[Zawgyi]
အၿမဲတမ္း က်ေနာ့္ေရွ႕မွာ မားမားမတ္မတ္
ရပ္တည္ၿပီး ကာကြယ္အားေပးတတ္တဲ့
Innie က က်ေနာ္ေၾကာင့္နဲ႔ဆို
အၿမဲ မ်က္ရည္လြယ္တတ္တယ္......
မငိုပါနဲ႔လို႔ မ်က္ရည္ေတြသုတ္ေပးရင္း
အၿမဲ ေခ်ာ့တတ္တဲ့လူကို တကယ္တမ္း
သူ ငိုေနခ်ိန္မွာ က်ေနာ္ဘာမွ မလုပ္ေပးႏိုင္ခဲ့.....
တရံွဳ႕ရံွဳ႕ငိုေနတာလည္း မဟုတ္ပဲ
မ်က္ရည္ေတြခ်ည္း စီးက်ေနတဲ့သူ႔ကို
ၾကည့္ၿပီး ေဘးနားကထိုင္ေနတဲ့
က်ေနာ္လည္း ဘာလုပ္ေပးရမွန္း မသိေတာ့......
"Boo!!"
ေမာ့ၾကည့္လာတဲ့ သူ႔မ်က္ဝန္းေတြဟာ
နာက်င္မႈအျပည့္နဲ႔ နီရဲေနေလေတာ့
က်ေနာ္ပါ ရင္ထဲ ဆို႔နင့္ရတယ္......
"ခဏေလး အခ်ိန္ယူလိုက္ၾကတာပါ
boo ရယ္.....baby တို႔ ေဝးသြားၾကတာမွ
မဟုတ္ပဲ Baby ရဲ႕ ဆံုးျဖတ္ခ်က္ေတြကို
Boo က လိုက္နာေပးမွာဆို"
သူက စီးက်လာတဲ့ မ်က္ရည္ေတြကို လက္ခံုနဲ႔
ခပ္ၾကမ္းၾကမ္းပြတ္သုတ္ပစ္လိုက္ရင္း
"မင္း မသိဘူး baby.....
ကိုယ္တို႔ခြဲေနရမယ့္ အခ်ိန္အတြင္းမွာ
ဘာေတြျဖစ္လာမလဲဆိုတာ မင္းလည္း
မသိဘူး ကိုယ္လည္း မသိဘူး......
ကိုယ္ ဘာကို ယုံၿပီး ေစာင့္ေနရမွာလဲ"
က်ေနာ့္ကိုဆို ျငဴစူျခင္းအလွ်င္းမရွိခဲ့တဲ့လူက
ေလသံမာမာနဲ႔ ေျပာဆိုလာတဲ့အခါ
ရင္ေတြလည္း နာလို႔ က်ေနာ္လည္း
မ်က္ရည္ဝဲရပါတယ္......
"Baby ကို မယုံဘူးလား
ဟင္.....baby ကို ယုံေလ"
ေဘးနားက ထြက္သြားတာကလြဲလို႔
ႀကိဳက္တာလုပ္ပါလို႔ ေျပာထားတဲ့သူ႔ကို......
ေသမလိုနာက်င္မႈေတြ ေပးေနရဲ႕သားနဲ႔ေတာင္
က်ေနာ့္အနားမွာပဲ ကပ္တြယ္ေနရင္း
တစ္ခ်က္ေပ်ာက္မသြားခဲ့တဲ့ သူ႔ကို......
က်ေနာ္က အခု ထားပစ္ခဲ့ဖို႔ လုပ္ေနတဲ့အခါ.....
"Baby.....မင္းတစ္ေယာက္ေၾကာင့္နဲ႔ဆို
ကိုယ္ အတၱလည္း ႀကီးတယ္ေနာ္
ကိုယ့္ကို ခ်စ္ေနတယ္ဆိုတဲ့ လူရွိတာနဲ႔ပဲ
မင္း ကိုယ့္နားကေန ထြက္သြားလို႔မရဘူးေလ
Baby နဲ႔ ပက္သက္လာရင္ သူငယ္ခ်င္းေတြ
ဘာေတြ ကိုယ္နားမလည္ဘူးေနာ္......"
ဒီတခါ မ်က္ရည္က်ရသူက က်ေနာ္......
"Soo ေၾကာင့္ရယ္ မဟုတ္ပါဘူး boo ရယ္
Baby ကိုယ္တိုင္ကိုက အခ်ိန္လိုေနလို႔ပါဆို
ဟိုမွာ ဘြဲ႕တစ္ခု သြားယူခ်င္တယ္လို႔
Baby ကိုယ္တိုင္က ေတာင္းဆိုေနတယ္ေလ.....
အရင္က Xiao Luhan ေျပာသမွ် အကုန္
နားလည္ေပးတတ္တဲ့ Kim Jongin
ဘယ္ေရာက္သြားၿပီလဲ!!!!! "
ငို႐ွိဳက္ရင္း က်ေနာ္ ဗလံုးဗေထြး
ေအာ္ေျပာမိေတာ့ သူ က်ေနာ့္ကို
ရင္ခြင္ထဲ ဆြဲဖက္ေလရဲ႕.....
"မဟုတ္ဘူး baby ရယ္....
ခု baby ေတာင္းဆိုေနတာက
ကိုယ့္အနားက ထြက္သြားဖို႔က္ိုေလ"
က်ေနာ့္ဆံပင္ေတြကို ပြတ္သပ္ေနရင္း
သူလည္း ငိုေနဆဲပဲဆိုတဲ့ အသိက
သူ႔အခ်စ္ေတြ ဘယ္ေလာက္ထိ
စစ္မွန္ေလးနက္ေၾကာင္း ခံစားေစရသလို
ရွက္ရြံ႕ျခင္းေတြနဲ႔အတူ သိမ္ငယ္ရတယ္......
အမွန္ဆို က်ေနာ္ ခုခ်ိန္ထိ လူႀကီးက္ို
လံုးလံုးလ်ားလ်ား ေမ့ႏိုင္ေသးတာမွ မဟုတ္ပဲ......
"5 ႏွစ္.....5 ႏွစ္ဆိုတဲ့ အခ်ိန္က
အရမ္းကို မၾကာလြန္းဘူးလား baby ရယ္
ကိုယ္ ဘယ္လို ေနခဲ့ရပါ့မလဲ"
"နားလည္ေပးပါ boo ရယ္......
