Without You

By Sellelthan94

676K 41.7K 929

ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Season-2
Part-1 (Season-2)
Part-2(Season-2)
Part-3 (Season-2)
Part-4 (Season-2)
Part-5(Season-2)
Part-6 (Season-2)
Part-7(Season-2)
Part-8(Season-2)
Part-10 (Season-2)
Part-11(Season-2)
Part-12(Season-2)
Part-13(Season-2)
Part-14(Season-2)
Part-15(Season-2)
ေက်းဇူးတင္လႊာ
Book
Preorderလာပါပြီ 💜
Without You Season 3

Part-9(Season-2)

11.7K 774 9
By Sellelthan94


Without You
Season-2,Part-9 (unicode)

ဒီနေ့က သူနှင့်စိုတို့လက်မှတ်ထိုး လက်ထပ်ခဲ့သည်နေ့။ စို အစွမ်းကုန်လှနေပါသော်လည်း သူမပျော်ခဲ့ပါ။ လက်ထပ်စာချုပ်ကလေးကို မြင်တော့ သူနှင့်ဘေးဘေး တရားမဝင်ပေမဲ့ အသိသက်သေတွေနှင့်ထိုးခဲ့ကြသည့်စာချုပ်ကလေးကို သွားသတိရမိသည်။

လက်ထပ်စာချုပ်လေးကို ကိုင်ရင်း "ဒီနေ့ကစပြီး ငါ့ကိုနင်ပိုင်သွားပြီနော်ကိုသု"ဆိုပြီး ဘေးဘေးပြောတော့ သူမေးခဲ့ဖူးသည်

"ဘာလို့ ငါ့ကို မင်းပိုင်သွားပြီလို့ မပြောတာလဲ"ဆိုတော့

"ငါ ငယ်ငယ်လေးကတည်းက နင့်အလိုဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနေခဲ့ရတဲ့သူပါ အမြဲတမ်းလည်း နင့်ဆန္ဒတွေ ဖြည့်ဆည်းပေးရင်းနဲ့ပဲ နေမှာပါ"

"ငါ့ဆန္ဒတွေကိုသာ ဖြည့်ပေးနေမယ်ဆိုရင် မင်းအတွက်ပျော်ရွှင်မှုမရှိရင် ဘယ်လိုလုပ်မလဲ"

"ငါ့အတွက်ပျော်ရွှင်မှုက နင်ပျော်ရွှင်တာပါပဲ နင်ကျေနပ်နေရင် ငါပျော်တယ် ဘာမှ မတွေးဘူး "ဆိုပြီး ချစ်စရာကောင်းစွာ ပြောလာသည်။

ဘေးဘေးရယ်ဆိုပြီး သူရင်ခွင်ထဲ ထည့်ထားမိတာလေးကိုသတိရမိသည်။ အခုမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူးကွာ ငါဘယ်လိုလုပ်ရမလဲ မင်းမရှိတဲ့နေရာတစ်ခုမှာ ငါဘယ်လို ပျော်ရွှင်မှုကိုရှာရမလဲ"

လက်ထပ်ပွဲလေးပြီးသွားတော့ စိုက ဟန်းနီးမွန်းထွက်ချင်သည်တဲ့ ဘေးဘေးတုန်းကတောင် ဟန်းနီးမွန်း လိုက်မပို့ခဲ့မိတာမို့ မထွက်ချင်ဘူးဟုသူပြောမိသည်။

ဒါကိုစိုက လက်မခံ မရမက သွားချင်သည်လုပ်နေ၍ လိုက်ပို့ပေးမည်ပြောလိုက်ရသည်။ သွားချင်တဲ့နေရာက တိုက်တိုက်ဆိုင်ဆိုင်မေမြို့တဲ့လား မင်းငါ့အပေါ် တမင်ရည်ရွယ်ချက်နဲ့များ လုပ်နေသလားစို။

***************************************

မောင်သုတကျော်နှင့် မသွဲ့နှင်းစိုတို့သည် နှစ်ဦးသဘောသူလက်ထပ်ပြီးစီးကြောင်း ဆိုသည့် သတင်းတစ်ပုဒ်ကို ဖတ်နေသည့် သတင်းစာတွင် တွေ့လိုက်ရသောအခါ ရုတ်ရတ် သတင်းစာပင် လွတ်ကျသွားမိသည်။ မျက်ရည်က ထိန်းမထားနိုင်ပဲ တဖြည်းဖြည်းချင်းစီးကျလာသည်။

