ADORE [Completed]

By i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၁၂

18.6K 2.1K 56
By i_lia_u

[Zawgyi]

ေရွာင္က်န္႔ အိမ္တံခါးေတြကိုေသခ်ာစစ္ပိတ္လိုက္ၿပီး ထြက္လာခဲ့တယ္ ဘယ္ကိုဟုတ္မယ္ထင္သလဲ..
သူသြားစရာက မ်က္ေစာင္းထိုးအိမ္တင္..
ရိေပၚရဲ႕ ေမေမတို႔က ငါးရက္ေလာက္ၾကာေနၿပီေပမယ့္ ျပန္မလာႏိုင္ေသးဘူး
အခုတစ္ေခါက္က ရိေပၚရဲ႕အဘိုးက ေဆးရံုပါတင္ေနရတယ္ဆိုလို႔ေလ
ဒီေတာ့ေရွာင္က်န္႔ကေန႔တိုင္း ရိေပၚအိမ္ကိုသြားတယ္ မနက္ဆို ရိေပၚကိုအိပ္ယာနႈိးစားဖို႔ေသာက္ဖို႔လုပ္ေပး ညဘက္ဆိုအဓိကက ရိေပၚျပန္မလာခင္ ညစာစီစဥ္ေပးရိေပၚရဲ႕ဆိုင္ကယ္ျခံဝင္းထဲဆိုက္ၿပီဆိုတာနဲ႔ ခဏေနရင္သူျပန္ရတာပဲ
ရိေပၚကသူစကားေျပာရင္လည္း ေကာင္းေကာင္းျပန္မေျပာဘူး ေမးရင္ေတာ့တစ္ခြန္းစႏွစ္ခြန္းစေျဖတယ္
ဒီေကာင္ေလးကိုလည္းစကားအမ်ားႀကီးသူမေျပာရဲဘူး

ေရွာင္က်န္႔ ရိေပၚတို႔အိမ္တံခါးကိုေသာ့ဖြင့္ေနတဲ့အခ်ိန္ ျခံေရွ႕ကိုကားတစ္စီးလာရပ္တယ္
"က်န္းလီ"
"ေဟးးး ေရွာင္က်န္႔..ငါလည္းနင့္ကိုေတြ႕ခ်င္ေနတာနဲ႔အေတာ္ပဲ"

ကားေပၚကက်န္းလီဆင္းလာတယ္ ရိေပၚေရာပါလာသလားလို႔ ေရွာင္က်န္႔ရွာၾကည့္ေပမယ့္ အရိပ္အေယာင္မေတြ႕ရဘူး

"ရိေပၚေရာ?"
က်န္းလီေမးလာေတာ့မွ ရိေပၚကိုလာရွာမွန္းေရွာင္က်န္႔သိသြားတယ္
"သူေက်ာင္းကျပန္မေရာက္ေသးဘူး"
"ေမွာင္ေနၿပီကို"
က်န္းလီကလက္မွာပတ္ထားတဲ့ ေရႊေရာင္နာရီေလးကိုလက္ညိဳးနဲ႔တေထာက္ေထာက္လုပ္ရင္း ခပ္တိုးတိုးရြတ္တယ္

"သူ အခုတေလာ ေလ့က်င့္ဖို႔ရွိေနလို႔တဲ့"
က်န္းလီကေခါင္းၿငိမ့္ျပၿပီး လမ္းမဘက္ကို ေခါင္းျပဴထြက္ၿပီးၾကည့္ေနတယ္
"လာေလ..က်န္းလီ.. အိမ္ထဲဝင္ပါဦးဟ"
ေရွာင္က်န္႔နဲ႔က်န္းလီ ဧည့္ခန္းကဆိုဖာေပၚမွာထိုင္ျဖစ္ၾကတယ္
"ဘာေသာက္ဦးမလဲ"
"ေရေလးတစ္ခြက္ပဲ ေရွာင္က်န္႔"

က်န္းလီက သူ႔ဖုန္းကိုသည္းႀကီးမည္းႀကီးၾကည့္ေနၿပီး လက္သြယ္သြယ္ေလးေတြကလည္းေရခြက္ေလးကိုကိုင္ထားတယ္ လက္သည္းနီဆိုးမထားတဲ့ ခပ္ရွင္းရွင္းလက္ေခ်ာင္းေလးေတြရယ္ လက္ခလယ္မွာတစ္ကြင္းပဲစြပ္ထားတဲ့ ေငြေရာင္လက္စြပ္ေလးက က်န္းလီရဲ႕ ရင့္က်က္တည္ၿငိမ္မႈအတိုင္းအတာကိုျပေနသလိုပဲ
သူငယ္ခ်င္းမေလးကလည္းငယ္ငယ္ကလို ခ်စ္စရာေကာင္းတဲ့ပံုစံမ်ိဳးမဟုတ္ေတာ့ဘူးပဲ
အခုအလုပ္မွာလည္း က်န္းလီကရာထူးႀကီးေတာ့ လံုးဝက်ဲက်ဲပံုစံပဲ သူ႔ရဲ႕ဝတ္ပံုစားပံုကအစ စမတ္က်တယ္ ခ်စ္ဖို႔ေကာင္းတဲ့ဘက္ကိုသိပ္မေရာက္ေတာ့ဘူး
ရိေပၚရဲ႕အႀကိဳက္က ဒီလိုပံုစံမ်ိဳးေလးေပါ့ ?

