Without You

De Sellelthan94

675K 41.7K 929

ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလ... Mais

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Season-2
Part-1 (Season-2)
Part-2(Season-2)
Part-3 (Season-2)
Part-4 (Season-2)
Part-5(Season-2)
Part-6 (Season-2)
Part-8(Season-2)
Part-9(Season-2)
Part-10 (Season-2)
Part-11(Season-2)
Part-12(Season-2)
Part-13(Season-2)
Part-14(Season-2)
Part-15(Season-2)
ေက်းဇူးတင္လႊာ
Book
Preorderလာပါပြီ 💜
Without You Season 3

Part-7(Season-2)

11.6K 817 10
De Sellelthan94

Without You
Season-2 ,Part-7(unicode)

ညအိပ်ခါနီးမှ မမလတ်အခန်းကို တံခါးသွားခေါက်မိသည်မအိပ်သေးရင် စကားပြောဖို့ပါ အိပ်နေရင်တော့ ပြန်လှည့်လာမည်ဆိုသော စိတ်ကူးဖြင့်ပါ။ ဘယ်သူလဲဆိုပြီး ပြန်ဖြေသံကြား၍ ကြည့်ရတာ မလတ်မအိပ်သေးဘူးထင်သည်။

ဘေးဘေးပါ ဆိုပြီးဖြေလိုက်တော့ မလတ်တံခါးလာဖွင့်ပေးသည်။

"ဒီအချိန်ကြီးရောက်နေပြီ ဘေးဘေး နင်မအိပ်သေးဘူးလား"ဆိုပြီး မလတ်ကမေးတော့

"ပြောစရာရှိလို့မလတ် အချိန်ခဏလောက်ရမလား"ဆိုတော့ "ရတယ်လေ ဝင်ခဲ့လေ"ဟု ပြောလေသည်။

အခန်းထဲရောက်တော့ မလတ်ကုတင်ပေါ်မှာပဲထိုင်ရင်း ဘယ်ကနေ ဘယ်လိုစပြောရမလဲဆိုတာ စဉ်းစားနေရသည်။ ပြောရခက်နေသည်ကို မလတ်ကရိပ်မိသည်ထင်သည်

"ဘေးဘေး ဘာပြောမလို့လဲ ပွင့်ပွင့်လင်းလင်းပြော"ဆိုပြီး ပြောလာသည်။

"ဟိုလေ မလတ် ဘေးဘေး နှလုံးရောဂါ အခြေအနေ ပိုပိုပြီးဆိုးလာတယ်ထင်တယ်"

"ဟင် ဘယ်လိုဖြစ်လို့ ဆိုးလာတာလဲ နင်ကျန်းမာရေးဂရုမစိုက်ဘူးလား"

"ဂရုစိုက်ပါတယ် မလတ် ဒါပေမဲ့ ဒီနောက်ပိုင်း ပိုပိုဆိုးလာတယ် မန်းလေးမှာ ဆရာဝန်ကြီးနဲ့ ပြပြီး ဆေးသောက်နေရတာ ကြာပြီ"

"ဒါတွေ ဟိုကောင်သိလား "

"သူမသိဘူးမလတ် သူ့ကို စိတ်မပူစေချင်လို့ ဘေးဘေးဘာသူ သူမသိအောင်ဆရာဝန်နဲ့ ကြိတ်ပြနေတာ"

"ဘေးဘေး မလတ်ပြောပြမယ်နားထောင်.. ဘေးဘေး မလတ်ကို အခုလို ပွင့်ပွင့်လင်းလင်းလာပြောပြတာ မလတ်သဘောကျတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဒီလို ကိစ္စမျိုးက သက်ဆိုင်တဲ့ မိသားစုဝင်ကို ပြောပြသင့်တဲ့ကိစ္စပဲ။ ကိုယ့်ကြောင့် စိတ်မပူစေချင်တဲ့ကိစ္စတွေ အများကြီးရှိတယ်ဘေးဘေး ဒါပေမဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စကတော့ စိတ်ပူစေသင့်တယ်လို့ မလတ်ထင်တယ် ထားပါ ဒါတွေက ပြီးခဲ့ပါပြီ အခုဟိုကောင်နဲ့ ထပ်မတ်သတ်နဲ့တော့နော်" ဆိုပြီး မလတ်က ဆုံးမသည်။

