ADORE [Completed]

Por i_lia_u

653K 65.1K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် Más

အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၄

22.2K 2.6K 33
Por i_lia_u

[Zawgyi]

ပစၥဳပၸန္။

ပတ္ဝန္းက်င္တစ္ခုလံုးတိတ္ဆိတ္မႈဖံုးလႊမ္းေနတယ္
ရိေပၚရဲ႕ ႏွလံုးခုန္သံဟာလည္း ခပ္စိပ္စိပ္ရယ္..

<I have died everyday waiting for u~>

ကုတင္ေပၚက ဖုန္းက အသံျမည္လာေပမယ့္ ထမကိုင္ခ်င္ဘူး
နံရံကိုမီရင္း ဒူးေခါင္းေတြကို ရင္ဘတ္ေတြနဲ႔ထိကပ္ေနေအာင္အထိ က်စ္က်စ္ပါေအာင္ဖက္ထားမိတာကိုလည္း မလႊတ္လိုက္ခ်င္ေသးဘူး
တစ္ခုခုကိုယ့္ဆီကလစ္ဟာသြားတဲ့ ခံစားခ်က္ကို သူသိပ္မုန္းခဲ့ရၿပီးၿပီ

အဆက္မျပတ္ျမည္ေနတဲ့ဖုန္းေၾကာင့္ ရိေပၚ စိတ္တိုလာတယ္
ဝုန္းကနဲ မတ္တပ္ထရပ္ရင္း ကုတင္ေပၚကဖုန္းကိုေကာက္ကိုင္လိုက္တယ္

"က်န္းလီ"

သူဘာမွမတတ္ႏိုင္တဲ့အေျခအေနတစ္ခု
ဖုန္းကိုင္လိုက္ေပမယ့္ သူဘာမွစမေျပာမိဘူး

"ရိေပၚ"

သူမရဲ႕ အသံကႏူးညံ့ေနေပမယ့္ ရိေပၚကို စိတ္သက္သာရာမရေစဘူး

"ေရွာင္က်န္႔ နဲ႔ ဆံုျပီးၿပီလား"

"က်ေနာ္ ခဏေန က်ဲ (မ) ကိုလာေတြ႕မယ္"

ဖုန္းခ်ၿပီး ကုတင္ေပၚလွဲလိုက္မိတယ္
အမွန္ေတာ့ သူအခုဘာလုပ္ခ်င္ေနမွန္းသူကိုယ္တိုင္မသိဘူး
သူထင္တာ သူဒီမွာဆက္ရွိမေနခ်င္ေတာ့ဘူး

တီရွပ္အျဖဴ အားကစားေဘာင္းဘီတို ဦးထုပ္ လြယ္အိတ္ ဒါေတြကို ရိေပၚ ခပ္ျမန္ျမန္ျပင္ဆင္လိုက္တယ္
အိမ္ေအာက္ထပ္ဆင္းလာေတာ့ အိမ္ထဲဝင္လာတဲ့မားနဲ႔ေတြ႕တယ္.

"ရိေပၚ .. ဘယ္ကိုလဲ"

မားက အိမ္အျပင္ဘက္ကိုလွည့္ၾကည့္လွည့္ၾကည့္နဲ႔ေမးတယ္
"က်ဲ ဆီ"

"ေရွာင္က်န္႔ေလး သားကိုေမးေနတယ္"

ဘာလုပ္ဖို႔ေမးေနေသးတာလဲ
ေခါင္းပဲျငိမ့္ျပလိုက္တယ္ မားကိုေတာ့ မၾကားခ်င္ေယာင္ေဆာင္တာမ်ိဳးမလုပ္လိုက္ခ်င္ဘူး

အိမ္တံခါးကိုခပ္ျမန္ျမန္ဖြင့္ၿပီး ဆိုင္ကယ္အရွိန္ျပင္းျပင္းနဲ႔ သူထြက္သြားလိုက္တယ္
အခု သူ႔ကိုယ္သူ စိတ္သက္သာရာရေစမယ့္ဘယ္အရာမဆိုသူလုပ္လိုက္ခ်င္တယ္