"ဒီမွာၾကည့္ ေရွာင္က်န္႔"
က်န္းလီက သူ႔မ်က္ႏွာေရွ႕ကိုဖုန္းထိုးျပတယ္
ေပးပို႔ထားတဲ့စာေတြပဲရွိၿပီး ျပန္စာမရွိတဲ့ messagebox တစ္ခု..
နာမည္ေနရာမွာေရးထားတာက "အားေပၚ" တဲ့

"ရိေပၚလား"
"အင္း"
က်န္းလီကဖုန္းကိုေပါင္ေပၚစိတ္ပ်က္လက္ပ်က္တင္လိုက္ၿပီး သက္ျပင္းခ်တယ္

"ငါ့ရဲ႕ message ေတြကိုဝင္မဖတ္ဘူး.. ဖုန္းဆက္တာလည္းမကိုင္ဘူးေလ..ငါကစိတ္ပူေနတာ..အစည္းအေဝးတစ္ခုအတြက္ဌာနခြဲတစ္ခုကိုခရီးထြက္ေနရတာေၾကာင့္လည္းငါလာမေတြ႕ႏိုင္ခဲ့ဘူး...ရိေပၚရဲ႕မားကိုေတာ့ဖုန္းဆက္ၾကည့္ေသးတယ္..ဒါေပမယ့္မားတို႔က အဘိုးဆီေရာက္ေနတယ္ေျပာလို႔..နင့္ကိုဖုန္းေခၚဖို႔က်ေတာ့လည္းဟာ.. ဖုန္းနံပါတ္ကမေမးလိုက္ရျပန္ဘူး..အဲ့ဒိေန႔ကေမးမလို႔ေပမယ့္ နင္တို႔က"
စကားအရွည္ႀကီးေျပာၿပီးမွ က်န္းလီက ဒီေနရာမွာတင္ စကားကိုရပ္ခ်လိုက္တယ္
အဲ့ဒိေန႔ဆိုတာ ရိေပၚနဲ႔ေရွာင္က်န္႔တို႔ toiletထဲမွာျပသနာတက္တဲ့ေန႔
အဲ့ဒိကတည္းကက်န္းလီနဲ႔မဆက္သြယ္ျဖစ္ေတာ့တာ
ဆိုဖာေနာက္မီကိုမီထားတဲ့ က်န္းလီရဲ႕ေက်ာက မတ္လာၿပီး ေရွာင္က်န္႔မ်က္ႏွာဆီကို ကုန္းၾကည့္လာတယ္

"ဒါနဲ႔ နင္တို႔ႏွစ္ေယာက္အဆင္ေျပသြားၿပီလား"

ေရွာင္က်န္႔ျပံဳးၿပီးေခါင္းကိုျဖည္းျဖည္းခ်င္းခါလိုက္တယ္

"ရိေပၚရဲ႕ေမေမ ကအကူအညီေတာင္းလို႔ သူ႔အတြက္အိမ္လာေစာင့္ေပးတဲ့သေဘာမ်ိဳးပါပဲ.အလုပ္ကလည္းမစရေသးေတာ့"

"ဆိုေတာ့ အလုပ္ကေတာ့နင့္ကိုလက္ခံလိုက္ၿပီေပါ့..ငါေျပာသားပဲ.. နင္အလုပ္အျမန္ရမွာပဲလို႔..ဘယ္ေတာ့စဆင္းရမယ္ေျပာလဲ"
"မနက္ျဖန္"
"ျဗဳန္းစားႀကီးဟယ္"

သူတို႔ႏွစ္ေယာက္ ခဏေလာက္ တိတ္ဆိတ္မိသြားျပန္တယ္

"ဒါေပမယ့္ အဲ့ဒိေန႔ကငါတကယ္အံ့ၾသသြားတာပဲသိလား"
က်န္းလီကေရွာင္က်န္႔ကိုေမးေထာက္ၾကည့္ရင္းေျပာလာတယ္
"ဟင္ ဘာကိုလဲ?"
က်န္းလီက သူ႔ေဘးက ေခါင္းအံုးအေသးတစ္ခုကိုဆြဲယူၿပီးေပါင္ေပၚတင္ရင္း စကားဆက္တယ္

"ရိေပၚကနင့္ကို သူ႔ဆိုင္ကယ္ေပၚတင္ေခၚသြားတာေလ..အမွန္ဆိုသူဘယ္သူ႔ကိုမွဆိုင္ကယ္ေပၚတင္ေခၚေလ့မရွိဘူး..ငါေတာင္မွေပါ့"
က်န္းလီကေပါ့ေပါ့ပါးပါးပဲေျပာတယ္

"ဟားး..ဟုတ္လား...သူက နင့္ကို သဝန္တိုၿပီးငါ့ကိုေခၚထုတ္သြားခဲ့တာ..ဆိုေတာ့.နင့္ေၾကာင့္ ကံထူးရွင္ျဖစ္သြားတာပဲ"
ေရွာင္က်န္႔လည္းေပါ့ေပါ့ပါးပါးျပန္ေျဖမိေပမယ့္
က်န္းလီက ေခါင္းကိုေလးေလးပင္ပင္ခါရင္း ခပ္တိုးတိုးပဲရယ္တယ္
ဘာလို႔လဲ ဒါအမွန္ပဲကို.?

