ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၁၉

17.6K 2.1K 95
By i_lia_u

[Zawgyi]

လက္ထဲက ဘယ္သူထိုးထည့္ေပးသြားမွန္းမသိလိုက္တဲ့
"ဝမ္ရိေပၚ အေတာ္ဆံုး! ဝမ္ရိေပၚ ႀကိဳးစားထား! ဝမ္ရိေပၚ ခ်စ္တယ္" ဆိုတဲ့ banner ႀကီးကိုင္ၿပီး ေရွာင္က်န္႔ လူပံုအလယ္မွာ ငုတ္တုတ္!

ဝမ္ရိေပၚဆိုတဲ့ ေကာင္ဆိုးေလးကေတာ့ ဘတ္စကတ္ေဘာလံုးကို လွလွပပ လွည့္ပတ္သြယ္ဝိုက္ သြင္းလိုက္ၿပီးတာနဲ႔ ပြဲၾကည့္စင္ေပၚက ေရွာင္က်န္႔ ကို လွမ္းလွမ္းရယ္ျပရတာ အေမာ။
မဟုတ္လည္းပဲ ၿပိဳင္ဘက္အသင္းက သြင္းလိုက္လည္း လွမ္းလွမ္းရယ္ျပေနတာပါပဲ။
အဲ့ဒိအခ်ိန္ဆို ေက်ာင္းသူေက်ာင္းသားေတြေရာ ပြဲၾကည့္ပရိသတ္ေတြေရာ ေရွာင္က်န္႔ ထိုင္ေနတဲ့ တစ္ဝိုက္ကို ေဝ့ေဝ့ၾကည့္လာၾကလို႔ ေရွာင္က်န္႔ပါဟိုၾကည့္ဒီၾကည့္လိုက္လုပ္ပစ္ရတယ္
banner ကိုေတာင္ျမင့္ျမင့္မေထာင္ရဲဘူး!
ယုဘင္းဆိုတဲ့ ရိေပၚရဲ႕သူငယ္ခ်င္းကေတာ့ ဝမ္ရိေပၚကို လွမ္းလွမ္းဆဲတာ ဒီကေနေတာင္ၾကားရတယ္!

ဟုတ္တယ္ သူအခု ရိေပၚရဲ႕ ဘတ္စကတ္ေဘာၿပိဳင္ပြဲထဲေရာက္ေနတာ။

ၿပိဳင္ဘက္အသင္းက ခပ္ထြားထြားေကာင္ႀကီးက ဝမ္ရိေပၚလက္ထဲက ေဘာလံုးကို လုဖို႔ႀကိဳးစားေတာ့ ဝမ္ရိေပၚက လွလွပပပဲ အေကာင္ႀကီးေပါင္ၾကားထဲကေနေတာင္ ေဘာလံုးကို ျဖတ္ၿပီးပုတ္ျပသြားေသးတယ္
အေကာင္ႀကီးကေတာ့ ေတာ္ေတာ္ႏွာမႈတ္ေနၿပီ
ဝမ္ရိေပၚ ကလွလွပပသြင္းလိုက္ႏိုင္ျပန္ၿပီ!

ေရးးးးးး ဝမ္ရိေပၚ ဝမ္ရိေပၚ!

ပရိသတ္ေတြအကုန္ထေအာ္ခုန္ၾကေတာ့ ေရွာင္က်န္႔ေတာင္ဖင္နည္းနည္းႂကြသြားေပမယ့္ အဖြဲ႕သားေတြ ဝိုင္းေနတဲ့ၾကားထဲကေတာင္ သူ႔ကိုလွမ္းရယ္ျပေနျပန္တဲ့ ရိေပၚေၾကာင့္ ေရွာင္က်န္႔ ဖင္တစ္ဝက္တစ္ပ်က္ေလထဲမွာတန္႔သြားတယ္

ထံုးစံအတိုင္း သူ႔ဘက္တစ္ဝိုက္ကို ေစာင္းငဲ့ၾကည့္လာျပန္တဲ့ ေခါင္းေတြေၾကာင့္ ေရွာင္က်န္႔ ပါဟိုၾကည့္ဒီၾကည့္လုပ္လိုက္ရျပန္တယ္ ေခါင္းကုတ္ဖင္ကုတ္နဲ႔ေပါ့

ႏွစ္ဖက္အသင္းက ရမွတ္မကြာေတာ့ အေျခအေနကအရမ္းတင္းမာေနၿပီလို႔ေရွာင္က်န္႔ထင္တယ္ သိပ္နားမလည္ေပမယ့္ ေဘးကေက်ာင္းသူေလးေတြတြတ္ထိုးခ်က္ကအရ ဒီႏွစ္သင္းက တကယ့္ေဂါင္ေတြတဲ့

အေကာင္ႀကီးရဲ႕ ရိေပၚကိုၾကည့္တဲ့အၾကည့္ေတြကလည္း သိပ္အဆင္ေျပမေနေတာ့ဘူး မီးဝင္းဝင္းေတာက္ေနတယ္
ရိေပၚကေတာ့ ခနဲ႔ျပံဳးေလးနဲ႔!
အခုေဘာလံုးကရိေပၚလက္ထဲမွာပဲ ရိေပၚက ေဘးက ယုဘင္းကို ေဘာလံုးလႊဲေပးလိုက္ၿပီး ဆန္႔က်င္ဘက္အျခမ္းကိုေျပးသြားတယ္
ယုဘင္းက သြင္းဖို႔ခုန္လိုက္ၿပီးမွ ရိေပၚကို လွ်ပ္တျပတ္ လွမ္းပစ္ေပးလိုက္တယ္
ရိေပၚက လွမ္းဖမ္းၿပီး ခုန္သြင္းဖို႔ အလုပ္ ရိေပၚရဲ႕ ေျခေထာက္တစ္ဖက္က အေကာင္ႀကီးရဲ႕ ေျခေထာက္နဲ႔အကန္ခံလိုက္ရၿပီး ပူထူသြားတဲ့ေနာက္ နာက်င္မႈကထပ္ဆင့္ တာခ်ိဳးၿပီး မီးနဲ႔အရိႈ့ခံရသလိုပူေလာင္ထံုက်င္သြားတယ္

"ဟာာာာာာာာာာာာ! ဝမ္ရိေပၚ"

ဝမ္ရိေပၚကေခါက္ခနဲ ေျမျပင္ေပၚပစ္က်သြားတယ္
တစ္ကြင္းလံုးဆူညံသံေတြနဲ႔အတူ ေရွာင္က်န္႔မတ္တပ္ထရပ္လိုက္မိတဲ့အထိပဲ
ညာဖက္ဒူးေခါင္းကို လက္နဲ႔ဆုပ္ကိုင္ၿပီး နာက်င္ေအာ္ဟစ္ေနတဲ့ ရိေပၚကိုျမင္ေတာ့ ေရွာင္က်န္႔ မ်က္လံုးအိမ္မွာ မ်က္ရည္ေတြျပည့္လွ်ံလာတယ္

