နိုဝင်ဘာ(၂၆)ရက်နေ့...
ယဉ်ကျေးဝေမင်္ဂလာဆောင်ရောက်ရန် ၃ရက်အလို...
အိမ်မှာလည်း အားလုံးအလုပ်ရှုပ်နေကြချိန်...
ယဉ်ကျေးဝေတစ်ယောက်လည်း အိမ်ကိုတောင်သေချာမကပ်နိုင်။ဟိုတယ်ခန်းမငှါးတဲ့ကိစ္စတွေအတွက်ရော၊အလုံးစုံကိစ္စတွေအတွက် သူ့သတို့သားနဲ့အားတောင်မအားလပ်နိုင်။
ရှင်လင်းညို နှင့် ထက်ဦးညီကနှစ်ယောက်တွဲပြီး တစ်ခြားစီစဉ်စရာရှိတာတွေစီစဉ်ရသည်။
"အစ်မရေ...ညီရော"
ချိန်းထားသည့်အချိန်ကရောက်နေပြီ။အခုထိထွက်မလာသေးသည့် ထက်ဦးညီကို ခေါ်ဖို့နေခြည်တို့အိမ်ရှေ့ကိုရောက်လာခဲ့၏။
"ညီညီနေမကောင်းဘူးအညို...အရမ်းဖ်ားနေတယ်
တက်သွားလိုက်လေ"
နေခြည်ကဆန်ပြုတ်ကျို နေရင်းလှမ်းပြောသည်။ရှင်လင်းညိုလည်းအိမ်ပေါ်ပြေးတက်လာမိ၏။အခန်းထဲရောက်တော့ အိပ်ယာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ထက်ဦးညီကိုတွေ့လိုက်ရ၏။
နဂိုကမှဖြူ နေတဲ့မျက်နှာလေးကအခုတော့သွေးမရှိတော့ ပိုဖြူ ဆုတ်နေသလို...ပန်းနုရောင်သမ်းနေတဲ့သူ့နှုတ်လေးတွေကလည်းခြောက်သွေ့လို့။နှဖူးလေးကို အသာလေး လက်တင်စမ်းကြည့်တော့ကိုယ်ပူချိန်တွေက တရိပ်ရိပ်တက်လို့...။
နေခြည်အခန်းထဲဝင်လာတော့ လက်ကိုရုတ်လိုက်ကသည်။ဗန်းလေးတစ်ခုထဲမွာ ရေခဲဝတ်နဲ့ဆန်ပြုတ်ပန်းကန်ထည့်ပြီးယူလာတာမို့ ကူသယ်ပေးလိုက်၏။
ပြီးတော့ ရေခဲဝတ်ကလေးကို နှဖူးပေါ်ဖွဖွလေးတင်ပေးလိုက်၊မျက်နှာလေးကို သဘက်လေးတစ်ခုနှင့်သုတ်ပေးလိုက်လုပ်နေ၏။
"အစ်မ ကြျန်တော် ညီ့ကိုကြည့်ထားလိုက်ပါ့မယ်
အစ်မ အမေနဲ့ဖိတ်စာလေးသွားဝေပေးပါ့လား"
နေခြည့်ကိုလှည့်ပြီး ပြောလိုက်သည်။နေခြည်က မ
ငြင်း။နေခြည်က ကားသော့ကိုယူပြီး ထွက်သွားသည်။ရှင်လင်းညိုက ရေပတ်တိုက်ပေးလိုက်၊နှဖူးလေးကို အသာလေးစမ်းကြည့်လိုက်လုပ်နေ၏။
သိပ်မကြာခင်မွာပဲ ထက်ဦးညီရဲ့ နှုတ်ခမ်းလေးတွေလှုပ်လာခဲ့သည်။
"အစ်ကို...အစ်ကို..."
အဖ်ားတွေတက်ပြီး ရှင်လင်းညိုကို တရင်းယောင်
နေတာပဲဖြစ်သည်။ရှင်လင်းညိုက သူ့လက်ကလေးကို ဆုပ်ကိုင်လိုက်ရင်း...