ဒါ ေနာက္ဆံုးေသာအႀကိမ္ baby အေပၚ
နားလည္ေပးခိုင္းျခင္းပါ......ေနာ္"
က်ေနာ့္ဆံပင္ေတြထဲကို ဖိနမ္းေနရင္း
ငိုေနဆဲသူ႔ကို ႏွစ္သိမ့္ဖို႔ ရင္ခြင္ထဲက
ထြက္မယ္လုပ္ပင္မဲ့ တင္းက်ပ္ေနေအာင္
ဖက္ထားတဲ့သူ႔ကို ေၾကကြဲစို႔နင့္စြာနဲ႔ပဲ
သူ႔ေက်ာျပင္ေပၚ ခပ္ဖြဖြ ပုတ္ေပးေတာ့
သူက ပိုတိုးလို႔ ငိုေလရဲ႕.....
"ေစာင့္ေနပါလို႔ မေျပာရက္ေပမဲ့
Boo ေစာင့္ေနမွာကို ယုံၾကည္တာမို႔
မငိုပါနဲ႔ေတာ့......ေက်းဇူးျပဳၿပီး"
"အင္းပါ!!!!"
ကိုယ္တိုင္လည္း ပိုတိုးလို႔ဖက္ရင္း
မ်က္လံုးေတြကို မွိတ္ခ်လိုက္တဲ့အခါ
မ်က္ရည္ေတြ စီးက်ေလရဲ႕......
အားနာရျခင္းေတြ မရွိပဲ အျဖဴစင္ဆံုး
ခ်စ္ေပးႏိုင္ဖို႔ ငါးႏွစ္ဆိုတဲ့အခ်ိန္က
လံုေလာက္မွာပါ.....Innie
လံုေလာက္ေကာင္းပါရဲ႕......
ေမွာင္ရီရီ ညေနခင္းတစ္ခုမွာ ႐ုတ္တရက္ႀကီး
ထြက္သြားဖို႔အသိေပးလာတဲ့ က်ေနာ့္ကို
မယုံႏိုင္ျခင္းမ်ားစြာနဲ႔ ေမာ့ၾကည့္လာခဲ့တဲ့
သူ႔မ်က္ဝန္းေတြကို က်ေနာ္ေတာ့ျဖင့္
ဒီတသက္ ေမ့လို႔ရေတာ့မယ္မထင္......
ေမွာင္မဲတိတ္ဆိတ္ေနတဲ့ ညနက္တစ္ခုမွာ
စို႔နင့္ျခင္းေတြနဲ႔အတူ ေအာ္ဟစ္ငိုေႂကြးခဲ့တဲ့
သူ႔နာက်င္ျခင္းေတြဟာ က်ေနာ့္ကို
ရင္ကြဲေစတဲ့ အေၾကာင္းတရားေတြ......
တေန႔ေတာ့ ဒီဆံုးျဖတ္ခ်က္ႀကီးကို
ဘယ္ေလာက္ေတာင္ ႀကိဳးစားၿပီး
ခက္ခက္ခဲခဲ ခ်ခဲ့ရသလဲဆိုတာ
ျပန္ေျပာျပခ်င္ပါေသးတယ္.....Innie
ကိုယ္အဆင္ေျပဖို႔ပဲ ေတြးၿပီး
မင္းဘက္ကို လွည့္မၾကည့္ေပးခဲ့တဲ့ ငါ့ကို
အခ်စ္ေတြ မေလ်ာ့လိုက္ပါနဲ႔.....ေနာ္
ေလဆိပ္အျပင္ဘက္ရဲ႕ ပန္းျခံထဲမွာ
လူနည္းနည္းလည္း ရွင္းေနတာမို႔
က်ေနာ့္တို႔ႏွစ္ေယာက္ကို သိပ္ၿပီး
သတိထားမိၾကဟန္မတူ......
ေန႔လည္ခင္းေပမဲ့ ရာသီဥတုကလည္း
အနည္းငယ္မိႈင္းညိႇဳ႕ေနတာေၾကာင့္
လူျမင္ကြင္းထဲ လင္းထင္းမေနဘူးထင္ပါရဲ႕
ဖက္ထားရာကေန အသာခြာရင္း Innie ကို
ခံုတန္းေလးေပၚ ထိုင္ေစလိုက္ၿပီး
က်ေနာ္က သူ႔ေပါင္ေပၚ လွဲအိပ္ခ်ပလိုက္တယ္
မိုးအံု႔ေနတဲ့အေျခအေနမွာေတာင္ က်ေနာ္
ေနေျပာက္ထိုးမွာစိုးရိမ္လို႔ အက်င့္ပါၿပီး
႐ုတ္တရက္ ကာေပးဟန္ျပင္လာတဲ့
သူ႔လက္ေတြေၾကာင့္ က်ေနာ္ ခပ္ဖြဖြရီမိတဲ့အခါ.....
"မရီနဲ႔.....ေခြးေပါက္
Baby တကယ္ဆိုးတာ"
"Ahh.....baby ဘာလုပ္တာ??"
က်ေနာ္ လက္သည္းနဲ႔ လွမ္းဆိတ္လိုက္လို႔
ရဲသြားတဲ့ သူ႔ေအာက္နႈတ္ခမ္းေလးကို
နာလို႔ ထင္ပါရဲ႕ ခပ္ဖြဖြပြတ္ေနရင္း......
"Baby ကို မင္းဆိုၿပီး ေျပာလို႔ေလ......
အျပစ္ေပးရတာေပါ့
ဘယ္တုန္းက အဲ့လိုေျပာဖူးလို႔လဲ"
"ဟားးးးး တကယ့္အဆိုးကြာ"
သူ႔လက္ဖဝါးတစ္ဖက္ကို ဆြဲယူရင္း
က်ေနာ့္ပါးျပင္ေပၚ အပ္ထားမိတယ္.....
"က်န္းမာေရးကို ဂ႐ုစိုက္.....
Baby ကို လြမ္းလို႔ဆိုတိုင္း americano ေတြ
အမ်ားႀကီး လိုက္မေသာက္နဲ႔.....
သေဘာမေနာေတြ တအားေကာင္းမွန္းသိေပမဲ့
အရမ္းသဝန္တိုတတ္တာမို႔ လူတိုင္းအေပၚ
အမ်ားႀကီး မၾကင္နာျပနဲ႔......ၾကားလား
ညဘက္ေတြ ေစာေစာအိပ္.....
