ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၁၃

19.1K 2.2K 82
By i_lia_u

[Zawgyi]

"က်ေနာ္ ခင္ဗ်ားကိုမမုန္းခ်င္ေတာ့ဘူး"

ေရွာင္က်န္႔ ရင္ဘတ္ထဲကေအာင့္သက္သက္နာက်င္မႈျဖစ္တည္လာတယ္
ေရွာင္က်န္႔ကသူ႔လက္ကိုဆုပ္ကိုင္ထားတဲ့ရိေပၚရဲ႕လက္ေလးကို ေနာက္လက္တစ္ဖက္နဲ႔ ခပ္ဖြဖြပုတ္ေပးရင္း ျဖဳတ္ေနတယ္

"အိုေက..ေကာေကာ ဟိုဆိုဖာေပၚမွာရွိေနမယ္ေနာ္"

ရိေပၚက လြတ္သြားတဲ့သူ႔ရဲ႕လက္ေတြကိုျပန္ဆုပ္ကိုင္လာျပန္တယ္
"က်ေနာ့အနားမွာပဲ"

"ရိေပၚ"
ရိေပၚကေရွာင္က်န္႔လက္ကိုဆြဲလိုက္တာေၾကာင့္ ေရွာင္က်န္႔မ်က္ႏွာက ရိေပၚရဲ႕ပါးျပင္နဲ႔ပခံုးၾကားအပ္သြားၿပီး
ခါးကုန္းကုန္းနဲ႔ကိုးလိုးကန္႔လန္႔ျဖစ္ေနတယ္

"ေနေပးပါ"

ေရွာင္က်န္႔သက္ျပင္းခ်ၿပီး ရိေပၚရဲ႕ေဘးမွာအသာဝင္လွဲရေပမယ့္ ရိေပၚကိုသူေက်ာေပးထားမိတယ္
သူဘာလို႔အခုလိုစိတ္မသက္မသာခံစားေနရတာလဲ
႐ုတ္တရက္ရိေပၚကလႈပ္ရွားလာၿပီး ေရွာင္က်န္႔ရဲ႕ခါးသိမ္သိမ္ကိုသူ႔ရဲ႕လက္ေမာင္းေတြကရစ္ပတ္လာတယ္
ေရွာင္က်န္႔ ေခါင္းအံုးစကိုခပ္တင္းတင္းဆုပ္ကိုင္လိုက္မိတဲ့အထိ
ရိေပၚရဲ႕ရင္ဘတ္နဲ႔ေရွာင္က်န္႔ရဲ႕ေက်ာျပင္ကထိကပ္ေနတယ္ ၿပီးေတာ့ ရိေပၚကမ်က္ႏွာကို ေရွာင္က်န္႔ရဲ႕ေက်ာေနာက္မွာပဲအတင္းတိုးဝင္ဖြက္ထားတယ္
တစ္ေယာက္နဲ႔တစ္ေယာက္အရမ္းနီးကပ္ေနတာ ရိေပၚရဲ႕အဖ်ားေငြ႕ေတြကိုေတာင္ ေရွာင္က်န္႔ခံစားမိေနတယ္
ေရွာင္က်န္႔ တစ္ကိုယ္လံုးပူအိုက္လာသလိုပဲ..
ငယ္ငယ္ကဒီလိုအမူအရာေတြကအဆန္းမဟုတ္ေပမယ့္ အခုက..
႐ုတ္တရက္ ေရွာင္က်န္႔ေက်ာျပင္မွာထိကပ္ေနတဲ့ ရင္ဘတ္ကတစ္သိမ့္သိမ့္ရိႈက္ခုန္လာတာကိုေရွာင္က်န္႔ခံစားလိုက္ရတယ္
ၿပီးေတာ့ စိုစြတ္လာတဲ့ေရွာင္က်န္႔ရဲ႕ေက်ာျပင္..
ရိေပၚငိုေနတယ္

"ရိေပၚ"
ေရွာင္က်န္႔ ရိေပၚရဲ႕နာမည္ကိုအလန္႔တၾကားေခၚရင္း ေက်ာေပးထားရာကေနလွည့္ၾကည့္ဖို႔လုပ္ေပမယ့္ ရိေပၚက လွည့္ၾကည့္ခြင့္မေပးပဲ ခါးသိမ္သိမ္ကို တင္းတင္းၾကပ္ၾကပ္ပဲဆက္ဖက္ထားတယ္

"ရိေပၚ ဘာလို႔လဲ ေနလို႔မေကာင္းဘူးလား"
ခါးေပၚက ရိေပၚရဲ႕လက္ေတြကပိုတင္းၾကပ္လာတာေၾကာင့္ ေရွာင္က်န္႔သူ႔ရဲ႕လက္ဖဝါးေတြနဲ႔ အုပ္ကိုင္လိုက္မိတယ္
ရိေပၚရဲ႕ကိုယ္လံုးေလးက တသိမ့္သိမ့္တုန္ေနတုန္းပဲ
ရိႈက္သံေလးေတြကလည္း တစ္ခါတစ္ခါ တအီအီထြက္လာေသးတယ္
ေရွာင္က်န္႔ေရေရရာရာမသိေပမယ့္ သူလိုရာလည္းဆြဲမေတြးခ်င္တာမို႔ ရိေပၚရဲ႕လက္ေတြကိုဖယ္ၿပီးမ်က္ႏွာခ်င္းဆိုင္လိုက္ဖို႔ ႀကိဳးစားေပမယ့္ မေအာင္ျမင္လိုက္ျပန္ဘူး

"လြမ္းလို႔ပါ.. လြမ္းေနလို႔ပါ.."
ရိေပၚက ေရွာင္က်န္႔ခါးေပၚကလက္ေတြကိုဖယ္ရင္း ရိႈက္သံေတြၾကားက ေဝေဝဝါးဝါးစကားဆိုတယ္
ခါးေပၚကဖယ္သြားတဲ့လက္ေတြကိုေရွင္က်န္႔ျပန္ဆြဲယူလိုက္ရင္းမ်က္ႏွာခ်င္းဆံုေစလိုက္တယ္

"ရိေပၚ"