ကိုသု တကယ်လုပ်ရက်သွားပြီပဲ ဆိုသည့်စိတ်က ဘယ်လိုမှ လက်မခံနိုင်။ ကိုယ်ဒီလောက်ထိ အနစ်နာခံ ပေးဆပ်ခဲ့တာ သူ့က်ို ဆုံးရှုံးဖို့လား။ဘဝမှာ သူ့တစ်ယောက်တည်းကိုသာချစ်ခဲ့တာ ဒီလို ဇာတ်သိမ်းဖြစ်ဖို့လား။ ဆုံးရှုံးရမယ်မှန်းသိခဲ့ပေမဲ့ တကယ်ဆုံးရှုံးလိုက်ရတော့ လက်မခံနိုင်ဖြစ်သွားမိသည်။

ဟိုးငယ်ငယ်လေးကတည်းက အတူတူရှိခဲ့တာတွေ အတူတူပျော်ခဲ့ရတဲ့ အချိန်တွေ ဒါတွေဟာ အိမ်မက်လိုပဲလား ချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ ခံစားချက်ကြီးက တကယ်ကို ဆိုးဝါးလွန်းတယ်။ ရင်ဘတ်ထဲက နှလုံးသားကို အပ်နဲ့ အကြိမ်ကြိမ်ဆွနေတာထက်က်ို ခံရခက်တယ်။

ပြောတော့ ငါ့တစ်ယောက်တည်းကိုပဲ အမြဲတမ်းချစ်နေမှာပါ နောက်တစ်ယောက်ဆိုတာ မရှိစေရပါဘူးလို့ ရင်ဘတ်နဲ့ ရင်းပြီး ကတိပေးပါတယ်ဆို။ အခုတော့ ငါနင်မရှိပဲ ဘယ်လိုလုပ်ရမလဲကိုသုရာ။

တဖြည်းဖြည်းနဲ့ အသက်ရှုတွေ ကြပ်လာပြီး ရင်ဘတ်တွေအောင့်လာသည်။ အမြင်တွေဝေဝါးလာတာမို့ မတ်တပ်ရပ်ပြီး ဆေးဗူးသွားယူမည်အလုပ် မေ့လည်းကျသွားပြီ အရာအားလုံးနှင့် အဆက်အသွယ်ပြတ်သွားသည်ဟု ခံစားလိုက်ရသည်။

Without You
Season-2,Part-9

ဒီေန့က သူနွင့္စိုတို့လက္မွတ္ထိုး လက္ထပ္ခဲ့သည္ေန့။ စို အစြမ္းကုန္လွေနပါေသာ္လည္း သူမေပ်ာ္ခဲ့ပါ။ လက္ထပ္စာခ်ဳပ္ကေလးကို ျမင္ေတာ့ သူနွင့္ေဘးေဘး တရားမဝင္ေပမဲ့ အသိသက္ေသေတြႏွင့္ထိုးခဲ့ၾကသည့္စာခ်ဳပ္ကေလးကို သြားသတိရမိသည္။

လက္ထပ္စာခ်ဳပ္ေလးကို ကိုင္ရင္း "ဒီေန႔ကစၿပီး ငါ့ကိုနင္ပိုင္သြားၿပီေနာ္ကိုသု"ဆိုၿပီး ေဘးေဘးေျပာေတာ့ သူေမးခဲ့ဖူးသည္

"ဘာလို႔ ငါ့ကို မင္းပိုင္သြားၿပီလို႔ မေျပာတာလဲ"ဆိုေတာ့

"ငါ ငယ္ငယ္ေလးကတည္းက နင့္အလိုဆႏၵေတြ ျဖည့္ဆည္းေပးရင္းေနခဲ့ရတဲ့သူပါ အၿမဲတမ္းလည္း နင့္ဆႏၵေတြ ျဖည့္ဆည္းေပးရင္းနဲ႔ပဲ ေနမွာပါ"

"ငါ့ဆႏၵေတြကိုသာ ျဖည့္ေပးေနမယ္ဆိုရင္ မင္းအတြက္ေပ်ာ္ရႊင္မႈမရွိရင္ ဘယ္လိုလုပ္မလဲ"

"ငါ့အတြက္ေပ်ာ္ရႊင္မႈက နင္ေပ်ာ္ရႊင္တာပါပဲ နင္ေက်နပ္ေနရင္ ငါေပ်ာ္တယ္ ဘာမွ မေတြးဘူး "ဆိုၿပီး ခ်စ္စရာေကာင္းစြာ ေျပာလာသည္။

ေဘးေဘးရယ္ဆိုၿပီး သူရင္ခြင္ထဲ ထည့္ထားမိတာေလးကိုသတိရမိသည္။ အခုမွေတာ့ ေနာက္ျပန္လွည့္လို႔မရေတာ့ဘူးကြာ ငါဘယ္လိုလုပ္ရမလဲ မင္းမရွိတဲ့ေနရာတစ္ခုမွာ ငါဘယ္လို ေပ်ာ္ရႊင္မွဳကိုရွာရမလဲ"