သူမ်ားေတြက္ိုလည္း
သီခ်င္းေတြ မဆိုျပရဘူးေနာ္.....
ေႂကြကုန္ၾကလိမ့္မယ္
ၿပီးေတာ့ baby ကိုလည္း လြမ္း"
"ကဲ ကုန္ၿပီလား"
ျပံဳးစစနဲ႔ ေမးလာတဲ့သူ႔က္ို
ေစြေစာင္းၾကည့္ေပးလိုက္ရင္း
"Xiao Luhan အပိုင္ဆိုတဲ့ ေနရာကို
သူမ်ားေတြ မထိႏိုင္ေအာင္ ထိန္းသိမ္း.....ဒါပဲ"
"ဟာ ဘယ္ေနရာကမ်ား Xiao Luhan အပိုင္လဲ"
"အမွန္ေျပာရရင္ မင္းတစ္ကိုယ္လံုး
ပိုင္တာေလ.....မဟုတ္လို႔လား
ဒါမဲ့ ဒီေနရာက baby သေဘာအက်ဆံုးပဲ"
လက္မေလးနဲ႔ နႈတ္ခမ္းသားေတြေပၚ တဖြဖြ
ပြတ္ဆြဲမိတဲ့အခါ သေဘာတက် သူျပံဳးေလရဲ႕......
"ကိုယ္ အသည္းယားလာရင္
နမ္းမိမယ္ေနာ္.....baby ေရ"
"မရပါဘူး.....အျပစ္ေပးထားတယ္"
က်ေနာ္က ပါးစပ္ကို လက္နဲ႔အုပ္လိုက္ရင္း
ဝူးဝူးဝါးဝါး ေအာ္ဟစ္စေနာက္ေနၾကတဲ့
ဒီအခ်ိန္ေလးက ေပ်ာ္စရာအတိဆိုေပမဲ့
က်ေနာ့္မွာက ေနာင္တေတြနဲ႔.....
ေနာက္ဆံုးနႈတ္ဆက္အနမ္း ေပးလိုက္ခ်င္ေပမဲ့
က်ေနာ့္မွာက အတၱဆန္တဲ့ အားနာျခင္းေတြနဲ႔.....
ေနာက္ဆံုးေသာ အနမ္းကို တပါးသူအေပၚ
အပ္ႏွင္းခဲ့မိတဲ့ ငါ့ကို နားလည္ေပးပါဦး.....Innie
မင္းကလည္း baby ရဲ႕ အတၱေတြ
မျမင္ရေတာ့ရင္ ကိုယ္ေသသြားမလား
မသိဘူးဆိုၿပီး ေတာင္းဆိုခဲ့သလို
ငါကလည္း မင္းရဲ႕ နားလည္ေပးႏိုင္ျခင္းေတြ
မရွိေတာ့ရင္ ႐ူးသြားမယ္ထင္ပါရဲ႕......
စဥ္းစားၾကည့္ရင္ ငါ မင္းကို
အရမ္းခ်စ္တာ.....Innie ရယ္
တကယ္......တကယ္ သိပ္ခ်စ္တယ္
ေစာင့္ေနေပးပါလို႔ မေတာင္းဆိုရက္ဘူး.....
ဒါေပမဲ့ မင္းရဲ႕ အခ်စ္ကို ေလးစားေသာအားျဖင့္
မင္း ေစာင့္ေနမယ္လို႔ ငါ ယုံတယ္.....
ငါ ျပန္လာမဲ့အခ်ိန္ထိ မင္းရွိေနေသးရင္
တဘဝလံုး လက္တြဲၾကရေအာင္.....Boo
ငါ ကတိေပးတယ္......အဲ့အခ်ိန္က်ရင္
မင္းတစ္ေယာက္ထဲကိုပဲ သစၥာရွိရွိ
ငါ ခ်စ္မွာပါ.....မင္းတစ္ေယာက္ကိုပဲ
အခုေတာ့ ငါ ေရွာင္ေျပးသြားပါရေစ......
နာက်င္မႈမကင္းတဲ့ ခ်စ္ျခင္းေတြအတြက္
ငါတို႔ အခ်ိန္ယူလိုက္ၾကတာက
အေကာင္းဆံုး ျဖစ္မွာပါ.....
မင္းလည္း ေပ်ာ္ႏိုင္ဖို႔.....
ငါလည္း ေပ်ာ္ႏိုင္ဖို႔.....
အင္း.....Soo လည္း ေပ်ာ္ႏိုင္ဖို႔ေပါ့
အကယ္၍.....အကယ္၍မ်ားေလ
ကံမဆံုေတာ့လို႔ တသက္လံုးစာ
ေဝးခဲ့ၾကရမယ္ဆိုရင္ေတာင္
ေနာက္ဘဝ.....ေနာက္ဘဝဆိုတာကို
မင္းအတြက္ပဲ ျဖစ္ေစရပါ့မယ္
ဒါ ငါေပးႏိုင္တဲ့ ေနာက္ဆံုးကတိပဲ.....
"သြားရေအာင္ Baby......
ေနာက္က်ေနလိမ့္မယ္ ထေတာ့"
မ်က္ႏွာခ်င္းဆိုင္ မတ္တပ္ရပ္အေနအထားမွာ
သူက က်ေနာ့္မ်က္ႏွာကို တစိမ့္စိမ့္ ၾကည့္ေနရင္း
နဖူးထက္က ဆံစေတြကို လက္နဲ႔သပ္ကာ
ေနာက္ဆံုးေသာအေနနဲ႔ နဖူးျပင္ေပၚ
အနမ္းဖြဖြ ေႁခြခ်ေလရဲ႕.....
"အရမ္းခ်စ္တာ ယုံတယ္မလား"
"အင္း.....baby ခ်စ္တာ ကိုယ္သိပါတယ္"
"ခ်စ္တယ္"
အသာေျခဖ်ားေထာက္လို႔ သူ႔ပါးျပင္ကို
တရွိက္မတ္မတ္ လွမ္းနမ္းမိတယ္......
ျဖဴစင္တဲ့အနမ္းတစ္ခုလို႔ ေျပာရင္
မင္း ယုံၾကည္လိုက္ပါကြာ......