ေရွာင္က်န္႔ရဲ႕မ်က္လံုးေတြထဲက မ်က္ရည္လဲ့လဲ့ေတြကိုရိေပၚေငးၾကည့္ေနမိတယ္

"ေကာ ေတာင္းပန္ပါတယ္"
ေရွာင္က်န္႔သိတယ္.. ရိေပၚသူ႔ေၾကာင့္ ဘယ္ေလာက္ေတာင္ပင္ပန္းေနခဲ့မလည္းဆိုတာကို ေရွာင္က်န္႔သိတယ္
ဒါေပမယ့္..
သူတတ္ႏိုင္တာဘာမွမရွိခဲ့ဘူး..
သူဒီကေလးရဲ႕ခံစားခ်က္ကိုထည့္တြက္မေပးႏိုင္ခဲ့ဘူး ထည့္တြက္ေပးဖို႔အခြင့္အေရးလည္းမရခဲ့ဘူး

[ကေလးေတြနဲ႔က သံေယာဇဥ္ႀကိဳးဆိုတာခ်ည္ဖို႔ခက္သလို.. ျဖည္ဖို႔လည္းခက္တယ္]

"ေကာကိုေအာ္ပစ္လိုက္ခ်င္လား"
ရိေပၚကတုန္႔ျပန္မႈမရွိပဲ ေရွာင္က်န္႔ရဲ႕မ်က္လံုးေတြကိုပဲစိုက္ၾကည့္ေနတယ္
ရဲရဲတြတ္ေနတဲ့ ရိေပၚရဲ႕ႏွာေခါင္းလံုးလံူးေလးက အဖ်ားရွိန္ေၾကာင့္လား မ်က္ရည္ေတြေၾကာင့္လား မသဲကြဲေတာ့ဘူး
"ဆယ္ႏွစ္ဆိုတာနည္းသလား"
ရိေပၚရဲ႕ခပ္တိုးတိုးေရရြတ္သံကိုေရွာင္က်န္႔မႈန္ဝါးဝါးၾကားလိုက္တယ္

"ေျဖရွင္းခ်က္ ေပးရေတာ့မလား"

ရိေပၚက မ်က္လႊာခ်ရင္း ေခါင္းခါတယ္

"မေျပာခ်င္ပဲမေျပာနဲ႔.. က်ေနာ္အတင္းအက်ပ္မေျပာခိုင္းဘူး"

ေျပာေျပာမေျပာေျပာ က်ေနာ္ခင္ဗ်ားကိုမမုန္းရက္တာအေသအခ်ာမို႔..
ရိေပၚမ်က္လံုးေတြမွိတ္လိုက္တယ္

"လြန္ခဲ့တဲ့ဆယ္ႏွစ္က"

ေရွာင္က်န္႔စကားစေတာ့ ရိေပၚရဲ႕မ်က္လံုးေတြက ျဖည္းျဖည္းခ်င္းပြင့္လာၿပီး ေရွာင္က်န္႔ကိုေငးစိုက္ၾကည့္လာတယ္

"လိေဝအေၾကာင္းကိုရိေပၚသိေနေတာ့ ေကာအံ့ၾသသြားတာတကယ္"

"အဲ့ဒိလူက..."

"အင္း...ရိေပၚေျပာတဲ့ ေကာရဲ႕လြန္ခဲ့တဲ့ဆယ္ႏွစ္ကေကာင္ေလး"

"က်ေနာ္ သူငယ္ခ်င္းတစ္ေယာက္ဆီကသိခဲ့တာ ဒီတိုင္း ခင္ဗ်ားတို႔တြဲေနခဲ့ၾကတယ္ဆိုတာကိုပဲ"
ရိေပၚရဲ႕ မ်က္ရည္စေတြခိုနားေနတဲ့ မ်က္ေတာင္ရွည္ရွည္ေတြေအာက္က နီရဲရဲမ်က္လံုးေတြက က်ဳံ့သြားတဲ့ မ်က္ခံုးေတြနဲ႔ သိပ္လိုက္ဖက္ညီေနတယ္

"ေကာ က gay"

"သိတယ္"

ခပ္ဆတ္ဆတ္ျပန္ေျဖတဲ့ ရိေပၚရဲ႕တံုးတိတဲ့အေျဖေၾကာင့္ေရွာင္က်န္႔ရယ္လိုက္တယ္
"သူနဲ႔တြဲခဲ့တာ ဘယ္ႏွစ္လေတာင္ၾကာလိုက္လဲ မမွတ္မိေတာ့ဘူး"

ေရွာင္က်န္႔ရဲ႕မ်က္လံုးက ခပ္ေဆြးေဆြးေလး မ်က္ႏွာက်က္ကိုေငးၾကည့္ေနတယ္
နာက်င္မႈအပိုင္းအစေတြကိုပါထပ္ေပါင္းထည့္ၾကည့္လိုက္ေပါ့

"အဲ့တာကို ေကာရဲ႕ဦးေလးကသိသြားတယ္..သူအရမ္း shock ရသြားတာ..ကိုယ့္ကို gay လို႔သူဘယ္တုန္းကမွမထင္ခဲ့ဖူးဘူးေလ
အဲဒိကတည္းကကိုယ့္ကိုႏိုင္ငံျခားလႊတ္ဖို႔သူတိုက္တြန္းခဲ့တယ္.. ကိုယ္ကမသြားခ်င္ဘူး လိေဝေၾကာင့္မဟုတ္ဘူး.. ဒီတိုင္း..မသြားခ်င္ခဲ့ဘူး"

ရိေပၚကေရွာင္က်န္႔ရဲ႕မ်က္ႏွာကိုအကဲခတ္ၾကည့္ေနတယ္

"သူသိၿပီးမၾကာဘူး တစ္ေက်ာင္းလံုးမွာလည္းဒီသတင္းကပြထေနေတာ့တာပဲ..အဲ့ဒိတုန္းက gay ဆိုတာ အထူးအဆန္းသတၱဝါပဲေလ.. ဆိုေတာ့ ဆဲခံခဲ့ရတာေပါ့"