"ရိေပၚ ေစာသားပဲ ဒီေန႔"

ယုဘင္း က တက္တက္ႂကြႂကြနႈတ္ဆက္ေပမယ့္ ရိေပၚလက္ပဲျပန္ျပလိုက္တယ္
သူလုပ္ခ်င္ေနတာ အခု ဘတ္စကတ္ေဘာ ကိုျပင္းျပင္းထန္ထန္ ေဆာ့ပစ္ဖို႔ပဲ
ေခၽြးထြက္လြန္ၿပီးလဲက်သြားပါေစ ပိုႀကိဳက္တယ္

တစ္ခ်က္ အားျပင္းျပင္းနဲ႔
<ျပန္လာမေနနဲ႔>

ႏွစ္ခ်က္ ပိုအားျပင္းျပင္းနဲ႔
<ဘာလုပ္ဖို႔ျပန္လာေနေသးတာလဲ>

သံုးခ်က္ မိုင္ကုန္အားအျပင္းဆံုးနဲ႔ နံရံကိုပစ္ေပါက္လိုက္တယ္
<ခ်ီးပဲ သြားေသလိုက္>

ဘတ္စကတ္ေဘာကြင္းထဲ က်ယ္ေလာင္တဲ့ ေဘာလံုး႐ိုက္ခတ္သံနဲ႔အတူ ရိေပၚ ဒူးေထာက္လဲက်သြားတယ္
သူ႔နားထင္နဲ႔ေမး႐ိုးတစ္ေလွ်ာက္ စီးက်လာတဲ့အရည္ေတြက ေခၽြးေတြလား မ်က္ရည္ေတြလားသူမသိေတာ့ဘူး

Locker ခန္းထဲကိုဝင္လာေတာ့ ယုဘင္း က ဘီယာတစ္ဘူးကမ္းေပးတယ္
"မင္းအဆင္ေျပပံုမေပၚဘူး"

ရိေပၚ ဘီယာဘူးကိုတစ္က်ိဳက္တည္းေမာ့ခ်လိုက္တာေၾကာင့္ လည္ပင္းတစ္ေလွ်ာက္ အက်ႌရင္ဘတ္ေတြအထိ ဘီယာေတြစီးက်သြားတယ္

"ဒါနဲ႔..မင္းရဲ႕ဖုန္းသံျမည္ေနေသးတယ္..ဆက္တိုက္ပဲ"

ယုဘင္း အေျပာေၾကာင့္ ရိေပၚ လြယ္အိတ္ထဲက ဖုန္းကိုထုတ္ၿပီးၾကည့္လိုက္ေတာ့
"က်န္းလီ" ဆိုတဲ့အမည္နဲ႔ ဖုန္းေခၚဆိုထားမႈေပါင္း ၅၀ ေက်ာ္

ရိေပၚ အစက က်န္းလီသြားဖို႔ ျပင္ဆင္ခဲ့တာပဲ
ဒါေပမယ့္ က်န္းလီ ကို ေတြ႕ရင္သူစိတ္သက္သာရာရမယ္လို႔ သူမထင္ဘူး

ဖုန္းျပန္ေခၚဖို႔ ဆႏၵလည္းမရွိတာေၾကာင့္ ဖုန္းကို လြယ္အိတ္ထဲ ထိုးထည့္လိုက္တယ္

ည ခုနစ္နာရီ။

သူအိမ္ကထြက္လာတာ ေန႔ခင္းတစ္နာရီခြဲကတည္းက။

"ငါျပန္ၿပီ"

ယုဘင္း ကနႈတ္ဆက္သြားတယ္
သူတို႔က ခ်ိန္းပြဲရွိလို႔ တစ္ေနကုန္ေလ့က်င့္ေနၾကတာ
ရိေပၚကေနာက္တစ္ပြဲမွပါဖို႔စီစဥ္ထားတယ္

ထိုင္ခံုေပၚထိုင္ရင္း လက္ဆစ္ေတြခ်ိဳးေနမိတယ္
ငါးနာရီနီးပါး မရပ္မနားေဆာ့ခဲ့ေတာ့ သူ အဆစ္ေတြအထိပါနာေနတယ္

