Without You
Part-25(unicode)
အိမ်ပြန်ရောက်သည်အထိ ကိုသုနှင့်စကားမပြောဖြစ်။ ပြောချင်စိတ်မရှိသည်လည်းပါသည် စိတ်ပျက်နေမိတာလည်းပါသည်။ သူကလည်း ကိုယ့်ကို စကားမပြော ခါတိုင်းလိုမဟုတ်ဘူးလို့ ခံစားနေရသည်။ စာက အရေးကြီးနေသည့်အချိန်မျိုးမှာ ဒီလို ကိစ္စတွေ မတွေးသင့်တော့ဘူးလို့ပဲ ထင်မိသည်။
အိပ်ယာပေါ်မှာ ဟိုတွေးဒီတွေးဖြင့် ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိ မေမေ အိပ်ယာလာနှိုးမှ နိုးလာသည်။ အောက်မှာ မမကြီးတို့ မိသားစု ရောက်နေတယ်ဆိုမှ အိပ်ယာပေါ်မှ ကမန်းကတမ်း ထပြေးလာခဲ့မိလေသည်။
ဧည့်ခန်းမှာ မမကြီးထိုင်နေတာမြင်တော့ ပြေး၍ ဖက်မိသည်။ မမကြီးက ဘေးဘေးကို ကြည့်ရင်း အငယ်လေး အသားတွေဖြူပြီး လူကြီးပေါက်စလေးဖြစ်နေပြီဆိုတော့ ရယ်ရသေးသည်။
ထိုစဉ် ဘေးဘေး ဆိုပြီး မပီကလာ အသံလေးနှင့် ဘောင်းဘီကို လှမ်းဆွဲခံလ်ိုက်ရပြီးငုံ့ကြည့်လိုက်တော့ တူးတူး ပါလား။ ရုတ်တရတ်ပျော်သွားပြီး ဆွဲပွေ့မိလေသည်။ တူးတူးက မမကြီးရဲ့သားလေး ဘေးဘေးရဲ့တူလေး။ အရမ်းလည်ပြီး အရမ်းချစ်ဖို့ကောင်းသည် ခါတိုင်း နှစ်တွေ မမကြီးတို့ မေမြို့လာလျှင် မေမေတို့ကို ကန်တော့ပြီး ပြန်တာမို့ တူးတူးကို ခေါ်မလာ။ အခု တူးတူးပါပါလာတာမို့ ညအိပ်မည်ထင်ပါ့။
တူးတူးကို ပွေ့ဖက်ထားရင်း တူးတူး ဘေးဘေးကို အာဘွားပေးလေ ဆိုတော့ ပေးရှာသည်။ "ဘေးဘေးကို အများကြီးချစ်"ဆ်ိုတော့ ရယ်ကြရသေးသည်။ ဘေးဘေးကို တူးတူး တွယ်တာတာလည်း မဆန်း မန္တလေးဆင်းပြီး မမကြီးတို့ဆီသွားလျှင် တူးတူးကို တစ်နေကုန် မညည်းမညူထိန်းပြီး အရုပ်တွေဝယ်ပေးတတ်တာမို့ ဉာဏ်ကောင်းသော တူးတူးလေးက အဲ့လိုအမြဲလူလည်ကျနေကြ။
တူးတူးကို ချီထားနေတုန်း "ဘေးဘေးရှိလားဆိုပြီး"ကိုသုရောက်လာလေသည်။အထဲဝင်လာပြီး ချီထားသော တူးတူးကိုမြင်လျှင် "ဒါ တူးတူးလား "ဆ်ိုပြီး မေးလျှင် မမကြီးက "ဟုတ်တယ် မမကြီးသားလေ"ဆိုပြီးဝင်ဖြေသည်။