မလတ်နဲ့ ဘေးဘေးနဲ့က အနေဝေးပေမဲ့ မလတ်အိမ်ကို အမြဲဖုန်းဆက်တိုင်း ဘေးဘေးကို သတိတရ မေးတတ်သူပါ။ နောက်ပြီးအိမ်မှာ ဘေးဘေးက အငယ်ဆုံးဆိုတော့ အခုထိ ကလေးတစ်ယောက်လိုပဲ ဆက်ဆံကြသည်။ ဒုက္ခဖြစ်မှာကို အရမ်းစိုးရိမ်ကြသည်။ ကိုသုနဲ့ ကိစ္စတုန်းက ဘေးဘေးကို တားမရ၍ လွှတ်ထားလိုက်ကြပေမဲ့ ဒုက္ခရောက်တော့လည်းမိသားစုဆိုတာ အမြဲဘေးမှာရှိနေတာပဲမလား။

ဘာမှပြန်မပြောပဲ ငိုင်နေ၍ "ဘေးဘေး မလတ်ပြောတာကြားလား" ဆ်ိုပြီးထပ်မေးလေသည်။

"ဟိုလေ မလတ်ဘေးဘေးလေ ကိုသုက်ို အခုထိ စိတ်နာလို့ မရဘူးဖြစ်နေတယ် ဟိုးငယ်ငယ်လေးကတည်းက သူအနိုင်ကျင့်တာကို နေသားတကျ ဖြစ်နေလို့လားမသိဘူး အခုသူနဲ့ဝေးနေတဲ့ ရက်တွေ တစ်မျိုးပဲ မလတ်ရယ် သူဘေးဘေးကို သတိရနေလောက်မှာပါနော်"

"ဘေးဘေးက ငယ်သေးတဲ့ အချိန်မှာ အချစ်ကို တွေ့ခဲ့ပြီး အရင်းနှီးဆုံးက အချစ်ဆုံးဖြစ်သွားလို့... သူ့ကို လိုအပ်တယ်လို့... ဘေးဘေးစိတ်ထဲ သတ်မှတ်လိုက်တာနေမှာပါ...မလတ်ပြောပြမယ် သေချာနားထောင် သူဘေးဘေးကို ကြိုက်သလောက်အနိုင်ကျင့်နေပေမဲ့ ဘေးဘေးကျေနပ်တယ်ဆိုရင်မလတ်တို့လက်ခံတယ် ။ဒါပေမဲ့ နေ့လည်က ဘေးဘေးပြောပြတဲ့ ကိစ္စမျိုးဆိုရင်တော့ လက်မခံဘူး အချစ်ဆိုတာ ချစ်နေယုံနဲ့ မပြီးသွားဘူးဘေးဘေး ....အဲ့ဒီအချစ်မှာ သစ္စာဆ်ိုတာ မရှိရင် ဆူးပါတဲ့နှင်းဆီလိုပဲ ကိုယ်က လိုချင်လို့ ဆုပ်ကိုင်မိလေလေ ကိုယ့်ကို ပိုဆူးလေလေပဲ "

"အဲ့လိုဆိုပေမဲ့ ဘေးဘေးမှ မေ့လို့မရတာမမရယ် ရူးမတတ်ပဲ ဘေးဘေးသေချင်တာပဲသိတယ်"ဆိုပြီး မမလတ် ရင်ခွင်ထဲ တိုးဝှေ့ပြီးငိုမိသည်။မလတ်က ဘေးဘေးခေါင်းကို ပွတ်ပေးပြီး

"ဘေးဘေးရယ် ငိုချင်ရင်ဝအောင်ငိုချပစ်လိုက် ဒါဟာ နောက်ဆုံးတော့ဖြစ်ပါစေ။ဘေးဘေးမှာ ရှေ့ဆက်ရမဲ့ အနာဂတ်ဆိုတာရှိသေးတယ်။ လူတစ်ယောက်အတွက်နဲ့ အချစ်တစ်ခုအတွက်နဲ့ ဘဝကို နစ်မြှုပ်ပစ်လိုက်တာဟာ ပျော့ညံ့တဲ့သူတွေရဲ့ စိတ်ဓာတ်ပဲ"

"ဒါဆို ဘေးဘေးက ဘာဆက်လုပ်ရမှာလဲဟင်"ဆ်ိုတော့ မလတ်က မျက်ရည်တွေကို သုတ်ပေးပြီး

"အခုလောလောဆယ်တော့ ဘေးဘေးကျန်းမာရေးကို အရင်ဂရုစိုက်ရမယ် ပြီးမှ လုပ်သင့်တာတွေ ဆက်လုပ်ရမယ်။ မမတာဝန်ကျတဲ့ ဆေးရုံက ဆေးရုံအုပ်ကြီးက နှလုံးအထူးကုဆရာဝန်ကြီး ဘေးဘေးပြီးတော့ မမသူငယ်ချင်းရဲ့ အဖေ... နောက်ရက်မမ သူငယ်ချင်းကို အကူအညီတောင်းပြီး သူ့အဖေနဲ့ တွေ့ဖို့ တစ်ရက်ပြောကြည့်ပေးမယ် သူက မန္တလေးမှာ တာဝန်ကျနေတာဆိုတော့ သူအားရင် မေမြို့တတ်လာခိုင်းပြီး မမတို့ သွားတွေ့ကြတာပေါ့" ဟု ပြောလေသည်။