ေရွာင္က်န္႔က ေျခာက္ကပ္ကပ္ရယ္တယ္

"လိေဝကဒီဒဏ္ေတြမခံႏိုင္ဘူး.. သူေကာကိုအပစ္ပံုခ်ခဲ့တယ္..ေကာကသူ႔ကိုအတင္းလိုက္ကပ္ခဲ့တာဆိုၿပီး နာမည္ဖ်က္တာမ်ိဳးေပါ့..အထက္တန္းရဲ႕mailေတြမွာဆိုရင္ေကာကိုဆဲဆိုထားတာေတြခ်ည္းပဲ
ေကာအဲ့ဒိတုန္းက တကယ္စိတ္ေတြေလခဲ့တာ..ဘယ္အရာကိုမွမေတြးႏိုင္ေလာက္ေတာ့တဲ့အထိပဲ
ဒီအေျခအေနေတြက ႐ုန္းထြက္ဖို႔ တျခားနည္းမရွိခဲ့ဘူး
ဒါေၾကာင့္ ေကာ ထြက္သြားဖို႔ဆံုးျဖတ္ခဲ့တာ..
ဒါေပမယ့္ ဒါေတြက အခုအခ်ိန္ျပန္ေတြးၾကည့္ရင္ ကိစၥေသးေသးေလးေတြပါပဲ.. ဘာမွအေရးမပါတာေလးေတြေပါ့"

ေရွာင္က်န္႔က စကားေျပာရပ္ၿပီး မ်က္ႏွာက်က္ကို မ်က္ႏွာေပးထားရာကေန ရိေပၚဘက္ကိုေခါင္းေစာင္းၾကည့္လာတယ္

"အခ်ိန္ဆယ္ႏွစ္အတြက္ ဒီေလာက္ေျဖရွင္းခ်က္ေလးေပးရံုနဲ႔ မလံုေလာက္မွန္းေကာသိပါတယ္..
ဘာမွမတတ္ႏိုင္ခဲ့ဘူး လို႔ေျပာရင္လည္းလိမ္ရာက်မယ္
အမွန္က တတ္ႏိုင္ဖို႔ရင္မဆိုင္ရဲခဲ့တာပါ ဒါေၾကာင့္ဒီလမ္းကိုေရြးခဲ့မိတယ္"

ရိေပၚကေရွာင္က်န္႔ရဲ႕မ်က္လံုးေတြကိုပဲစိုက္ၾကည့္ေနတယ္
ေရွာင္က်န္႔က ရိေပၚရဲ႕လက္ကိုဆုပ္ကိုင္လာေတာ့ ရိေပၚကသက္ျပင္းခ်တယ္
"ၿပီးေတာ့ ရိေပၚကိုမေျပာျပျဖစ္တာကလည္း ေပ်ာ္စရာမေကာင္းတဲ့ဇာတ္လမ္းေတြကိုကေလးကသိစရာအေၾကာင္းမွမရွိပဲေလ.. ဒါေၾကာင့္.."

ရိေပၚရဲ႕မ်က္လံုးေတြက ေရွာင္က်န္႔ကို တည္တည္ၿငိမ္ၿငိမ္စိုက္ၾကည့္ေနလိုက္တာ ေရွာင္က်န္႔ရဲ႕ခံစားခ်က္ေတြကို ရွာေဖြေနသလိုမ်ိဳး။

"ဒါအကုန္ပဲလား ခင္ဗ်ားရဲ႕ဇာတ္လမ္းက"

ေရွာင္က်န္႔ရဲ႕မ်က္ႏွာကအံ့ၾသသြားပံုေပၚေပမယ့္ အမူအရာကိုထိန္းၿပီး ျပန္ေျဖလိုက္ေပမယ့္ စကားကထစ္ထစ္ေငါ့ေငါ့

"အင္းေပါ့"

ရိေပၚက ေရွာင္က်န္႔ရဲ႕ေခါင္းနဲ႔ခါးကို တစ္ဆက္တည္းဆြဲသိမ္းရင္းသူ႔ရင္ခြင္ထဲထည့္လိုက္တယ္

"ေတာင္းပန္ပါတယ္.. က်ေနာ္မသိခဲ့ဘူး"

ေရွာင္က်န္႔လန္႔သြားေပမယ့္ စိတ္မသက္သာတာမ်ိဳးေတာ့မျဖစ္ေတာ့တဲ့အတူတူ ၿငိမ္ေနလိုက္ေတာ့တယ္ တစ္ဆက္တည္းမွာပဲ ေရွာင့္က်န္႔သက္ျပင္းခ်လိုက္မိတယ္

"က်ေနာ္ ခင္ဗ်ားကိုမမုန္းေတာ့ပါဘူး"

ေရွာင္က်န္႔ျပံဳးလိုက္မိတယ္

"အမွန္က ခင္ဗ်ားမ်က္ႏွာကို ျပန္ျမင္လိုက္ရကတည္းက က်ေနာ္တင္းထားသမွ်စိတ္ေတြက အကုန္ေျမာင္းထဲေရာက္သြားခဲ့တာပဲ"
ထားသြားခံရလို႔ေသမတတ္စိတ္ဆိုးေနတဲ့စိတ္က ဒီလူႀကီးရဲ႕ေျဖရွင္းခ်က္မရခင္ကတည္းကေပ်ာ့ေခြက်ေနခဲ့တာ..
နားမလည္ႏိုင္ေတာ့ဘူး

"ေကာကိုလႊတ္ဦးမွာလား"

ရိေပၚရဲ႕ရင္ခြင္ထဲကေန ေခါင္းေလးျပဴထြက္ရင္းေမးေတာ့
"ခဏေလးၿငိမ္ၿငိမ္ေနေပးပါ"တဲ့..