"ရိေပၚ ရိေပၚ ရိေပၚ"

နာမည္ကိုတစ္တြတ္တြတ္ရြတ္ေနမိၿပီး ေရွာင္က်န္႔တစ္ကိုယ္လံုးတုန္ရင္ေနတယ္
ဝမ္ရိေပၚရဲ႕ ေခၽြးတစ္ဒီးဒီးက်ၿပီး ေဝဒနာကိုခံစားေနရတဲ့ပံုစံက ေရွာင္က်န္႔ရင္ဘတ္တစ္ခုလံုးစုတ္ျပတ္သတ္သြားတဲ့အထိ နင္းေခ်ႏိုင္တယ္
ရိေပၚကို အဖြဲ႕သားေတြဝိုင္းမၿပီး စုရပ္ကခံုေပၚမွာေနရာခ်ေပးေတာ့ ေရွာင္က်န္႔ ကိုယ့္စိတ္ကိုယ္မထိန္းႏိုင္ေတာ့ဘဲ လူေတြၾကားထဲကေန ရိေပၚဆီကို အတင္းတြန္းထိုးထြက္ေျပးလာမိတယ္

"ရိေပၚ"

ေရွာင္က်န္႔အသံၾကားေတာ့ ယုဘင္းက ဝိုင္းေနတဲ့အဖြဲ႕သားေတြကိုေဘးကိုတြန္းဖယ္ေပးတယ္
ေရွာင္က်န္႔ရဲ႕ မ်က္ရည္လည္ေနၿပီးစိုးရိမ္တႀကီးမ်က္ႏွာကိုျမင္ေတာ့ ေခၽြးဒီးဒီးက်ၿပီး နာက်င္ေနတဲ့ ရိေပၚရဲ႕မ်က္ႏွာက ခ်က္ခ်င္း အေရာင္ေျပာင္းသြားတယ္

"က်န္႔ေကာ မငိုနဲ႔ က်ေနာ္အဆင္ေျပတယ္"

ညိဳမည္းၿပီးေယာင္ေနတဲ့ရိေပၚရဲ႕ဒူးေခါင္းကိုျမင္ေတာ့ ေရွာင္က်န္႔ မ်က္ရည္ေတြက ပါးျပင္တစ္ေလွ်ာက္စီးက်လာတယ္
ရိေပၚျပာျပာသလဲနဲ႔ ေရွာင္က်န္႔ရဲ႕လက္ကိုဆုပ္ကိုင္လိုက္ၿပီး ႏွစ္သိမ့္ေပးေနရတယ္
ငိုရမွာက်ေနာ္ေလ က်န္႔ေကာရာ

ေဘးကေန သူ႔ဒူးေခါင္းကို ၾကက္ေျခနီအသင္းကေကာင္မေလးတစ္ေယာက္က ထံုေဆးေတြ ဒဏ္ေက်ေဆးေတြလာျဖန္းေပးေတာ့ ေရွာင္က်န္႔က နႈတ္ခမ္းပါးေလးကို ဆူထားၿပီးတဖူးဖူးမႈတ္ေပးေနေသးတာ
အရမ္းစိတ္ပူေနတဲ့ေရွာင္က်န္႔မ်က္ႏွာေလးကိုျမင္ေတာ့ ရိေပၚအူျမဴးလာၿပီး တဟီးဟီးထရယ္ပါေလေရာ..

"က်န္႔ေကာ က်ေနာ္အဆင္ေျပတယ္ မနာဘူး ဒါကအေသးအဖြဲပါ"

"ဆက္မေဆာ့ေတာ့ဘူးမဟုတ္လား"

ေရွာင္က်န္႔ကရိေပၚရဲ႕ညိဳမဲေနတဲ့ဒူးေခါင္းကိုခပ္ဖြဖြထိၾကည့္ရင္းေျပာတယ္

"မေဆာ့လို႔မရဘူး!!"

အေနာက္ကေန ထြက္လာတဲ့နည္းျပရဲ႕ အာက်ယ္အာက်ယ္အသံေၾကာင့္ ေရွာင္က်န္႔ မ်က္ေစာင္းလွည့္ထိုးပလိုကေတာ့ နည္းျပရဲ႕ေျခလွမ္းေတြေနာက္နည္းနည္းျပန္ဆုတ္သြားတယ္

"စိတ္မပူနဲ႔ က်န္႔ေကာ က်ေနာ္ကေတာင့္ပါတယ္
အခုက်ေနာ္တို႔ဘက္က သူတို႔အျပစ္ဒဏ္ေၾကာင့္အမွတ္ကသာေနၿပီ ခဏပဲေတာင့္ခံရေတာ့မွာ
ၿပီးေတာ့ က်န္႔ေကာရွိေနတာပဲ
က်န္႔ေကာကက်ေနာ့ အားေဆးေလ"

ေရွာင္က်န္႔ရဲ႕ မ်က္ရည္လဲ့လဲ့ အၾကည့္ေတြထဲ စိုးရိမ္မႈေတြက အစိုးမရစြာျပည့္ႏွက္ေနဆဲပဲ။
ထိုင္ခံုမွာျပန္ထိုင္ေတာ့မွ ေရွာင္က်န္႔ ေနာင္တရခ်င္ခ်င္ပဲ
ပြဲၾကည့္သူအားလံုးရဲ႕အၾကည့္ေတြက ေရွာင္က်န္႔ဆီကိုပဲဦးတည္ေနတယ္
ေရွာင္က်န္႔ကေတာ့ ေတြ႕သမွ်လူကိုရယ္ျပေနဖို႔ပဲတတ္ႏိုင္ေတာ့တယ္

"မင္း တကယ္အဆင္ေျပလို႔လား"

ယုဘင္းက ေမးေတာ့ ရိေပၚငိုမဲ့မဲ့ နဲ႔ ေခါင္းခါတယ္

"ဒါကိုမ်ား မူပိုေနေသးတယ္"

ရိေပၚကျပံဳးၿဖီးၿဖီးႀကီးျဖစ္သြားၿပီး ယုဘင္းတင္ပါးကိုလွမ္း႐ိုက္လိုက္တယ္

"ႏြားေလး မင္းကိုပဲအားကိုးမယ္ ငါေတာ့မတတ္ႏိုင္ေတာ့ဘူး"

ယုဘင္းက နႈတ္ခမ္းကိုရြဲ႕မဲ့ျပတာ ပိုလီယိုဆြဲသြားသလိုပဲ
ၿပိဳင္ဘက္အသင္းက ျပစ္ဒဏ္ေၾကာင့္အမွတ္ေလ်ာ့ခံလိုက္ရၿပီး ပြဲအခ်ိန္ျပည့္ေတာ့ ရိေပၚတို႔အသင္းဘက္က အႏိုင္ရရွိခဲ့တယ္
ဝိုင္းခ်ီးေျမႇာက္ေနတဲ့ အဖြဲ႕သားေတြၾကားထဲကေန ေခါင္းေလးတေမာ့ေမာ့နဲ႔ ပြဲၾကည့္စင္ဘက္က ခုန္ေပါက္ ေနတဲ့ ယုန္ေပါက္ေလးကို ေမွ်ာ္ၾကည့္ၿပီး သြားေတြေပၚတဲ့ အထိ ရယ္ျပံဳးေနတဲ့ ဝမ္ရိေပၚရယ္
လက္ထဲက banner ႀကီးကို မိုးထိုးမတတ္ေျမႇာက္ထားၿပီး ပိရိသတ္ေတြနဲ႔အတူ ခုန္ေပါက္ၿပီး သံၿပိဳင္ေအာ္ဟစ္ေနတာကေတာ့ ေရွာင္က်န္႔ ဆိုတဲ့ ယုန္ေပါက္စန

"ဝမ္ရိေပၚ အေတာ္ဆံုး!
ဝမ္ရိေပၚ ခ်စ္တယ္!"

