ပြီးဝင်လာပေမယ့် မားက လှည့်တောင်မကြည့်ဘူး
ပါးကလည်း မမှုဘူး မားဘေးမှာဝင်ထိုင်ပြီး ပါးလေးကိုတောင်နမ်းလိုက်သေးတယ်
ဟိုကဖြင့် ကိုရီးယားမင်းသားကို အကြည်စိုက်နေတဲ့ဟာ
ရှောင်ကျန့် နှာခေါင်းရှုံ့လိုက်တယ်
ဟိုကိုတော်လေးကရော..
"ကျန့်ကော"
သွားတွေဖြီးပြပေမယ့် ရှောင်ကျန့်မျှော်လင့်ထားသလို ဘေးမှာဝင်ထိုင်မလာဘူး အိမ်ပေါ်ကို ချက်ချင်းတက်သွားတယ်
"ပါး ဘယ်တွေသွားနေတာလဲ"
"ဒီလိုပဲ"
သားကိုကျော်ပြီး အကောင်ပေါက်နဲ့ ဘော်ဒါဘော်ကျွတ်တော်ထားတဲ့ ပါးကို ရှောင်ကျန့် မကျေမချမ်းဖြစ်နေရပြီ
ရှောင်ကျန့် အိမ်ပေါ်တက်သွားတဲ့ ဝမ်ရိပေါ်ကိုလည်း မေ့ထားလိုက်ပြီ တီဗီ ထဲစိတ်မရောက်ပေမယ့် ငုတ်တုတ်ကြီးပဲထိုင်ကြည့်နေတယ်
..............................
ကိုယ်ပေါ်ကို လွှမ်းခြုံပေးလာတဲ့ အနွေးထည်ကြောင့် ရှောင်ကျန့် ခေါင်းကိုနောက်လှန်ပြီး ကြည့်လိုက်တော့ ရိပေါ်ကပြုံးပြုံးလေး ။
အနွေးထည် ဦးထုပ် လွယ်အိတ်ကြီး တစ်အိတ်လည်းလွယ်ထားသေးတယ်။
ဘယ်သွားမလို့လဲ။
"ပါး မား ကျနော် ကျန့်ကောကိုခေါ်သွားတော့မယ်"
"အေး အေး"
ပါပါး နဲ့ မာမား က ခေါင်းညိတ်နေပေမယ့် ရှောင်ကျန့်က ကြောင်တောင်တောင်လေးဖြစ်နေတယ်
"ဘယ်လဲ ဒီအချိန်ကြီး"
"လာပါ ကျန့်ကောရဲ့"
ရှောင်ကျန့်ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ ရိပေါ်ရဲ့လက်တွေက နွေးထွေးလွန်းတယ်
အိမ်ရှေ့အထိဆွဲခေါ်သွားပြီးရှောင်ကျန့်ကို စောင့်ခိုင်းရင်း ရိပေါ်က လမ်းထိပ်ကပါးရဲ့ ဂိုဒေါင်သေးသေးလေးဆီကို ပြေးသွားတယ်
ရှောင်ကျန့်ကတော့ အခုထိ အခြေအနေကို လိပ်ပတ်မလည်သေးဘူး
ဒါပေမယ့် သူ့ဆီကို ဦးတည်ပြန်လာနေတဲ့ ရိပေါ်ကိုမြင်တော့ ရှောင်ကျန့် မျက်နှာက အံ့သြမှုကြောင့် ပါးစပ်လေးဟသွားပြီးတဲ့နောက် အပြုံးတွေကလည်း ထိန်းမနိုင်သိမ်းနိုင် ဖြစ်တည်လာတယ်
လက်ခုပ်သေးသေးလေးနှစ်ဖက်ကလည်း တီးနေသေးတာ။
သွားတွေပေါ်တဲ့အထိအပြုံးကြီးပြုံးပြနေရင်း လက်တစ်ဖက်ကိုလည်း လေထဲမှာ မြှောက်ပြီး ဝှေ့ယမ်းပြနေတဲ့ ရိပေါ်က စက်ဘီးအဖြူလေး တစ်စီးကို နင်းလာတယ်
စက်ဘီးအဖြူလေး ရှောင်ကျန့် ရှေ့ထိုးရပ်လာတော့ ရှောင်ကျန့်ရဲ့ အပြုံးတွေနဲ့ ရိပေါ်ရဲ့ အပြုံးတွေက တွဲဖက်ညီညီ ချိတ်ဆက်မိတယ်
"ရိပေါ်"
ရှောင်ကျန့်ရဲ့ခေါ်သံက စိတ်လှုပ်ရှားမှု ကြောင့် တုန်ရီနေတယ်
"တက်"
ရှောင်ကျန့် က ခေါင်းလေးကို အကြိမ်ကြိမ်ငြိမ့်ရင်းစက်ဘီးနောက်မှာဘေးစောင်းလေး ဝင်ထိုင်တယ်
လက်တွေကလည်း တစ်ဆက်တည်း ရိပေါ်ရဲ့ ခါးကို ဖက်ပစ်လိုက်ပြီးသား
ရိပေါ်ရဲ့ အပြုံးတွေကတော့ ထိန်းမနိုင်သိမ်းမရပါပဲ။
စက်ဘီးအဖြူလေးက လေပြေတစ်ချက်နဲ့အတူ တငြိမ့်ငြိမ့် တာထွက်ပြီ။
...........