"အင်း အစ်ကိုဘေးမှာရှိတယ်...အိပ်လိုက်နော်" ဟုဆိုပြီး ဆံပင်တွေကို ဖြဖြလေးသပ်ပေးနေလိုက်သည်။ထက်ဦးညီရဲ့မျက်လုံးလေးတွေ ဖြည်းဖြည်းချင်းပွင့်လာပြီး ငုံ့ကြည့်နေတဲ့ရှင်လင်းညို လည်ပင်းကိုဆွဲဖက်လိုက်သည်။ပြီးတော့ ဖျော့တော့နေတဲ့အသံလေးနဲ့...
"အစ်ကို ညီ့အနားကထွက်သွားတယ်လို့အိပ်မက်မက်တယ်"
ရှင်လင်းညိုက သူ့မျက်နှာနားလေးကို အနီးဆုံးထိကပ်သွားပြီး သူ့မျက်လုံးတွေကိုကြည့်ရင်းပြောလိုက်သည်။
"အစ်ကိုက ညီ့ကိုထားပြီး ဘယ်ကိုထွက်သြားရဦးမွာလဲ...ညီ ဖ်ားနေလို့ အိပ်မက်တွေလျှောက်မက်နေတာပါ..."
ပြီးတော့ နှဖူးလေးကိုဖွဖွလေးနမ်းလိုက်၏။
"ညီ့အဖ်ားတွေ အစ်ကို့ကိုကူးရင်ကောင်းမယ်ကြာ...ညီဒီလိုကြီး ဝေဒနာတွေခံစားနေရတာကို အစ်ကိုသဘောမကျဘူး"
ထိုစကားကြောင့် ထက်ဦးညီရဲ့နှုတ်ခမ်းလေးတွေ
ပြုံးယောင်သမ်းသြားသည်။
"ဆန်ပြုတ်လေး နည်းနည်းလေးသောက်ရအောင်နော်"
"အစ်မရော..."
"အစ်ကိုတို့အစား ဖိတ်စာသြားဝေတယ်"
ထက်ဦးညီကို အိပ်ယာထဲနေ ကူပြီး ထူပေးလိုက်သည်။ခေါင်းအုံးကို မှီရင်း ထိုင်နေတဲ့ ထက်ဦးညီက
မပူတော့တဲ့ ဆန်ပြုတ်ကို တဖူးဖူး မှုတ်နေတဲ့သူကို
ကြည့်ပြီး သြားတွေပေါ်တဲ့အထိ ရယ်မိသွားသည်။
ချစ်တဲ့သူတိုက်တဲ့ ဆန်ပြုတ်မို့ တစ်ပန်းကန်နီးပါး ကုန်တဲ့အထိ သောက်ဖြစ်သွားသည်။
"တစ်ရေး အိပ်လိုက်ဦးနော်...အိပ်ယာနိုးမှ ဆေးခန်းသြားရအောင်"
ခေါင်းအုံးကိုချပြီး ကူလွဲပေးလိုက်သော်လည်း ထက်ဦးညီက မျက်လုံးမမှိတ်ပဲ သူ့ကိုသာ စိုက်ကြည့်နေသည်။ရှင်လင်းညိုက ထက်ဦးညီရဲ့ မျက်တောင်ရှည်လေးတွေကို လက်လေးနဲ့ဖွဖွလေးသပ်ချလိုက်ရင်း...
"အိပ်လိုက်နော် ညီက လိမ္မာပါတယ်"
ထက်ဦးညီ အိပ်ရာကနိုးလာတော့ ရှင်လင်းညိုက ကူတွဲပြီး ဆေးခန်းလိုက်ပို့သည်။ထက်ဦးညီက ဆေးခန်းလူစောင့်ရင်း ချမ်းလို့တုန်နေ၏။ဆွယ်တာလေးဝတ်ထားတာတောင်ချမ်းနေပုံရသည်။ဒါကြောင့် သူ့လက်မောင်းလေးကိုအသာဆွဲပြီး ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်၏။သူတို့နှင့်မျက်နှာချင်းဆိုင်မွာ ထိုင်နေတဲ့ အဘိုးကြီးနှင့်အဘွားကြီးကလန့်သွားသလို၊ဆေးပေးတဲ့နေရာမှာထိုင်နေတဲ့ သူနာပြုမလေးကလည်း မျက်လုံးပြူ းပြီးကြည့်နေသည်။
ဆရာဝန်စမ်းသပ်နေတုန်းကလည်း...