///////////////////////////////////////////////
"ဟြန္႔~~~ သေဘာမတူပါဘူးဆိုဗ်ာ အ..အ နာေနၿပီလို႔.. က်န္႔ေကာ"

ေရွာင္က်န္႔က ေက်ာပိုးအိတ္ခပ္ႀကီးႀကီးကို လြယ္ထားၿပီး လက္တစ္ဖက္ကလည္း ခုဏက banner ႀကီး
ေနာက္တစ္ဖက္ကေတာ့ မူပိုေနတဲ့ ရိေပၚရဲ႕ေခါင္းေလးကိုပြတ္ေပးေနတယ္
ေရွာင္က်န္႔က နယ္က မိဘ အိမ္ကို ခရီးထြက္ဖို႔ျပင္ဆင္လာခဲ့တာ ရိေပၚပြဲၿပီးတာနဲ႔ သူထြက္ေတာ့မယ္ဆိုၿပီး
ရိေပၚရဲ႕ ေျခေထာက္ဒဏ္ရာကိုေရွာင္က်န္႔စိုးရိမ္ေပမယ့္ မတတ္သာဘူး ဒီေန႔က ေရွာင္က်န္႔ရဲ႕ပါပါးေမြးေန႔

"မတတ္သာလို႔ပါ ရိေပၚရယ္.. ပါပါးရဲ႕ ေမြးေန႔မလို႔ပါ"

ရိေပၚကႏွစ္ခါေျမာက္ေျပာလာတဲ့အေၾကာင္းျပခ်က္အဆံုး အီးမွန္တဲ့မ်က္ႏွာနဲ႔ စိတ္မပါလက္မပါ ေခါင္းညိတ္လာတယ္

"လိမၼာတယ္.. အိမ္မွာ အနားယူရမယ္ေနာ္.. ေဆးခန္းကိုေရာက္ေအာင္သြား.. ေျခေထာက္အတြက္စိတ္ပူတယ္.. "

ေရွာင္က်န္႔ကရိေပၚရဲ႕ေဆးပတ္တီးေဖြးေဖြးေလးက္ို စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ေငးၾကည့္ေနတယ္
ရိေပၚကေတာ့ ငိုမဲ့မဲ့။

...........................................................

ေရွာင္က်န္႔ကားေပၚ အိပ္ဖို႔စိတ္ကူးမရွိဘူး
ခုဏေလးကမွ ခြဲခြာလာရတဲ့ ဝမ္ရိေပၚနဲ႔ message ပို႔ဖို႔ပဲ အားသန္ေနတယ္
✉️ ခုေဆးခန္းသြားေနၿပီ ✉️

✉️ လိမၼာလိုက္တာ ရိေပၚေလးက ✉️

✉️ ေဆးထိုးခံရတယ္ နာလိုက္တာ ဟင့္ဟင့္ ✉️

ေရွာင္က်န္႔ကရယ္ေနတဲ့ emoji ေလးေတြပို႔လိုက္တယ္
နႈတ္ခမ္းပါးေတြကလည္းထပ္တူ ျပံဳးရႊင္ရႊင္။

✉️ ရွဴးေတာင္ မတ္တပ္ရပ္မေပါက္ႏိုင္ေတာ့ဘူး.. ေျခေထာက္နာတယ္ ✉️

ေရွာင္က်န္႔ႏွာေခါင္းရႈံ႕လိုက္တယ္

✉️ ကင္းၿမီးေကာက္ေထာင္ ေပါက္ေလ ✉️

ေရွာင္က်န္႔ သူပို႔တဲ့ စာကိုသူျပန္သေဘာက်ၿပီး တခြီခြီလုပ္ေနတာ ေဘးခ်င္းကပ္ထိုင္ေနတဲ့ အေဒၚႀကီးေတာင္ မ်က္ေစာင္းထိုးၾကည့္လာတယ္
ဒီအေဒၚႀကီးကလည္းဝမ္ရိေပၚရဲ႕ အေလွာ္ခံထားရၿပီးသား "အေဒၚႀကီးေတြကပိုအသားယူတတ္တယ္ ျပတင္းေပါက္ဘက္ကပ္ထိုင္" ဆိုၿပီး အေလွာ္ခံထားရတာကို အေဒၚႀကီးကေတာ့မသိရွာပါဘူး

တင္!!!

✉️ ကင္းၿမီးေကာက္ေထာင္ ေပါက္ၾကည့္တာအဆင္မေျပပါဘူး က်န္႔ေကာရာ..  မ်က္ႏွာေတြေတာင္လာစင္ကုန္ၿပီ ✉️

ေရွာင္က်န္႔မွာ မ်က္လံုးႀကီးျပဴးၿပီး ရယ္ရခက္ငိုရခက္႐ုပ္နဲ႔ အသံမထြက္မိေအာင္ လက္ကို သြားနဲ႔ကိုက္ခဲထားရတဲ့အထိပဲ
ဝမ္ရိေပၚ အယိုင္းတံုး!!

.............................................................