"သားသားရေ လေးလေးသုစီလာပါဦး"ဆိုပြီး ကိုသု လက်နှစ်ဖက်ကို ဆန့်ပြီး တူးတူးကိုခေါ်လျှင် "ဘာလေးလေးလဲ ကိုကြီးဆိုတော်ရောပေါ့ တော်တော်လူကြီးဖြစ်ချင်နေတာ"ဟု အမြင်ကတ်ကတ်ဖြင့်ပြန်ပြောလျှင် မမတို့ပါ ရယ်ကြလေသည်။
"ဟော သားသု ရောက်နေတာလား" ဆိုပြီး မေမေ ဧည့်ခန်းထဲ ဝင်လာသည်ကို မြင်တော့ ကိုသုက "ဟုတ်တယ် မေမေနု သား ဘေးဘေးကို လပြည့်ည ဘုရားသွားဖို့ လာခေါ်တာ "ဟု ပြန်ဖြေလေသည်။
မေမေက "ခေါ်သွားလေ"ဆိုပြီးပြောပေမဲ့ "မလိုက်ချင်ဘူး"ဟုသာ ငြင်းမိလေသည်။
"သားသုနဲ့ ရန်ဖြစ်ကြပြန်ပြီလား"ဆိုပြီး မမကြီးမေးတော့ "
မဟုတ်ပါဘူး မမကြီး ဒီမှာ တူးတူးလေးလည်းပါလာတယ်လေ ပြီးတော့ လပြည့်နေ့ကြ သက်တို့နဲ့ လျှောက်လည်မှာဆိုတော့ ကိုသုနဲ့မသွားချင်တော့လို့ပါ တူးတူးကိုလည်း အချိန်ပေးရဦးမယ်လေ ဟုတ်တယ်မလား တူးတူး"ဆိုပြီး မေးတော့ တူးတူးလေးက ခေါင်းငြိမ့်ပြလေသည်။
"ဒါဆို ဘေးဘေးကို အာဘွားပေးပါဦး "ဆိုတော့ အာဘွား အာဘွား အာဘွားဆိုပြီး သုံးခါတောင်ပေးလေသည်။ ထိုစဉ် ကိုသုက အနားကပ်လာပြီး
"ငါက မင်းတူလောက် အရေးမပါဘူးပေါ့ဟုတ်လား ငါအဲ့ကောင်ကို သိပ်ကြည့်မရတော့ဘူး "ဆိုပြီး ကိုသုကကြိမ်းသည်။ ဘေးဘေး မကြားချင်ယောင်ဆောင်ပြီး ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။
မေမေက ကိုသုပါ တစ်ခါတည်းစားခိုင်း၍ မိသားစု ထမင်းဝိုင်းလေးက လူစုံလှသည်။ ခါတိုင်းဆို မေမေရယ် ဖေဖေရယ် ဘေးဘေးရယ် သုံးယောက်တည်း အခုတော့ လူတွေစုံနေသည်မို့ ပျော်စရာပင်။ တူးတူးက ဘေးဘေးပေါင်ပေါ်မှ မခွာ မမကြီးက အတင်းပြန်ခေါ်သော်လည်းမရ။
ကိုသုက ဘေးဘေး စိတ်ဆိုးနေမှန်းရိပ်မိသလို တူးတူးက ဘေးဘေး ဆီက မခွာပဲ တွယ်ကပ်နေသည်ကိုလည်း ကြည့်မရနေသည့်ပုံပါပဲ။ မျက်စောင်းကြီးတစ်ထိုးထိုးဖြင့် ဂြိုလ်ပေးနေသည်ကို မသိချင်ယောင် ဆောင်နေရသည်မှာလည်း ပျော်ဖို့တော့ အကောင်းသား။
ထမင်းစားပြီးတော့ ကိုသုက "မေမေနု သားဒီမှာပဲ အိပ်တော့မယ်"ဆိုတော့
"အိပ်လေ သားသုရဲ့ ခါတိုင်းလည်း အိပ်နေတာပဲ"