"ေကာ တစ္ခုေလာက္ေမးလို႔ရလား"

"အင္း"
ရိေပၚကေရွာင္က်န္႔ကိုရင္ခြင္ထဲမွာဖက္ထားရင္းပဲ ျပန္ေျဖတယ္

"ေကာနဲ႔လိေဝအေၾကာင္းကို ရိေပၚမသိဘူးလို႔ထင္ထားခဲ့တာ..
အမွန္ဆို ရိေပၚသိေနရင္ ဦေလးတို႔ အင္းး က်န္းလီတို႔ကိုေမးလို႔ရတာပဲမဟုတ္ဘူးလား"

ရိေပၚက ေရွာင္က်န္႔ကိုရင္ခြင္ထဲကထုတ္မေပးေသးပဲ ျပန္ေျဖတယ္
"စိုးရိမ္တယ္..
သူတို႔ေတြသာခင္ဗ်ားအေၾကာင္းမသိရေသးဘူးဆိုရင္
က်ေနာ္ေမးလိုက္မွ သိသြားၿပီး ခင္ဗ်ားႏွိမ္ခံေနရမွာစိုးရိမ္ခဲ့တာ"

ေရွာင္က်န္႔ ရင္ဘတ္ထဲနာက်င္သြားရတယ္
ဒီစိုးရိမ္မႈတစ္ခုေၾကာင့္ သူဆယ္ႏွစ္တာနႈတ္ပိတ္ၿပီးမေမးမျမန္းေနခဲ့တာေပါ့.
ေရွာင္က်န္႔နဲ႔လိေဝကိစၥကိုသာထည့္မေမးရင္
ေရွာင္က်န္႔ဘာလို႔ပညာေတာ္သင္သြားလဲဆိုတဲ့ေမးခြန္းရဲ႕အေျဖက စာသင္ဖို႔ပဲေပါ့

"ကေလးရယ္.."

ဟိုအရင္က ေရွာင္က်န္႔ရင္ခြင္ထဲတိုးေဝွ႕အိပ္တတ္တဲ့ကေလးက အခုေတာ့ ေရွာင္က်န္႔ကိုသူကတစ္ျပန္ႀကီး ရင္ခြင္ထဲဆြဲထည့္ေနၿပီ
"ထူးဆန္းတယ္မဟုတ္လား..ဆယ္ႏွစ္ၾကာၿပီးမွ ျပန္ေတြ႕တယ္  ရိေပၚကေကာကို စိတ္ဆိုးေနတယ္.. မၾကာဘူးအခုအဆင္ေျပေနၾကျပန္ၿပီ..အ႐ူးေတြလိုပဲ.."

ေရွာင္က်န္႔ရဲ႕အေျပာကို ရိေပၚကဘာမွျပန္မေျပာေပမယ့္ ရယ္သံ တစ္ဝက္တစ္ပ်က္ကိုၾကားလိုက္ရတယ္

"ရိေပၚကေတာ္ေတာ္အရြယ္ေရာက္လာတာပဲ..စေတြ႕တုန္းကမမွတ္မိဘူး.. အရမ္းေခ်ာလာတဲ့ကေလးေလး"

"ခင္ဗ်ားကေတာ့ ပိုရင့္သြားတာပဲရွိတာ..ဘာမွမေျပာင္းလဲဘူး"

ရိေပၚရဲ႕ပက္ခနဲျပန္ေျပာတဲ့စကားေၾကာင့္
ေရွာင္က်န္႔ ရိေပၚရဲ႕ေက်ာကုန္းကို ဖတ္ခနဲ႐ိုက္လိုက္တယ္
"အႀကီးကို.."

"က်ေနာ္အိပ္ခ်င္ၿပီ"

"ေဆးေသာက္ထားတာပဲ အိပ္လိုက္ေတာ့ အဖ်ားေတာ့နည္းနည္းက်ေနပါၿပီ"

ေရွာင္က်န္႔က ရိေပၚရဲ႕နဖူးကိုစမ္းၾကည့္ရင္း ရိေပၚရဲ႕ရင္ခြင္ထဲက လြတ္ဖို႔ႀကိဳးစားလိုက္ေပမယ့္အခ်ည္းႏွီး

"ရိေပၚ လႊတ္ဦး"

"အိပ္ေပ်ာ္သြားရင္သူ႔ဟာသူလြတ္သြားလိမ့္္မယ္"

ေျပာရခက္တဲ့ေကာင္စုတ္ေလး..
အခုမွလာခၽြဲေနတယ္
ေရွာင္က်န္႔မသက္သာတဲ့အဆံုး ဆက္ျငိမ္ေနလိုက္ရေတာ့တာပဲ

"ခင္ဗ်ားရဲ႕အခုေရေမႊးနံ့ကိုသေဘာက်ေပမယ့္ ဟိုးးအရင္ကေရေမႊးနံ့ေလးကိုပိုသေဘာက်တယ္"

"မွတ္မိေသးတာလား..အရင္က ခ်ိဳခ်ဥ္နံ့ႀကီးကို"

"ဘာပဲျဖစ္ျဖစ္"

ရိေပၚက သူ႔ကိုဖက္မထားတဲ့ေရွာင္က်န္႔ရဲ႕လက္ေတြကိုဆြဲယူၿပီး သူ႔ခါးေပၚကို တင္ေစလိုက္တယ္
ေရွာင္က်န္႔မျငင္းေတာ့ပါဘူး..
ဒီေန႔ေတာ့ ဒီေကာင္ေလးကိုသနားအားနာစိတ္ေတြနဲ႔ အလိုလိုက္ေပးမယ္

"ရိေပၚ"

"အင္း"

"ေကာ ကိုဘယ္အခ်ိန္ထိခင္ဗ်ားလို႔ပဲေခၚေနမွာလဲ..အဲ့တာ႐ိုင္းတယ္ေနာ္.. ေကာက မင္းထက္ ေျခာက္ႏွစ္နီးပါးႀကီးတာကိုေမ့သြားတာလား"

"အိုေကေလ..အဘိုးႀကီး"

"ေဟ့"

ဒီည သူတို႔ႏွစ္ေယာက္ ေတာ္ေတာ္နဲ႔အိပ္ျဖစ္ၾကမွာမဟုတ္ဘူး
အတူတူမရွိခဲ့တဲ့ႏွစ္လေတြအတြက္ အလြမ္းသယ္ရင္း..
ၾကံဳေတြ႕ခဲ့ရတဲ့ပတ္ဝန္းက်င္အေၾကာင္းမွ်ေဝရင္း..
ေရွာင္က်န္႔ရဲ႕မ်က္လံုးေတြကိုရိေပၚကေငးစိုက္ၾကည့္ရင္း..

ရိေပၚကမအိပ္ခင္ ေဒါင္းတင္ေမာင္းတင္ေျပာသြားေသးတယ္

"ခင္ဗ်ား အဲ့ဒိလိေဝဆိုတဲ့ေကာင္အေၾကာင္းေျပာတာ ေတြးတာ ဒီေန႔ေနာက္ဆံုးျဖစ္ပေစ" တဲ့..

ဟိုေန႔ကက်အတင္းေပးစားေနၿပီးေတာ့..
အ႐ိုင္းတံုးဝမ္ရိေပၚ..