ကံမကုန္ေသးဖို႔ ေမွ်ာ္လင့္ရင္း
မင္းနဲ႔ ျပန္ဆံုခ်င္ပါေသးတယ္.....Innie ေရ
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
ေလဆိပ္ထဲက မ်ားျပားလွတဲ့
လူေတြၾကားထဲမွာ ေျပးေနမိတာ
တေရာေသာပါး......
လူတခ်ိဳ႕ကို ဝင္တိုက္မိလို႔ မ်က္ေစာင္းတခ်ိဳ႕နဲ႔အတူ
ခပ္႐ိုင္း႐ိုင္း ဆဲေရးသံေတြ ၾကားလိုက္ရေပမဲ့
ဒါေတြ ဒီအခ်ိန္မွာ ဂ႐ုမစိုက္အား......
ကေလးကို ေတြ႕လိုက္ရမွ ျဖစ္မယ္......
ဒါမွမဟုတ္လည္း
တူတူလိုက္သြားရမွ ျဖစ္မယ္......
သူ ထြက္သြားေတာ့မယ့္အခ်ိန္ကို
ခက္ခက္ခဲခဲ စံုစမ္းၿပီး အေရာက္လာခဲ့တဲ့
က်ေနာ့္ကို ရင္ဝေဆာင့္ကန္လိုက္သလို
ဆီးႀကိဳေနတဲ့ ျမင္ကြင္းတစ္ခု......
တျခားေသာသူတစ္ေယာက္နဲ႔အတူ
လက္ခ်င္းယွက္သြယ္လို႔......
တျခားေသာသူပုခံုးေပၚ မွီႏြဲ႕ရင္း
ေလွ်ာက္လာေနသူက......
တခ်ိန္က ခ်စ္တယ္လို႔ တဖြဖြေျပာတတ္ခဲ့တဲ့
က်ေနာ့္ရဲ႕ ကေလးေလးပဲ......
မင္း ကိုယ္မရွိပဲလည္း
ေပ်ာ္ေနႏိုင္ၿပီလား......ကေလး
အင္း.....ေပ်ာ္ရမွာေပါ့
ေပ်ာ္ေနတာပဲ ေကာင္းပါတယ္
ကိုယ့္ကိုက် တစ္ေယာက္ထဲထြက္သြားမယ္လို႔
ေျပာသြားခဲ့ၿပီး......ေနာက္ဆံုးအခ်ိန္ထိ
ကိုယ့္ကို ဘာလို႔မ်ား လိမ္ညာရသလဲ ကေလးရယ္
မုန္းဖို႔ ေကာင္းလိုက္တာ......
ႏွစ္ေယာက္အတူတူ ထြက္သြားမွာပါလို႔
ေျပာလိုက္လည္း ဘာျဖစ္မွာမို႔လို႔လဲ.....
ကိုယ္ လက္ခံၿပီး ဝမ္းသာေပးမွာပဲကို
ကိုယ္ ရွိတဲ့အရပ္မွာေတာင္ ကေလးက
မေနခ်င္ေတာ့ဘူးလား......ဟုတ္လား
အဲ့ဒါေၾကာင့္ ဒီလိုမ်ိဳး ေရွာင္ထြက္သြားတာလား
ရၿပီ ကေလး.....ကိုယ္ နားလည္ၿပီ
ကိုယ္နားလည္သြားၿပီမို႔ ကေလးကို
ကိုယ္ ထာဝရ လက္လႊတ္လိုက္ပါေတာ့မယ္
နာက်င္မႈေတြပဲ ေပးၿပီး
တယုတယ မခ်စ္ေပးတတ္ခဲ့တဲ့
ကိုယ့္ကို ခြင့္လႊတ္ပါ.....
ဒါေပမဲ့ ကိုယ္သိပ္ခ်စ္တာပါကြာ
ကိုယ့္အခ်စ္ေတြကိုက် ျမင္ေအာင္
မၾကည့္ပဲ ကိုယ့္ကိုခ်ည္း အျပစ္တင္တတ္တဲ့
ကေလးလည္း ေပ်ာ္ရႊင္ႏိုင္ပါေစ......
အမွတ္တရေတြနဲ႔အတူ ကိုယ္
မင္းကို တသသ လြမ္းေနပါ့မယ္.....
တ္ိုက္ဆိုင္မႈေတြ ရွိလာတိုင္း မင္းကို
တမ္းတမိရင္း ကိုယ္ ေၾကကြဲပါ့မယ္......
သိပ္လြမ္းလာတဲ့အခါ မင္းနာမည္ကို
တဖြဖြရြတ္လို႔ ကိုယ္ ငိုေႂကြးပါ့မယ္......
က်န္းမာေရး ဂ႐ုစိုက္ပါ.....
ဪ.....ကိုယ္ ေမ့သြားတာ
မင္းကို ဂ႐ုစိုက္ေပးမယ့္လူ ရွိေနၿပီပဲကို
မင္းေပးတဲ့ ျပစ္ဒဏ္လို႔ပဲ
ကိုယ္ မွတ္ယူလိုက္ပါ့မယ္.....သိပ္ခ်စ္တယ္
ၿပီးေတာ့ ခ်စ္တာထက္ ပိုၿပီး မင္းကို
အသည္းအသက္လို ျမတ္ႏိုးရပါတယ္
Xiao Lu.....ကိုယ့္ ကေလးေလး
အခ်ိန္တိုက္ၿပီး ဝယ္ထားခဲ့တဲ့
ေလယာဥ္လက္မွတ္ေလးကို
လက္ထဲမွာ လံုးေခ်ပစ္လိုက္ရင္း
မ်က္ရည္ေတြနဲ႔ အတူ လွည့္မၾကည့္စတမ္း
ေက်ာခိုင္းသြားသူတစ္ေယာက္ရယ္.......
စိတ္မခ်ႏိုင္ျခင္းေတြနဲ႔အတူ
တယုတယ ျမတ္ႏိုးရသူကို
မခြဲခြာႏိုင္လြန္းလို႔ ဝမ္းနည္းစြာ
ငိုေႂကြးရင္း လက္ျပေနတဲ့
ေကာင္ေလးတစ္ေယာက္ရယ္......