ေရွာင္က်န္႔ ညဘက္ေလာက္မွ ပါပါးမာမားဆီေရာက္တယ္
ပါပါးကို ေမြးေန႔ဆုေတာင္းေပးၿပီး အလြမ္းေတြတနင့္တပိုးႀကီးနဲ႔ ေရွာင္က်န္႔တို႔ အိမ္ေလးက လႈပ္လႈပ္ရွားရွား။
မာမားကေတာ့ ငိုတယ္ က်န္႔က်န္႔ကို လြမ္းေနခဲ့တာမလို႔ပါတဲ့
ႏိုင္ငံျခားထြက္သြားၿပီးကတည္းက ဒါကေရွာင္က်န္႔ မာမားတို႔ဆီ ပထမဆံုးျပန္လာျခင္းပဲ။

ေရွာင္က်န္႔ ေရခ်ိဳးခန္းထဲက ထြက္လာၿပီးေတာ့ ကုတင္ေပၚကိုကိုယ္တစ္ပိုင္းလွဲခ်လိုက္တယ္
သူငယ္ငယ္ကေနခဲ့တဲ့အခန္းေလးက လြမ္းစရာေတြအျပည့္ပဲ။

✉️ ေရခ်ိဳးၿပီးၿပီ ✉️

ေရွာင္က်န္႔ ရိေပၚကို စာပို႔လိုက္တယ္
ဒဏ္ရာရေနတဲ့ေကာင္ေလးကို သူအဆက္မျပတ္သတင္းပို႔ေနၿပီး ရိေပၚကလည္းသူ႔ကို သတင္းအဆက္မျပတ္ပို႔တယ္

✉️ က်န္႔ေကာ အခုဘာလုပ္မွာလဲ ✉️

✉️ ထမင္းစားမယ္ ✉️

ရိေပၚဘက္က စာေတာ္ေတာ္နဲ႔ျပန္ပို႔မလာဘူး

✉️ က်ေနာ္ အခု အျပင္မွာဆို က်န္႔ေကာ စိတ္ဆိုးမွာလား ✉️

✉️ ဘယ္လဲ ✉️

ေရွာင္က်န္႔ရဲ႕တြန္႔ခ်ိဳးသြားတဲ့ မ်က္ခံုးေတြက စိတ္ဆိုးတာေၾကာင့္မဟုတ္ဘူး
စိတ္ပူေနတာ။

✉️ က်ေနာ္ ေတြ႕ခ်င္ေနတဲ့သူရွိလို႔ ✉️

" သားေရ..ေအာက္ဆင္းလာခဲ့ဦး "

မာမား ရဲ႕ေအာ္သံေၾကာင့္ေရွာင္က်န္႔ လက္က စာကိုျမန္ျမန္႐ိုက္ၿပီး တစ္ဆက္တည္းမာမားကို ျပန္အသံျပဳလိုက္တယ္

✉️ ေအာ္..  ✉️

"ဟုတ္ မာမားးး"

ရိေပၚေတြ႕ခ်င္ေနသူဟာက်န္းလီအျပင္မရွိႏိုင္ဘူး
က်န္းလီက ဒီေန႔ပြဲကိုမလာႏိုင္ဘူး လို႔ရိေပၚက ပြဲမစခင္ ေရွာင္က်န္႔ေမးေတာ့ ေျဖထားၿပီးသား
သူလည္း သူ႔ခ်စ္ရသူ နဲ႔ အတူရွိခ်င္ဦးမွာေပါ့
ေရွာင္က်န္႔ ဂ႐ုစိုက္မေပးႏိုင္တဲ့ ရိေပၚရဲ႕ ဒဏ္ရာကို က်န္းလီက ဂ႐ုစိုက္ေပးႏိုင္မွာပဲ

အမည္မေဖာ္လိုတဲ့ ေရွာင္က်န္႔ ရင္ဘတ္ထဲက ေအာင္သက္သက္ခံစားခ်က္ တစ္ခုက ဖံုးဖံုးဖိဖိျဖစ္တည္တယ္

✉️ က်န္းလီ က ဂ႐ုစိုက္ေပးမွာပါ
     ဘာနဲ႔ သြားမွာလဲအခု
     ကားငွားသြား
     ဆိုင္ကယ္မေမာင္းနဲ႔
     ေျခေထာက္ကမေကာင္းေသးတာကို ✉️

"သားေရ ဧည့္သည္ေရာက္ေနတယ္ "

"ဟုတ္ မားးးေရ လာၿပီ"

က်ိဳးခ်န္ျဖစ္ရမယ္
ေရွာင္က်န္႔ရဲ႕ငယ္ေပါင္းသူငယ္ခ်င္း ဝမ္က်ိဳးခ်န္က ေရွာင္က်န္႔ အိမ္ျပန္လာတယ္ဆိုတဲ့သတင္းၾကားတာနဲ႔ ေဘာင္းဘီစြန္ေတာင္ဆြဲၿပီးေျပးေျပးလာေနက်

ေရွာင္က်န္႔ အိမ္ေအာက္ကို ဆင္းလာေပမယ့္ မ်က္လံုးက ဖုန္းအၾကည့္မပ်က္ဘူး
ဒါေပမယ့္ ဝမ္ရိေပၚ့ဘက္ကေန ခုဏကတည္းကျပန္စာတစ္ေစာင္မွထပ္ေရာက္မလာေတာ့ဘူး

✉️ ရိေပၚ ✉️

ျပန္စာမရွိ ရိေပၚကဝင္ေတာင္မၾကည့္ေတာ့ဘူး

✉️ ေနမေကာင္းျဖစ္မယ္ ဂ႐ုစိုက္သြား ✉️

ေရွာင္က်န္႔ဝင္ၾကည့္မႈမရွိတဲ့ ေနာက္ဆံုး message ကိုပို႔လိုက္ၿပီး ဖုန္းကိုပိတ္လိုက္တယ္
မာမားကတံခါးကိုအဆင္သင့္ဖြင့္ၿပီး ေဘးမွာမတ္တပ္ရပ္ေနေတာ့ ေရွာင္က်န္႔ ပြင့္ေနတဲ့ တံခါးဘက္ကို ေလွ်ာက္သြားလိုက္ၿပီး ေခါင္းငဲ့ၾကည့္လိုက္တယ္
ေရွာင္က်န္႔ မ်က္လံုးေလးေတြကျပဴးသြားၿပီး လက္ညိဳးေလးတစ္ေခ်ာင္းကလည္းေထာင္လာတယ္

"ဝမ္ရိေပၚ ဘယ္လို!!!"

ရိေပၚက ေရွာင္က်န္႔ကို လက္တစ္ဖက္ ေဝွ႕ယမ္းျပေနၿပီး သြားေတြကို အလံုးစံုၿဖီးျပေနတယ္

"ယုဘင္းကို လိုက္ပို႔ခိုင္းတာပါ.. စိတ္မပူနဲ႔"

ရိေပၚ က ေရွာင္က်န္႔စိတ္ပူေနေလာက္မယ့္ အေၾကာင္းအရာတစ္ခုကို ခပ္ျမန္ျမန္ရွင္းျပၿပီး ေရွာင္က်န္႔မားကို ေခါင္းေလးတၫြတ္ၫြတ္နဲ႔ အရမ္းလိမၼာျပေနတယ္
ရိေပၚရဲ႕ခပ္ရႊင္ရႊင္မ်က္ႏွာေၾကာင့္ ေရွာင္က်န္႔ ေခါင္းယမ္းရင္း ျပံဳးလိုက္မိေပမယ့္
ေဘာင္းဘီအတိုေၾကာင့္ ျမင္ေနရတဲ့ ပတ္တီးအေဖြးသားနဲ႔ ရိေပၚရဲ႕ ဒူးေခါင္းကေတာ့ ေရွာင္က်န္႔ကို အဆင္မေျပေစဘူး။

[ ယုန္ကေလးက မုန္လာဥဆီ ကထြက္သြားလည္းပဲ
  ဒီမုန္လာဥေလးက လမ္းေကာင္းေကာင္းေလွ်ာက္တတ္တယ္ ]
.........