"ဒါဆို မမကြီးတို့က သားအခန်း ယူသုံးလိုက်လေ သား ဘေးဘေး အခန်းမှာသွားအိပ်လိုက်မယ်"ဆိုပြီးပြောလေသည်။ တော်တော်ဉာဏ်များတဲ့ ကိုသုပါလား ငါ့အခန်းမှာ မတတ်သာလို့ အိပ်လိုက်ရတဲ့ပုံစံနဲ့ တွေ့မယ် ငါနဲ့
"မမကြီးတို့က ကိုသု အခန်းမှာ အိပ်စရာမလိုပါဘူး အောက်ထပ်မှာ မမကြီးတို့ လင်မယား အိပ်နေကြ အခန်းရှိတာပဲ"ဆိုကြီးပြောလျှင်
"ဟာ ကလေးနဲ့လေ ဘယ်လိုလုပ်အဆင်ပြေမှာလဲ ဘေးဘေးရ"ဆိုပြီး ကိုသု ကမန်းကတန်းဝင်ပြောလေသည်။
"ဪ ဒါလေးများ လွယ်လွယ်လေး"ဆိုပြီး တူးတူးကို ကောက်ပွေ့ရင်း "တူးတူး ဒီည ဘေးဘေးနဲ့ တူတူအိပ်မှာမလား "ဆိုပြီး မေးတော့
"အိပ်မယ်"ဆ်ိုပြီးခေါင်းငြိမ့်ပြလေသည်။ တူးတူးကို ပွေ့ချီရင်း အပေါ်ထပ်ကို တတ်လာမိလာမို့ အနောက်မှာ ကျန်ခဲ့သည့် ကိုသုမျက်နှာကတော့ လှည့်ကြစရာပင်မလို စူပုတ်နေမှာ အသေအချာပါပဲ။ မှတ်ထား ကိုသု အရာရာတိုင်း နင်ဖြစ်စေချင်သလို ဖြစ်မယ်များထင်နေသလားဆိုပြီး တစ်ယောက်တည်း တွေးရင်း သဘောကျနေမိသည်။
Without You
Part-25
အိမ္ျပန္ေရာက္သည္အထိ ကိုသုႏွင့္စကားမေျပာျဖစ္။ ေျပာခ်င္စိတ္မရွိသည္လည္းပါသည္ စိတ္ပ်က္ေနမိတာလည္းပါသည္။ သူကလည္း ကိုယ့္ကို စကားမေျပာ ခါတိုင္းလိုမဟုတ္ဘူးလို႔ ခံစားေနရသည္။ စာက အေရးႀကီးေနသည့္အခ်ိန္မ်ိဳးမွာ ဒီလို ကိစၥေတြ မေတြးသင့္ေတာ့ဘူးလို႔ပဲ ထင္မိသည္။
အိပ္ယာေပၚမွာ ဟိုေတြးဒီေတြးျဖင့္ ဘယ္ေလာက္ေတာင္ အိပ္ေပ်ာ္သြားလဲမသိ ေမေမ အိပ္ယာလာႏွိုးမွ ႏိုးလာသည္။ ေအာက္မွာ မမႀကီးတို႔ မိသားစု ေရာက္ေနတယ္ဆိုမွ အိပ္ယာေပၚမွ ကမန္းကတမ္း ထေျပးလာခဲ့မိေလသည္။
ဧည့္ခန္းမွာ မမႀကီးထိုင္ေနတာျမင္ေတာ့ ေျပး၍ ဖက္မိသည္။ မမႀကီးက ေဘးေဘးကို ၾကည့္ရင္း အငယ္ေလး အသားေတြျဖဴၿပီး လူႀကီးေပါက္စေလးျဖစ္ေနၿပီဆိုေတာ့ ရယ္ရေသးသည္။