"ချောင်းဆိုးလား...နှာတွေဘာတွေရောစီးလား"
"ဆိုးတယ်ဆရာ ခဏခဏပဲ...နှာလည်းစီးတယ်...အရမ်းလည်းချမ်းနေတဲ့ပုံပဲဆရာ...အဖ်ားတွေလည်းတက်တက်လာတယ်"
အားကြိုးမာန်တက်လူနာကိုယ်စား အဆက်မပြတ်ဖြေပေးနေတဲ့ ရှင်လင်းညိုကိုကြည့်ပြီး ဆရာဝန်ကရယ်သည်။ပြီးတော့...
"အအေးမိသွားတာပါ...ရေချိုးတွေဘာတွေဂရုစိုက်
ပြီးတော့ ပြတင်းပေါက်တွေဖွင့်မအိပ်နဲ့နော် လေစိမ်းတိုက်လို့ ပိုဖျားလိမ့်မယ်"
ဆရာဝန်ကအအေးမိတယ်ပြောလိုက်ကတည်းက အိမ်အပြန်တစ်လမ်းလုံး ရေမချိုးဖို့အကြောင်းတဖြဖြပြောသည်။ဒါ့အပြင် ပြတင်းပေါက်ဖွင့်အိပ်တဲ့ကိစ္စကိုရောက်သွားပြီး....
"ညီ့အခန်းကပြတင်းပေါက်ရှိတယ်...ကိုယ့်အခန်းမှာလာအိပ် နေကောင်းတဲ့ထိ"
တံခါးကိုမှီအိပ်နေတဲ့ ထက်ဦးညီက ခေါင်းကိုအားယူပြီးသူ့ဘက်လှည့်လိုက်သည်။
"တံခါးပိတ်အိပ်ရင်ဖြစ်တာပဲအစ်ကိုကလည်း"
"မဖြစ်ဘူးညီ...အစ်ကိုစိတ်မခ်ဘူး"
ထက်ဦးညီလည်းဘာမွပြောမရတာနဲ့ ဆက်မပြောတော့ပေ။သူတို့ကားလေး အိမ်ထဲဝင်သြားတော့ အိမ်မွာ ဧည့်သည်ရောက်နေမှန်း သတိထားမိလိုက်သည်။ရှင်လင်းညိုက ကားပေါ်ကဆင်းရင်း ဧည့်သည်တွေရဲ့ကားကိုအကဲခတ်လိုက်သည်။မြင်ဖူးသလိုရှိသည်ဟုတော့ ထင်လိုက်၏။ပြီးတော့ ထက်ဦးညီကိုတွဲရင်း အိမ်ထဲဝင်လိုက်သည်။ဧည့်ခန်းမှာထိုင်နေတဲ့ ဟိန်းသူကိုတွေ့လိုက်ရ၏။သူနှင့်အတူ အန်တီမျိုးတို့ရော ဟိုကောင်မလေးဖူးသစ်ဝေရောပါသည်။ဟိန်းသူက ထမလို့လုပ်ပြီးမှ ထက်ဦးညီကိုတွေ့တော့ ပြန်ထိုင်လိုက်၏။အားလုံးအကြည့်တွေ
ကသူတို့နှစ်ယောက်ဆီမွာ...
