ရင္နင့္ေအာင္ခ်စ္ရသူ (ရင်နင့်အ...

Oleh haruyeejimon

29.7K 3.3K 270

Zawgyi ကျနော်တို့နှစ်ယောက်ရဲ့ အချစ်က မဖြစ်နိုင်ဘူးဆိုတာကို သိတယ် သိသိကြီးနဲ့လည်းဇွတ်တိုးနေမိတယ် မှားယွင်းစွာ... Lebih Banyak

Intro
episode 1
episode 2
episode 3
episode 4
episode 5
episode 6
episode 7
episode 8
episode 9
episode 10
episode 11
episode 12
episode 13
episode 15
episode 16
episode 17
episode 18
episode 19
episode 20
episode 21
episode 22
ကျေးဇူးတင်လွှာ(ကျေးဇူးတင်လွှာ)

episode 14

922 133 23
Oleh haruyeejimon

Zawgyi


စကားမပြောသလို






ပြင်ဆင်နေကြသည်



*ဒေါက် ဒေါက်*

"Om.Omma "



ထွက်သွားသည်။



သည်။



~~~~~~~~~




အလှဆင်ထားပြန်သည်။





သူများသာ ဖြစ်သည်။


မေ့နေကြသည်။








*ဖြောင်း ဖြောင်း*👏👏👏






ထင်ဟပ်နေပြန်သည်။


တစ်ခုရှိပါတယ်ရှင်"






မှာ မမှန်တော့ ပါ


မကြားတစ်ချက်



👏👏👏






မဟုတ်တော့ဘူးကွ"


ဆိုတော့


မကြားချင်တော့


ရှိုက်ခေတ် နေသလားပင်


"na..nae Omma "

~~~~~~~~~~~~

လာကာ





Omma နားလည်ပါတယ်









"နောက် အပတ် "

*ဟင့် ဟင့် အားး *





နေသည်။

အတန်ကြာတော့

သည်။

ငိုနေမိပြန်သည်။

အကောင်းဆုံး အဖော်


လက်ကို ခြစ်နေမိသည်။










Unicode

နဂို ကထဲ က အဆင် မပြေသည့်
ကျနော့် တို့ နှစ်ယောက်ကြား ယမန်နေ့က ကိစ္စကြောင့်
ပို၍ ပင် ဆိုးရွားခဲ့ရသည်။

အရင်ထဲက စကားနည်းတဲ့ Appa ကလည်း
စကားမပြောသလို

ကျနော့်ရဲ့ Omma ကလဲ ကျနော့်ကို ရှောင်နေ၏

ကိုကိုကတော့ မျက်နှာချင်းတောင်မဆိုင်ပေ

*ဟူး* တစ်အိမ်လုံးက ပြစ်ပယ် ထားသော

ခံစားချက်ကြီးက တကယ်ပင် မွန်းကြပ်လွန်းလှသည်။

ဒီနေ့လည်း အဘွားမွေးနေ့ဖြစ်တာကြောင့်
တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။

အဘွားအတွက်မွေးနေ့ လက်ဆောင်များလဲ
ပြင်ဆင်နေကြသည်

ကျနော့်ကတော့ အောက်ထပ်ကိုလဲ မဆင်းချင်
အိမ်သားတွေရဲ့ အကြည့်တွေနဲ့ ရင်မဆိုင်ချင်တာကြောင့်

အခန်းထဲဘဲ အောင်းနေလိုက်သည်။

*ဒေါက် ဒေါက်*

"Om.Omma "

ကျနော့်လက်ထဲသို့ အိင်္ကျီတစ်စုံကို ထည့်ပေးကာ

"ဒီနေ့ အဘွားမွေးနေ့ လေ အဲ့ဒါ ဝတ် "

သာမန်ထက်အေးစက်လွန်းတဲ့ အသံဖြင့်ပြောကာ
ထွက်သွားသည်။

အကြည့်လေးတစ်ချက်တောင် ကျနော့်ကို မပေးနိုင်တော့ဘူးလားOmma ရယ်...