တစ္ေယာက္ေသာသူမ်ား
လာနႈတ္ဆက္ေလမလားဆိုတဲ့
ေမွ်ာ္လင့္ခ်က္ေလးနဲ႔အတူ
လူေတြၾကားထဲ ေဝ့ဝဲလိုက္ရွာေနရင္း
မ်က္ရည္ေတြ ဝဲေနေသာ္လည္း
ျပန္နႈတ္ဆက္ေနခဲ့တဲ့ ေကာင္ေလးရယ္......
ဒီလိုနဲ႔ပဲ အခ်စ္ႀကီးလြန္းခဲ့တဲ့
အခ်စ္ဇာတ္လမ္းတစ္ပုဒ္ဟာ
မလွမပ ဇာတ္သိမ္းသြားခဲ့ရရွာတယ္......
အျပစ္တင္ၾကမယ္ဆို
မဆံုစည္းေစပဲနဲ႔ ေတြ႕ဆံုခြင့္ေပးခဲ့တဲ့
ရက္စက္တဲ့ ကံၾကမၼာရယ္.....
သိပ္ခ်စ္တတ္ခဲ့တဲ့ သူတို႔ႏွလံုးသားေတြက္ိုပဲ
အျပစ္ရယ္လို႔ ႐ိုးမယ္ဖြဲ႕ရေတာ့မွာေပါ့.......
အားလံုးက သိပ္ခ်စ္တတ္ခဲ့ၾကတာပဲမလား......
နာက်င္ခဲ့ၾကရေပမယ့္လည္းေပါ့
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
The END~~~~
[Unicode]
အမြဲတမ်း ကျနော့်ရှေ့မှာ မားမားမတ်မတ်
ရပ်တည်ပြီး ကာကွယ်အားပေးတတ်တဲ့
Innie က ကျနော်ကြောင့်နဲ့ဆို
အမြဲ မျက်ရည်လွယ်တတ်တယ်......
မငိုပါနဲ့လို့ မျက်ရည်တွေသုတ်ပေးရင်း
အမြဲ ချော့တတ်တဲ့လူကို တကယ်တမ်း
သူ ငိုနေချိန်မှာ ကျနော်ဘာမှ မလုပ်ပေးနိုင်ခဲ့.....
တရှုံ့ရှုံ့ငိုနေတာလည်း မဟုတ်ပဲ
မျက်ရည်တွေချည်း စီးကျနေတဲ့သူ့ကို
ကြည့်ပြီး ဘေးနားကထိုင်နေတဲ့
ကျနော်လည်း ဘာလုပ်ပေးရမှန်း မသိတော့......
"Boo!!"
မော့ကြည့်လာတဲ့ သူ့မျက်ဝန်းတွေဟာ
နာကျင်မှုအပြည့်နဲ့ နီရဲနေလေတော့
ကျနော်ပါ ရင်ထဲ ဆို့နင့်ရတယ်......
"ခဏလေး အချိန်ယူလိုက်ကြတာပါ
boo ရယ်.....baby တို့ ဝေးသွားကြတာမှ
မဟုတ်ပဲ Baby ရဲ့ ဆုံးဖြတ်ချက်တွေကို
Boo က လိုက်နာပေးမှာဆို"
သူက စီးကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့
ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်ရင်း
"မင်း မသိဘူး baby.....
ကိုယ်တို့ခွဲနေရမယ့် အချိန်အတွင်းမှာ
ဘာတွေဖြစ်လာမလဲဆိုတာ မင်းလည်း
မသိဘူး ကိုယ်လည်း မသိဘူး......
ကိုယ် ဘာကို ယုံပြီး စောင့်နေရမှာလဲ"
ကျနော့်ကိုဆို ငြူစူခြင်းအလျှင်းမရှိခဲ့တဲ့လူက
လေသံမာမာနဲ့ ပြောဆိုလာတဲ့အခါ
ရင်တွေလည်း နာလို့ ကျနော်လည်း
မျက်ရည်ဝဲရပါတယ်......
"Baby ကို မယုံဘူးလား
ဟင်.....baby ကို ယုံလေ"
ဘေးနားက ထွက်သွားတာကလွဲလို့
ကြိုက်တာလုပ်ပါလို့ ပြောထားတဲ့သူ့ကို......
သေမလိုနာကျင်မှုတွေ ပေးနေရဲ့သားနဲ့တောင်
ကျနော့်အနားမှာပဲ ကပ်တွယ်နေရင်း
တစ်ချက်ပျောက်မသွားခဲ့တဲ့ သူ့ကို......
ကျနော်က အခု ထားပစ်ခဲ့ဖို့ လုပ်နေတဲ့အခါ.....
"Baby.....မင်းတစ်ယောက်ကြောင့်နဲ့ဆို
ကိုယ် အတ္တလည်း ကြီးတယ်နော်
ကိုယ့်ကို ချစ်နေတယ်ဆိုတဲ့ လူရှိတာနဲ့ပဲ
မင်း ကိုယ့်နားကနေ ထွက်သွားလို့မရဘူးလေ
Baby နဲ့ ပက်သက်လာရင် သူငယ်ချင်းတွေ
ဘာတွေ ကိုယ်နားမလည်ဘူးနော်......"
ဒီတခါ မျက်ရည်ကျရသူက ကျနော်......
"Soo ကြောင့်ရယ် မဟုတ်ပါဘူး boo ရယ်
Baby ကိုယ်တိုင်ကိုက အချိန်လိုနေလို့ပါဆို
ဟိုမှာ ဘွဲ့တစ်ခု သွားယူချင်တယ်လို့
Baby ကိုယ်တိုင်က တောင်းဆိုနေတယ်လေ.....
အရင်က Xiao Luhan ပြောသမျှ အကုန်
နားလည်ပေးတတ်တဲ့ Kim Jongin
ဘယ်ရောက်သွားပြီလဲ!!!!! "
ငိုရှိုက်ရင်း ကျနော် ဗလုံးဗထွေး
အော်ပြောမိတော့ သူ ကျနော့်ကို
ရင်ခွင်ထဲ ဆွဲဖက်လေရဲ့.....
"မဟုတ်ဘူး baby ရယ်....
ခု baby တောင်းဆိုနေတာက
ကိုယ့်အနားက ထွက်သွားဖို့က်ိုလေ"
ကျနော့်ဆံပင်တွေကို ပွတ်သပ်နေရင်း
သူလည်း ငိုနေဆဲပဲဆိုတဲ့ အသိက
သူ့အချစ်တွေ ဘယ်လောက်ထိ
စစ်မှန်လေးနက်ကြောင်း ခံစားစေရသလို
ရှက်ရွံ့ခြင်းတွေနဲ့အတူ သိမ်ငယ်ရတယ်......