တစ္ဖက္မွာေတာ့

"လိုက္လည္းလိုက္ပို႔ရေသးတယ္ တစ္ညေလာက္ ငါလည္း အိပ္လိုက္မယ္ေလ ဆိုေတာ့က် ဘာတဲ့ ႏွစ္ေယာက္ေတာင္လာလည္တာဆို က်န္႔ေကာတို႔ကို အားနာစရာႀကီးတဲ့..  ငလမ ဝမ္ရိေပၚ..... ဒူးေခါင္းကဒဏ္ရာေပၚကို ေခြးထပ္ကိုက္ပါေစ.. fuck!!"

ညႀကီးသန္းေခါင္ အိမ္အျပန္ခရီးေဝးကို ဆိုင္ကယ္နဲ႔ တစ္ေယာက္တည္းႏွင္ေနရတဲ့ ယုဘင္းကေတာ့ တစ္လမ္းလံုး ဝမ္ရိေပၚဆိုတဲ့ ငႏွဲကို ဆဲတာ ဆဲတာ မိုးကိုမႊန္ေနေရာပဲ။

.................................................................

_____________________________________________

[Unicode]

လက်ထဲက ဘယ်သူထိုးထည့်ပေးသွားမှန်းမသိလိုက်တဲ့
"ဝမ်ရိပေါ် အတော်ဆုံး! ဝမ်ရိပေါ် ကြိုးစားထား! ဝမ်ရိပေါ် ချစ်တယ်" ဆိုတဲ့ banner ကြီးကိုင်ပြီး ရှောင်ကျန့် လူပုံအလယ်မှာ ငုတ်တုတ်!

ဝမ်ရိပေါ်ဆိုတဲ့ ကောင်ဆိုးလေးကတော့ ဘတ်စကတ်ဘောလုံးကို လှလှပပ လှည့်ပတ်သွယ်ဝိုက် သွင်းလိုက်ပြီးတာနဲ့ ပွဲကြည့်စင်ပေါ်က ရှောင်ကျန့် ကို လှမ်းလှမ်းရယ်ပြရတာ အမော။
မဟုတ်လည်းပဲ ပြိုင်ဘက်အသင်းက သွင်းလိုက်လည်း လှမ်းလှမ်းရယ်ပြနေတာပါပဲ။
အဲ့ဒိအချိန်ဆို ကျောင်းသူကျောင်းသားတွေရော ပွဲကြည့်ပရိသတ်တွေရော ရှောင်ကျန့် ထိုင်နေတဲ့ တစ်ဝိုက်ကို ဝေ့ဝေ့ကြည့်လာကြလို့ ရှောင်ကျန့်ပါဟိုကြည့်ဒီကြည့်လိုက်လုပ်ပစ်ရတယ်
banner ကိုတောင်မြင့်မြင့်မထောင်ရဲဘူး!
ယုဘင်းဆိုတဲ့ ရိပေါ်ရဲ့သူငယ်ချင်းကတော့ ဝမ်ရိပေါ်ကို လှမ်းလှမ်းဆဲတာ ဒီကနေတောင်ကြားရတယ်!

ဟုတ်တယ် သူအခု ရိပေါ်ရဲ့ ဘတ်စကတ်ဘောပြိုင်ပွဲထဲရောက်နေတာ။

ပြိုင်ဘက်အသင်းက ခပ်ထွားထွားကောင်ကြီးက ဝမ်ရိပေါ်လက်ထဲက ဘောလုံးကို လုဖို့ကြိုးစားတော့ ဝမ်ရိပေါ်က လှလှပပပဲ အကောင်ကြီးပေါင်ကြားထဲကနေတောင် ဘောလုံးကို ဖြတ်ပြီးပုတ်ပြသွားသေးတယ်
အကောင်ကြီးကတော့ တော်တော်နှာမှုတ်နေပြီ
ဝမ်ရိပေါ် ကလှလှပပသွင်းလိုက်နိုင်ပြန်ပြီ!

ရေးးးးးး ဝမ်ရိပေါ် ဝမ်ရိပေါ်!

ပရိသတ်တွေအကုန်ထအော်ခုန်ကြတော့ ရှောင်ကျန့်တောင်ဖင်နည်းနည်းကြွသွားပေမယ့် အဖွဲ့သားတွေ ဝိုင်းနေတဲ့ကြားထဲကတောင် သူ့ကိုလှမ်းရယ်ပြနေပြန်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့် ဖင်တစ်ဝက်တစ်ပျက်လေထဲမှာတန့်သွားတယ်

ထုံးစံအတိုင်း သူ့ဘက်တစ်ဝိုက်ကို စောင်းငဲ့ကြည့်လာပြန်တဲ့ ခေါင်းတွေကြောင့် ရှောင်ကျန့် ပါဟိုကြည့်ဒီကြည့်လုပ်လိုက်ရပြန်တယ် ခေါင်းကုတ်ဖင်ကုတ်နဲ့ပေါ့

နှစ်ဖက်အသင်းက ရမှတ်မကွာတော့ အခြေအနေကအရမ်းတင်းမာနေပြီလို့ရှောင်ကျန့်ထင်တယ် သိပ်နားမလည်ပေမယ့် ဘေးကကျောင်းသူလေးတွေတွတ်ထိုးချက်ကအရ ဒီနှစ်သင်းက တကယ့်ဂေါင်တွေတဲ့

အကောင်ကြီးရဲ့ ရိပေါ်ကိုကြည့်တဲ့အကြည့်တွေကလည်း သိပ်အဆင်ပြေမနေတော့ဘူး မီးဝင်းဝင်းတောက်နေတယ်
ရိပေါ်ကတော့ ခနဲ့ပြုံးလေးနဲ့!
အခုဘောလုံးကရိပေါ်လက်ထဲမှာပဲ ရိပေါ်က ဘေးက ယုဘင်းကို ဘောလုံးလွှဲပေးလိုက်ပြီး ဆန့်ကျင်ဘက်အခြမ်းကိုပြေးသွားတယ်
ယုဘင်းက သွင်းဖို့ခုန်လိုက်ပြီးမှ ရိပေါ်ကို လျှပ်တပြတ် လှမ်းပစ်ပေးလိုက်တယ်
ရိပေါ်က လှမ်းဖမ်းပြီး ခုန်သွင်းဖို့ အလုပ် ရိပေါ်ရဲ့ ခြေထောက်တစ်ဖက်က အကောင်ကြီးရဲ့ ခြေထောက်နဲ့အကန်ခံလိုက်ရပြီး ပူထူသွားတဲ့နောက် နာကျင်မှုကထပ်ဆင့် တာချိုးပြီး မီးနဲ့အရှို့ခံရသလိုပူလောင်ထုံကျင်သွားတယ်

"ဟာာာာာာာာာာာာ! ဝမ်ရိပေါ်"