ညလည်းနက်နေပြီမို့ အရမ်းနောက်ကျနေပြီဖြစ်တာကြောင့် မမကိုနှုတ်ဆက်ပြီး အခန်းထဲက ပြန်ထွက်လာခဲ့မိသည်။

ကိုသုနှင့်အတူတူနေခဲ့သည့်အခန်းလေးထဲရောက်လျှင် အရာရာဟာ အသစ်က ပြန်စဖြစ်လာသလိုပဲ နာကျင်လာသည်။ သူကတော့ ကိုယ့်ကို စိတ်ပူနေရဲ့လား ကိုယ်ထွက်သွားတာကို ပျော်နေမလားတော့မသိပါ ကိုယ့်မှာတော့ သူ့ရင်ခွင်ကိုလွမ်း သူ့မျက်နှာက်ို လွမ်းတာတော့ တကယ်ရူးမတတ်ပဲ။

ပြတင်းပေါက်ကနေကြယ်တွေကိုကြည့်ရင်း ငါဒီအချိန်မှာတော့ တန်ခိုးရှင်ဖြစ်ချင်မိတယ်။ နင့်အခန်းကို တိတ်တိတ်လေးခိုးဝင်ပြီး နင်မနိုးခင်အထိ နင့်ရင်ခွင်ထဲမှာ ခဏတာ မှေးစက်ချင်မိလို့ပါ။

Without You
Season-2 ,Part-7

ညအိပ္ခါနီးမွ မမလတ္အခန္းကို တံခါးသြားေခါက္မိသည္မအိပ္ေသးရင္ စကားေျပာဖို႔ပါ အိပ္ေနရင္ေတာ့ ျပန္လွည့္လာမည္ဆိုေသာ စိတ္ကူးျဖင့္ပါ။ ဘယ္သူလဲဆိုၿပီး ျပန္ေျဖသံၾကား၍ ၾကည့္ရတာ မလတ္မအိပ္ေသးဘူးထင္သည္။

ေဘးေဘးပါ ဆိုၿပီးေျဖလိုက္ေတာ့ မလတ္တံခါးလာဖြင့္ေပးသည္။

"ဒီအခ်ိန္ႀကီးေရာက္ေနၿပီ ေဘးေဘး နင္မအိပ္ေသးဘူးလား"ဆိုၿပီး မလတ္ကေမးေတာ့

"ေျပာစရာရွိလို႔မလတ္ အခ်ိန္ခဏေလာက္ရမလား"ဆိုေတာ့ "ရတယ္ေလ ဝင္ခဲ့ေလ"ဟု ေျပာေလသည္။

အခန္းထဲေရာက္ေတာ့ မလတ္ကုတင္ေပၚမွာပဲထိုင္ရင္း ဘယ္ကေန ဘယ္လိုစေျပာရမလဲဆိုတာ စဥ္းစားေနရသည္။ ေျပာရခက္ေနသည္ကို မလတ္ကရိပ္မိသည္ထင္သည္

"ေဘးေဘး ဘာေျပာမလို႔လဲ ပြင့္ပြင့္လင္းလင္းေျပာ"ဆိုၿပီး ေျပာလာသည္။

"ဟိုေလ မလတ္ ေဘးေဘး ႏွလံုးေရာဂါ အေျခအေန ပိုပိုၿပီးဆိုးလာတယ္ထင္တယ္"

"ဟင္ ဘယ္လိုျဖစ္လို႔ ဆိုးလာတာလဲ နင္က်န္းမာေရးဂ႐ုမစိုက္ဘူးလား"

"ဂ႐ုစိုက္ပါတယ္ မလတ္ ဒါေပမဲ့ ဒီေနာက္ပိုင္း ပိုပိုဆိုးလာတယ္ မန္းေလးမွာ ဆ႐ာဝန္ႀကီးနဲ႔ ျပၿပီး ေဆးေသာက္ေနရတာ ၾကာၿပီ"