က်န္းလီကေရွာင္က်န္႔ရဲ႕ေရွ႕ခံုမွာထိုင္ေနရာကေန ေရွာင္က်န္႔ေဘးကိုေျပာင္းထိုင္လာၿပီး ေလသံတိုးနဲ႔ေျပာတယ္

"ဒါနဲ႔..ေရွာင္က်န္႔..နင္အဆင္ေျပေနၿပီမဟုတ္လား..ၾကာၿပီဆိုေတာ့ေလ..ဟိုကိစၥကိုေျပာတာဟာ.ၿပီးေတာ့.နင္ကငါ့ကိုအဆက္အသြယ္မလုပ္ေတာ့ငါဘာမွမသိရေသးဘူး..ဒါေပမယ့္ ငါသိေတာ့သိတယ္ နင္အဲ့ဒိေကာင္နဲ႔"

က်န္းလီစကားမဆံုးခင္မွာပဲ
ျခံထဲကိုဝင္လာတဲ့ ဆိုင္ကယ္စက္သံက ပီပီျပင္ျပင္ၾကားရေတာ့ က်န္းလီကသူ႔စကားစကိုျဖတ္ပစ္လိုက္တယ္
ရိေပၚက အရင္ေန႔ေတြကလိုပဲ ေခၽြးေတြရႊဲေနတဲ့အားကစားအက်ႌကိုပဲဝတ္ၿပီးျပန္လာတယ္
အရင္ေန႔ေတြက ရိေပၚ ေခၽြးရႊဲေနတဲ့အက်ႌိနဲ႔ပဲျပန္ျပန္လာလို႔ေရွာင္က်န္႔ အက်ႌလဲၿပီးမွျပန္လာဖို႔ေျပာေပမယ့္ ေရွာင္က်န္႔ကိုဂ႐ုမစိုက္ဘူး
ရိေပၚျပန္ေရာက္ရင္ေရွာင္က်န္႔က ရိေပၚေရခ်ိဳးတဲ့အထိေစာင့္ေပးၿပီး အဲ့ဒိအက်ႌေတြအကုန္အဝတ္ေလွ်ာ္စက္ထဲထည့္ေလွ်ာ္ေပးၿပီးမွျပန္သြားတတ္တယ္

"က်ဲ?"

ရိေပၚရဲ႕မ်က္ခံုးေတြကအၿမဲခပ္ေျပေျပက်ဳ႕ံေနတတ္တယ္
က်န္းလီ ရိေပၚရွိတဲ့ဘက္ကို ေနာက္ျပန္လွည့္ၿပီးျပံဳးျပလိုက္ေတာ့ ရိေပၚကသူတို႔ဆီကိုေလွ်ာက္လာတယ္ ၿပီးေတာ့အၾကည့္စူးစူးေတြက ေရွာင္က်န္႔ဆီကိုေရာက္လာျပန္ေတာ့ ေရွာင္က်န္႔ေယာင္ယမ္းၿပီး မတ္တပ္ထရပ္လိုက္မိတဲ့အထိပဲ

"က်န္းလီ..ငါလုပ္စရာရွိတာေလးလုပ္လိုက္ဦးမယ္..စကားေျပာၾကဦး"
ေရွာင္က်န္႔ က်န္းလီကိုျပံဳးျပံဳးျပံဳးျပံဳးနဲ႔ေျပာရင္း ရိေပၚကိုပါ ေရာျပံဳးျပလိုက္ေတာ့ လူဆိုးေကာင္ရဲ႕မ်က္ေမွာင္ေတြကပိုက်ံု႔သြားတယ္
သူ႔က်ဲနားမွာထိုင္လို႔ သဝန္တိုေနတာ ၾကည့္ပါဦး ေရွာင္က်န္႔သေဘာတက်ျပံဳးၿပီးလွည့္ထြက္ၿပီးမွ ရိေပၚကိုအက်ႌလဲဖို႔ သတိေပးရမွာကိုသတိရသြားတယ္
သူေျပာမလို႔ဟန္ျပင္လိုက္ေပမယ့္..

"ေခၽြးေတြနဲ႔ကိုကြာ..ခၽြတ္ၿပီးလဲလိုက္ဦး..ျမန္ျမန္"

ရိေပၚရဲ႕အက်ႌစနားကိုလႈပ္ကိုင္ရင္းဆူပူေနတဲ့ က်န္းလီအသံေၾကာင့္ ေရွာင္က်န္႔ ျပံဳးလိုက္မိျပန္တယ္
ရိေပၚကံေကာင္းပါတယ္..