မ်က္ႏွာကို လက္နဲ႔ခပ္ၾကမ္းၾကမ္း ပြတ္လိုက္ရင္း ေခါင္းငိုက္စိုက္ထားမိတယ္
ဘယ္သူမွမရွိေတာ့တဲ့ locker ခန္းထဲ နာရီသံေတြက ရိေပၚရဲ႕အသက္႐ွဴသံေတြထက္က်ယ္ေလာင္ေနတယ္

"အားးး"

ေဒါသႏြယ္တဲ့ ေအာ္သံတစ္ခုနဲ႔အတူ ရိေပၚ locker ကိုလက္သီးနဲ႔ထိုးလိုက္တယ္
ဘာကို အလိုမက်သလဲ သူမသိဘူး

အေႏြးထည္တစ္ထည္ကို ထပ္ဝတ္ လြယ္အိတ္ကိုဆြဲၿပီး ဆိုင္ကယ္ဆီကိုအေျပးသြားမိတယ္
အရွိန္အျပင္းဆံုးေမာင္းေလ သူ႔မ်က္ႏွာကို႐ိုက္ခတ္လာတဲ့ေလေတြကလည္းျပင္းေလပဲ
ႀကိဳက္တယ္.. ဒီခံစားခ်က္ကို..စိတ္လြတ္ကိုယ္လြတ္သူေအာ္ဟစ္ပစ္လိုက္တယ္

.................................................
ရိေပၚအိမ္ကိုလမ္းေလွ်ာက္ျပန္လာတယ္ ဆိုင္ကယ္တြန္းၿပီးေတာ့..
သူ႔ေျခလွမ္းေတြမမွန္ေတာ့ဘူး မမူးပါဘူး သူ႐ူးေနတာ

ဆိုင္ကယ္ကို ဂိုေထာင္ထဲသြားထားလိုက္ၿပီး ဂိုေထာင္တံခါးကိုတစ္ခ်က္ေဆာင့္ကန္လိုက္တယ္
"F**K"

သူ႔ေျခေထာက္ေတြမခိုင္ေတာ့ဘူး တကယ္.. အရမ္းပင္ပန္းေနတယ္
အိမ္တံခါးကိုသူလွည့္ဖြင့္မလို႔လက္အလွမ္း..

"ရတယ္.. အန္တီ လိုက္မပို႔နဲ႔ေတာ့.. က်ေနာ္ျပန္လိုက္ေတာ့မယ္"

ဒီအသံ။

ရိေပၚေျခေထာက္ေတြ ေခြက်သြားေတာ့မလိုပဲ
တံခါးေဘးက နံရံမွာ ေက်ာကပ္လိုက္မိတယ္
ေရွာင္က်န္႔ အိမ္ထဲမွာရွိေနတယ္ဆိုတဲ့အသိက သူ႔ဦးေႏွာက္တစ္ခုလံုးကို အလုပ္မလုပ္ေစေတာ့ဘူး

"..မနက္က သူ႔က်ဲ ဆီကိုအေရးတႀကီးထထြက္သြားလို႔ ေနာက္ေန႔ေတာ့ သားဆီကိုအန္တီလႊတ္လိုက္ဦးမယ္"

"ဟုတ္. ရပါတယ္. က်ေနာ္လည္းလာေတြ႕ဦးမွာပါ. ဒါဆ္ို က်ေနာ္ဒီေန႔ေတာ့ျပန္လိုက္ေတာ့မယ္"

တံခါးဂ်က္သံအၾကားမွာ..
ရိေပၚတုန္ေနတဲ့လက္ေတြကို ေဘာင္းဘီအိတ္ကပ္ထဲ ထည့္လိုက္ၿပီး ေျမႀကီးဆီကို ေခါင္းငိုက္စိုက္ခ်ထားလိုက္တယ္

ေျခသံ တိုးတိုး
တစ္ခ်က္ ႏွစ္ခ်က္ သံုး..