ထိုစဥ္ ေဘးေဘး ဆိုၿပီး မပီကလာ အသံေလးႏွင့္ ေဘာင္းဘီကို လွမ္းဆြဲခံလ္ိုက္ရၿပီးငံု႔ၾကည့္လိုက္ေတာ့ တူးတူး ပါလား။ ႐ုတ္တရတ္ေပ်ာ္သြားၿပီး ဆြဲေပြ႕မိေလသည္။ တူးတူးက မမႀကီးရဲ႕သားေလး ေဘးေဘးရဲ႕တူေလး။ အရမ္းလည္ၿပီး အရမ္းခ်စ္ဖို႔ေကာင္းသည္ ခါတိုင္း ႏွစ္ေတြ မမႀကီးတို႔ ေမၿမိဳ႕လာလွ်င္ ေမေမတို႔ကို ကန္ေတာ့ၿပီး ျပန္တာမို႔ တူးတူးကို ေခၚမလာ။ အခု တူးတူးပါပါလာတာမို႔ ညအိပ္မည္ထင္ပါ့။
တူးတူးကို ေပြ႕ဖက္ထားရင္း တူးတူး ေဘးေဘးကို အာဘြားေပးေလ ဆိုေတာ့ ေပးရွာသည္။ "ေဘးေဘးကို အမ်ားႀကီးခ်စ္"ဆ္ိုေတာ့ ရယ္ၾကရေသးသည္။ ေဘးေဘးကို တူးတူး တြယ္တာတာလည္း မဆန္း မႏၲေလးဆင္းၿပီး မမႀကီးတို႔ဆီသြားလွ်င္ တူးတူးကို တစ္ေနကုန္ မညည္းမညဴထိန္းၿပီး အ႐ုပ္ေတြဝယ္ေပးတတ္တာမို႔ ဉာဏ္ေကာင္းေသာ တူးတူးေလးက အဲ့လိုအၿမဲလူလည္က်ေနၾက။
တူးတူးကို ခ်ီထားေနတုန္း "ေဘးေဘးရွိလားဆိုၿပီး"ကိုသုေရာက္လာေလသည္။အထဲဝင္လာၿပီး ခ်ီထားေသာ တူးတူးကိုျမင္လွ်င္ "ဒါ တူးတူးလား "ဆ္ိုၿပီး ေမးလွ်င္ မမႀကီးက "ဟုတ္တယ္ မမႀကီးသားေလ"ဆိုၿပီးဝင္ေျဖသည္။
"သားသားေရ ေလးေလးသုစီလာပါဦး"ဆိုၿပီး ကိုသု လက္ႏွစ္ဖက္ကို ဆန္႔ၿပီး တူးတူးကိုေခၚလွ်င္ "ဘာေလးေလးလဲ ကိုႀကီးဆိုေတာ္ေရာေပါ့ ေတာ္ေတာ္လူႀကီးျဖစ္ခ်င္ေနတာ"ဟု အျမင္ကတ္ကတ္ျဖင့္ျပန္ေျပာလွ်င္ မမတို႔ပါ ရယ္ၾကေလသည္။
"ေဟာ သားသု ေရာက္ေနတာလား" ဆိုၿပီး ေမေမ ဧည့္ခန္းထဲ ဝင္လာသည္ကို ျမင္ေတာ့ ကိုသုက "ဟုတ္တယ္ ေမေမႏု သား ေဘးေဘးကို လျပည့္ည ဘုရားသြားဖို႔ လာေခၚတာ "ဟု ျပန္ေျဖေလသည္။
ေမေမက "ေခၚသြားေလ"ဆိုၿပီးေျပာေပမဲ့ "မလိုက္ခ်င္ဘူး"ဟုသာ ျငင္းမိေလသည္။
"သားသုနဲ႔ ရန္ျဖစ္ၾကျပန္ၿပီလား"ဆိုၿပီး မမႀကီးေမးေတာ့ "
မဟုတ္ပါဘူး မမႀကီး ဒီမွာ တူးတူးေလးလည္းပါလာတယ္ေလ ၿပီးေတာ့ လျပည့္ေန႔ၾက သက္တို႔နဲ႔ ေလွ်ာက္လည္မွာဆိုေတာ့ ကိုသုနဲ႔မသြားခ်င္ေတာ့လို႔ပါ တူးတူးကိုလည္း အခ်ိန္ေပးရဦးမယ္ေလ ဟုတ္တယ္မလား တူးတူး"ဆိုၿပီး ေမးေတာ့ တူးတူးေလးက ေခါင္းၿငိမ့္ျပေလသည္။
"ဒါဆို ေဘးေဘးကို အာဘြားေပးပါဦး "ဆိုေတာ့ အာဘြား အာဘြား အာဘြားဆိုၿပီး သံုးခါေတာင္ေပးေလသည္။ ထိုစဥ္ ကိုသုက အနားကပ္လာၿပီး