ကျနော့်ကို မယုံကြည်မှတော့ ရှင်းပြနေလဲ အပိုပါပဲ

အခန်းတံခါးကို ပိတ်ကာ အိပ်ယာထက်ဝယ် အိပ်ပစ်လိုက်
သည်။

ဟုတ်တယ် အိပ်နေတဲ့ အချိန်က
ကျနော့်ဘဝရဲ့ အကောင်းဆုံးပဲ

အိပ်မက်ထဲကိုလည်း ကိုကိုက အမြဲ ဝင်လာ တယ်
ကိုကို နဲ့ ကျနော် နှစ်ယောက်ထဲ ရှိသည့် ကမ္ဘာက သာယာ
ပျော်ရွှင်မှု အတိဖြင့် ခြယ်မှုန်းထား သော ပန်းချီကားတစ်ချက်
လိုပင် ချိုသာတဲ့ အပြုံးတွေ နဲ့ တောက်ပနေတဲ့ ကိုကိုက
ကျနော့်ဘဝအတွက် အလုံခြုံဆုံး သူပါပဲ

~~~~~~~~~

မီးရောင်တွေနှင့် ထိန်လင်းကာ တောက်ပ နေသည့်

အိမ်တော် တစ်ခု၏ ကြီးမားလှသော ခြံဝန်းထဲ ၌

လူဂုဏ်ထံ အပေါင်း ကာ စည်းကားစွာ ရှိကြသည်။

မီးဆိုင်း မီးခက် များဖြင့် ခြံဝန်းတစ်ခုလုံးအား ပနံသင့်စွာ
အလှဆင်ထားပြန်သည်။

သို့သော် ကောင်လေးတစ်ယောက်မှာတော့

လူတွေနဲ့ ဝေးရာနေရာ တစ်ခုမှ တစ်တဆိတ် ထိုင်နေသည်။

လူတွေကတော့ တစ်ယောက်ကို တစ်ယောက်
ပြုံးပြ နှုတ်ဆက်ကြပေမယ့်

ထိုအပြုံးတွေက မသန့်စင်

အပြုံးလှလှလေးဖြင့် နောက်ကျော ကို ဓားထောက်ထားသည့်
သူများသာ ဖြစ်သည်။

မိမိအောင်မြင်မှုရရန် သူငယ်ချင်းအရင်းပင် ဖြစ်ပါစေ
ဆွေမျိုးတွေပင် ဖြစ်ပါစေ ချနင်းပစ်မည့် သူတွေချည်းသာ

ဂုဏ်တွေ ငွေတွေကို လွှမ်းခြုံထားပေမယ့်
ဘဝ ရဲ့ အနှစ်သာရ ဘဝရဲ့ အေးချမ်းမှုကို
မေ့နေကြသည်။

ထိုလူတွေထဲ ကိုကိုနဲ့ Appa လည်းပါသည်။

အတုအယောင်တွေပဲ ပြည့်နှက်နေသော နေရာတွင်
မနေချင်တာကြောင့် တစ်ယောက်ထဲ ထွက်လာခဲ့သည်။

ဒီလိုပွဲမျိုးက လည်း ကျနော့်ကို မလိုပါ

"ဟုတ်ကဲ့ ဂုဏ်သရေရှိလူကြီးမင်းများအားလုံးရှင်

အခုလိုမျိုး ကျွန်မရဲ့ အသက် 67 နှစ်ပြည့်မွေးနေ့ကို

တက်ရောက်ပေးတဲ့ အတွက် အထူးပင်ကျေးဇူးတင်ပါကြောင်း

ဦးစွားပြောကြားအပ်ပါတယ်ရှင်"

*ဖြောင်း ဖြောင်း*👏👏👏

စကားသံအဆုံး လက်ခုပ်သံများထွက်လာသည်။

67 နှစ်ဟုပင် မထင်ရလောက်အောင် အဘွားသည်
ငယ်ရွယ်နုပျိုခြင်းသာ ဆောင်ထားသည်။

ယခုအချိန်ထိ စီပွားရေလောကတွင် ထိပ်သီးဖြစ်နေသည့်
Kim မိသားစုမှ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ကျက်သရေ ရှိခြင်း တင့်တယ် ခြင်းသာ ဝန်းရံထားသော
အဘွားသည် ယခု အထိ အလှမပျက်သေးပါ

ရှင်းသန့် ကြော့ရှင်းသော အလှကို ပိုင်ဆိုင်ထား သော်လည်း