"ဒါေတြ ဟိုေကာင္သိလား "

"သူမသိဘူးမလတ္ သူ႔ကို စိတ္မပူေစခ်င္လို႔ ေဘးေဘးဘာသူ သူမသိေအာင္ဆ႐ာဝန္နဲ႔ ႀကိတ္ျပေနတာ"

"ေဘးေဘး မလတ္ေျပာျပမယ္နားေထာင္.. ေဘးေဘး မလတ္ကို အခုလို ပြင့္ပြင့္လင္းလင္းလာေျပာျပတာ မလတ္သေဘာက်တယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ ဒီလို ကိစၥမ်ိဳးက သက္ဆိုင္တဲ့ မိသားစုဝင္ကို ေျပာျပသင့္တဲ့ကိစၥပဲ။ ကိုယ့္ေၾကာင့္ စိတ္မပူေစခ်င္တဲ့ကိစၥေတြ အမ်ားႀကီးရွိတယ္ေဘးေဘး ဒါေပမဲ့ အသက္နဲ႔ဆိုင္တဲ့ကိစၥကေတာ့ စိတ္ပူေစသင့္တယ္လို႔ မလတ္ထင္တယ္ ထားပါ ဒါေတြက ၿပီးခဲ့ပါၿပီ အခုဟိုေကာင္နဲ႔ ထပ္မတ္သတ္နဲ႔ေတာ့ေနာ္" ဆိုၿပီး မလတ္က ဆံုးမသည္။

မလတ္နဲ႔ ေဘးေဘးနဲ႔က အေနေဝးေပမဲ့ မလတ္အိမ္ကို အၿမဲဖုန္းဆက္တိုင္း ေဘးေဘးကို သတိတရ ေမးတတ္သူပါ။ ေနာက္ၿပီးအိမ္မွာ ေဘးေဘးက အငယ္ဆံုးဆိုေတာ့ အခုထိ ကေလးတစ္ေယာက္လိုပဲ ဆက္ဆံၾကသည္။ ဒုကၡျဖစ္မွာကို အရမ္းစိုးရိမ္ၾကသည္။ ကိုသုနဲ႔ ကိစၥတုန္းက ေဘးေဘးကို တားမရ၍ လႊတ္ထားလိုက္ၾကေပမဲ့ ဒုကၡေရာက္ေတာ့လည္းမိသားစုဆိုတာ အၿမဲေဘးမွာရွိေနတာပဲမလား။

ဘာမွျပန္မေျပာပဲ ငိုင္ေန၍ "ေဘးေဘး မလတ္ေျပာတာၾကားလား" ဆ္ိုၿပီးထပ္ေမးေလသည္။

"ဟိုေလ မလတ္ေဘးေဘးေလ ကိုသုက္ို အခုထိ စိတ္နာလို႔ မရဘူးျဖစ္ေနတယ္ ဟိုးငယ္ငယ္ေလးကတည္းက သူအႏိုင္က်င့္တာကို ေနသားတက် ျဖစ္ေနလို႔လားမသိဘူး အခုသူနဲ႔ေဝးေနတဲ့ ရက္ေတြ တစ္မ်ိဳးပဲ မလတ္ရယ္ သူေဘးေဘးကို သတိရေနေလာက္မွာပါေနာ္"

"ေဘးေဘးက ငယ္ေသးတဲ့ အခ်ိန္မွာ အခ်စ္ကို ေတြ႕ခဲ့ၿပီး အ႐င္းႏွီးဆံုးက အခ်စ္ဆံုးျဖစ္သြားလို႔... သူ႔ကို လိုအပ္တယ္လို႔... ေဘးေဘးစိတ္ထဲ သတ္မွတ္လိုက္တာေနမွာပါ...မလတ္ေျပာျပမယ္ ေသခ်ာနားေထာင္ သူေဘးေဘးကို ႀကိဳက္သေလာက္အႏိုင္က်င့္ေနေပမဲ့ ေဘးေဘးေက်နပ္တယ္ဆိုရင္မလတ္တို႔လက္ခံတယ္ ။ဒါေပမဲ့ ေန႔လည္က ေဘးေဘးေျပာျပတဲ့ ကိစၥမ်ိဳးဆိုရင္ေတာ့ လက္မခံဘူး အခ်စ္ဆိုတာ ခ်စ္ေနယံုနဲ႔ မၿပီးသြားဘူးေဘးေဘး ....အဲ့ဒီအခ်စ္မွာ သစၥာဆ္ိုတာ မရွိရင္ ဆူးပါတဲ့ႏွင္းဆီလိုပဲ ကိုယ္က လိုခ်င္လို႔ ဆုပ္ကိုင္မိေလေလ ကိုယ့္ကို ပိုဆူးေလေလပဲ "