############################

[ကံၾကမၼာဆိုတာ ခ်ိဳတစ္လွည့္ခါးတစ္လွည့္ေပါ့.. ပစၥဳပၸန္မွာခ်ိဳၿမိန္မႈအတိ...အတိတ္နဲ႔အနာဂတ္ကိုေတာ့ခဏ minus ျပထားလိုက္ၾကရေအာင္ေလ]

////////////////////////////////////////

[Unicode]

"ကျနော် ခင်ဗျားကိုမမုန်းချင်တော့ဘူး"

ရှောင်ကျန့် ရင်ဘတ်ထဲကအောင့်သက်သက်နာကျင်မှုဖြစ်တည်လာတယ်
ရှောင်ကျန့်ကသူ့လက်ကိုဆုပ်ကိုင်ထားတဲ့ရိပေါ်ရဲ့လက်လေးကို နောက်လက်တစ်ဖက်နဲ့ ခပ်ဖွဖွပုတ်ပေးရင်း ဖြုတ်နေတယ်

"အိုကေ..ကောကော ဟိုဆိုဖာပေါ်မှာရှိနေမယ်နော်"

ရိပေါ်က လွတ်သွားတဲ့သူ့ရဲ့လက်တွေကိုပြန်ဆုပ်ကိုင်လာပြန်တယ်
"ကျနော့အနားမှာပဲ"

"ရိပေါ်"
ရိပေါ်ကရှောင်ကျန့်လက်ကိုဆွဲလိုက်တာကြောင့် ရှောင်ကျန့်မျက်နှာက ရိပေါ်ရဲ့ပါးပြင်နဲ့ပခုံးကြားအပ်သွားပြီး
ခါးကုန်းကုန်းနဲ့ကိုးလိုးကန့်လန့်ဖြစ်နေတယ်

"နေပေးပါ"

ရှောင်ကျန့်သက်ပြင်းချပြီး ရိပေါ်ရဲ့ဘေးမှာအသာဝင်လှဲရပေမယ့် ရိပေါ်ကိုသူကျောပေးထားမိတယ်
သူဘာလို့အခုလိုစိတ်မသက်မသာခံစားနေရတာလဲ
ရုတ်တရက်ရိပေါ်ကလှုပ်ရှားလာပြီး ရှောင်ကျန့်ရဲ့ခါးသိမ်သိမ်ကိုသူ့ရဲ့လက်မောင်းတွေကရစ်ပတ်လာတယ်
ရှောင်ကျန့် ခေါင်းအုံးစကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိတဲ့အထိ
ရိပေါ်ရဲ့ရင်ဘတ်နဲ့ရှောင်ကျန့်ရဲ့ကျောပြင်ကထိကပ်နေတယ် ပြီးတော့ ရိပေါ်ကမျက်နှာကို ရှောင်ကျန့်ရဲ့ကျောနောက်မှာပဲအတင်းတိုးဝင်ဖွက်ထားတယ်
တစ်ယောက်နဲ့တစ်ယောက်အရမ်းနီးကပ်နေတာ ရိပေါ်ရဲ့အဖျားငွေ့တွေကိုတောင် ရှောင်ကျန့်ခံစားမိနေတယ်
ရှောင်ကျန့် တစ်ကိုယ်လုံးပူအိုက်လာသလိုပဲ..
ငယ်ငယ်ကဒီလိုအမူအရာတွေကအဆန်းမဟုတ်ပေမယ့် အခုက..
ရုတ်တရက် ရှောင်ကျန့်ကျောပြင်မှာထိကပ်နေတဲ့ ရင်ဘတ်ကတစ်သိမ့်သိမ့်ရှိုက်ခုန်လာတာကိုရှောင်ကျန့်ခံစားလိုက်ရတယ်
ပြီးတော့ စိုစွတ်လာတဲ့ရှောင်ကျန့်ရဲ့ကျောပြင်..
ရိပေါ်ငိုနေတယ်

"ရိပေါ်"
ရှောင်ကျန့် ရိပေါ်ရဲ့နာမည်ကိုအလန့်တကြားခေါ်ရင်း ကျောပေးထားရာကနေလှည့်ကြည့်ဖို့လုပ်ပေမယ့် ရိပေါ်က လှည့်ကြည့်ခွင့်မပေးပဲ ခါးသိမ်သိမ်ကို တင်းတင်းကြပ်ကြပ်ပဲဆက်ဖက်ထားတယ်

"ရိပေါ် ဘာလို့လဲ နေလို့မကောင်းဘူးလား"
ခါးပေါ်က ရိပေါ်ရဲ့လက်တွေကပိုတင်းကြပ်လာတာကြောင့် ရှောင်ကျန့်သူ့ရဲ့လက်ဖဝါးတွေနဲ့ အုပ်ကိုင်လိုက်မိတယ်
ရိပေါ်ရဲ့ကိုယ်လုံးလေးက တသိမ့်သိမ့်တုန်နေတုန်းပဲ
ရှိုက်သံလေးတွေကလည်း တစ်ခါတစ်ခါ တအီအီထွက်လာသေးတယ်
ရှောင်ကျန့်ရေရေရာရာမသိပေမယ့် သူလိုရာလည်းဆွဲမတွေးချင်တာမို့ ရိပေါ်ရဲ့လက်တွေကိုဖယ်ပြီးမျက်နှာချင်းဆိုင်လိုက်ဖို့ ကြိုးစားပေမယ့် မအောင်မြင်လိုက်ပြန်ဘူး

"လွမ်းလို့ပါ.. လွမ်းနေလို့ပါ.."
ရိပေါ်က ရှောင်ကျန့်ခါးပေါ်ကလက်တွေကိုဖယ်ရင်း ရှိုက်သံတွေကြားက ဝေဝေဝါးဝါးစကားဆိုတယ်
ခါးပေါ်ကဖယ်သွားတဲ့လက်တွေကိုရှေင်ကျန့်ပြန်ဆွဲယူလိုက်ရင်းမျက်နှာချင်းဆုံစေလိုက်တယ်

"ရိပေါ်"