လက္ထပ္ပြဲေလးၿပီးသြားေတာ့ စိုက ဟန္းနီးမြန္းထြက္ခ်င္သည္တဲ့ ေဘးေဘးတုန္းကေတာင္ ဟန္းနီးမြန္း လိုက္မပို႔ခဲ့မိတာမို႔ မထြက္ခ်င္ဘူးဟုသူေျပာမိသည္။

ဒါကိုစိုက လက္မခံ မရမက သြားခ်င္သည္လုပ္ေန၍ လိုက္ပို႔ေပးမည္ေျပာလိုက္ရသည္။ သြားခ်င္တဲ့ေနရာက တိုက္တိုက္ဆိုင္ဆိုင္ေမၿမိဳ႕တဲ့လား မင္းငါ့အေပၚ တမင္ရည္ရြယ္ခ်က္နဲ႔မ်ား လုပ္ေနသလားစို။

***************************************

ေမာင္သုတေက်ာ္ႏွင့္ မသြဲ႕ႏွင္းစိုတို႔သည္ ႏွစ္ဦးသေဘာသူလက္ထပ္ၿပီးစီးေၾကာင္း ဆိုသည့္ သတင္းတစ္ပုဒ္ကို ဖတ္ေနသည့္ သတင္းစာတြင္ ေတြ႕လိုက္ရေသာအခါ ႐ုတ္ရတ္ သတင္းစာပင္ လြတ္က်သြားမိသည္။ မ်က္ရည္က ထိန္းမထားႏိုင္ပဲ တျဖည္းျဖည္းခ်င္းစီးက်လာသည္။

ကိုသု တကယ္လုပ္ရက္သြားၿပီပဲ ဆိုသည့္စိတ္က ဘယ္လိုမွ လက္မခံႏိုင္။ ကိုယ္ဒီေလာက္ထိ အနစ္နာခံ ေပးဆပ္ခဲ့တာ သူ႔က္ို ဆံုးရွံုးဖို႔လား။ဘဝမွာ သူ႔တစ္ေယာက္တည္းကိုသာခ်စ္ခဲ့တာ ဒီလို ဇာတ္သိမ္းျဖစ္ဖို႔လား။ ဆံုးရွံုးရမယ္မွန္းသိခဲ့ေပမဲ့ တကယ္ဆံုးရွံုးလိုက္ရေတာ့ လက္မခံႏိုင္ျဖစ္သြားမိသည္။

ဟိုးငယ္ငယ္ေလးကတည္းက အတူတူရွိခဲ့တာေတြ အတူတူေပ်ာ္ခဲ့ရတဲ့ အခ်ိန္ေတြ ဒါေတြဟာ အိမ္မက္လိုပဲလား ခ်စ္ရတဲ့သူတစ္ေယာက္ကို ဆံုးရွံုးလိုက္ရၿပီ ဆိုတဲ့ ခံစားခ်က္ႀကီးက တကယ္ကို ဆိုးဝါးလြန္းတယ္။ ရင္ဘတ္ထဲက ႏွလံုးသားကို အပ္နဲ႔ အႀကိမ္ႀကိမ္ဆြေနတာထက္က္ို ခံရခက္တယ္။

ေျပာေတာ့ ငါ့တစ္ေယာက္တည္းကိုပဲ အၿမဲတမ္းခ်စ္ေနမွာပါ ေနာက္တစ္ေယာက္ဆိုတာ မရွိေစရပါဘူးလို႔ ရင္ဘတ္နဲ႔ ရင္းၿပီး ကတိေပးပါတယ္ဆို။ အခုေတာ့ ငါနင္မရွိပဲ ဘယ္လိုလုပ္ရမလဲကိုသုရာ။

တျဖည္းျဖည္းနဲ႔ အသက္ရႈေတြ ၾကပ္လာၿပီး ရင္ဘတ္ေတြေအာင့္လာသည္။ အျမင္ေတြေဝဝါးလာတာမို႔ မတ္တပ္ရပ္ၿပီး ေဆးဗူးသြားယူမည္အလုပ္ ေမ့လည္းက်သြားၿပီ အရာအားလံုးႏွင့္ အဆက္အသြယ္ျပတ္သြားသည္ဟု ခံစားလိုက္ရသည္။

Continue Reading

You'll Also Like

177K 9.1K 25
"အစ်ကို့ကို ချစ်တယ်" ဇိုင်းခွန်းခ " မချစ်နဲ့ ငါဘယ်သူ့ကိုမှထပ်မချစ်တော့ဘူး" ...
111K 7.5K 54
ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားအားလံုးသည္စာေရးသူ၏စိတ္ကူးယဥ္ဖန္တီးမႈသက္သက္သာၿဖစ္ပါသည္။
434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.3M 131K 65
သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ.........။