ဒီစက်ဘီးအဖြူလေးက ရှောင်ကျန့်ရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းဆိုလည်းမမှားဘူး။
ရှောင်ကျန့်က စက်ဘီးမစီးတတ်တာဟုတ်တယ်။
ဒါပေမယ့် စက်ဘီးမစီးချင်တာတော့မဟုတ်ဘူး။
ငယ်ငယ်က ပါပါး ဒီစက်ဘီးအဖြူလေးနဲ့အလုပ်သွားတိုင်း ရှောင်ကျန့်က ငေးကြည့်နေကျ။
မြေကြီးပေါ်မှာ လမ်းမလျှောက်ပဲ လေထဲမှာလွင့်နေရတဲ့ ခံစားချက်လေးကို ရှောင်ကျန့် ခံစားကြည့်ချင်တယ်။
ဒါနဲ့ ရှောင်ကျန့် စက်ဘီးစီးကျင့်ချင်တယ်လို့ပူဆာတော့ မာမားတို့က သုံးချောင်းထောက်ဘီးသေးသေးလေးဝယ်ပေးတယ်
ရှောင်ကျန့် လိုချင်တာကဒါမဟုတ်ဘူး။
စက်ဘီးသေးသေးလေးကိုကျော်ပြီး မားမားကိုနောက်မှာတင်ပြီး ပါပါးနင်းနင်းသွားတတ်တဲ့ စက်ဘီးအဖြူကိုပဲ ရှောင်ကျန့်က မျှော်ကြည့်နေခဲ့တာ
ဒီလိုနဲ့ ရှောင်ကျန့် ပါပါးရဲ့စက်ဘီးကို ခိုးစီးဖို့ အကြံဆိုးပေါ်ပြီး ဇာတ်လမ်းစခဲ့တယ်
တစ်ချက် နှစ်ချက် သုံးချက်အထိက ဟုတ်သေးတယ်
နောက်တော့ စက်ဘီးက ဘယ်စီဘယ်ဝယ်မှန်းမသိ ယိမ်းထိုးလာပြီး လမ်းဘေးကမြောင်းထဲကျသွားတာပဲ
ရှောင်ကျန့်ကတော့ မြောင်းရေမည်းမည်းတွေကြားထဲ မတ်တပ်လေး ငိုလို့။ လက်သီးသေးသေးလေးတွေကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ထားသေးတာ။
ပါပါးနဲ့မာမား မှာ ရယ်ရခက် ငိုရခက်။
အဲ့ဒိနောက် ရှောင်ကျန့် စက်ဘီးစီးကျင့်တဲ့လုပ်ငန်းစဉ်က မရည်ရွယ်ပဲပျက်သွားခဲ့တယ်
.....
ရှောင်ကျန့် မျက်နှာကို ဝေ့ဝဲလာတဲ့ လေအေးတွေကို မျက်လုံးလေးမှိတ်ပြီးခံစားနေမိတယ်
လေထဲမှာ လွင့်နေတဲ့ ယုန်လေးက ပြုံးပြုံးလေး။
ရိပေါ်က ရှေ့ကနေ သူ့ကိုယ်လုံးလေးကို လေအေးတွေမတိုက်အောင် ကာကွယ်ပေးထားတယ်
ဒါကြောင့် ရှောင်ကျန့်က ခေါင်းလေးကိုပဲ ဘေးထုတ်ပြီး လေအေးအေးတွေကိုခံစားနေတယ်
မျက်နှာတစ်ခုလုံးအေးလာတော့ ရှောင်ကျန့် ရိပေါ်ရဲ့ ကျောပြင်ပေါ်ကိုပါးလေးအပ်လိုက်ပြီး အသံထွက်အောင်ရယ်မိတယ်။
အတိတ်ကအမှတ်တရ တွေကို ပစ္စုပ္ပန်နဲ့ ရောထွေးလိုက်တဲ့အခါ ခံစားချက်က ပြောမပြတတ်အောင် ကြည်နူးစရာ အတိ။
"ပျော်လား ကျန့်ကော"
ကျောဘက်က ကပ်ထားတဲ့ မျက်နှာလေးဆီက ခေါင်းငြိမ့်လိုက်တာကို ရိပေါ်ခံစားမိလိုက်တော့ ရင်ထဲမှာ ပန်းတွေဆယ်ဆပွင့်သလို
"လိုက်လို့မမီနိုင်တော့ဘူး ဘယ်လိုတွေများစီစဉ်လိုက်လဲ"
အမှန်ဆို ဒီ ဘီးအဖြူလေးက ရှောင်ကျန့် နိုင်ငံခြားမသွားခင် အိမ်ပြန်လာကတည်းက အိမ်မှာမတွေ့တော့တာ
ရိပေါ်က ဘယ်ကဆွဲထုတ်လာသလဲ မသိဘူး
"ကျန့်ကော မှတ်မိလား"
ရှောင်ကျန့် ရိပေါ်ရဲ့ ကျောကို ပါးအပ်ထားရာကနေ မေးလေးပြောင်းတင်ရင်း ဦးထုပ်ကြောင့် ခပ်တိတိကျနေတဲ့ ရိပေါ်ရဲ့ ဂုတ်ပိုးပေါ်က ဆံပင် လေးတွေကိုငေးကြည့်နေမိတယ်
"ကောကောကတင်မနင်းနိုင်ရင် ရိပေါ်ကတင်နင်းပေါ့ဆိုတာလေ"
ရှောင်ကျန့် ရင်ထဲမှာ အနွေးဓာတ်ဒီဂရီမြင့်တက်တယ်
ဒါ ရိပေါ် ငယ်ငယ်က ရှောင်ကျန့်ကို စက်ဘီးမစီးတတ်လို့အပစ်တင်ရင် သူပြန်ချေပနေကျစကား။
"ကျနော် ကျန့်ကော ပြောခဲ့တာကို ဖြည့်ဆည်းပေးချင်လို့"
ရှောင်ကျန့် ရိပေါ်ရဲ့ ခါးတွေကိုတိုးဖက်လိုက်တယ်
"ပါးကိုအကူအညီတောင်းတော့ ဒီဘီးလေးကို ဂိုထောင်ထဲကထုတ်လာပေးတယ်.. စုတ်နေပေမယ့် နည်းနည်း ပြန်ပြင်ထားတာ..ဟီး"
"ညနေက အပြင်ကိုနှစ်ယောက်သားထွက်သွားတာဒါကြောင့်ပေါ့"
"အင်း"
ရှောင်ကျန့် ရိပေါ်ရဲ့ကျောပေါ် မျက်နှာပြန်အပ်ရင်းမျက်စိစုံမှိတ်ပြီးအော်လိုက်မိတယ်
"ကောကောရဲ့ ရိပေါ်ကချစ်ဖို့အကောင်းဆုံးပဲ"
ရိပေါ်က သွားတွေပေါ်အောင်ပြုံးလိုက်တာ အရူးလေးလိုပဲ။
အဖြူရောင်ဘီးကလေးက ညလေအေးမှာ တရွေ့ရွေ့။
ယုန်ကလေးတစ်ကောင်ကတော့ လေပြေတွေကြားထဲတိုးဝှေ့မြောလွင့်။
.......................................................................
ပျော်ရွှင်စရာသီတင်းကျွတ်..
___________________________________________