တိုးတိတ္သြားတဲ့ေျခသံနဲ႔အတူ ပတ္ဝန္းက်င္တစ္ခုလံုး ဆိတ္ၿငိမ္သြားတယ္
တစ္စကၠန္႔ ႏွစ္စကၠန္႔

"ရိေပၚ?"

တိုးလ်လ်ေခၚသံတစ္ခုက ရိေပၚရဲ႕နားစည္ကိုျဖတ္ၿပီး ႏွလံုးသားကိုတိုက္႐ိုက္ထိခတ္တယ္
ရင္ေတြခုန္လာတာလား တုန္လာတာလား ေသေတာ့မလိုပဲ
အိတ္ကပ္ထဲက လက္ေတြကို တင္းတင္းဆုပ္လိုက္မိတယ္

"ရိေပၚ မဟုတ္လား"

မရဲတရဲေမးသံအဆံုးမွာ ရိေပၚရဲ႕မ်က္ႏွာ တျဖည္းျဖည္းေမာ့လာတယ္
ခပ္ဝိုင္းဝိုင္းမ်က္လံုးေတြနဲ႔ဆံုမိတယ္
ဒီမ်က္ဝန္းေတြကို သူသိပ္ကို..

ေလျပည္ညင္းေတြကတိုးလို႔တိုက္ခတ္လာတယ္
သစ္ရြက္ေတြအခ်င္း႐ိုက္ခတ္သံက တိုးညင္းလြန္းတယ္
အသိစိတ္အစဥ္ကကိုယ္နဲ႔ေဝးရာကို ထြက္သြားတယ္

မ်က္ဝန္းတစ္စံု ထဲမွာ မ်က္ဝန္းတစ္စံုရဲ႕ အရိပ္ကို ရွာေတြ႕ႏိုင္တယ္
ေလဟာနယ္တစ္ခုမွာ လူသားႏွစ္ဦးဟာ လြင့္ေမ်ာေနသလိုမ်ိဳး။

"ဟက္"

ရိေပၚဘက္က မ်က္ႏွာလႊဲၿပီး မဲ့ျပံဳးတစ္ခုနဲ႔ စတင္လႈပ္ရွားလာတယ္
ၿပီးေတာ့ ေရွာင္က်န္႔ကိုလ်စ္လ်ဴရႈၿပီး ေဘးကျဖတ္ေလွ်ာက္သြားတယ္

ဘီယာနံ့ ေခၽြးနံ့ နဲ႔ေရာေနတဲ့ ........ရိေပၚရဲ႕ကိုယ္သင္းနံ့
သူမွတ္မိေနေသးတယ္.. ဒါေပမယ့္ သူ႔မ်က္ကြယ္ရာမွာ ရိေပၚက ေတာ္ေတာ္အရြယ္ေရာက္ေနခဲ့ၿပီ

အိမ္တံခါးကို ရိေပၚလွည့္ဖြင့္လိုက္တယ္
"ရိေပၚ"

ရိေပၚရဲ႕လက္က ရပ္တန္႔သြားတယ္
ေလျပည္ညင္းက သူတို႔ႏွစ္ဦးၾကားေဝ့ဝဲတိုက္ခတ္သြားတယ္

"ေၾကာင္လိုက္တာ"

တံခါးကိုေဆာင့္ပိတ္ၿပီး အိမ္ထဲကိုရိေပၚဝင္သြားတယ္
ရိေပၚရဲ႕ အသံက ငယ္ငယ္ကလို ေသးေသးေလးမဟုတ္ေတာ့ဘူး
ရိေပၚတကယ္အရြယ္ေရာက္ေနၿပီ ရိေပၚ တျဖည္းျဖည္းႀကီးျပင္းလာတာကိုသူမျမင္ခဲ့ရတာကလြဲလို႔..
သူတကယ္အရြယ္ေရာက္ေနၿပီ .. လူႀကီးေလးျဖစ္ေနၿပီ.. လူႀကီးေလးရိေပၚ

ေရွာင္က်န္႔ ျပံဳးလိုက္မိတယ္ .. အ႐ူးလိုပဲ။

အဲ့ဒီညက သူတို႔ရဲ႕ ရင္ခုန္သံေတြက တိုးတိတ္လြန္းခဲ့တယ္
.................................................................