ရှောင်ကျန့်ရဲ့မျက်လုံးတွေထဲက မျက်ရည်လဲ့လဲ့တွေကိုရိပေါ်ငေးကြည့်နေမိတယ်

"ကော တောင်းပန်ပါတယ်"
ရှောင်ကျန့်သိတယ်.. ရိပေါ်သူ့ကြောင့် ဘယ်လောက်တောင်ပင်ပန်းနေခဲ့မလည်းဆိုတာကို ရှောင်ကျန့်သိတယ်
ဒါပေမယ့်..
သူတတ်နိုင်တာဘာမှမရှိခဲ့ဘူး..
သူဒီကလေးရဲ့ခံစားချက်ကိုထည့်တွက်မပေးနိုင်ခဲ့ဘူး ထည့်တွက်ပေးဖို့အခွင့်အရေးလည်းမရခဲ့ဘူး

[ကလေးတွေနဲ့က သံယောဇဉ်ကြိုးဆိုတာချည်ဖို့ခက်သလို.. ဖြည်ဖို့လည်းခက်တယ်]

"ကောကိုအော်ပစ်လိုက်ချင်လား"
ရိပေါ်ကတုန့်ပြန်မှုမရှိပဲ ရှောင်ကျန့်ရဲ့မျက်လုံးတွေကိုပဲစိုက်ကြည့်နေတယ်
ရဲရဲတွတ်နေတဲ့ ရိပေါ်ရဲ့နှာခေါင်းလုံးလူံးလေးက အဖျားရှိန်ကြောင့်လား မျက်ရည်တွေကြောင့်လား မသဲကွဲတော့ဘူး
"ဆယ်နှစ်ဆိုတာနည်းသလား"
ရိပေါ်ရဲ့ခပ်တိုးတိုးရေရွတ်သံကိုရှောင်ကျန့်မှုန်ဝါးဝါးကြားလိုက်တယ်

"ဖြေရှင်းချက် ပေးရတော့မလား"

ရိပေါ်က မျက်လွှာချရင်း ခေါင်းခါတယ်

"မပြောချင်ပဲမပြောနဲ့.. ကျနော်အတင်းအကျပ်မပြောခိုင်းဘူး"

ပြောပြောမပြောပြော ကျနော်ခင်ဗျားကိုမမုန်းရက်တာအသေအချာမို့..
ရိပေါ်မျက်လုံးတွေမှိတ်လိုက်တယ်

"လွန်ခဲ့တဲ့ဆယ်နှစ်က"

ရှောင်ကျန့်စကားစတော့ ရိပေါ်ရဲ့မျက်လုံးတွေက ဖြည်းဖြည်းချင်းပွင့်လာပြီး ရှောင်ကျန့်ကိုငေးစိုက်ကြည့်လာတယ်

"လိဝေအကြောင်းကိုရိပေါ်သိနေတော့ ကောအံ့သြသွားတာတကယ်"

"အဲ့ဒိလူက..."

"အင်း...ရိပေါ်ပြောတဲ့ ကောရဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကကောင်လေး"

"ကျနော် သူငယ်ချင်းတစ်ယောက်ဆီကသိခဲ့တာ ဒီတိုင်း ခင်ဗျားတို့တွဲနေခဲ့ကြတယ်ဆိုတာကိုပဲ"
ရိပေါ်ရဲ့ မျက်ရည်စတွေခိုနားနေတဲ့ မျက်တောင်ရှည်ရှည်တွေအောက်က နီရဲရဲမျက်လုံးတွေက ကျုံ့သွားတဲ့ မျက်ခုံးတွေနဲ့ သိပ်လိုက်ဖက်ညီနေတယ်

"ကော က gay"

"သိတယ်"

ခပ်ဆတ်ဆတ်ပြန်ဖြေတဲ့ ရိပေါ်ရဲ့တုံးတိတဲ့အဖြေကြောင့်ရှောင်ကျန့်ရယ်လိုက်တယ်
"သူနဲ့တွဲခဲ့တာ ဘယ်နှစ်လတောင်ကြာလိုက်လဲ မမှတ်မိတော့ဘူး"

ရှောင်ကျန့်ရဲ့မျက်လုံးက ခပ်ဆွေးဆွေးလေး မျက်နှာကျက်ကိုငေးကြည့်နေတယ်
နာကျင်မှုအပိုင်းအစတွေကိုပါထပ်ပေါင်းထည့်ကြည့်လိုက်ပေါ့

"အဲ့တာကို ကောရဲ့ဦးလေးကသိသွားတယ်..သူအရမ်း shock ရသွားတာ..ကိုယ့်ကို gay လို့သူဘယ်တုန်းကမှမထင်ခဲ့ဖူးဘူးလေ
အဲဒိကတည်းကကိုယ့်ကိုနိုင်ငံခြားလွှတ်ဖို့သူတိုက်တွန်းခဲ့တယ်.. ကိုယ်ကမသွားချင်ဘူး လိဝေကြောင့်မဟုတ်ဘူး.. ဒီတိုင်း..မသွားချင်ခဲ့ဘူး"

ရိပေါ်ကရှောင်ကျန့်ရဲ့မျက်နှာကိုအကဲခတ်ကြည့်နေတယ်

"သူသိပြီးမကြာဘူး တစ်ကျောင်းလုံးမှာလည်းဒီသတင်းကပွထနေတော့တာပဲ..အဲ့ဒိတုန်းက gay ဆိုတာ အထူးအဆန်းသတ္တဝါပဲလေ.. ဆိုတော့ ဆဲခံခဲ့ရတာပေါ့"

ရှောင်ကျန့်က ခြောက်ကပ်ကပ်ရယ်တယ်

"လိဝေကဒီဒဏ်တွေမခံနိုင်ဘူး.. သူကောကိုအပစ်ပုံချခဲ့တယ်..ကောကသူ့ကိုအတင်းလိုက်ကပ်ခဲ့တာဆိုပြီး နာမည်ဖျက်တာမျိုးပေါ့..အထက်တန်းရဲ့mailတွေမှာဆိုရင်ကောကိုဆဲဆိုထားတာတွေချည်းပဲ
ကောအဲ့ဒိတုန်းက တကယ်စိတ်တွေလေခဲ့တာ..ဘယ်အရာကိုမှမတွေးနိုင်လောက်တော့တဲ့အထိပဲ
ဒီအခြေအနေတွေက ရုန်းထွက်ဖို့ တခြားနည်းမရှိခဲ့ဘူး
ဒါကြောင့် ကော ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာ..
ဒါပေမယ့် ဒါတွေက အခုအချိန်ပြန်တွေးကြည့်ရင် ကိစ္စသေးသေးလေးတွေပါပဲ.. ဘာမှအရေးမပါတာလေးတွေပေါ့"

ရှောင်ကျန့်က စကားပြောရပ်ပြီး မျက်နှာကျက်ကို မျက်နှာပေးထားရာကနေ ရိပေါ်ဘက်ကိုခေါင်းစောင်းကြည့်လာတယ်

"အချိန်ဆယ်နှစ်အတွက် ဒီလောက်ဖြေရှင်းချက်လေးပေးရုံနဲ့ မလုံလောက်မှန်းကောသိပါတယ်..
ဘာမှမတတ်နိုင်ခဲ့ဘူး လို့ပြောရင်လည်းလိမ်ရာကျမယ်
အမှန်က တတ်နိုင်ဖို့ရင်မဆိုင်ရဲခဲ့တာပါ ဒါကြောင့်ဒီလမ်းကိုရွေးခဲ့မိတယ်"

ရိပေါ်ကရှောင်ကျန့်ရဲ့မျက်လုံးတွေကိုပဲစိုက်ကြည့်နေတယ်
ရှောင်ကျန့်က ရိပေါ်ရဲ့လက်ကိုဆုပ်ကိုင်လာတော့ ရိပေါ်ကသက်ပြင်းချတယ်
"ပြီးတော့ ရိပေါ်ကိုမပြောပြဖြစ်တာကလည်း ပျော်စရာမကောင်းတဲ့ဇာတ်လမ်းတွေကိုကလေးကသိစရာအကြောင်းမှမရှိပဲလေ.. ဒါကြောင့်.."

ရိပေါ်ရဲ့မျက်လုံးတွေက ရှောင်ကျန့်ကို တည်တည်ငြိမ်ငြိမ်စိုက်ကြည့်နေလိုက်တာ ရှောင်ကျန့်ရဲ့ခံစားချက်တွေကို ရှာဖွေနေသလိုမျိုး။

"ဒါအကုန်ပဲလား ခင်ဗျားရဲ့ဇာတ်လမ်းက"

ရှောင်ကျန့်ရဲ့မျက်နှာကအံ့သြသွားပုံပေါ်ပေမယ့် အမူအရာကိုထိန်းပြီး ပြန်ဖြေလိုက်ပေမယ့် စကားကထစ်ထစ်ငေါ့ငေါ့

"အင်းပေါ့"

ရိပေါ်က ရှောင်ကျန့်ရဲ့ခေါင်းနဲ့ခါးကို တစ်ဆက်တည်းဆွဲသိမ်းရင်းသူ့ရင်ခွင်ထဲထည့်လိုက်တယ်

"တောင်းပန်ပါတယ်.. ကျနော်မသိခဲ့ဘူး"

ရှောင်ကျန့်လန့်သွားပေမယ့် စိတ်မသက်သာတာမျိုးတော့မဖြစ်တော့တဲ့အတူတူ ငြိမ်နေလိုက်တော့တယ် တစ်ဆက်တည်းမှာပဲ ရှောင့်ကျန့်သက်ပြင်းချလိုက်မိတယ်

"ကျနော် ခင်ဗျားကိုမမုန်းတော့ပါဘူး"

ရှောင်ကျန့်ပြုံးလိုက်မိတယ်

"အမှန်က ခင်ဗျားမျက်နှာကို ပြန်မြင်လိုက်ရကတည်းက ကျနော်တင်းထားသမျှစိတ်တွေက အကုန်မြောင်းထဲရောက်သွားခဲ့တာပဲ"
ထားသွားခံရလို့သေမတတ်စိတ်ဆိုးနေတဲ့စိတ်က ဒီလူကြီးရဲ့ဖြေရှင်းချက်မရခင်ကတည်းကပျော့ခွေကျနေခဲ့တာ..
နားမလည်နိုင်တော့ဘူး

"ကောကိုလွှတ်ဦးမှာလား"

ရိပေါ်ရဲ့ရင်ခွင်ထဲကနေ ခေါင်းလေးပြူထွက်ရင်းမေးတော့
"ခဏလေးငြိမ်ငြိမ်နေပေးပါ"တဲ့..

"ကော တစ်ခုလောက်မေးလို့ရလား"

"အင်း"
ရိပေါ်ကရှောင်ကျန့်ကိုရင်ခွင်ထဲမှာဖက်ထားရင်းပဲ ပြန်ဖြေတယ်

"ကောနဲ့လိဝေအကြောင်းကို ရိပေါ်မသိဘူးလို့ထင်ထားခဲ့တာ..
အမှန်ဆို ရိပေါ်သိနေရင် ဦလေးတို့ အင်းး ကျန်းလီတို့ကိုမေးလို့ရတာပဲမဟုတ်ဘူးလား"

ရိပေါ်က ရှောင်ကျန့်ကိုရင်ခွင်ထဲကထုတ်မပေးသေးပဲ ပြန်ဖြေတယ်
"စိုးရိမ်တယ်..
သူတို့တွေသာခင်ဗျားအကြောင်းမသိရသေးဘူးဆိုရင်
ကျနော်မေးလိုက်မှ သိသွားပြီး ခင်ဗျားနှိမ်ခံနေရမှာစိုးရိမ်ခဲ့တာ"

ရှောင်ကျန့် ရင်ဘတ်ထဲနာကျင်သွားရတယ်
ဒီစိုးရိမ်မှုတစ်ခုကြောင့် သူဆယ်နှစ်တာနှုတ်ပိတ်ပြီးမမေးမမြန်းနေခဲ့တာပေါ့.
ရှောင်ကျန့်နဲ့လိဝေကိစ္စကိုသာထည့်မမေးရင်
ရှောင်ကျန့်ဘာလို့ပညာတော်သင်သွားလဲဆိုတဲ့မေးခွန်းရဲ့အဖြေက စာသင်ဖို့ပဲပေါ့

"ကလေးရယ်.."