အမှန်ဆို ကျနော် ခုချိန်ထိ လူကြီးက်ို
လုံးလုံးလျားလျား မေ့နိုင်သေးတာမှ မဟုတ်ပဲ......
"5 နှစ်.....5 နှစ်ဆိုတဲ့ အချိန်က
အရမ်းကို မကြာလွန်းဘူးလား baby ရယ်
ကိုယ် ဘယ်လို နေခဲ့ရပါ့မလဲ"
"နားလည်ပေးပါ boo ရယ်......
ဒါ နောက်ဆုံးသောအကြိမ် baby အပေါ်
နားလည်ပေးခိုင်းခြင်းပါ......နော်"
ကျနော့်ဆံပင်တွေထဲကို ဖိနမ်းနေရင်း
ငိုနေဆဲသူ့ကို နှစ်သိမ့်ဖို့ ရင်ခွင်ထဲက
ထွက်မယ်လုပ်ပင်မဲ့ တင်းကျပ်နေအောင်
ဖက်ထားတဲ့သူ့ကို ကြေကွဲစို့နင့်စွာနဲ့ပဲ
သူ့ကျောပြင်ပေါ် ခပ်ဖွဖွ ပုတ်ပေးတော့
သူက ပိုတိုးလို့ ငိုလေရဲ့.....
"စောင့်နေပါလို့ မပြောရက်ပေမဲ့
Boo စောင့်နေမှာကို ယုံကြည်တာမို့
မငိုပါနဲ့တော့......ကျေးဇူးပြုပြီး"
"အင်းပါ!!!!"
ကိုယ်တိုင်လည်း ပိုတိုးလို့ဖက်ရင်း
မျက်လုံးတွေကို မှိတ်ချလိုက်တဲ့အခါ
မျက်ရည်တွေ စီးကျလေရဲ့......
အားနာရခြင်းတွေ မရှိပဲ အဖြူစင်ဆုံး
ချစ်ပေးနိုင်ဖို့ ငါးနှစ်ဆိုတဲ့အချိန်က
လုံလောက်မှာပါ.....Innie
လုံလောက်ကောင်းပါရဲ့......
မှောင်ရီရီ ညနေခင်းတစ်ခုမှာ ရုတ်တရက်ကြီး
ထွက်သွားဖို့အသိပေးလာတဲ့ ကျနော့်ကို
မယုံနိုင်ခြင်းများစွာနဲ့ မော့ကြည့်လာခဲ့တဲ့
သူ့မျက်ဝန်းတွေကို ကျနော်တော့ဖြင့်
ဒီတသက် မေ့လို့ရတော့မယ်မထင်......
မှောင်မဲတိတ်ဆိတ်နေတဲ့ ညနက်တစ်ခုမှာ
စို့နင့်ခြင်းတွေနဲ့အတူ အော်ဟစ်ငိုကြွေးခဲ့တဲ့
သူ့နာကျင်ခြင်းတွေဟာ ကျနော့်ကို
ရင်ကွဲစေတဲ့ အကြောင်းတရားတွေ......
တနေ့တော့ ဒီဆုံးဖြတ်ချက်ကြီးကို
ဘယ်လောက်တောင် ကြိုးစားပြီး
ခက်ခက်ခဲခဲ ချခဲ့ရသလဲဆိုတာ
ပြန်ပြောပြချင်ပါသေးတယ်.....Innie
ကိုယ်အဆင်ပြေဖို့ပဲ တွေးပြီး
မင်းဘက်ကို လှည့်မကြည့်ပေးခဲ့တဲ့ ငါ့ကို
အချစ်တွေ မလျော့လိုက်ပါနဲ့.....နော်
လေဆိပ်အပြင်ဘက်ရဲ့ ပန်းခြံထဲမှာ
လူနည်းနည်းလည်း ရှင်းနေတာမို့
ကျနော့်တို့နှစ်ယောက်ကို သိပ်ပြီး
သတိထားမိကြဟန်မတူ......
နေ့လည်ခင်းပေမဲ့ ရာသီဥတုကလည်း
အနည်းငယ်မှိုင်းညှို့နေတာကြောင့်
လူမြင်ကွင်းထဲ လင်းထင်းမနေဘူးထင်ပါရဲ့
ဖက်ထားရာကနေ အသာခွာရင်း Innie ကို
ခုံတန်းလေးပေါ် ထိုင်စေလိုက်ပြီး
ကျနော်က သူ့ပေါင်ပေါ် လှဲအိပ်ချပလိုက်တယ်
မိုးအုံ့နေတဲ့အခြေအနေမှာတောင် ကျနော်
နေပြောက်ထိုးမှာစိုးရိမ်လို့ အကျင့်ပါပြီး
ရုတ်တရက် ကာပေးဟန်ပြင်လာတဲ့
သူ့လက်တွေကြောင့် ကျနော် ခပ်ဖွဖွရီမိတဲ့အခါ.....
"မရီနဲ့.....ခွေးပေါက်
Baby တကယ်ဆိုးတာ"
"Ahh.....baby ဘာလုပ်တာ??"
ကျနော် လက်သည်းနဲ့ လှမ်းဆိတ်လိုက်လို့
ရဲသွားတဲ့ သူ့အောက်နှုတ်ခမ်းလေးကို
နာလို့ ထင်ပါရဲ့ ခပ်ဖွဖွပွတ်နေရင်း......
"Baby ကို မင်းဆိုပြီး ပြောလို့လေ......
အပြစ်ပေးရတာပေါ့
ဘယ်တုန်းက အဲ့လိုပြောဖူးလို့လဲ"
"ဟားးးးး တကယ့်အဆိုးကွာ"
သူ့လက်ဖဝါးတစ်ဖက်ကို ဆွဲယူရင်း
ကျနော့်ပါးပြင်ပေါ် အပ်ထားမိတယ်.....
"ကျန်းမာရေးကို ဂရုစိုက်.....
Baby ကို လွမ်းလို့ဆိုတိုင်း americano တွေ
အများကြီး လိုက်မသောက်နဲ့.....