A/N

စာေရးသူဟာ အသည္းတံုး တို႔ရဲ႕ Comment ကိုေတာ့ အၿမဲေမွ်ာ္ေနေလရဲ႕💖

//////////////////////////////////

[Unicode]

ပစ္စုပ္ပန်။

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်မှုဖုံးလွှမ်းနေတယ်
ရိပေါ်ရဲ့ နှလုံးခုန်သံဟာလည်း ခပ်စိပ်စိပ်ရယ်..

<I have died everyday waiting for u~>

ကုတင်ပေါ်က ဖုန်းက အသံမြည်လာပေမယ့် ထမကိုင်ချင်ဘူး
နံရံကိုမီရင်း ဒူးခေါင်းတွေကို ရင်ဘတ်တွေနဲ့ထိကပ်နေအောင်အထိ ကျစ်ကျစ်ပါအောင်ဖက်ထားမိတာကိုလည်း မလွှတ်လိုက်ချင်သေးဘူး
တစ်ခုခုကိုယ့်ဆီကလစ်ဟာသွားတဲ့ ခံစားချက်ကို သူသိပ်မုန်းခဲ့ရပြီးပြီ

အဆက်မပြတ်မြည်နေတဲ့ဖုန်းကြောင့် ရိပေါ် စိတ်တိုလာတယ်
ဝုန်းကနဲ မတ်တပ်ထရပ်ရင်း ကုတင်ပေါ်ကဖုန်းကိုကောက်ကိုင်လိုက်တယ်

"ကျန်းလီ"

သူဘာမှမတတ်နိုင်တဲ့အခြေအနေတစ်ခု
ဖုန်းကိုင်လိုက်ပေမယ့် သူဘာမှစမပြောမိဘူး

"ရိပေါ်"

သူမရဲ့ အသံကနူးညံ့နေပေမယ့် ရိပေါ်ကို စိတ်သက်သာရာမရစေဘူး

"ရှောင်ကျန့် နဲ့ ဆုံပြီးပြီလား"

"ကျနော် ခဏနေ ကျဲ (မ) ကိုလာတွေ့မယ်"

ဖုန်းချပြီး ကုတင်ပေါ်လှဲလိုက်မိတယ်
အမှန်တော့ သူအခုဘာလုပ်ချင်နေမှန်းသူကိုယ်တိုင်မသိဘူး
သူထင်တာ သူဒီမှာဆက်ရှိမနေချင်တော့ဘူး

တီရှပ်အဖြူ အားကစားဘောင်းဘီတို ဦးထုပ် လွယ်အိတ် ဒါတွေကို ရိပေါ် ခပ်မြန်မြန်ပြင်ဆင်လိုက်တယ်
အိမ်အောက်ထပ်ဆင်းလာတော့ အိမ်ထဲဝင်လာတဲ့မားနဲ့တွေ့တယ်.

"ရိပေါ် .. ဘယ်ကိုလဲ"

မားက အိမ်အပြင်ဘက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့မေးတယ်
"ကျဲ ဆီ"

"ရှောင်ကျန့်လေး သားကိုမေးနေတယ်"

ဘာလုပ်ဖို့မေးနေသေးတာလဲ
ခေါင်းပဲငြိမ့်ပြလိုက်တယ် မားကိုတော့ မကြားချင်ယောင်ဆောင်တာမျိုးမလုပ်လိုက်ချင်ဘူး

အိမ်တံခါးကိုခပ်မြန်မြန်ဖွင့်ပြီး ဆိုင်ကယ်အရှိန်ပြင်းပြင်းနဲ့ သူထွက်သွားလိုက်တယ်
အခု သူ့ကိုယ်သူ စိတ်သက်သာရာရစေမယ့်ဘယ်အရာမဆိုသူလုပ်လိုက်ချင်တယ်

"ရိပေါ် စောသားပဲ ဒီနေ့"