"အဲ့လိုဆိုေပမဲ့ ေဘးေဘးမွ ေမ့လို႔မရတာမမရယ္ ႐ူးမတတ္ပဲ ေဘးေဘးေသခ်င္တာပဲသိတယ္"ဆိုၿပီး မမလတ္ ရင္ခြင္ထဲ တိုးေဝွ႕ၿပီးငိုမိသည္။မလတ္က ေဘးေဘးေခါင္းကို ပြတ္ေပးၿပီး

"ေဘးေဘးရယ္ ငိုခ်င္ရင္ဝေအာင္ငိုခ်ပစ္လိုက္ ဒါဟာ ေနာက္ဆံုးေတာ့ျဖစ္ပါေစ။ေဘးေဘးမွာ ေရွ႕ဆက္ရမဲ့ အနာဂတ္ဆိုတာရွိေသးတယ္။ လူတစ္ေယာက္အတြက္နဲ႔ အခ်စ္တစ္ခုအတြက္နဲ႔ ဘဝကို နစ္ျမႇဳပ္ပစ္လိုက္တာဟာ ေပ်ာ့ညံ့တဲ့သူေတြရဲ႕ စိတ္ဓာတ္ပဲ"

"ဒါဆို ေဘးေဘးက ဘာဆက္လုပ္ရမွာလဲဟင္"ဆ္ိုေတာ့ မလတ္က မ်က္ရည္ေတြကို သုတ္ေပးၿပီး

"အခုေလာေလာဆယ္ေတာ့ ေဘးေဘးက်န္းမာေရးကို အရင္ဂ႐ုစိုက္ရမယ္ ၿပီးမွ လုပ္သင့္တာေတြ ဆက္လုပ္ရမယ္။ မမတာဝန္က်တဲ့ ေဆးရံုက ေဆးရံုအုပ္ႀကီးက ႏွလံုးအထူးကုဆရာဝန္ႀကီး ေဘးေဘးၿပီးေတာ့ မမသူငယ္ခ်င္းရဲ႕ အေဖ... ေနာက္ရက္မမ သူငယ္ခ်င္းကို အကူအညီေတာင္းၿပီး သူ႔အေဖနဲ႔ ေတြ႕ဖို႔ တစ္ရက္ေျပာၾကည့္ေပးမယ္ သူက မႏၲေလးမွာ တာဝန္က်ေနတာဆိုေတာ့ သူအားရင္ ေမၿမိဳ႕တတ္လာခိုင္းၿပီး မမတို႔ သြားေတြ႕ၾကတာေပါ့" ဟု ေျပာေလသည္။

ညလည္းနက္ေနၿပီမို႔ အရမ္းေနာက္က်ေနၿပီျဖစ္တာေၾကာင့္ မမကိုႏႈတ္ဆက္ၿပီး အခန္းထဲက ျပန္ထြက္လာခဲ့မိသည္။

ကိုသုႏွင့္အတူတူေနခဲ့သည့္အခန္းေလးထဲေရာက္လွ်င္ အရာရာဟာ အသစ္က ျပန္စျဖစ္လာသလိုပဲ နာက်င္လာသည္။ သူကေတာ့ ကိုယ့္ကို စိတ္ပူေနရဲ႕လား ကိုယ္ထြက္သြားတာကို ေပ်ာ္ေနမလားေတာ့မသိပါ ကိုယ့္မွာေတာ့ သူ႔ရင္ခြင္ကိုလြမ္း သူ႔မ်က္ႏွာက္ို လြမ္းတာေတာ့ တကယ္႐ူးမတတ္ပဲ။

ျပတင္းေပါက္ကေနၾကယ္ေတြကိုၾကည့္ရင္း ငါဒီအခ်ိန္မွာေတာ့ တန္ခိုးရွင္ျဖစ္ခ်င္မိတယ္။ နင့္အခန္းကို တိတ္တိတ္ေလးခိုးဝင္ၿပီး နင္မႏိုးခင္အထိ နင့္ရင္ခြင္ထဲမွာ ခဏတာ ေမွးစက္ခ်င္မိလို႔ပါ။

Continue lendo

Você também vai gostar

252K 40.4K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
111K 7.5K 54
ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားအားလံုးသည္စာေရးသူ၏စိတ္ကူးယဥ္ဖန္တီးမႈသက္သက္သာၿဖစ္ပါသည္။
340K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
61.6K 9.3K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...