မောက်မာ မှု မာန ကြီး မှု တို့ ကလည်းရှိနေသေးသည်။

မျက်နှာမှာ ပြုံးရွှင်နေသောလည်း ပြတ်သားမှုဂုဏ်ရှိန်များက
ထင်ဟပ်နေပြန်သည်။

"ဟုတ်ကဲ့ရှင် အခု ကျမ ပြောချင်တာလေး

တစ်ခုရှိပါတယ်ရှင်"

"အ့တာကတော့ ကျမရဲ့မွေးနေ့ပွဲနဲ့ အတူ

ဟော့ဒီက ကျမရဲ့ မြေးလေး Kim namjoon နဲ့

Min မိသားစုက သမီးလေး Min yuri တို့ရဲ့

စေ့စပ်ကြောင်းလမ်းခြင်း ပွဲလေးလဲ ဖြစ်ပါတယ်ရှင်"

အဘွားရဲ့ စကားသံများအဆုံး

ကျနော့် ရဲ့ အသက်ရှု သံတွေ
မှာ မမှန်တော့ ပါ
နှလုံးထဲက သွေးတွေလဲ ရပ်တန့်ကုန်ရသည်။

ဒီလိုနေ့မျိုး တနေ့ ဖြစ်လာ မည် ဆိုတာကို
ကျနော်သိပေမယ့် ဒီလောက်ထိ မြန် မယ် လို့တော့ မထင်ခဲ့ပါ

အဘွားပြောနေသော စကားများကို ပင် ကြားတစ်ချက်
မကြားတစ်ချက်

ကိုကိုနဲ့ သူမ ကတော့ စဉ်မြင့်ပေါ်၌

တစ်ယောက်ကို တစ်ယောက် လက်စွပ်ဝတ်ပေးနေကြသည်။

👏👏👏
လူထုကြီး၏ လက်ခုပ်သံမှာလဲ ဆူညံစွာပေါ်ထွက်လာသည်။

ပျော်ရွှင်မှုတွေ ကြည်းနူးမှုတွေနဲက ပြည့်နေသော
ကိုကိုရဲ့ မျက်ဝန်းတွေကိုကြည့်ရင်း ပို၍ဝမ်းနည်း လာရသည်။

Omma တို့ကို ကြည့်လိုက်တော့

Appa က တော့ ကိုကိုတို့ကို ပြုံးကာကြည့်နေပေမယ့်
Omma ကတော့ ကျနော့်ကို သာ ဝမ်းနည်းသော
မျက်လုံးများနဲ့ ကြည့်နေသည်

"လိုက်ဖက်လိုက်တာကွာ Kim မျိုးရိုးနဲ့ Minမျိုးရိုးသာ

ပေါင်းစည်းရင် သူတို့ကို ပြိုင်နိုင်တဲ့ သူရှိမှာတောင်

မဟုတ်တော့ဘူးကွ"

"ဟုတ်ပါ့ဗျာ Kim namjoon ကလည်း
ဖျတ်ထိုးဉာဏ် ရှိပီ ထက်မြတ် လွန်းသလို

Min yuri ကလည်း ထူးချွန်ပီး လှပတဲ့ မိန်းကလေး
ဆိုတော့

တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပါပဲ ဗျာ"

တစ်ယောက်တစ်ပေါက် ပြောနေကြသည့် အသံတွေကို
မကြားချင်တော့

ချာချာလည်နေအောင် မူးနေသော ခေါင်း ကိုသာ ဖိထားပြီး
သစ်ပင် ကို လက်ထောက်ရင်း အားပြုကာ ရပ်နေရသည်။

ကျနော့် ရဲ့ နှလုံးခုန်သံ များ မှာ နားစည် ထိပင် လာ၍
ရှိုက်ခေတ် နေသလားပင်
ခြေထောက် များ ပင် မခိုင်ချင်တော့ ပေ

"သားငယ် Omma တို့ ပြန်ကြရအောင်"
Omma က ကျနော့် ကို ဖတ်ကာ ထိန်းပေးသည်။
သူမရဲ့ မျက်ဝန်းထဲ မှ မျက်ရည်များကို မမြင်စေရန်
မျက်တောင်များ ဖြင့် ပုတ်ခတ်ကာ သိမ်းဆည်းနေ၏

"na..nae Omma "