ယုဘင်း က တက်တက်ကြွကြွနှုတ်ဆက်ပေမယ့် ရိပေါ်လက်ပဲပြန်ပြလိုက်တယ်
သူလုပ်ချင်နေတာ အခု ဘတ်စကတ်ဘော ကိုပြင်းပြင်းထန်ထန် ဆော့ပစ်ဖို့ပဲ
ချွေးထွက်လွန်ပြီးလဲကျသွားပါစေ ပိုကြိုက်တယ်

တစ်ချက် အားပြင်းပြင်းနဲ့
<ပြန်လာမနေနဲ့>

နှစ်ချက် ပိုအားပြင်းပြင်းနဲ့
<ဘာလုပ်ဖို့ပြန်လာနေသေးတာလဲ>

သုံးချက် မိုင်ကုန်အားအပြင်းဆုံးနဲ့ နံရံကိုပစ်ပေါက်လိုက်တယ်
<ချီးပဲ သွားသေလိုက်>

ဘတ်စကတ်ဘောကွင်းထဲ ကျယ်လောင်တဲ့ ဘောလုံးရိုက်ခတ်သံနဲ့အတူ ရိပေါ် ဒူးထောက်လဲကျသွားတယ်
သူ့နားထင်နဲ့မေးရိုးတစ်လျှောက် စီးကျလာတဲ့အရည်တွေက ချွေးတွေလား မျက်ရည်တွေလားသူမသိတော့ဘူး

Locker ခန်းထဲကိုဝင်လာတော့ ယုဘင်း က ဘီယာတစ်ဘူးကမ်းပေးတယ်
"မင်းအဆင်ပြေပုံမပေါ်ဘူး"

ရိပေါ် ဘီယာဘူးကိုတစ်ကျိုက်တည်းမော့ချလိုက်တာကြောင့် လည်ပင်းတစ်လျှောက် အင်္ကျီရင်ဘတ်တွေအထိ ဘီယာတွေစီးကျသွားတယ်

"ဒါနဲ့..မင်းရဲ့ဖုန်းသံမြည်နေသေးတယ်..ဆက်တိုက်ပဲ"

ယုဘင်း အပြောကြောင့် ရိပေါ် လွယ်အိတ်ထဲက ဖုန်းကိုထုတ်ပြီးကြည့်လိုက်တော့
"ကျန်းလီ" ဆိုတဲ့အမည်နဲ့ ဖုန်းခေါ်ဆိုထားမှုပေါင်း ၅၀ ကျော်

ရိပေါ် အစက ကျန်းလီသွားဖို့ ပြင်ဆင်ခဲ့တာပဲ
ဒါပေမယ့် ကျန်းလီ ကို တွေ့ရင်သူစိတ်သက်သာရာရမယ်လို့ သူမထင်ဘူး

ဖုန်းပြန်ခေါ်ဖို့ ဆန္ဒလည်းမရှိတာကြောင့် ဖုန်းကို လွယ်အိတ်ထဲ ထိုးထည့်လိုက်တယ်

ည ခုနစ်နာရီ။

သူအိမ်ကထွက်လာတာ နေ့ခင်းတစ်နာရီခွဲကတည်းက။

"ငါပြန်ပြီ"

ယုဘင်း ကနှုတ်ဆက်သွားတယ်
သူတို့က ချိန်းပွဲရှိလို့ တစ်နေကုန်လေ့ကျင့်နေကြတာ
ရိပေါ်ကနောက်တစ်ပွဲမှပါဖို့စီစဉ်ထားတယ်

ထိုင်ခုံပေါ်ထိုင်ရင်း လက်ဆစ်တွေချိုးနေမိတယ်
ငါးနာရီနီးပါး မရပ်မနားဆော့ခဲ့တော့ သူ အဆစ်တွေအထိပါနာနေတယ်

မျက်နှာကို လက်နဲ့ခပ်ကြမ်းကြမ်း ပွတ်လိုက်ရင်း ခေါင်းငိုက်စိုက်ထားမိတယ်
ဘယ်သူမှမရှိတော့တဲ့ locker ခန်းထဲ နာရီသံတွေက ရိပေါ်ရဲ့အသက်ရှူသံတွေထက်ကျယ်လောင်နေတယ်