ဝမ်ရိပေါ်ကခေါက်ခနဲ မြေပြင်ပေါ်ပစ်ကျသွားတယ်
တစ်ကွင်းလုံးဆူညံသံတွေနဲ့အတူ ရှောင်ကျန့်မတ်တပ်ထရပ်လိုက်မိတဲ့အထိပဲ
ညာဖက်ဒူးခေါင်းကို လက်နဲ့ဆုပ်ကိုင်ပြီး နာကျင်အော်ဟစ်နေတဲ့ ရိပေါ်ကိုမြင်တော့ ရှောင်ကျန့် မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်လျှံလာတယ်

"ရိပေါ် ရိပေါ် ရိပေါ်"

နာမည်ကိုတစ်တွတ်တွတ်ရွတ်နေမိပြီး ရှောင်ကျန့်တစ်ကိုယ်လုံးတုန်ရင်နေတယ်
ဝမ်ရိပေါ်ရဲ့ ချွေးတစ်ဒီးဒီးကျပြီး ဝေဒနာကိုခံစားနေရတဲ့ပုံစံက ရှောင်ကျန့်ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်သွားတဲ့အထိ နင်းချေနိုင်တယ်
ရိပေါ်ကို အဖွဲ့သားတွေဝိုင်းမပြီး စုရပ်ကခုံပေါ်မှာနေရာချပေးတော့ ရှောင်ကျန့် ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တော့ဘဲ လူတွေကြားထဲကနေ ရိပေါ်ဆီကို အတင်းတွန်းထိုးထွက်ပြေးလာမိတယ်

"ရိပေါ်"

ရှောင်ကျန့်အသံကြားတော့ ယုဘင်းက ဝိုင်းနေတဲ့အဖွဲ့သားတွေကိုဘေးကိုတွန်းဖယ်ပေးတယ်
ရှောင်ကျန့်ရဲ့ မျက်ရည်လည်နေပြီးစိုးရိမ်တကြီးမျက်နှာကိုမြင်တော့ ချွေးဒီးဒီးကျပြီး နာကျင်နေတဲ့ ရိပေါ်ရဲ့မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားတယ်

"ကျန့်ကော မငိုနဲ့ ကျနော်အဆင်ပြေတယ်"

ညိုမည်းပြီးယောင်နေတဲ့ရိပေါ်ရဲ့ဒူးခေါင်းကိုမြင်တော့ ရှောင်ကျန့် မျက်ရည်တွေက ပါးပြင်တစ်လျှောက်စီးကျလာတယ်
ရိပေါ်ပြာပြာသလဲနဲ့ ရှောင်ကျန့်ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ပေးနေရတယ်
ငိုရမှာကျနော်လေ ကျန့်ကောရာ

ဘေးကနေ သူ့ဒူးခေါင်းကို ကြက်ခြေနီအသင်းကကောင်မလေးတစ်ယောက်က ထုံဆေးတွေ ဒဏ်ကျေဆေးတွေလာဖြန်းပေးတော့ ရှောင်ကျန့်က နှုတ်ခမ်းပါးလေးကို ဆူထားပြီးတဖူးဖူးမှုတ်ပေးနေသေးတာ
အရမ်းစိတ်ပူနေတဲ့ရှောင်ကျန့်မျက်နှာလေးကိုမြင်တော့ ရိပေါ်အူမြူးလာပြီး တဟီးဟီးထရယ်ပါလေရော..

"ကျန့်ကော ကျနော်အဆင်ပြေတယ် မနာဘူး ဒါကအသေးအဖွဲပါ"

"ဆက်မဆော့တော့ဘူးမဟုတ်လား"

ရှောင်ကျန့်ကရိပေါ်ရဲ့ညိုမဲနေတဲ့ဒူးခေါင်းကိုခပ်ဖွဖွထိကြည့်ရင်းပြောတယ်

"မဆော့လို့မရဘူး!!"

အနောက်ကနေ ထွက်လာတဲ့နည်းပြရဲ့ အာကျယ်အာကျယ်အသံကြောင့် ရှောင်ကျန့် မျက်စောင်းလှည့်ထိုးပလိုကတော့ နည်းပြရဲ့ခြေလှမ်းတွေနောက်နည်းနည်းပြန်ဆုတ်သွားတယ်

"စိတ်မပူနဲ့ ကျန့်ကော ကျနော်ကတောင့်ပါတယ်
အခုကျနော်တို့ဘက်က သူတို့အပြစ်ဒဏ်ကြောင့်အမှတ်ကသာနေပြီ ခဏပဲတောင့်ခံရတော့မှာ
ပြီးတော့ ကျန့်ကောရှိနေတာပဲ
ကျန့်ကောကကျနော့ အားဆေးလေ"

ရှောင်ကျန့်ရဲ့ မျက်ရည်လဲ့လဲ့ အကြည့်တွေထဲ စိုးရိမ်မှုတွေက အစိုးမရစွာပြည့်နှက်နေဆဲပဲ။
ထိုင်ခုံမှာပြန်ထိုင်တော့မှ ရှောင်ကျန့် နောင်တရချင်ချင်ပဲ
ပွဲကြည့်သူအားလုံးရဲ့အကြည့်တွေက ရှောင်ကျန့်ဆီကိုပဲဦးတည်နေတယ်
ရှောင်ကျန့်ကတော့ တွေ့သမျှလူကိုရယ်ပြနေဖို့ပဲတတ်နိုင်တော့တယ်

"မင်း တကယ်အဆင်ပြေလို့လား"

ယုဘင်းက မေးတော့ ရိပေါ်ငိုမဲ့မဲ့ နဲ့ ခေါင်းခါတယ်

"ဒါကိုများ မူပိုနေသေးတယ်"

ရိပေါ်ကပြုံးဖြီးဖြီးကြီးဖြစ်သွားပြီး ယုဘင်းတင်ပါးကိုလှမ်းရိုက်လိုက်တယ်

"နွားလေး မင်းကိုပဲအားကိုးမယ် ငါတော့မတတ်နိုင်တော့ဘူး"

ယုဘင်းက နှုတ်ခမ်းကိုရွဲ့မဲ့ပြတာ ပိုလီယိုဆွဲသွားသလိုပဲ
ပြိုင်ဘက်အသင်းက ပြစ်ဒဏ်ကြောင့်အမှတ်လျော့ခံလိုက်ရပြီး ပွဲအချိန်ပြည့်တော့ ရိပေါ်တို့အသင်းဘက်က အနိုင်ရရှိခဲ့တယ်
ဝိုင်းချီးမြှောက်နေတဲ့ အဖွဲ့သားတွေကြားထဲကနေ ခေါင်းလေးတမော့မော့နဲ့ ပွဲကြည့်စင်ဘက်က ခုန်ပေါက် နေတဲ့ ယုန်ပေါက်လေးကို မျှော်ကြည့်ပြီး သွားတွေပေါ်တဲ့ အထိ ရယ်ပြုံးနေတဲ့ ဝမ်ရိပေါ်ရယ်
လက်ထဲက banner ကြီးကို မိုးထိုးမတတ်မြှောက်ထားပြီး ပိရိသတ်တွေနဲ့အတူ ခုန်ပေါက်ပြီး သံပြိုင်အော်ဟစ်နေတာကတော့ ရှောင်ကျန့် ဆိုတဲ့ ယုန်ပေါက်စန

"ဝမ်ရိပေါ် အတော်ဆုံး!
ဝမ်ရိပေါ် ချစ်တယ်!"