ဟိုအရင်က ရှောင်ကျန့်ရင်ခွင်ထဲတိုးဝှေ့အိပ်တတ်တဲ့ကလေးက အခုတော့ ရှောင်ကျန့်ကိုသူကတစ်ပြန်ကြီး ရင်ခွင်ထဲဆွဲထည့်နေပြီ
"ထူးဆန်းတယ်မဟုတ်လား..ဆယ်နှစ်ကြာပြီးမှ ပြန်တွေ့တယ်  ရိပေါ်ကကောကို စိတ်ဆိုးနေတယ်.. မကြာဘူးအခုအဆင်ပြေနေကြပြန်ပြီ..အရူးတွေလိုပဲ.."

ရှောင်ကျန့်ရဲ့အပြောကို ရိပေါ်ကဘာမှပြန်မပြောပေမယ့် ရယ်သံ တစ်ဝက်တစ်ပျက်ကိုကြားလိုက်ရတယ်

"ရိပေါ်ကတော်တော်အရွယ်ရောက်လာတာပဲ..စတွေ့တုန်းကမမှတ်မိဘူး.. အရမ်းချောလာတဲ့ကလေးလေး"

"ခင်ဗျားကတော့ ပိုရင့်သွားတာပဲရှိတာ..ဘာမှမပြောင်းလဲဘူး"

ရိပေါ်ရဲ့ပက်ခနဲပြန်ပြောတဲ့စကားကြောင့်
ရှောင်ကျန့် ရိပေါ်ရဲ့ကျောကုန်းကို ဖတ်ခနဲရိုက်လိုက်တယ်
"အကြီးကို.."

"ကျနော်အိပ်ချင်ပြီ"

"ဆေးသောက်ထားတာပဲ အိပ်လိုက်တော့ အဖျားတော့နည်းနည်းကျနေပါပြီ"

ရှောင်ကျန့်က ရိပေါ်ရဲ့နဖူးကိုစမ်းကြည့်ရင်း ရိပေါ်ရဲ့ရင်ခွင်ထဲက လွတ်ဖို့ကြိုးစားလိုက်ပေမယ့်အချည်းနှီး

"ရိပေါ် လွှတ်ဦး"

"အိပ်ပျော်သွားရင်သူ့ဟာသူလွတ်သွားလိမ့်မယ်"

ပြောရခက်တဲ့ကောင်စုတ်လေး..
အခုမှလာချွဲနေတယ်
ရှောင်ကျန့်မသက်သာတဲ့အဆုံး ဆက်ငြိမ်နေလိုက်ရတော့တာပဲ

"ခင်ဗျားရဲ့အခုရေမွှေးနံ့ကိုသဘောကျပေမယ့် ဟိုးးအရင်ကရေမွှေးနံ့လေးကိုပိုသဘောကျတယ်"

"မှတ်မိသေးတာလား..အရင်က ချိုချဉ်နံ့ကြီးကို"

"ဘာပဲဖြစ်ဖြစ်"

ရိပေါ်က သူ့ကိုဖက်မထားတဲ့ရှောင်ကျန့်ရဲ့လက်တွေကိုဆွဲယူပြီး သူ့ခါးပေါ်ကို တင်စေလိုက်တယ်
ရှောင်ကျန့်မငြင်းတော့ပါဘူး..
ဒီနေ့တော့ ဒီကောင်လေးကိုသနားအားနာစိတ်တွေနဲ့ အလိုလိုက်ပေးမယ်

"ရိပေါ်"

"အင်း"

"ကော ကိုဘယ်အချိန်ထိခင်ဗျားလို့ပဲခေါ်နေမှာလဲ..အဲ့တာရိုင်းတယ်နော်.. ကောက မင်းထက် ခြောက်နှစ်နီးပါးကြီးတာကိုမေ့သွားတာလား"

"အိုကေလေ..အဘိုးကြီး"

"ဟေ့"

ဒီည သူတို့နှစ်ယောက် တော်တော်နဲ့အိပ်ဖြစ်ကြမှာမဟုတ်ဘူး
အတူတူမရှိခဲ့တဲ့နှစ်လတွေအတွက် အလွမ်းသယ်ရင်း..
ကြုံတွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်အကြောင်းမျှဝေရင်း..
ရှောင်ကျန့်ရဲ့မျက်လုံးတွေကိုရိပေါ်ကငေးစိုက်ကြည့်ရင်း..

ရိပေါ်ကမအိပ်ခင် ဒေါင်းတင်မောင်းတင်ပြောသွားသေးတယ်

"ခင်ဗျား အဲ့ဒိလိဝေဆိုတဲ့ကောင်အကြောင်းပြောတာ တွေးတာ ဒီနေ့နောက်ဆုံးဖြစ်ပစေ" တဲ့..

ဟိုနေ့ကကျအတင်းပေးစားနေပြီးတော့..
အရိုင်းတုံးဝမ်ရိပေါ်..

############################

[ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ပေါ့.. ပစ္စုပ္ပန်မှာချိုမြိန်မှုအတိ...အတိတ်နဲ့အနာဂတ်ကိုတော့ခဏ minus ပြထားလိုက်ကြရအောင်လေ]

Continue Reading

You'll Also Like

289K 22.5K 38
|| Zaw & Uni ll Accident တခုမွစတင္ခဲ့သည့္... 🌫 🌫 🌫 🌫 🌫 🌫 Accident တခုမှစတင်ခဲ့သည့်... #YiZhan #Writer-Saung(D.W)
243K 12K 35
မင္းႀကီးလန္ဝမ့္က်ီနဲ႔ေဝ့ဝူရွန္႔ခ်စ္ႀကိဳက္ရာကနန္းေတာ္တြင္ၾကင္ယာေတာ္ရာထူးေပးအပ္ပီးဖိဖုရားေခါင္လဲ့ယီကကေရာေဝ့ဝူရွန္႔ကိုဘယ္လိုဒုကၡေပးမလဲကန္႔ကြက္သူေတြမ်ားျ...
208K 13.3K 42
ေဝ့ရင္းမင္း ဘယ္ဘဝေရာက္ေရာက္ မင္းကို ငါခ်စ္ေနမွာ... ပထမဆံုးေရးတဲ့ Fan Ficမို႔ အမွားပါရင္ နားလည္ ေပးၾကပါေနာ္ 🙏 ဝေ့ရင်းမင်း ဘယ်ဘဝရောက်ရောက် မင်းကို ငါခ...
63.3K 3.6K 56
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။