"အားးး"

ဒေါသနွယ်တဲ့ အော်သံတစ်ခုနဲ့အတူ ရိပေါ် locker ကိုလက်သီးနဲ့ထိုးလိုက်တယ်
ဘာကို အလိုမကျသလဲ သူမသိဘူး

အနွေးထည်တစ်ထည်ကို ထပ်ဝတ် လွယ်အိတ်ကိုဆွဲပြီး ဆိုင်ကယ်ဆီကိုအပြေးသွားမိတယ်
အရှိန်အပြင်းဆုံးမောင်းလေ သူ့မျက်နှာကိုရိုက်ခတ်လာတဲ့လေတွေကလည်းပြင်းလေပဲ
ကြိုက်တယ်.. ဒီခံစားချက်ကို..စိတ်လွတ်ကိုယ်လွတ်သူအော်ဟစ်ပစ်လိုက်တယ်

.................................................
ရိပေါ်အိမ်ကိုလမ်းလျှောက်ပြန်လာတယ် ဆိုင်ကယ်တွန်းပြီးတော့..
သူ့ခြေလှမ်းတွေမမှန်တော့ဘူး မမူးပါဘူး သူရူးနေတာ

ဆိုင်ကယ်ကို ဂိုထောင်ထဲသွားထားလိုက်ပြီး ဂိုထောင်တံခါးကိုတစ်ချက်ဆောင့်ကန်လိုက်တယ်
"F**K"

သူ့ခြေထောက်တွေမခိုင်တော့ဘူး တကယ်.. အရမ်းပင်ပန်းနေတယ်
အိမ်တံခါးကိုသူလှည့်ဖွင့်မလို့လက်အလှမ်း..

"ရတယ်.. အန်တီ လိုက်မပို့နဲ့တော့.. ကျနော်ပြန်လိုက်တော့မယ်"

ဒီအသံ။

ရိပေါ်ခြေထောက်တွေ ခွေကျသွားတော့မလိုပဲ
တံခါးဘေးက နံရံမှာ ကျောကပ်လိုက်မိတယ်
ရှောင်ကျန့် အိမ်ထဲမှာရှိနေတယ်ဆိုတဲ့အသိက သူ့ဦးနှောက်တစ်ခုလုံးကို အလုပ်မလုပ်စေတော့ဘူး

"..မနက်က သူ့ကျဲ ဆီကိုအရေးတကြီးထထွက်သွားလို့ နောက်နေ့တော့ သားဆီကိုအန်တီလွှတ်လိုက်ဦးမယ်"

"ဟုတ်. ရပါတယ်. ကျနော်လည်းလာတွေ့ဦးမှာပါ. ဒါဆို ကျနော်ဒီနေ့တော့ပြန်လိုက်တော့မယ်"

တံခါးဂျက်သံအကြားမှာ..
ရိပေါ်တုန်နေတဲ့လက်တွေကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး မြေကြီးဆီကို ခေါင်းငိုက်စိုက်ချထားလိုက်တယ်

ခြေသံ တိုးတိုး
တစ်ချက် နှစ်ချက် သုံး..

တိုးတိတ်သွားတဲ့ခြေသံနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံး ဆိတ်ငြိမ်သွားတယ်
တစ်စက္ကန့် နှစ်စက္ကန့်

"ရိပေါ်?"

တိုးလျလျခေါ်သံတစ်ခုက ရိပေါ်ရဲ့နားစည်ကိုဖြတ်ပြီး နှလုံးသားကိုတိုက်ရိုက်ထိခတ်တယ်
ရင်တွေခုန်လာတာလား တုန်လာတာလား သေတော့မလိုပဲ
အိတ်ကပ်ထဲက လက်တွေကို တင်းတင်းဆုပ်လိုက်မိတယ်

"ရိပေါ် မဟုတ်လား"

မရဲတရဲမေးသံအဆုံးမှာ ရိပေါ်ရဲ့မျက်နှာ တဖြည်းဖြည်းမော့လာတယ်
ခပ်ဝိုင်းဝိုင်းမျက်လုံးတွေနဲ့ဆုံမိတယ်
ဒီမျက်ဝန်းတွေကို သူသိပ်ကို..