~~~~~~~~~~~~

အိမ်ရောက်တော့ Omma က ကျနော့် အခန်းထဲသို့ ဝင်
လာကာ

"သားငယ်လေး ရော့ သံပုရာရည် သောက်လိုက်"

ဟုပြောကာ ကုတင်ပေါ်တွင် အရုပ်ကြိုးပျက် လဲကျနေသော
ကျနော့အား ကောက်ထူ လိုက်သည်။

ပါးပြင်ပေါ်က မျက်ရည် စီးကြောင်းတွေကို
သုတ်ပေးရင်း Omma က ပါ ငို လာသည်။

"သားရယ် အခုချိန်မှာ အရမ်းခံစားရမယ်ဆိုတာ

Omma နားလည်ပါတယ်

ဒါပေမယ့် ဒါတွေကအသားကျသွားမှာပါ သားရယ်

တစ်နေ့ သားချစ်ရတဲ့ ကောင်မလေးပေါ်လာရင်
သားကိုကြီး ကို နားလည်သွားမှာပါ"

Omma ရဲ့စကားတွေကို နားထောင်ရင်း

မျက်ရည်တွေက အဆက်မပြတ်ကျဆင်းနေသည်။

ရှိုက်သံတောင် ထွက်မလာခဲ့ပေ ငိုခဲ့တဲ့ညပေါင်းများလာတော့
မျက်ရည်နဲ့ ကျနော် တစ်သားတည်း ဖြစ်သွားခဲ့ရသည်။

"ကိုကို က ဘယ်တော့ လက်ထက်မှာလဲ"

တည်ငြိမ်စွာ ထွက်ပေါ်လာသော အသံ

မျက်ရည်သာ ကျနေပေမယ့် ငူငူငိုင်ငိုင်ဖြစ်နေသော
ကျနော် က အရူးတစ်ယောက်လိုပင်

"နောက် အပတ် "

*ဟင့် ဟင့် အားး *

Omma ရင်ခွင်ထဲသို့ ဝင်ဟာ
အော်ဟစ် ငိုကြွေးနေမိသည်

"သားငယ်လေး ရယ် မငိုပါနဲ့ Omma ရှိတယ်လေ

Omma က သားငယ်လေး ဘေးမှာ ရှိတာမို့မငိုပါနဲ့

တစ်နေ့တော့ အဆင်ပြေသွားမှာပါ "

Omma က ကျနော့် ရဲ့ ကျောပြင် ကို ပွတ်ကာ ချော့
နေသည်။

အတန်ကြာတော့

ကျနော့် ကို ကုတင်ပေါ်တွင် ချကာ စောင်ခြုံပေး၍ ထွက်သွား
သည်။

Omma ထွက်သွားတော့ ကျနော်မျက်လုံးများပွင့်လာကာ
ငိုနေမိပြန်သည်။

မျက်ရည် ဟုတ်တယ် မျက်ရည်
ကျနော် အတွက် အခုချိန်မှာ မျက်ရည် သာလျှင်​
အကောင်းဆုံး အဖော်

ရှုပ်ထွေးနေသော စိတ်အစဉ်ကြောင့်

အံဆွဲထဲ မှ ဘရိတ်ဓား ကို ယူကာ
လက်ကို ခြစ်နေမိသည်။

ဒီလိုတွေလုပ်နေတာ ကြာပီ
အိမ်သားတွေနဲ့ အဆင်မပြေတဲ့အချိန်က
ကျနော် စိတ်ထွက်ပေါက် တစ်ခု အဖြစ်နဲ့ လုပ်မိသည်။

ဘာရယ်မဟုတ်ပေမယ့် တခါခြစ်လိုက်တိုင်း
ထွက်လာတဲ့သွေး တစ်ချို့ ကြောင့်
ပိတ်မိနေတဲ့ စိတ်တွေ ထွက်လာသလိုပင်
စိတ်ဖိစီးမှု တစ်ချို့လျော့ ကြတာကြောင့် လုပ်မိသည်။

အ့တုန်းက လည်း ကျနော် လက်က ဒဏ်ရာ တစ်ချို့ ကို
အိမ်က သူတွေ သတိမထား မိပါ

ကျနော် ဒီလိုတွေ လုပ်နေလဲ သူတို့က စိတ်မပူပါဘူး
ဘာလို့ဆို ကျနော်က အပယ်ခံသက်သက်ပဲ လေ





Lanjutkan Membaca

Kamu Akan Menyukai Ini

6.2K 850 5
" ဇာတ်သိမ်းမလှခဲ့တဲ့ ဒဏ္ဍာရီလေးတစ်ပုဒ်အတွက်.. မင်းကို ထပ်ပြီး ချစ်ခွင့်ရဖို့ နှစ်ပေါင်းများစွာတိုင်အောင် ကိုယ် စောင့်နေဦးမှာပဲ " JEON JUNG KOOK & KI...
89.2K 11.7K 27
❝ ရှင်သန်နေတဲ့ ကမ္ဘာချင်းမတူခဲ့ရင်တောင် သတိရစိတ်ဟာ လေနုအေးအဖြစ် ကျွန်တော့်ကမ္ဘာ့မှာ ဆက်လက်ရှင်သန်ကျန်ရစ်နေဦးမှာပါ ❞ ~~~~~~~~~~~ ❄︎ .❄︎ .❄︎ ~~~~~~~~...
1.8K 102 7
Being reborn sucks. I'm now the oldest sibling of Sans Au ship children. I'm the Daughter of Dream, Error, Nightmare, and Ink. So I have a mix of all...
1.3M 58.6K 105
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC