ADORE [Completed]

By i_lia_u

652K 65K 1.9K

ချစ်သည်ထက်ပိုလို့မြတ်နိုးသည် More

အပိုင္း ၁
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁ဝ
အပိုင္း ၁၁
အပိုင္း ၁၂
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
အပိုင္း ၁၆
အပိုင္း ၁၇
အပိုင္း ၁၈
အပိုင္း ၁၉
အပိုင္း ၂၀
အပိုင္း ၂၁
အပိုင္း ၂၂
အပိုင္း ၂၃
အပိုင္း ၂၄
အပိုင္း ၂၅
အပိုင္း ၂၆
အပိုင္း ၂၇
_ The End _
Extra - 1
Adorable Book Announcement
Adore စာအုပ် Give Away
GA winner

အပိုင္း ၂

35.7K 2.6K 41
By i_lia_u


[Zawgyi]
"ရိေပၚ.. ဒီက ေကာေကာက ရိေပၚေလးကိုစာသင္ေပးေနတာဟုတ္ေပမယ့္ ဆရာေရွာင္ လို႔ေခၚစရာမလိုဘူး"

ဆယ့္ႏွစ္ႏွစ္အရြယ္ ရိေပၚေလးက ေခါင္းေလးေစာင္းၿပီး ေရွာင္က်န္႔ကိုေမာ့ၾကည့္ေနတယ္
ပါးစပ္ထဲမွာလဲ တုတ္ထိုးခ်ိဳခ်ဥ္ေလးငံုထားေတာ့ ပါးေလးတစ္ဖက္ကေဖာင္းေနေရာ..

ခ်စ္ဖို႔ေကာင္းခ်က္ကေတာ့ကြာ..
ေရွာင္က်န္႔ အသည္းယားေပမယ့္ ရ္ိေပၚရဲ႕ ပါးကို ဆြဲမညႇစ္ရက္ဘူး
နာသြားမွာစိုးလို႔ ကေလးရဲ႕အသားက ႏူးႏူးညံ့ညံ့ေလးရယ္

အသည္းတယားယားနဲ႔ ကိုယ့္နႈတ္ခမ္းကိုယ္ပဲဖိကိုက္ရင္း ရိေပၚေလးေရွ႕ဒူးေထာက္လိုက္တယ္
ပခံုးသားအိအိေလးေတြကို ဆုပ္က္ိုင္လ္ိုက္ၿပီး

"ေကာေကာ..လို႔ေခၚၾကည့္ၾကည့္"

ရိေပၚက ေခါင္းခါတယ္
တကယ့္..အေၾကာတင္းေလး
ဒါ ဘယ္ႏွႀကိမ္ေျမာက္ျငင္းတာမွန္းကို မေရတြက္ႏိုင္ေတာ့ဘူး

"ဘာလို႔လဲ ဘာလို႔မေခၚတာလဲကြ"

သိၿပီးသားအေျဖကိုပဲျပန္ေမးမိတယ္
ရိေပၚေလးက တုတ္ထိုးခ်ိဳခ်ဥ္ေလးက္ို ပါးစပ္ထဲကဆြဲထုတ္လိုက္ၿပီး

"ေမေမကမွာထားတယ္.. စာသင္ေပးရင္ ဆရာလို႔ေခၚရမယ္တဲ့.. အဲ့လိုမေခၚရင္႐ိုင္းတယ္တဲ့"

ရိေပၚကလည္းေျဖဖူးၿပီးသားအေျဖကိုပဲ သခ်ာျပန္ေျဖေပးေနေတာ့
ေရွာင္က်န္႔တစ္ေယာက္ အၾကပ္႐ိုက္သြားတယ္

"ဆရာ မလုပ္ခ်င္ဘူး ရိေပၚေလးရဲ႕ ကိုကိုပဲလုပ္ခ်င္တာဆိုရင္ေရာ?"

ေခါင္းခါတာ ခါတာ .. ဆယ္ေခါက္ထက္မနည္းဘူး
ကဲ.. ေရွာင္က်န္႔လက္ေလ်ာ့ၿပီ.. ရွိေစေတာ့ေပါ့

"ကဲ..လာ ဒါဆိုလည္း.. ေကာေကာ လက္ကိုကိုင္"

အင္း.. ဆိုတဲ့အသံေလးနဲ႔အတူ လက္အိအိေဖာင္းေဖာင္းေလးေတြက ေရွာင္က်န္႔လက္ထဲေရာက္လာတယ္..

ရိေပၚေလးက ေရွာင္က်န္႔ကို "ဆရာေရွာင္" လို႔ပဲအၿမဲေခၚတတ္တယ္
ဒါေပမယ့္ ေရွာင္က်န္႔ကေတာ့ သူ႔ကိုယ္သူ "ေကာေကာ" လို႔ပဲသံုးနႈန္းတတ္တယ္..
ရိေပၚကလည္း "ေကာေကာ" လို႔ေခၚဖို႔သေဘာမတူဘူး...
ဟုတ္ေတာ့ဟုတ္ေနတာပဲ.

သူတို႔ႏွစ္ဦးက အခုလိုပဲ အားလပ္ရက္ေတြဆို တစ္ရက္ေလာက္ေတာ့ အတူတူေလွ်ာက္သြားျဖစ္ၾကတယ္..
မ်ားေသာအားျဖင့္ကေတာ့ ရိေပၚေလး ႀကိဳက္တဲ့  ၾကက္ဥေခါက္ဆြဲဆိုင္ကိုပဲ

" ဆရာေရွာင္.. ဆရာေရွာင္က ဘာလို႔ၾကက္ဥမက်က္တာႀကီးကိုစားတာလဲ.. ေမေမကေျပာဖူးတယ္ အဲ့တာမေကာင္းဘူးတဲ့ ဘတ္တီးရီးယားေလးေတြဗိုက္ထဲေရာက္ကုန္မွာတဲ့"

ေရွာင္က်န္႔သေဘာတက်ရယ္လိုက္မိတယ္
အမယ္.. ဒင္းေလးကအလာသား..

"ေကာေကာ က ေတာင့္တယ္ေလ.. ဒီေလာက္ေလးေတြကိုမျဖံဳဘူး"

"ေအာ္"

ဘယ္နားကေတာင့္တာလဲေတာ့ ရိေပၚမသိပါဘူး..
အဲ့ေလာက္ပိန္ေညႇာင္ေနတာကို ။
ဆရာေရွာင္ကေတာ့ ျပံဳးျပံဳးပဲ။

"ရိေပၚေလး"

"ဟမ္"

"ေနာက္တခါဆို .. အစားစားရင္ စကားမမ်ားရဘူးေနာ္"

"ဟုတ္"

ခ်စ္ဖိုု႔ေကာင္းတယ္မဟုတ္လား.
ေကာေကာရဲ႕ ကေလးေလးက။

....................................................................

"ရိေပၚ"

ေရွာင္က်န္႔လွမ္းေအာ္လိုက္ေတာ့..
သူငယ္ခ်င္းေတြနဲ႔ ပြဲက်ေနတဲ့ ရိေပၚေလးက ၿငိမ္က်သြားၿပီး ေနာက္ျပန္လွည့္ၾကည့္တယ္
ေရွာင္က်န္႔ကိုေတြ႕ေတာ့ ကုတ္ကုတ္ကုတ္ကုတ္နဲ႔ေျပးလာတာ

"ဆရာေရွာင္ ..ဘာျဖစ္လို႔လဲ.... ဒီညစာသင္ခ်ိန္နားမလို႔လားဟင္"

ရိေပၚေလးက ေရွာင္က်န္႔နဲ႔ဆို သူငယ္ခ်င္းေတြနဲ႔လို လူတတ္ကေလးမလုပ္ဘူး
အူေၾကာင္ေၾကာင္ကေလးေလးျဖစ္ျဖစ္သြားတတ္တယ္

အခုလည္း သြားေတြအကုန္ေပၚေအာင္ၿဖီးျပေနၿပီ

"ဝမ္းသာမေနနဲ႔ .. မဟုတ္ဘူး.. အခုက ရိေပၚေလးရဲ႕ မားက လာမႀကိဳႏိုင္ဘူးဆိုလို႔ ..ညေနအျပန္ ေကာေကာဝင္ေခၚမယ္လို႔ လာေျပာတာ .. ရိေပၚေလး လမ္းေလွ်ာက္ႏိုင္တယ္မလား"

"ဟုတ္"

ၾကည့္ဦး ႐ုပ္က ဆူပုတ္သြားလိုက္တာမ်ား..

.............

ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့ ရိေပၚေလးက ဆရာေရွာင္လာမႀကိဳေသးခင္ ေရခဲမုန္႔ ဝယ္ေနတယ္

"စေတာ္ဘယ္ရီ တူးခြက္"

ဆရာေရွာင္ က ေခ်ာကလက္ခါးခါးေတြဆို မစားဘူးမလို႔

.......................................................

"ဆရာေရွာင္က ဘာလို႔စက္ဘီး မစီးတတ္တာလဲ"

တြဲထားတဲ့ လက္ကို ေရွ႕ေနာက္ လႊဲေနရင္း ရိေပၚေလးကေမးတယ္
လက္ထဲမွာလည္း ေရခဲ့မုန္႔ခြက္ကိုယ္စီနဲ႔
ေရွာင္က်န္႔က ေရခဲမုန္႔ခြက္ေဝဖာ ကိုကိုက္ေနရင္း ရိေပၚေလးကို လွည့္ၾကည့္တယ္

" မစီးခ်င္လို႔ကြာ "

" ဘာလဲ..မစီးခ်င္တာ?..မတတ္ရင္မတတ္ဘူးေပါ့"

ေရာ္ဒီကေလး..

" သိလည္း ေမးမေနနဲ႔ေလ"

ဆရာေရွာင္ကအဲ့လိုပဲ ရွက္ရင္ ညာတယ္

.....................................................

"..ေရခ်ိဳးထား.. ေနာက္တစ္နာရီၾကာရင္ေတြ႕မယ္.. အဲ့က်မွ ေရခ်ိဳးေနတုန္းဆိုလို႔ကေတာ့ေနာ္.. ေရခ်ိဳးခန္းထဲထိဝင္ၿပီး .."

"တာ့တာ..တာ့တာ"

ျခံတံခါးကိုအတင္းတြန္းဖြင့္ရင္း ေျပးဝင္သြားတဲ့ ရိေပၚက တကယ့္္ကိုပဲ လံုးလံုးလံုးလံုးနဲ႔ လိမ့္သြားတာ..

ေရွာင္က်န္႔လည္း ေနာက္လွည့္ေျခဦးတည္လိုက္တယ္..
ရိေပၚေလးအိမ္ရဲ႕ မ်က္ေစာင္းထိုးအိမ္ကိုပါပဲ

ေရွာင္က်န္႔ နဲ႔ရိေပၚေလးက ငယ္ငယ္ကတည္းကသိကၽြမ္းခဲ့တာေတာ့မဟုတ္ဘူး..

ရိေပၚေလး က အေဖခ်စ္ အေမခ်စ္ေလး ဖူးဖူးမႈတ္ခံထားရတာ
လိမၼာတယ္ သြက္တယ္ စကားတတ္တယ္..
ေရွာင္က်န္႔နဲ႔ေတြ႕ရင္ အူေၾကာင္ေၾကာင္ေလးျဖစ္ျဖစ္သြားတာတစ္ခုပဲ
စကားေတာ့နားေထာင္တယ္..
"ေကာေကာ"လို႔ မေခၚတာကလြဲလို႔ေပါ့

ေရွာင္က်န္႔ကေတာ့ မိဘေတြနဲ႔ အတူတူမေနရဘူး
မိဘေတြက နယ္ၿမိဳ႕မွာေနၾကတယ္

ဦးေလးလူပ်ိဳႀကီးနဲ႔ေနရတာဆိုေတာ့ အေနၾကပ္အစားၾကပ္ပဲ
သိတယ္မလား..တရစပ္..ပါးစပ္ေမာ္တာတပ္ၿပီး လိုက္ေျပာေနေတာ့တာ

ေရွာင္က်န္႔ နဲ႔ ရိေပၚေလးစဆံုမိတာက ..
ေရွာင္က်န္႔ စာေတာ္လို႔ျဖစ္မယ္
ေရွာင္က်န္႔ဘယ္ေလာက္စာႀကိဳးစားလည္းဆိုတာတစ္ရပ္ကြက္လံုးသိတယ္

ရိေပၚေတာင္သိတယ္ .. မားကသိပ္ကိုအမြမ္းတင္ၿပီးေျပာေျပာေနလြန္းလို႔

ရိေပၚေလးက စာမလုပ္ခ်င္ဘူး
အိမ္ကိုစာလာသင္တဲ့ဆရာမေတြကိုဆို ဘုနဲ႔ေဘာက္ေျပာလႊတ္တာပဲ.. စကားကလည္းသ္ိပ္တတ္လြန္းတယ္

ေရွာင္က်န္႔ရဲ႕ ဦးေလးနဲ႔ ရိေပၚေလး ေဖေဖကသိေတာ့ ေရွာင္က်န္႔ကို ကူညီၿပီး ရိေပၚကိုေက်ာင္းစာကူၾကည့္ေပးဖို႔ေတာင္းဆိုခဲ့တာ..

ကေလးက ကေလးကို စာျပဖို႔ဆိုတာက အမွန္ေတာ့မလြယ္ဘူး
အဲ့ဒိအခ်ိန္တုန္းကဆို ေရွာင္က်န္႔က ဆယ့္ေျခာက္ႏွစ္ပဲရွိေသးတာ ရိေပၚေလးဆို ဆယ္ႏွစ္ေတာင္မျပည့္ေသးဘူး ကိုးႏွစ္စြန္းစြန္းေလးရွိေသးတာ..
ႏွစ္ေယာက္က ေျခာက္ႏွစ္နီးပါးအသက္ကြာၾကတယ္
ဘယ္လိုလဲ? အရမ္းကြာလြန္းလား?
ကြာေတာ့ဘာျဖစ္လဲ
ေရွာင္က်န္႔ကေတာ့ စိတ္ဝင္စားတယ္
စာျပေပးဖို႔ေလ
အသင္အျပဆို ဝါသနာပါတာမို႔ သူ႔အတြက္ကအိုေကပဲ

ရိေပၚေလးအတြက္ကေတာ့ ဒီအကိုႀကီးကို ျမင္ဖူးေနက်ပဲ
ရိေပၚက သူငယ္ခ်င္းေတြကိုအိမ္ေခၚေဆာ့ေလ့မရွိဘူး.
ေရွာင္က်န္႔ကေတာ့ လမ္းထဲက ရြယ္တူကေလးေတြနဲ႔ေရာ ေက်ာင္းကသူငယ္ခ်င္းေတြကိုေရာ ေခၚၿပီး လမ္းထဲမွာပြဲက်ေလ့ရွိတယ္

အဲ့ဒိအခ်ိန္ဆို ဝမ္ရိေပၚက သူတို႔က္ိုေငးေနရေတာ့တာ
လူပ်ိဳေပါက္ေတြနဲ႔လည္း သြားေရာၿပီးမေဆာ့ခ်င္ပါဘူး.
ရိေပၚေလးက ကေလးပဲရွိေသးတာေလ

..........................................................
လူႀကီးနဲ႔ စေတြ႕တုန္းကဆိုရင္..

" ရိေပၚေလး.. ေကာေကာက စာသင္ေပးမွာ..ေကာေကာကို သိတယ္မဟုတ္လား.. ေကာေကာနာမည္ကေရွာင္က်န္႔"

သူ႔ကိုယ္သူ တစ္ေကာတည္းေကာေနတဲ့ လူႀကီးက ရိေပၚကို ျပံဳးၿပီးနႈတ္ဆက္ေနတယ္
မားက ေဘးမွာရပ္ၾကည့္ေနေပမယ့္ ရိေပၚတစ္ခြန္းမွျပန္ေျပာဖို႔ စိတ္ကူးမရွိဘူး

"သားေလး .. ျပန္နႈတ္ဆက္ေလ"

ရိေပၚက အဲ့ဒိ လူႀကီးကို ဆူပုတ္ပုတ္နဲ႔ၾကည့္ေနလ္ိုက္တာပဲ
အၿမဲေငးၾကည့္ျဖစ္တဲ့ လူႀကီးအဖြဲ႕ထဲက
ဒီ အရပ္ရွည္ရွည္ လူႀကီးက ဘြားခနဲ ကိုယ့္ေရွ႕ေရာက္လာေတာ့ ရိေပၚ သိပ္အဆင္မေျပေသးဘူး

လူႀကီးကေတာ့ ျပံဳးေနေတာ့တာပဲ.. ႐ူးေနလားမသိပါဘူး

................................................

A.N

[ အပိုင္း ၂ နဲ႔ ၃ က အတိတ္ကအေၾကာင္းေတြ ျပန္ေျပာျပမွာျဖစ္ပါတယ္
ဖတ္ရတာေကာင္းမေကာင္းေတာ့ တကယ္သိခ်င္တာပါ..
ျဖစ္ႏိုင္ရင္ေျပာျပသြားေပးေနာ္
...အရင္ကေရးတဲ့ fiction ေတြကိုေတာ့ Unpublic လိုက္ၿပီ
အသစ္တစ္ဖန္ျပန္လည္ေမြးဖြားခ်င္လို႔..
ဆိုေတာ့ အခုကစၿပီးေကာင္းေကာင္းေရးသားပါ့မယ္ 😋]
ႀကိဳက္ရင္ Star ေလးေပးလို႔ရ

////////////////////////////////////
[Unicode]

"ရိပေါ်.. ဒီက ကောကောက ရိပေါ်လေးကိုစာသင်ပေးနေတာဟုတ်ပေမယ့် ဆရာရှောင် လို့ခေါ်စရာမလိုဘူး"

ဆယ့်နှစ်နှစ်အရွယ် ရိပေါ်လေးက ခေါင်းလေးစောင်းပြီး ရှောင်ကျန့်ကိုမော့ကြည့်နေတယ်
ပါးစပ်ထဲမှာလဲ တုတ်ထိုးချိုချဉ်လေးငုံထားတော့ ပါးလေးတစ်ဖက်ကဖောင်းနေရော..

ချစ်ဖို့ကောင်းချက်ကတော့ကွာ..
ရှောင်ကျန့် အသည်းယားပေမယ့် ရိပေါ်ရဲ့ ပါးကို ဆွဲမညှစ်ရက်ဘူး
နာသွားမှာစိုးလို့ ကလေးရဲ့အသားက နူးနူးညံ့ညံ့လေးရယ်

အသည်းတယားယားနဲ့ ကိုယ့်နှုတ်ခမ်းကိုယ်ပဲဖိကိုက်ရင်း ရိပေါ်လေးရှေ့ဒူးထောက်လိုက်တယ်
ပခုံးသားအိအိလေးတွေကို ဆုပ်ကိုင်လိုက်ပြီး

"ကောကော..လို့ခေါ်ကြည့်ကြည့်"

ရိပေါ်က ခေါင်းခါတယ်
တကယ့်..အကြောတင်းလေး
ဒါ ဘယ်နှကြိမ်မြောက်ငြင်းတာမှန်းကို မရေတွက်နိုင်တော့ဘူး

"ဘာလို့လဲ ဘာလို့မခေါ်တာလဲကွ"

သိပြီးသားအဖြေကိုပဲပြန်မေးမိတယ်
ရိပေါ်လေးက တုတ်ထိုးချိုချဉ်လေးကို ပါးစပ်ထဲကဆွဲထုတ်လိုက်ပြီး

"မေမေကမှာထားတယ်.. စာသင်ပေးရင် ဆရာလို့ခေါ်ရမယ်တဲ့.. အဲ့လိုမခေါ်ရင်ရိုင်းတယ်တဲ့"

ရိပေါ်ကလည်းဖြေဖူးပြီးသားအဖြေကိုပဲ သချာပြန်ဖြေပေးနေတော့
ရှောင်ကျန့်တစ်ယောက် အကြပ်ရိုက်သွားတယ်

"ဆရာ မလုပ်ချင်ဘူး ရိပေါ်လေးရဲ့ ကိုကိုပဲလုပ်ချင်တာဆိုရင်ရော?"

ခေါင်းခါတာ ခါတာ .. ဆယ်ခေါက်ထက်မနည်းဘူး
ကဲ.. ရှောင်ကျန့်လက်လျော့ပြီ.. ရှိစေတော့ပေါ့

"ကဲ..လာ ဒါဆိုလည်း.. ကောကော လက်ကိုကိုင်"

အင်း.. ဆိုတဲ့အသံလေးနဲ့အတူ လက်အိအိဖောင်းဖောင်းလေးတွေက ရှောင်ကျန့်လက်ထဲရောက်လာတယ်..

ရိပေါ်လေးက ရှောင်ကျန့်ကို "ဆရာရှောင်" လို့ပဲအမြဲခေါ်တတ်တယ်
ဒါပေမယ့် ရှောင်ကျန့်ကတော့ သူ့ကိုယ်သူ "ကောကော" လို့ပဲသုံးနှုန်းတတ်တယ်..
ရိပေါ်ကလည်း "ကောကော" လို့ခေါ်ဖို့သဘောမတူဘူး...
ဟုတ်တော့ဟုတ်နေတာပဲ.

သူတို့နှစ်ဦးက အခုလိုပဲ အားလပ်ရက်တွေဆို တစ်ရက်လောက်တော့ အတူတူလျှောက်သွားဖြစ်ကြတယ်..
များသောအားဖြင့်ကတော့ ရိပေါ်လေး ကြိုက်တဲ့  ကြက်ဥခေါက်ဆွဲဆိုင်ကိုပဲ

" ဆရာရှောင်.. ဆရာရှောင်က ဘာလို့ကြက်ဥမကျက်တာကြီးကိုစားတာလဲ.. မေမေကပြောဖူးတယ် အဲ့တာမကောင်းဘူးတဲ့ ဘတ်တီးရီးယားလေးတွေဗိုက်ထဲရောက်ကုန်မှာတဲ့"

ရှောင်ကျန့်သဘောတကျရယ်လိုက်မိတယ်
အမယ်.. ဒင်းလေးကအလာသား..

"ကောကော က တောင့်တယ်လေ.. ဒီလောက်လေးတွေကိုမဖြုံဘူး"

"အော်"

ဘယ်နားကတောင့်တာလဲတော့ ရိပေါ်မသိပါဘူး..
အဲ့လောက်ပိန်ညှောင်နေတာကို ။
ဆရာရှောင်ကတော့ ပြုံးပြုံးပဲ။

"ရိပေါ်လေး"

"ဟမ်"

"နောက်တခါဆို .. အစားစားရင် စကားမများရဘူးနော်"

"ဟုတ်"

ချစ်ဖို့ကောင်းတယ်မဟုတ်လား.
ကောကောရဲ့ ကလေးလေးက။

....................................................................

"ရိပေါ်"

ရှောင်ကျန့်လှမ်းအော်လိုက်တော့..
သူငယ်ချင်းတွေနဲ့ ပွဲကျနေတဲ့ ရိပေါ်လေးက ငြိမ်ကျသွားပြီး နောက်ပြန်လှည့်ကြည့်တယ်
ရှောင်ကျန့်ကိုတွေ့တော့ ကုတ်ကုတ်ကုတ်ကုတ်နဲ့ပြေးလာတာ

"ဆရာရှောင် ..ဘာဖြစ်လို့လဲ.... ဒီညစာသင်ချိန်နားမလို့လားဟင်"

ရိပေါ်လေးက ရှောင်ကျန့်နဲ့ဆို သူငယ်ချင်းတွေနဲ့လို လူတတ်ကလေးမလုပ်ဘူး
အူကြောင်ကြောင်ကလေးလေးဖြစ်ဖြစ်သွားတတ်တယ်

အခုလည်း သွားတွေအကုန်ပေါ်အောင်ဖြီးပြနေပြီ

"ဝမ်းသာမနေနဲ့ .. မဟုတ်ဘူး.. အခုက ရိပေါ်လေးရဲ့ မားက လာမကြိုနိုင်ဘူးဆိုလို့ ..ညနေအပြန် ကောကောဝင်ခေါ်မယ်လို့ လာပြောတာ .. ရိပေါ်လေး လမ်းလျှောက်နိုင်တယ်မလား"

"ဟုတ်"

ကြည့်ဦး ရုပ်က ဆူပုတ်သွားလိုက်တာများ..

.............

ကျောင်းဆင်းချိန်ရောက်တော့ ရိပေါ်လေးက ဆရာရှောင်လာမကြိုသေးခင် ရေခဲမုန့် ဝယ်နေတယ်

"စတော်ဘယ်ရီ တူးခွက်"

ဆရာရှောင် က ချောကလက်ခါးခါးတွေဆို မစားဘူးမလို့

.......................................................

"ဆရာရှောင်က ဘာလို့စက်ဘီး မစီးတတ်တာလဲ"

တွဲထားတဲ့ လက်ကို ရှေ့နောက် လွှဲနေရင်း ရိပေါ်လေးကမေးတယ်
လက်ထဲမှာလည်း ရေခဲ့မုန့်ခွက်ကိုယ်စီနဲ့
ရှောင်ကျန့်က ရေခဲမုန့်ခွက်ဝေဖာ ကိုကိုက်နေရင်း ရိပေါ်လေးကို လှည့်ကြည့်တယ်

" မစီးချင်လို့ကွာ "

" ဘာလဲ..မစီးချင်တာ?..မတတ်ရင်မတတ်ဘူးပေါ့"

ရော်ဒီကလေး..

" သိလည်း မေးမနေနဲ့လေ"

ဆရာရှောင်ကအဲ့လိုပဲ ရှက်ရင် ညာတယ်

.....................................................

"..ရေချိုးထား.. နောက်တစ်နာရီကြာရင်တွေ့မယ်.. အဲ့ကျမှ ရေချိုးနေတုန်းဆိုလို့ကတော့နော်.. ရေချိုးခန်းထဲထိဝင်ပြီး .."

"တာ့တာ..တာ့တာ"

ခြံတံခါးကိုအတင်းတွန်းဖွင့်ရင်း ပြေးဝင်သွားတဲ့ ရိပေါ်က တကယ့်ကိုပဲ လုံးလုံးလုံးလုံးနဲ့ လိမ့်သွားတာ..

ရှောင်ကျန့်လည်း နောက်လှည့်ခြေဦးတည်လိုက်တယ်..
ရိပေါ်လေးအိမ်ရဲ့ မျက်စောင်းထိုးအိမ်ကိုပါပဲ

ရှောင်ကျန့် နဲ့ရိပေါ်လေးက ငယ်ငယ်ကတည်းကသိကျွမ်းခဲ့တာတော့မဟုတ်ဘူး..

ရိပေါ်လေး က အဖေချစ် အမေချစ်လေး ဖူးဖူးမှုတ်ခံထားရတာ
လိမ္မာတယ် သွက်တယ် စကားတတ်တယ်..
ရှောင်ကျန့်နဲ့တွေ့ရင် အူကြောင်ကြောင်လေးဖြစ်ဖြစ်သွားတာတစ်ခုပဲ
စကားတော့နားထောင်တယ်..
"ကောကော"လို့ မခေါ်တာကလွဲလို့ပေါ့

ရှောင်ကျန့်ကတော့ မိဘတွေနဲ့ အတူတူမနေရဘူး
မိဘတွေက နယ်မြို့မှာနေကြတယ်

ဦးလေးလူပျိုကြီးနဲ့နေရတာဆိုတော့ အနေကြပ်အစားကြပ်ပဲ
သိတယ်မလား..တရစပ်..ပါးစပ်မော်တာတပ်ပြီး လိုက်ပြောနေတော့တာ

ရှောင်ကျန့် နဲ့ ရိပေါ်လေးစဆုံမိတာက ..
ရှောင်ကျန့် စာတော်လို့ဖြစ်မယ်
ရှောင်ကျန့်ဘယ်လောက်စာကြိုးစားလည်းဆိုတာတစ်ရပ်ကွက်လုံးသိတယ်

ရိပေါ်တောင်သိတယ် .. မားကသိပ်ကိုအမွမ်းတင်ပြီးပြောပြောနေလွန်းလို့

ရိပေါ်လေးက စာမလုပ်ချင်ဘူး
အိမ်ကိုစာလာသင်တဲ့ဆရာမတွေကိုဆို ဘုနဲ့ဘောက်ပြောလွှတ်တာပဲ.. စကားကလည်းသိပ်တတ်လွန်းတယ်

ရှောင်ကျန့်ရဲ့ ဦးလေးနဲ့ ရိပေါ်လေး ဖေဖေကသိတော့ ရှောင်ကျန့်ကို ကူညီပြီး ရိပေါ်ကိုကျောင်းစာကူကြည့်ပေးဖို့တောင်းဆိုခဲ့တာ..

ကလေးက ကလေးကို စာပြဖို့ဆိုတာက အမှန်တော့မလွယ်ဘူး
အဲ့ဒိအချိန်တုန်းကဆို ရှောင်ကျန့်က ဆယ့်ခြောက်နှစ်ပဲရှိသေးတာ ရိပေါ်လေးဆို ဆယ်နှစ်တောင်မပြည့်သေးဘူး ကိုးနှစ်စွန်းစွန်းလေးရှိသေးတာ..
နှစ်ယောက်က ခြောက်နှစ်နီးပါးအသက်ကွာကြတယ်
ဘယ်လိုလဲ? အရမ်းကွာလွန်းလား?
ကွာတော့ဘာဖြစ်လဲ
ရှောင်ကျန့်ကတော့ စိတ်ဝင်စားတယ်
စာပြပေးဖို့လေ
အသင်အပြဆို ဝါသနာပါတာမို့ သူ့အတွက်ကအိုကေပဲ

ရိပေါ်လေးအတွက်ကတော့ ဒီအကိုကြီးကို မြင်ဖူးနေကျပဲ
ရိပေါ်က သူငယ်ချင်းတွေကိုအိမ်ခေါ်ဆော့လေ့မရှိဘူး.
ရှောင်ကျန့်ကတော့ လမ်းထဲက ရွယ်တူကလေးတွေနဲ့ရော ကျောင်းကသူငယ်ချင်းတွေကိုရော ခေါ်ပြီး လမ်းထဲမှာပွဲကျလေ့ရှိတယ်

အဲ့ဒိအချိန်ဆို ဝမ်ရိပေါ်က သူတို့ကိုငေးနေရတော့တာ
လူပျိုပေါက်တွေနဲ့လည်း သွားရောပြီးမဆော့ချင်ပါဘူး.
ရိပေါ်လေးက ကလေးပဲရှိသေးတာလေ

..........................................................
လူကြီးနဲ့ စတွေ့တုန်းကဆိုရင်..

" ရိပေါ်လေး.. ကောကောက စာသင်ပေးမှာ..ကောကောကို သိတယ်မဟုတ်လား.. ကောကောနာမည်ကရှောင်ကျန့်"

သူ့ကိုယ်သူ တစ်ကောတည်းကောနေတဲ့ လူကြီးက ရိပေါ်ကို ပြုံးပြီးနှုတ်ဆက်နေတယ်
မားက ဘေးမှာရပ်ကြည့်နေပေမယ့် ရိပေါ်တစ်ခွန်းမှပြန်ပြောဖို့ စိတ်ကူးမရှိဘူး

"သားလေး .. ပြန်နှုတ်ဆက်လေ"

ရိပေါ်က အဲ့ဒိ လူကြီးကို ဆူပုတ်ပုတ်နဲ့ကြည့်နေလိုက်တာပဲ
အမြဲငေးကြည့်ဖြစ်တဲ့ လူကြီးအဖွဲ့ထဲက
ဒီ အရပ်ရှည်ရှည် လူကြီးက ဘွားခနဲ ကိုယ့်ရှေ့ရောက်လာတော့ ရိပေါ် သိပ်အဆင်မပြေသေးဘူး

လူကြီးကတော့ ပြုံးနေတော့တာပဲ.. ရူးနေလားမသိပါဘူး

................................................

A.N

[ အပိုင်း ၂ နဲ့ ၃ က အတိတ်ကအကြောင်းတွေ ပြန်ပြောပြမှာဖြစ်ပါတယ်
ဖတ်ရတာကောင်းမကောင်းတော့ တကယ်သိချင်တာပါ..
ဖြစ်နိုင်ရင်ပြောပြသွားပေးနော်
...အရင်ကရေးတဲ့ fiction တွေကိုတော့ Unpublic လိုက်ပြီ
အသစ်တစ်ဖန်ပြန်လည်မွေးဖွားချင်လို့..
ဆိုတော့ အခုကစပြီးကောင်းကောင်းရေးသားပါ့မယ် 😋]
ကြိုက်ရင် Star လေးပေးလို့ရ

Continue Reading

You'll Also Like

2.5M 248K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
31.4K 3K 19
မျိုးဆက် မရှိလေအောင် သမီးသာ မွေးပါစေ .. သား, ‌မွေးခဲ့သော် လူပုံအလယ် အရှက်ကွဲလေအောင် ကိုယ်နှင့်မျိုးတူ ယောက်‌ျားသား၏ ရင်သွေးကို မွေးဖွားရပါစေ ဤစကားသ...
1.1M 77.5K 28
မင်း ငါ့လက်ကို တွဲပြီး ကောင်းတဲ့လမ်းကို ပြန်မလျှောက်နိုင်တော့ဘူးဆိုရင် ငါ မင်းလက်ကို ဆွဲပြီး အမှောင်လမ်းထဲ တူတူ လိုက်လျှောက်ပေးမယ်။ မင္း ငါ့လက္ကို တြ...
544K 32K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...