..........
အိမ္ကယူလာတဲ့ဟင္းေတြ ကိုျပန္ေႏႊးေပးပန္းကန္ထဲလွယ္ ရိေပၚေသာက္ထားတဲ့ေကာ္ဖီခြက္ကိုေဆးေပးေနတုန္း အိမ္ေရွ႕ကကားသံၾကားလိုက္ရတယ္
က်န္းလီျပန္သြားၿပီထင္တယ္ နႈတ္ေတာင္မဆက္လိုက္ရဘူး ေရွာင္က်န္႔ ေဘစင္ဘက္ကေန ကိုယ္ကိုလွည့္လိုက္ေတာ့ ခပ္မာမာတစ္ခုနဲ႔ဝင္ေဆာင့္မိသြားတယ္
"ရိေပၚ"

ရိေပၚကေရေတာင္ခ်ိဳးၿပီးသြားၿပီ။
ဆပ္ျပာနံ့ခပ္သင္းသင္းကေရွာင္က်န္႔ရဲ႕ႏွာေခါင္းဝမွာကလူက်ီစယ္ေနတယ္ ရိေပၚရဲ႕ရင္ဘတ္ႀကီးနဲ႔ ေနာက္ကေဘစင္ေဘာင္က ေရွာင္က်န္႔ကို ၾကားညႇပ္ထားတယ္
"ရိေပၚ"

ေရွာင္က်န္႔ဒုတိယတစ္ႀကိမ္ထပ္ေခၚမွ ရိေပၚကေမာ့ၾကည့္လာတယ္ မ်က္လံုးေတြကရဲရဲနီေနတာပဲ အပူရွိန္ကိုလည္းေရွာင္က်န္႔ကိုယ္ကခံစားမိေနတာေၾကာင့္ ေရွာင္က်န္႔ရိေပၚရဲ႕ႏွဖူးျပင္ကိုလက္ဖမိုးေလးနဲ႔ကပ္ၾကည့္လိုက္မိတယ္
ရိေပၚဖ်ားေနၿပီ..

ရိေပၚကသူ႔နဖူးေပၚကေရွာင္က်န္႔လက္ကိုဖ်တ္ကနဲပုတ္ခ်တယ္
"က်ေနာ္ ေခါင္းအရမ္းကိုက္ေနတယ္..ထမင္းကိုအေပၚလိုက္ပို႔ေပးပါ..ဒီမွာမထိုင္ႏိုင္ဘူး"
"အင္းအင္း"

ရိေပၚကယိုင္တိုင္တိုင္နဲ႔အေပၚတက္သြားေတာ့ေရွာင္က်န္႔အဖ်ားေပ်ာက္ေဆးေျပးဝယ္ရေသးတယ္
...................

ရိေပၚထမင္းစားၿပီးေဆးေသာက္ၿပီးတဲ့အထိေရွာင္က်န္႔ေဘးမွာပဲထိုင္ေစာင့္ေပးတယ္
သူဒီေကာင္ေလးကို တစ္ေယာက္တည္းမထားခဲ့ရက္ေပမယ့္

"ရိေပၚ..ဒါဆိုပန္းကန္ေတြေဆးေပးျပီးရင္ ေကာေကာျပန္လိုက္ရေတာ့မလား..ဘာလုပ္ေပးခဲ့ရဦးမလဲ"
ရိေပၚက မ်က္လံုးေတြကိုမွိတ္ထားၿပီး ဘာမွျပန္မေျပာဘူး
သူထင္သလိုပါပဲ ရိေပၚကသူ႔ကိုမေစာင့္ေပးေစခ်င္ဘူး
ေရွာင္က်န္႔ ထမင္းပန္းကန္ေတြသိမ္းေပးေနရင္း အက်ႌလက္ကိုလာဆြဲတဲ့လက္တစ္ဖက္ေၾကာင့္ မ်က္လံုးေတြျပဴးသြားရတယ္
ရိေပၚကမ်က္လံုးေတြပိတ္ထားရင္းပဲ ခပ္တိုးတိုးေျပာတယ္
"က်ေနာ္နဲ႔ေနေပးပါ"

ေရွာင္က်န္႔ ရိေပၚမေတာင္းဆိုခင္ကတည္းက ေစာင့္ေနေပးခ်င္ခဲ့တာေပမယ့္ အခုသူ"အင္း"တစ္လံုးျပန္ေျပာဖို႔ကိုေတာ္ေတာ္အရွိန္ယူေနရသလိုျဖစ္ေနတယ္
ေရွာင္က်န္႔ရဲ႕အက်ႌလက္စကိုဆြဲထားတဲ့ ရိေပၚရဲ႕လက္ေတြက ျဖည္းျဖည္းခ်င္းေလ်ာက်လာၿပီး ေရွာင္က်န္႔ရဲ႕လက္ဖဝါးမွာအဆံုးသတ္တယ္
တင္းတင္းက်ပ္က်ပ္မဟုတ္ေပမယ့္ ေလ်ာ့ရဲရဲလည္းျဖစ္မေနနဲ႔အားေလးတစ္ခုနဲ႔အတူ ရိေပၚရဲ႕လက္ဖဝါးက ေရွာင္က်န္႔ရဲ႕လက္ဖဝါးေတြကိုဆုပ္ကိုင္လာတယ္
ေနမေကာင္းျဖစ္ေနေပမယ့္ လက္ဖဝါးေတြကေတာ့ေအးစက္စက္ရယ္

ၿပီးေတာ့ ခပ္တိုးတိုးစကားသံက ႏွစ္ကိုယ္ၾကားၾကားရံုေလာက္ဆိုေပမယ့္ အဖ်ားခပ္တုန္ရင္သြားတာကို ေရွာင္က်န္႔ ေသခ်ာေပါက္ခံစားမိတယ္.. ေနာက္ အဖ်ားရွိန္ေၾကာင့္ နီရဲရဲျဖစ္ေနတဲ့ပါးျပင္ကိုနယ္လြန္ၿပီး ေခါင္းအံုးေပၚကိုစီးက်သြားတဲ့မ်က္ရည္တစ္စက္..