သဘောမနောတွေ တအားကောင်းမှန်းသိပေမဲ့
အရမ်းသဝန်တိုတတ်တာမို့ လူတိုင်းအပေါ်
အများကြီး မကြင်နာပြနဲ့......ကြားလား
ညဘက်တွေ စောစောအိပ်.....
သူများတွေက်ိုလည်း
သီချင်းတွေ မဆိုပြရဘူးနော်.....
ကြွေကုန်ကြလိမ့်မယ်
ပြီးတော့ baby ကိုလည်း လွမ်း"
"ကဲ ကုန်ပြီလား"
ပြုံးစစနဲ့ မေးလာတဲ့သူ့က်ို
စွေစောင်းကြည့်ပေးလိုက်ရင်း
"Xiao Luhan အပိုင်ဆိုတဲ့ နေရာကို
သူများတွေ မထိနိုင်အောင် ထိန်းသိမ်း.....ဒါပဲ"
"ဟာ ဘယ်နေရာကများ Xiao Luhan အပိုင်လဲ"
"အမှန်ပြောရရင် မင်းတစ်ကိုယ်လုံး
ပိုင်တာလေ.....မဟုတ်လို့လား
ဒါမဲ့ ဒီနေရာက baby သဘောအကျဆုံးပဲ"
လက်မလေးနဲ့ နှုတ်ခမ်းသားတွေပေါ် တဖွဖွ
ပွတ်ဆွဲမိတဲ့အခါ သဘောတကျ သူပြုံးလေရဲ့......
"ကိုယ် အသည်းယားလာရင်
နမ်းမိမယ်နော်.....baby ရေ"
"မရပါဘူး.....အပြစ်ပေးထားတယ်"
ကျနော်က ပါးစပ်ကို လက်နဲ့အုပ်လိုက်ရင်း
ဝူးဝူးဝါးဝါး အော်ဟစ်စနောက်နေကြတဲ့
ဒီအချိန်လေးက ပျော်စရာအတိဆိုပေမဲ့
ကျနော့်မှာက နောင်တတွေနဲ့.....
နောက်ဆုံးနှုတ်ဆက်အနမ်း ပေးလိုက်ချင်ပေမဲ့
ကျနော့်မှာက အတ္တဆန်တဲ့ အားနာခြင်းတွေနဲ့.....
နောက်ဆုံးသော အနမ်းကို တပါးသူအပေါ်
အပ်နှင်းခဲ့မိတဲ့ ငါ့ကို နားလည်ပေးပါဦး.....Innie
မင်းကလည်း baby ရဲ့ အတ္တတွေ
မမြင်ရတော့ရင် ကိုယ်သေသွားမလား
မသိဘူးဆိုပြီး တောင်းဆိုခဲ့သလို
ငါကလည်း မင်းရဲ့ နားလည်ပေးနိုင်ခြင်းတွေ
မရှိတော့ရင် ရူးသွားမယ်ထင်ပါရဲ့......
စဉ်းစားကြည့်ရင် ငါ မင်းကို
အရမ်းချစ်တာ.....Innie ရယ်
တကယ်......တကယ် သိပ်ချစ်တယ်
စောင့်နေပေးပါလို့ မတောင်းဆိုရက်ဘူး.....
ဒါပေမဲ့ မင်းရဲ့ အချစ်ကို လေးစားသောအားဖြင့်
မင်း စောင့်နေမယ်လို့ ငါ ယုံတယ်.....
ငါ ပြန်လာမဲ့အချိန်ထိ မင်းရှိနေသေးရင်
တဘဝလုံး လက်တွဲကြရအောင်.....Boo
ငါ ကတိပေးတယ်......အဲ့အချိန်ကျရင်
မင်းတစ်ယောက်ထဲကိုပဲ သစ္စာရှိရှိ
ငါ ချစ်မှာပါ.....မင်းတစ်ယောက်ကိုပဲ
အခုတော့ ငါ ရှောင်ပြေးသွားပါရစေ......
နာကျင်မှုမကင်းတဲ့ ချစ်ခြင်းတွေအတွက်
ငါတို့ အချိန်ယူလိုက်ကြတာက
အကောင်းဆုံး ဖြစ်မှာပါ.....
မင်းလည်း ပျော်နိုင်ဖို့.....
ငါလည်း ပျော်နိုင်ဖို့.....
အင်း.....Soo လည်း ပျော်နိုင်ဖို့ပေါ့
အကယ်၍.....အကယ်၍များလေ
ကံမဆုံတော့လို့ တသက်လုံးစာ
ဝေးခဲ့ကြရမယ်ဆိုရင်တောင်
နောက်ဘဝ.....နောက်ဘဝဆိုတာကို
မင်းအတွက်ပဲ ဖြစ်စေရပါ့မယ်
ဒါ ငါပေးနိုင်တဲ့ နောက်ဆုံးကတိပဲ.....
"သွားရအောင် Baby......
နောက်ကျနေလိမ့်မယ် ထတော့"
မျက်နှာချင်းဆိုင် မတ်တပ်ရပ်အနေအထားမှာ
သူက ကျနော့်မျက်နှာကို တစိမ့်စိမ့် ကြည့်နေရင်း
နဖူးထက်က ဆံစတွေကို လက်နဲ့သပ်ကာ
နောက်ဆုံးသောအနေနဲ့ နဖူးပြင်ပေါ်
အနမ်းဖွဖွ ခြွေချလေရဲ့.....
"အရမ်းချစ်တာ ယုံတယ်မလား"
"အင်း.....baby ချစ်တာ ကိုယ်သိပါတယ်"
"ချစ်တယ်"
အသာခြေဖျားထောက်လို့ သူ့ပါးပြင်ကို
တရှိက်မတ်မတ် လှမ်းနမ်းမိတယ်......
ဖြူစင်တဲ့အနမ်းတစ်ခုလို့ ပြောရင်
မင်း ယုံကြည်လိုက်ပါကွာ......
ကံမကုန်သေးဖို့ မျှော်လင့်ရင်း
မင်းနဲ့ ပြန်ဆုံချင်ပါသေးတယ်.....Innie ရေ
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
လေဆိပ်ထဲက များပြားလှတဲ့
လူတွေကြားထဲမှာ ပြေးနေမိတာ
တရောသောပါး......
လူတချို့ကို ဝင်တိုက်မိလို့ မျက်စောင်းတချို့နဲ့အတူ
ခပ်ရိုင်းရိုင်း ဆဲရေးသံတွေ ကြားလိုက်ရပေမဲ့
ဒါတွေ ဒီအချိန်မှာ ဂရုမစိုက်အား......