လေပြည်ညင်းတွေကတိုးလို့တိုက်ခတ်လာတယ်
သစ်ရွက်တွေအချင်းရိုက်ခတ်သံက တိုးညင်းလွန်းတယ်
အသိစိတ်အစဉ်ကကိုယ်နဲ့ဝေးရာကို ထွက်သွားတယ်

မျက်ဝန်းတစ်စုံ ထဲမှာ မျက်ဝန်းတစ်စုံရဲ့ အရိပ်ကို ရှာတွေ့နိုင်တယ်
လေဟာနယ်တစ်ခုမှာ လူသားနှစ်ဦးဟာ လွင့်မျောနေသလိုမျိုး။

"ဟက်"

ရိပေါ်ဘက်က မျက်နှာလွှဲပြီး မဲ့ပြုံးတစ်ခုနဲ့ စတင်လှုပ်ရှားလာတယ်
ပြီးတော့ ရှောင်ကျန့်ကိုလျစ်လျူရှုပြီး ဘေးကဖြတ်လျှောက်သွားတယ်

ဘီယာနံ့ ချွေးနံ့ နဲ့ရောနေတဲ့ ........ရိပေါ်ရဲ့ကိုယ်သင်းနံ့
သူမှတ်မိနေသေးတယ်.. ဒါပေမယ့် သူ့မျက်ကွယ်ရာမှာ ရိပေါ်က တော်တော်အရွယ်ရောက်နေခဲ့ပြီ

အိမ်တံခါးကို ရိပေါ်လှည့်ဖွင့်လိုက်တယ်
"ရိပေါ်"

ရိပေါ်ရဲ့လက်က ရပ်တန့်သွားတယ်
လေပြည်ညင်းက သူတို့နှစ်ဦးကြားဝေ့ဝဲတိုက်ခတ်သွားတယ်

"ကြောင်လိုက်တာ"

တံခါးကိုဆောင့်ပိတ်ပြီး အိမ်ထဲကိုရိပေါ်ဝင်သွားတယ်
ရိပေါ်ရဲ့ အသံက ငယ်ငယ်ကလို သေးသေးလေးမဟုတ်တော့ဘူး
ရိပေါ်တကယ်အရွယ်ရောက်နေပြီ ရိပေါ် တဖြည်းဖြည်းကြီးပြင်းလာတာကိုသူမမြင်ခဲ့ရတာကလွဲလို့..
သူတကယ်အရွယ်ရောက်နေပြီ .. လူကြီးလေးဖြစ်နေပြီ.. လူကြီးလေးရိပေါ်

ရှောင်ကျန့် ပြုံးလိုက်မိတယ် .. အရူးလိုပဲ။

အဲ့ဒီညက သူတို့ရဲ့ ရင်ခုန်သံတွေက တိုးတိတ်လွန်းခဲ့တယ်
.................................................................

A/N

စာရေးသူဟာ အသည်းတုံး တို့ရဲ့ Comment ကိုတော့ အမြဲမျှော်နေလေရဲ့💖

Seguir leyendo

También te gustarán

317K 26.9K 25
၀မ်ရိပေါ် ငါမေးပါရစေ...ငါကမင်းအတွက်ဘာလဲ ... ၀မ္ရိေပၚ ငါေမးပါရေစ...ငါကမင္းအတြက္ဘာလဲ ... Start Date -20.6.2021 End Date - 12.7.2021 #YiZhan
131K 7.7K 54
ရင္​း....ကိုယ္​မင္​းကိုအရမ္​းခ်စ္​တယ္​... လန္​ဝမ္​့က်ီး လန္​က်န္​႔က ငါ့ကို ခ်စ္​တယ္​တဲ့... ငါက သူ႔ညီျဖစ္​ရက္​နဲ႔​ေလ... ​ေဝ့ဝူ႐ွန္​႔ ရင်း....ကိုယ်မင်း...
162K 25.3K 19
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
64.4K 16.7K 58
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