"ငါက မင္းတူေလာက္ အေရးမပါဘူးေပါ့ဟုတ္လား ငါအဲ့ေကာင္ကို သိပ္ၾကည့္မရေတာ့ဘူး "ဆိုၿပီး ကိုသုကႀကိမ္းသည္။ ေဘးေဘး မၾကားခ်င္ေယာင္ေဆာင္ၿပီး ထမင္းစားခန္းထဲသို႔ ဝင္လာခဲ့သည္။
ေမေမက ကိုသုပါ တစ္ခါတည္းစားခိုင္း၍ မိသားစု ထမင္းဝိုင္းေလးက လူစံုလွသည္။ ခါတိုင္းဆို ေမေမရယ္ ေဖေဖရယ္ ေဘးေဘးရယ္ သံုးေယာက္တည္း အခုေတာ့ လူေတြစံုေနသည္မို႔ ေပ်ာ္စရာပင္။ တူးတူးက ေဘးေဘးေပါင္ေပၚမွ မခြာ မမႀကီးက အတင္းျပန္ေခၚေသာ္လည္းမရ။
ကိုသုက ေဘးေဘး စိတ္ဆိုးေနမွန္းရိပ္မိသလို တူးတူးက ေဘးေဘး ဆီက မခြာပဲ တြယ္ကပ္ေနသည္ကိုလည္း ၾကည့္မရေနသည့္ပံုပါပဲ။ မ်က္ေစာင္းႀကီးတစ္ထိုးထိုးျဖင့္ ၿဂိဳလ္ေပးေနသည္ကို မသိခ်င္ေယာင္ ေဆာင္ေနရသည္မွာလည္း ေပ်ာ္ဖို႔ေတာ့ အေကာင္းသား။
ထမင္းစားၿပီးေတာ့ ကိုသုက "ေမေမႏု သားဒီမွာပဲ အိပ္ေတာ့မယ္"ဆိုေတာ့
"အိပ္ေလ သားသုရဲ႕ ခါတိုင္းလည္း အိပ္ေနတာပဲ"
"ဒါဆို မမႀကီးတို႔က သားအခန္း ယူသံုးလိုက္ေလ သား ေဘးေဘး အခန္းမွာသြားအိပ္လိုက္မယ္"ဆိုၿပီးေျပာေလသည္။ ေတာ္ေတာ္ဉာဏ္မ်ားတဲ့ ကိုသုပါလား ငါ့အခန္းမွာ မတတ္သာလို႔ အိပ္လိုက္ရတဲ့ပံုစံနဲ႔ ေတြ႕မယ္ ငါနဲ႔
"မမႀကီးတို႔က ကိုသု အခန္းမွာ အိပ္စရာမလိုပါဘူး ေအာက္ထပ္မွာ မမႀကီးတို႔ လင္မယား အိပ္ေနၾက အခန္းရွိတာပဲ"ဆိုႀကီးေျပာလွ်င္
"ဟာ ကေလးနဲ႔ေလ ဘယ္လိုလုပ္အဆင္ေျပမွာလဲ ေဘးေဘးရ"ဆိုၿပီး ကိုသု ကမန္းကတန္းဝင္ေျပာေလသည္။
"ဪ ဒါေလးမ်ား လြယ္လြယ္ေလး"ဆိုၿပီး တူးတူးကို ေကာက္ေပြ႕ရင္း "တူးတူး ဒီည ေဘးေဘးနဲ႔ တူတူအိပ္မွာမလား "ဆိုၿပီး ေမးေတာ့
"အိပ္မယ္"ဆ္ိုၿပီးေခါင္းၿငိမ့္ျပေလသည္။ တူးတူးကို ေပြ႕ခ်ီရင္း အေပၚထပ္ကို တတ္လာမိလာမို႔ အေနာက္မွာ က်န္ခဲ့သည့္ ကိုသုမ်က္ႏွာကေတာ့ လွည့္ၾကစရာပင္မလို စူပုတ္ေနမွာ အေသအခ်ာပါပဲ။ မွတ္ထား ကိုသု အရာရာတိုင္း နင္ျဖစ္ေစခ်င္သလို ျဖစ္မယ္မ်ားထင္ေနသလားဆိုၿပီး တစ္ေယာက္တည္း ေတြးရင္း သေဘာက်ေနမိသည္။