ကလေးကို တွေ့လိုက်ရမှ ဖြစ်မယ်......
ဒါမှမဟုတ်လည်း
တူတူလိုက်သွားရမှ ဖြစ်မယ်......
သူ ထွက်သွားတော့မယ့်အချိန်ကို
ခက်ခက်ခဲခဲ စုံစမ်းပြီး အရောက်လာခဲ့တဲ့
ကျနော့်ကို ရင်ဝဆောင့်ကန်လိုက်သလို
ဆီးကြိုနေတဲ့ မြင်ကွင်းတစ်ခု......
တခြားသောသူတစ်ယောက်နဲ့အတူ
လက်ချင်းယှက်သွယ်လို့......
တခြားသောသူပုခုံးပေါ် မှီနွဲ့ရင်း
လျှောက်လာနေသူက......
တချိန်က ချစ်တယ်လို့ တဖွဖွပြောတတ်ခဲ့တဲ့
ကျနော့်ရဲ့ ကလေးလေးပဲ......
မင်း ကိုယ်မရှိပဲလည်း
ပျော်နေနိုင်ပြီလား......ကလေး
အင်း.....ပျော်ရမှာပေါ့
ပျော်နေတာပဲ ကောင်းပါတယ်
ကိုယ့်ကိုကျ တစ်ယောက်ထဲထွက်သွားမယ်လို့
ပြောသွားခဲ့ပြီး......နောက်ဆုံးအချိန်ထိ
ကိုယ့်ကို ဘာလို့များ လိမ်ညာရသလဲ ကလေးရယ်
မုန်းဖို့ ကောင်းလိုက်တာ......
နှစ်ယောက်အတူတူ ထွက်သွားမှာပါလို့
ပြောလိုက်လည်း ဘာဖြစ်မှာမို့လို့လဲ.....
ကိုယ် လက်ခံပြီး ဝမ်းသာပေးမှာပဲကို
ကိုယ် ရှိတဲ့အရပ်မှာတောင် ကလေးက
မနေချင်တော့ဘူးလား......ဟုတ်လား
အဲ့ဒါကြောင့် ဒီလိုမျိုး ရှောင်ထွက်သွားတာလား
ရပြီ ကလေး.....ကိုယ် နားလည်ပြီ
ကိုယ်နားလည်သွားပြီမို့ ကလေးကို
ကိုယ် ထာဝရ လက်လွှတ်လိုက်ပါတော့မယ်
နာကျင်မှုတွေပဲ ပေးပြီး
တယုတယ မချစ်ပေးတတ်ခဲ့တဲ့
ကိုယ့်ကို ခွင့်လွှတ်ပါ.....
ဒါပေမဲ့ ကိုယ်သိပ်ချစ်တာပါကွာ
ကိုယ့်အချစ်တွေကိုကျ မြင်အောင်
မကြည့်ပဲ ကိုယ့်ကိုချည်း အပြစ်တင်တတ်တဲ့
ကလေးလည်း ပျော်ရွှင်နိုင်ပါစေ......
အမှတ်တရတွေနဲ့အတူ ကိုယ်
မင်းကို တသသ လွမ်းနေပါ့မယ်.....
တ်ိုက်ဆိုင်မှုတွေ ရှိလာတိုင်း မင်းကို
တမ်းတမိရင်း ကိုယ် ကြေကွဲပါ့မယ်......
သိပ်လွမ်းလာတဲ့အခါ မင်းနာမည်ကို
တဖွဖွရွတ်လို့ ကိုယ် ငိုကြွေးပါ့မယ်......
ကျန်းမာရေး ဂရုစိုက်ပါ.....
ဪ.....ကိုယ် မေ့သွားတာ
မင်းကို ဂရုစိုက်ပေးမယ့်လူ ရှိနေပြီပဲကို
မင်းပေးတဲ့ ပြစ်ဒဏ်လို့ပဲ
ကိုယ် မှတ်ယူလိုက်ပါ့မယ်.....သိပ်ချစ်တယ်
ပြီးတော့ ချစ်တာထက် ပိုပြီး မင်းကို
အသည်းအသက်လို မြတ်နိုးရပါတယ်
Xiao Lu.....ကိုယ့် ကလေးလေး
အချိန်တိုက်ပြီး ဝယ်ထားခဲ့တဲ့
လေယာဉ်လက်မှတ်လေးကို
လက်ထဲမှာ လုံးချေပစ်လိုက်ရင်း
မျက်ရည်တွေနဲ့ အတူ လှည့်မကြည့်စတမ်း
ကျောခိုင်းသွားသူတစ်ယောက်ရယ်.......
စိတ်မချနိုင်ခြင်းတွေနဲ့အတူ
တယုတယ မြတ်နိုးရသူကို
မခွဲခွာနိုင်လွန်းလို့ ဝမ်းနည်းစွာ
ငိုကြွေးရင်း လက်ပြနေတဲ့
ကောင်လေးတစ်ယောက်ရယ်......
တစ်ယောက်သောသူများ
လာနှုတ်ဆက်လေမလားဆိုတဲ့
မျှော်လင့်ချက်လေးနဲ့အတူ
လူတွေကြားထဲ ဝေ့ဝဲလိုက်ရှာနေရင်း
မျက်ရည်တွေ ဝဲနေသော်လည်း
ပြန်နှုတ်ဆက်နေခဲ့တဲ့ ကောင်လေးရယ်......
ဒီလိုနဲ့ပဲ အချစ်ကြီးလွန်းခဲ့တဲ့
အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ
မလှမပ ဇာတ်သိမ်းသွားခဲ့ရရှာတယ်......
အပြစ်တင်ကြမယ်ဆို
မဆုံစည်းစေပဲနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့
ရက်စက်တဲ့ ကံကြမ္မာရယ်.....
သိပ်ချစ်တတ်ခဲ့တဲ့ သူတို့နှလုံးသားတွေက်ိုပဲ
အပြစ်ရယ်လို့ ရိုးမယ်ဖွဲ့ရတော့မှာပေါ့.......
အားလုံးက သိပ်ချစ်တတ်ခဲ့ကြတာပဲမလား......
နာကျင်ခဲ့ကြရပေမယ့်လည်းပေါ့
~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•
The END~~~~