"က်ေနာ္ ခင္ဗ်ားကိုမမုန္းခ်င္ေတာ့ဘူး"

######################
A/N
ကတိတည္တယ္ေနာ္..
စာေမးပြဲၿပီးၿပီးခ်င္း ျပန္လာေပးတာ.. 💖

/////////////////////////////////////////

[Unicode]

ရှောင်ကျန့် အိမ်တံခါးတွေကိုသေချာစစ်ပိတ်လိုက်ပြီး ထွက်လာခဲ့တယ် ဘယ်ကိုဟုတ်မယ်ထင်သလဲ..
သူသွားစရာက မျက်စောင်းထိုးအိမ်တင်..
ရိပေါ်ရဲ့ မေမေတို့က ငါးရက်လောက်ကြာနေပြီပေမယ့် ပြန်မလာနိုင်သေးဘူး
အခုတစ်ခေါက်က ရိပေါ်ရဲ့အဘိုးက ဆေးရုံပါတင်နေရတယ်ဆိုလို့လေ
ဒီတော့ရှောင်ကျန့်ကနေ့တိုင်း ရိပေါ်အိမ်ကိုသွားတယ် မနက်ဆို ရိပေါ်ကိုအိပ်ယာနှိုးစားဖို့သောက်ဖို့လုပ်ပေး ညဘက်ဆိုအဓိကက ရိပေါ်ပြန်မလာခင် ညစာစီစဉ်ပေးရိပေါ်ရဲ့ဆိုင်ကယ်ခြံဝင်းထဲဆိုက်ပြီဆိုတာနဲ့ ခဏနေရင်သူပြန်ရတာပဲ
ရိပေါ်ကသူစကားပြောရင်လည်း ကောင်းကောင်းပြန်မပြောဘူး မေးရင်တော့တစ်ခွန်းစနှစ်ခွန်းစဖြေတယ်
ဒီကောင်လေးကိုလည်းစကားအများကြီးသူမပြောရဲဘူး

ရှောင်ကျန့် ရိပေါ်တို့အိမ်တံခါးကိုသော့ဖွင့်နေတဲ့အချိန် ခြံရှေ့ကိုကားတစ်စီးလာရပ်တယ်
"ကျန်းလီ"
"ဟေးးး ရှောင်ကျန့်..ငါလည်းနင့်ကိုတွေ့ချင်နေတာနဲ့အတော်ပဲ"

ကားပေါ်ကကျန်းလီဆင်းလာတယ် ရိပေါ်ရောပါလာသလားလို့ ရှောင်ကျန့်ရှာကြည့်ပေမယ့် အရိပ်အယောင်မတွေ့ရဘူး

"ရိပေါ်ရော?"
ကျန်းလီမေးလာတော့မှ ရိပေါ်ကိုလာရှာမှန်းရှောင်ကျန့်သိသွားတယ်
"သူကျောင်းကပြန်မရောက်သေးဘူး"
"မှောင်နေပြီကို"
ကျန်းလီကလက်မှာပတ်ထားတဲ့ ရွှေရောင်နာရီလေးကိုလက်ညိုးနဲ့တထောက်ထောက်လုပ်ရင်း ခပ်တိုးတိုးရွတ်တယ်

"သူ အခုတလော လေ့ကျင့်ဖို့ရှိနေလို့တဲ့"
ကျန်းလီကခေါင်းငြိမ့်ပြပြီး လမ်းမဘက်ကို ခေါင်းပြူထွက်ပြီးကြည့်နေတယ်
"လာလေ..ကျန်းလီ.. အိမ်ထဲဝင်ပါဦးဟ"
ရှောင်ကျန့်နဲ့ကျန်းလီ ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်ဖြစ်ကြတယ်
"ဘာသောက်ဦးမလဲ"
"ရေလေးတစ်ခွက်ပဲ ရှောင်ကျန့်"

ကျန်းလီက သူ့ဖုန်းကိုသည်းကြီးမည်းကြီးကြည့်နေပြီး လက်သွယ်သွယ်လေးတွေကလည်းရေခွက်လေးကိုကိုင်ထားတယ် လက်သည်းနီဆိုးမထားတဲ့ ခပ်ရှင်းရှင်းလက်ချောင်းလေးတွေရယ် လက်ခလယ်မှာတစ်ကွင်းပဲစွပ်ထားတဲ့ ငွေရောင်လက်စွပ်လေးက ကျန်းလီရဲ့ ရင့်ကျက်တည်ငြိမ်မှုအတိုင်းအတာကိုပြနေသလိုပဲ
သူငယ်ချင်းမလေးကလည်းငယ်ငယ်ကလို ချစ်စရာကောင်းတဲ့ပုံစံမျိုးမဟုတ်တော့ဘူးပဲ
အခုအလုပ်မှာလည်း ကျန်းလီကရာထူးကြီးတော့ လုံးဝကျဲကျဲပုံစံပဲ သူ့ရဲ့ဝတ်ပုံစားပုံကအစ စမတ်ကျတယ် ချစ်ဖို့ကောင်းတဲ့ဘက်ကိုသိပ်မရောက်တော့ဘူး
ရိပေါ်ရဲ့အကြိုက်က ဒီလိုပုံစံမျိုးလေးပေါ့ ?