///////////////////////////////////////////////
"ဟွန့်~~~ သဘောမတူပါဘူးဆိုဗျာ အ..အ နာနေပြီလို့.. ကျန့်ကော"

ရှောင်ကျန့်က ကျောပိုးအိတ်ခပ်ကြီးကြီးကို လွယ်ထားပြီး လက်တစ်ဖက်ကလည်း ခုဏက banner ကြီး
နောက်တစ်ဖက်ကတော့ မူပိုနေတဲ့ ရိပေါ်ရဲ့ခေါင်းလေးကိုပွတ်ပေးနေတယ်
ရှောင်ကျန့်က နယ်က မိဘ အိမ်ကို ခရီးထွက်ဖို့ပြင်ဆင်လာခဲ့တာ ရိပေါ်ပွဲပြီးတာနဲ့ သူထွက်တော့မယ်ဆိုပြီး
ရိပေါ်ရဲ့ ခြေထောက်ဒဏ်ရာကိုရှောင်ကျန့်စိုးရိမ်ပေမယ့် မတတ်သာဘူး ဒီနေ့က ရှောင်ကျန့်ရဲ့ပါပါးမွေးနေ့

"မတတ်သာလို့ပါ ရိပေါ်ရယ်.. ပါပါးရဲ့ မွေးနေ့မလို့ပါ"

ရိပေါ်ကနှစ်ခါမြောက်ပြောလာတဲ့အကြောင်းပြချက်အဆုံး အီးမှန်တဲ့မျက်နှာနဲ့ စိတ်မပါလက်မပါ ခေါင်းညိတ်လာတယ်

"လိမ္မာတယ်.. အိမ်မှာ အနားယူရမယ်နော်.. ဆေးခန်းကိုရောက်အောင်သွား.. ခြေထောက်အတွက်စိတ်ပူတယ်.. "

ရှောင်ကျန့်ကရိပေါ်ရဲ့ဆေးပတ်တီးဖွေးဖွေးလေးကို စိတ်မကောင်းခြင်းများစွာနဲ့ ငေးကြည့်နေတယ်
ရိပေါ်ကတော့ ငိုမဲ့မဲ့။

...........................................................

ရှောင်ကျန့်ကားပေါ် အိပ်ဖို့စိတ်ကူးမရှိဘူး
ခုဏလေးကမှ ခွဲခွာလာရတဲ့ ဝမ်ရိပေါ်နဲ့ message ပို့ဖို့ပဲ အားသန်နေတယ်
✉️ ခုဆေးခန်းသွားနေပြီ ✉️

✉️ လိမ္မာလိုက်တာ ရိပေါ်လေးက ✉️

✉️ ဆေးထိုးခံရတယ် နာလိုက်တာ ဟင့်ဟင့် ✉️

ရှောင်ကျန့်ကရယ်နေတဲ့ emoji လေးတွေပို့လိုက်တယ်
နှုတ်ခမ်းပါးတွေကလည်းထပ်တူ ပြုံးရွှင်ရွှင်။

✉️ ရှူးတောင် မတ်တပ်ရပ်မပေါက်နိုင်တော့ဘူး.. ခြေထောက်နာတယ် ✉️

ရှောင်ကျန့်နှာခေါင်းရှုံ့လိုက်တယ်

✉️ ကင်းမြီးကောက်ထောင် ပေါက်လေ ✉️

ရှောင်ကျန့် သူပို့တဲ့ စာကိုသူပြန်သဘောကျပြီး တခွီခွီလုပ်နေတာ ဘေးချင်းကပ်ထိုင်နေတဲ့ အဒေါ်ကြီးတောင် မျက်စောင်းထိုးကြည့်လာတယ်
ဒီအဒေါ်ကြီးကလည်းဝမ်ရိပေါ်ရဲ့ အလှော်ခံထားရပြီးသား "အဒေါ်ကြီးတွေကပိုအသားယူတတ်တယ် ပြတင်းပေါက်ဘက်ကပ်ထိုင်" ဆိုပြီး အလှော်ခံထားရတာကို အဒေါ်ကြီးကတော့မသိရှာပါဘူး

တင်!!!

✉️ ကင်းမြီးကောက်ထောင် ပေါက်ကြည့်တာအဆင်မပြေပါဘူး ကျန့်ကောရာ..  မျက်နှာတွေတောင်လာစင်ကုန်ပြီ ✉️

ရှောင်ကျန့်မှာ မျက်လုံးကြီးပြူးပြီး ရယ်ရခက်ငိုရခက်ရုပ်နဲ့ အသံမထွက်မိအောင် လက်ကို သွားနဲ့ကိုက်ခဲထားရတဲ့အထိပဲ
ဝမ်ရိပေါ် အယိုင်းတုံး!!

.............................................................

ရှောင်ကျန့် ညဘက်လောက်မှ ပါပါးမာမားဆီရောက်တယ်
ပါပါးကို မွေးနေ့ဆုတောင်းပေးပြီး အလွမ်းတွေတနင့်တပိုးကြီးနဲ့ ရှောင်ကျန့်တို့ အိမ်လေးက လှုပ်လှုပ်ရှားရှား။
မာမားကတော့ ငိုတယ် ကျန့်ကျန့်ကို လွမ်းနေခဲ့တာမလို့ပါတဲ့
နိုင်ငံခြားထွက်သွားပြီးကတည်းက ဒါကရှောင်ကျန့် မာမားတို့ဆီ ပထမဆုံးပြန်လာခြင်းပဲ။

ရှောင်ကျန့် ရေချိုးခန်းထဲက ထွက်လာပြီးတော့ ကုတင်ပေါ်ကိုကိုယ်တစ်ပိုင်းလှဲချလိုက်တယ်
သူငယ်ငယ်ကနေခဲ့တဲ့အခန်းလေးက လွမ်းစရာတွေအပြည့်ပဲ။

✉️ ရေချိုးပြီးပြီ ✉️

ရှောင်ကျန့် ရိပေါ်ကို စာပို့လိုက်တယ်
ဒဏ်ရာရနေတဲ့ကောင်လေးကို သူအဆက်မပြတ်သတင်းပို့နေပြီး ရိပေါ်ကလည်းသူ့ကို သတင်းအဆက်မပြတ်ပို့တယ်

✉️ ကျန့်ကော အခုဘာလုပ်မှာလဲ ✉️

✉️ ထမင်းစားမယ် ✉️

ရိပေါ်ဘက်က စာတော်တော်နဲ့ပြန်ပို့မလာဘူး

✉️ ကျနော် အခု အပြင်မှာဆို ကျန့်ကော စိတ်ဆိုးမှာလား ✉️

✉️ ဘယ်လဲ ✉️

ရှောင်ကျန့်ရဲ့တွန့်ချိုးသွားတဲ့ မျက်ခုံးတွေက စိတ်ဆိုးတာကြောင့်မဟုတ်ဘူး
စိတ်ပူနေတာ။

✉️ ကျနော် တွေ့ချင်နေတဲ့သူရှိလို့ ✉️

" သားရေ..အောက်ဆင်းလာခဲ့ဦး "

မာမား ရဲ့အော်သံကြောင့်ရှောင်ကျန့် လက်က စာကိုမြန်မြန်ရိုက်ပြီး တစ်ဆက်တည်းမာမားကို ပြန်အသံပြုလိုက်တယ်

✉️ အော်..  ✉️

"ဟုတ် မာမားးး"

ရိပေါ်တွေ့ချင်နေသူဟာကျန်းလီအပြင်မရှိနိုင်ဘူး
ကျန်းလီက ဒီနေ့ပွဲကိုမလာနိုင်ဘူး လို့ရိပေါ်က ပွဲမစခင် ရှောင်ကျန့်မေးတော့ ဖြေထားပြီးသား
သူလည်း သူ့ချစ်ရသူ နဲ့ အတူရှိချင်ဦးမှာပေါ့
ရှောင်ကျန့် ဂရုစိုက်မပေးနိုင်တဲ့ ရိပေါ်ရဲ့ ဒဏ်ရာကို ကျန်းလီက ဂရုစိုက်ပေးနိုင်မှာပဲ

အမည်မဖော်လိုတဲ့ ရှောင်ကျန့် ရင်ဘတ်ထဲက အောင်သက်သက်ခံစားချက် တစ်ခုက ဖုံးဖုံးဖိဖိဖြစ်တည်တယ်

✉️ ကျန်းလီ က ဂရုစိုက်ပေးမှာပါ
     ဘာနဲ့ သွားမှာလဲအခု
     ကားငှားသွား
     ဆိုင်ကယ်မမောင်းနဲ့
     ခြေထောက်ကမကောင်းသေးတာကို ✉️

"သားရေ ဧည့်သည်ရောက်နေတယ် "

"ဟုတ် မားးးရေ လာပြီ"

ကျိုးချန်ဖြစ်ရမယ်
ရှောင်ကျန့်ရဲ့ငယ်ပေါင်းသူငယ်ချင်း ဝမ်ကျိုးချန်က ရှောင်ကျန့် အိမ်ပြန်လာတယ်ဆိုတဲ့သတင်းကြားတာနဲ့ ဘောင်းဘီစွန်တောင်ဆွဲပြီးပြေးပြေးလာနေကျ

ရှောင်ကျန့် အိမ်အောက်ကို ဆင်းလာပေမယ့် မျက်လုံးက ဖုန်းအကြည့်မပျက်ဘူး
ဒါပေမယ့် ဝမ်ရိပေါ့်ဘက်ကနေ ခုဏကတည်းကပြန်စာတစ်စောင်မှထပ်ရောက်မလာတော့ဘူး

✉️ ရိပေါ် ✉️

ပြန်စာမရှိ ရိပေါ်ကဝင်တောင်မကြည့်တော့ဘူး

✉️ နေမကောင်းဖြစ်မယ် ဂရုစိုက်သွား ✉️

ရှောင်ကျန့်ဝင်ကြည့်မှုမရှိတဲ့ နောက်ဆုံး message ကိုပို့လိုက်ပြီး ဖုန်းကိုပိတ်လိုက်တယ်
မာမားကတံခါးကိုအဆင်သင့်ဖွင့်ပြီး ဘေးမှာမတ်တပ်ရပ်နေတော့ ရှောင်ကျန့် ပွင့်နေတဲ့ တံခါးဘက်ကို လျှောက်သွားလိုက်ပြီး ခေါင်းငဲ့ကြည့်လိုက်တယ်
ရှောင်ကျန့် မျက်လုံးလေးတွေကပြူးသွားပြီး လက်ညိုးလေးတစ်ချောင်းကလည်းထောင်လာတယ်

"ဝမ်ရိပေါ် ဘယ်လို!!!"

ရိပေါ်က ရှောင်ကျန့်ကို လက်တစ်ဖက် ဝှေ့ယမ်းပြနေပြီး သွားတွေကို အလုံးစုံဖြီးပြနေတယ်

"ယုဘင်းကို လိုက်ပို့ခိုင်းတာပါ.. စိတ်မပူနဲ့"

ရိပေါ် က ရှောင်ကျန့်စိတ်ပူနေလောက်မယ့် အကြောင်းအရာတစ်ခုကို ခပ်မြန်မြန်ရှင်းပြပြီး ရှောင်ကျန့်မားကို ခေါင်းလေးတညွတ်ညွတ်နဲ့ အရမ်းလိမ္မာပြနေတယ်
ရိပေါ်ရဲ့ခပ်ရွှင်ရွှင်မျက်နှာကြောင့် ရှောင်ကျန့် ခေါင်းယမ်းရင်း ပြုံးလိုက်မိပေမယ့်
ဘောင်းဘီအတိုကြောင့် မြင်နေရတဲ့ ပတ်တီးအဖွေးသားနဲ့ ရိပေါ်ရဲ့ ဒူးခေါင်းကတော့ ရှောင်ကျန့်ကို အဆင်မပြေစေဘူး။

[ ယုန်ကလေးက မုန်လာဥဆီ ကထွက်သွားလည်းပဲ
  ဒီမုန်လာဥလေးက လမ်းကောင်းကောင်းလျှောက်တတ်တယ် ]
.........

တစ်ဖက်မှာတော့

"လိုက်လည်းလိုက်ပို့ရသေးတယ် တစ်ညလောက် ငါလည်း အိပ်လိုက်မယ်လေ ဆိုတော့ကျ ဘာတဲ့ နှစ်ယောက်တောင်လာလည်တာဆို ကျန့်ကောတို့ကို အားနာစရာကြီးတဲ့..  ငလမ ဝမ်ရိပေါ်..... ဒူးခေါင်းကဒဏ်ရာပေါ်ကို ခွေးထပ်ကိုက်ပါစေ.. fuck!!"

ညကြီးသန်းခေါင် အိမ်အပြန်ခရီးဝေးကို ဆိုင်ကယ်နဲ့ တစ်ယောက်တည်းနှင်နေရတဲ့ ယုဘင်းကတော့ တစ်လမ်းလုံး ဝမ်ရိပေါ်ဆိုတဲ့ ငနှဲကို ဆဲတာ ဆဲတာ မိုးကိုမွှန်နေရောပဲ။

.................................................................

Continue Reading

You'll Also Like

163K 25.6K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
450K 63K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
346K 35.8K 52
အထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 F...