"ဒီမှာကြည့် ရှောင်ကျန့်"
ကျန်းလီက သူ့မျက်နှာရှေ့ကိုဖုန်းထိုးပြတယ်
ပေးပို့ထားတဲ့စာတွေပဲရှိပြီး ပြန်စာမရှိတဲ့ messagebox တစ်ခု..
နာမည်နေရာမှာရေးထားတာက "အားပေါ်" တဲ့

"ရိပေါ်လား"
"အင်း"
ကျန်းလီကဖုန်းကိုပေါင်ပေါ်စိတ်ပျက်လက်ပျက်တင်လိုက်ပြီး သက်ပြင်းချတယ်

"ငါ့ရဲ့ message တွေကိုဝင်မဖတ်ဘူး.. ဖုန်းဆက်တာလည်းမကိုင်ဘူးလေ..ငါကစိတ်ပူနေတာ..အစည်းအဝေးတစ်ခုအတွက်ဌာနခွဲတစ်ခုကိုခရီးထွက်နေရတာကြောင့်လည်းငါလာမတွေ့နိုင်ခဲ့ဘူး...ရိပေါ်ရဲ့မားကိုတော့ဖုန်းဆက်ကြည့်သေးတယ်..ဒါပေမယ့်မားတို့က အဘိုးဆီရောက်နေတယ်ပြောလို့..နင့်ကိုဖုန်းခေါ်ဖို့ကျတော့လည်းဟာ.. ဖုန်းနံပါတ်ကမမေးလိုက်ရပြန်ဘူး..အဲ့ဒိနေ့ကမေးမလို့ပေမယ့် နင်တို့က"
စကားအရှည်ကြီးပြောပြီးမှ ကျန်းလီက ဒီနေရာမှာတင် စကားကိုရပ်ချလိုက်တယ်
အဲ့ဒိနေ့ဆိုတာ ရိပေါ်နဲ့ရှောင်ကျန့်တို့ toiletထဲမှာပြသနာတက်တဲ့နေ့
အဲ့ဒိကတည်းကကျန်းလီနဲ့မဆက်သွယ်ဖြစ်တော့တာ
ဆိုဖာနောက်မီကိုမီထားတဲ့ ကျန်းလီရဲ့ကျောက မတ်လာပြီး ရှောင်ကျန့်မျက်နှာဆီကို ကုန်းကြည့်လာတယ်

"ဒါနဲ့ နင်တို့နှစ်ယောက်အဆင်ပြေသွားပြီလား"

ရှောင်ကျန့်ပြုံးပြီးခေါင်းကိုဖြည်းဖြည်းချင်းခါလိုက်တယ်

"ရိပေါ်ရဲ့မေမေ ကအကူအညီတောင်းလို့ သူ့အတွက်အိမ်လာစောင့်ပေးတဲ့သဘောမျိုးပါပဲ.အလုပ်ကလည်းမစရသေးတော့"

"ဆိုတော့ အလုပ်ကတော့နင့်ကိုလက်ခံလိုက်ပြီပေါ့..ငါပြောသားပဲ.. နင်အလုပ်အမြန်ရမှာပဲလို့..ဘယ်တော့စဆင်းရမယ်ပြောလဲ"
"မနက်ဖြန်"
"ဗြုန်းစားကြီးဟယ်"

သူတို့နှစ်ယောက် ခဏလောက် တိတ်ဆိတ်မိသွားပြန်တယ်

"ဒါပေမယ့် အဲ့ဒိနေ့ကငါတကယ်အံ့သြသွားတာပဲသိလား"
ကျန်းလီကရှောင်ကျန့်ကိုမေးထောက်ကြည့်ရင်းပြောလာတယ်
"ဟင် ဘာကိုလဲ?"
ကျန်းလီက သူ့ဘေးက ခေါင်းအုံးအသေးတစ်ခုကိုဆွဲယူပြီးပေါင်ပေါ်တင်ရင်း စကားဆက်တယ်

"ရိပေါ်ကနင့်ကို သူ့ဆိုင်ကယ်ပေါ်တင်ခေါ်သွားတာလေ..အမှန်ဆိုသူဘယ်သူ့ကိုမှဆိုင်ကယ်ပေါ်တင်ခေါ်လေ့မရှိဘူး..ငါတောင်မှပေါ့"
ကျန်းလီကပေါ့ပေါ့ပါးပါးပဲပြောတယ်

"ဟားး..ဟုတ်လား...သူက နင့်ကို သဝန်တိုပြီးငါ့ကိုခေါ်ထုတ်သွားခဲ့တာ..ဆိုတော့.နင့်ကြောင့် ကံထူးရှင်ဖြစ်သွားတာပဲ"
ရှောင်ကျန့်လည်းပေါ့ပေါ့ပါးပါးပြန်ဖြေမိပေမယ့်
ကျန်းလီက ခေါင်းကိုလေးလေးပင်ပင်ခါရင်း ခပ်တိုးတိုးပဲရယ်တယ်
ဘာလို့လဲ ဒါအမှန်ပဲကို.?

ကျန်းလီကရှောင်ကျန့်ရဲ့ရှေ့ခုံမှာထိုင်နေရာကနေ ရှောင်ကျန့်ဘေးကိုပြောင်းထိုင်လာပြီး လေသံတိုးနဲ့ပြောတယ်

"ဒါနဲ့..ရှောင်ကျန့်..နင်အဆင်ပြေနေပြီမဟုတ်လား..ကြာပြီဆိုတော့လေ..ဟိုကိစ္စကိုပြောတာဟာ.ပြီးတော့.နင်ကငါ့ကိုအဆက်အသွယ်မလုပ်တော့ငါဘာမှမသိရသေးဘူး..ဒါပေမယ့် ငါသိတော့သိတယ် နင်အဲ့ဒိကောင်နဲ့"

ကျန်းလီစကားမဆုံးခင်မှာပဲ
ခြံထဲကိုဝင်လာတဲ့ ဆိုင်ကယ်စက်သံက ပီပီပြင်ပြင်ကြားရတော့ ကျန်းလီကသူ့စကားစကိုဖြတ်ပစ်လိုက်တယ်
ရိပေါ်က အရင်နေ့တွေကလိုပဲ ချွေးတွေရွှဲနေတဲ့အားကစားအင်္ကျီကိုပဲဝတ်ပြီးပြန်လာတယ်
အရင်နေ့တွေက ရိပေါ် ချွေးရွှဲနေတဲ့အင်္ကျီနဲ့ပဲပြန်ပြန်လာလို့ရှောင်ကျန့် အင်္ကျီလဲပြီးမှပြန်လာဖို့ပြောပေမယ့် ရှောင်ကျန့်ကိုဂရုမစိုက်ဘူး
ရိပေါ်ပြန်ရောက်ရင်ရှောင်ကျန့်က ရိပေါ်ရေချိုးတဲ့အထိစောင့်ပေးပြီး အဲ့ဒိအင်္ကျီတွေအကုန်အဝတ်လျှော်စက်ထဲထည့်လျှော်ပေးပြီးမှပြန်သွားတတ်တယ်

"ကျဲ?"

ရိပေါ်ရဲ့မျက်ခုံးတွေကအမြဲခပ်ပြေပြေကျုံ့နေတတ်တယ်
ကျန်းလီ ရိပေါ်ရှိတဲ့ဘက်ကို နောက်ပြန်လှည့်ပြီးပြုံးပြလိုက်တော့ ရိပေါ်ကသူတို့ဆီကိုလျှောက်လာတယ် ပြီးတော့အကြည့်စူးစူးတွေက ရှောင်ကျန့်ဆီကိုရောက်လာပြန်တော့ ရှောင်ကျန့်ယောင်ယမ်းပြီး မတ်တပ်ထရပ်လိုက်မိတဲ့အထိပဲ

"ကျန်းလီ..ငါလုပ်စရာရှိတာလေးလုပ်လိုက်ဦးမယ်..စကားပြောကြဦး"
ရှောင်ကျန့် ကျန်းလီကိုပြုံးပြုံးပြုံးပြုံးနဲ့ပြောရင်း ရိပေါ်ကိုပါ ရောပြုံးပြလိုက်တော့ လူဆိုးကောင်ရဲ့မျက်မှောင်တွေကပိုကျုံ့သွားတယ်
သူ့ကျဲနားမှာထိုင်လို့ သဝန်တိုနေတာ ကြည့်ပါဦး ရှောင်ကျန့်သဘောတကျပြုံးပြီးလှည့်ထွက်ပြီးမှ ရိပေါ်ကိုအင်္ကျီလဲဖို့ သတိပေးရမှာကိုသတိရသွားတယ်
သူပြောမလို့ဟန်ပြင်လိုက်ပေမယ့်..

"ချွေးတွေနဲ့ကိုကွာ..ချွတ်ပြီးလဲလိုက်ဦး..မြန်မြန်"

ရိပေါ်ရဲ့အင်္ကျီစနားကိုလှုပ်ကိုင်ရင်းဆူပူနေတဲ့ ကျန်းလီအသံကြောင့် ရှောင်ကျန့် ပြုံးလိုက်မိပြန်တယ်
ရိပေါ်ကံကောင်းပါတယ်..

..........
အိမ်ကယူလာတဲ့ဟင်းတွေ ကိုပြန်နွှေးပေးပန်းကန်ထဲလှယ် ရိပေါ်သောက်ထားတဲ့ကော်ဖီခွက်ကိုဆေးပေးနေတုန်း အိမ်ရှေ့ကကားသံကြားလိုက်ရတယ်
ကျန်းလီပြန်သွားပြီထင်တယ် နှုတ်တောင်မဆက်လိုက်ရဘူး ရှောင်ကျန့် ဘေစင်ဘက်ကနေ ကိုယ်ကိုလှည့်လိုက်တော့ ခပ်မာမာတစ်ခုနဲ့ဝင်ဆောင့်မိသွားတယ်
"ရိပေါ်"

ရိပေါ်ကရေတောင်ချိုးပြီးသွားပြီ။
ဆပ်ပြာနံ့ခပ်သင်းသင်းကရှောင်ကျန့်ရဲ့နှာခေါင်းဝမှာကလူကျီစယ်နေတယ် ရိပေါ်ရဲ့ရင်ဘတ်ကြီးနဲ့ နောက်ကဘေစင်ဘောင်က ရှောင်ကျန့်ကို ကြားညှပ်ထားတယ်
"ရိပေါ်"

ရှောင်ကျန့်ဒုတိယတစ်ကြိမ်ထပ်ခေါ်မှ ရိပေါ်ကမော့ကြည့်လာတယ် မျက်လုံးတွေကရဲရဲနီနေတာပဲ အပူရှိန်ကိုလည်းရှောင်ကျန့်ကိုယ်ကခံစားမိနေတာကြောင့် ရှောင်ကျန့်ရိပေါ်ရဲ့နှဖူးပြင်ကိုလက်ဖမိုးလေးနဲ့ကပ်ကြည့်လိုက်မိတယ်
ရိပေါ်ဖျားနေပြီ..

ရိပေါ်ကသူ့နဖူးပေါ်ကရှောင်ကျန့်လက်ကိုဖျတ်ကနဲပုတ်ချတယ်
"ကျနော် ခေါင်းအရမ်းကိုက်နေတယ်..ထမင်းကိုအပေါ်လိုက်ပို့ပေးပါ..ဒီမှာမထိုင်နိုင်ဘူး"
"အင်းအင်း"

ရိပေါ်ကယိုင်တိုင်တိုင်နဲ့အပေါ်တက်သွားတော့ရှောင်ကျန့်အဖျားပျောက်ဆေးပြေးဝယ်ရသေးတယ်
...................

ရိပေါ်ထမင်းစားပြီးဆေးသောက်ပြီးတဲ့အထိရှောင်ကျန့်ဘေးမှာပဲထိုင်စောင့်ပေးတယ်
သူဒီကောင်လေးကို တစ်ယောက်တည်းမထားခဲ့ရက်ပေမယ့်

"ရိပေါ်..ဒါဆိုပန်းကန်တွေဆေးပေးပြီးရင် ကောကောပြန်လိုက်ရတော့မလား..ဘာလုပ်ပေးခဲ့ရဦးမလဲ"
ရိပေါ်က မျက်လုံးတွေကိုမှိတ်ထားပြီး ဘာမှပြန်မပြောဘူး
သူထင်သလိုပါပဲ ရိပေါ်ကသူ့ကိုမစောင့်ပေးစေချင်ဘူး
ရှောင်ကျန့် ထမင်းပန်းကန်တွေသိမ်းပေးနေရင်း အင်္ကျီလက်ကိုလာဆွဲတဲ့လက်တစ်ဖက်ကြောင့် မျက်လုံးတွေပြူးသွားရတယ်
ရိပေါ်ကမျက်လုံးတွေပိတ်ထားရင်းပဲ ခပ်တိုးတိုးပြောတယ်
"ကျနော်နဲ့နေပေးပါ"

ရှောင်ကျန့် ရိပေါ်မတောင်းဆိုခင်ကတည်းက စောင့်နေပေးချင်ခဲ့တာပေမယ့် အခုသူ"အင်း"တစ်လုံးပြန်ပြောဖို့ကိုတော်တော်အရှိန်ယူနေရသလိုဖြစ်နေတယ်
ရှောင်ကျန့်ရဲ့အင်္ကျီလက်စကိုဆွဲထားတဲ့ ရိပေါ်ရဲ့လက်တွေက ဖြည်းဖြည်းချင်းလျောကျလာပြီး ရှောင်ကျန့်ရဲ့လက်ဖဝါးမှာအဆုံးသတ်တယ်
တင်းတင်းကျပ်ကျပ်မဟုတ်ပေမယ့် လျော့ရဲရဲလည်းဖြစ်မနေနဲ့အားလေးတစ်ခုနဲ့အတူ ရိပေါ်ရဲ့လက်ဖဝါးက ရှောင်ကျန့်ရဲ့လက်ဖဝါးတွေကိုဆုပ်ကိုင်လာတယ်
နေမကောင်းဖြစ်နေပေမယ့် လက်ဖဝါးတွေကတော့အေးစက်စက်ရယ်

ပြီးတော့ ခပ်တိုးတိုးစကားသံက နှစ်ကိုယ်ကြားကြားရုံလောက်ဆိုပေမယ့် အဖျားခပ်တုန်ရင်သွားတာကို ရှောင်ကျန့် သေချာပေါက်ခံစားမိတယ်.. နောက် အဖျားရှိန်ကြောင့် နီရဲရဲဖြစ်နေတဲ့ပါးပြင်ကိုနယ်လွန်ပြီး ခေါင်းအုံးပေါ်ကိုစီးကျသွားတဲ့မျက်ရည်တစ်စက်..

"ကျနော် ခင်ဗျားကိုမမုန်းချင်တော့ဘူး"

######################
A/N
ကတိတည်တယ်နော်..
စာမေးပွဲပြီးပြီးချင်း ပြန်လာပေးတာ.. 💖

Continue Reading

You'll Also Like

317K 26.9K 25
၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... ၀မ္ရိေပၚ ငါေမးပါရေစ...ငါကမင္းအတြက္ဘာလဲ ... Start Date -20.6.2021 End Date - 12.7.2021 #YiZhan
110K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
164K 25.7K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
376K 41.5K 33
Epiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you