"ငါအဲ့ကြောင့် ကားကိုမြင်ဖူးတယ်ထင်နေတာကိုး"
ထက်ဦးညီက အိမ်အပြင်ဘက်သွားဖို့ လှည့်လိုက်တော့ ရှင်လင်းညိုက လက်ကိုဖမ်းဆွဲပြီး ခေါင်းကိုအသာရမ်းပြ၏။
"ညီညီ နေမကောင်းဘူးလား"
ဦးလင်းထက်က လှမ်းမေးလိုက်သည်။
"အခုမွ သား ဆေးခန်းပို့ပြီးပြန်လာတာ အဖေ...ပြတင်းပေါက်မရှိတဲ့နေရာမှာ အိပ်ရမှာဆိုလို့ သားအခန်းမှာသိပ်မလို့အဖေ...ခနနော်..ပြန်ဆင်းလာခဲ့ပါ့မယ်"
ပြောပြောဆိုဆို အိမ်ပေါ်ကိုတက်လာခဲ့လိုက်သည်။
သူ့ကုတင်ပေါ်မှာ ထက်ဦးညီကို လှဲခိုင်းလိုက်ပြီး အိပ်ပျော်တဲ့ထိ စောင့်နေလိုက်သည်။လိုက်သာလိုက်လာရတာ ဧည့်သည်တွေနဲ့မို့ အိမ်ပြန်ချင်ပုံရသည်။
သို့သော်လည်း ပိုဖျားမှာစိုးလို့ ဇွတ်အတင်းခေါ်လာမိ၏။ရှင်လင်းညိုက သူ့ဆံပင်လေးတွေကို သပ်လိုက်ပြီး နှဖူးလေးကိုဖွဖွလေးနမ်းကာ အောက်ပြန်ဆင်းလာခဲ့သည်။
"အန်တီမျိုးတို့ဘယ်တုန်းကရောက်ကြတာလဲ"
"ခုနကပဲ မင်းကသာ ဖုန်းလေးတစ်ချက်မဆက်တာ လွမ်းတဲ့သူတွေက လွမ်းနေရတာပါကွာ"
ရှင်လင်းညို မျက်လုံးတွေက ထိုကောင်မလေးဆီ
လှစ်ခနဲ ရောက်သြားတော့ သူ့ မျက်နှာလေးနီပြီး ပန်းရောင်သမ်းသြားတာကိုတွေ့လိုက်ရသည်။
"မင်္ဂလာဆောင်လာမယ်ဆိုတာသိပေမယ့် အစော
ကြီးလာကြမယ်လို့ ကျွန်တော်ကမထင်ဘူးလေ အဲ့ကြောင့် အံ့သြသွားတာ"
"အေးပေါ့ အန်တီတို့လည်း အစကမင်္ဂလာပွဲနေ့မှ လာမယ်လုပ်ထားတာ မင်းတို့မိသားစုနဲ့လည်းမတွေ့တာကြာပြီဆိုပြီး စောလာလိုက်တာ..
ဒီမှာကြည့်ပါဦး ပုံပုံတောင်ဒီအရွယ်ရောက်နေပြီ"
ပုံပုံက အန်တီမျိုးပေါ်မှာ ကပ်နေသည်။အန်တီမျိုးတို့ရန်ကုန်မပြောင်းခင်က အိမ်ခဏခဏလာလည်နေကြမို့ ပုံပုံ့ကို သူတို့တစ်မိသားစုလုံး ချစ်ကြသည်။
"အပြင်သြားရအောင် အညို"
ဟိန်းသူစကားကြောင့် ချောင်ပိတ်သွားသည်။အောက်ကိုသာ ဆင်းလာရတာ အခန်းထဲမွာထားခဲ့ရတဲ့ ထက်ဦးညီကိုစိတ်ကမခ်ပေ။ခဏလောက်စကားပြောပြီး ပြန်တက်မယ်လို့စိတ်ကူးထားပေမယ့်လည်း
ဟိန်းသူစကားကြောင့် ဘာပြန်ပြောရမှန်းမသိကြောင်အအ ဖြစ်သြားရ၏။
"အေးသွားမယ်လေ ဒါပေမယ့်အခုတော့မဟုတ်ဘူး မနက်ဖြန်လောက်မွ"
"ဟာ ဘာလို့လဲ"
"မင်းကအခုမွရောက်တာလေကွာ နားလိုက်ပါဦးတစ်ရက်လောက်"
"အေးလေ...ကားလည်းမောင်းလာတဲ့ဟာ နားပါဦး"
အန်တီမျိုးကဝင်ပြောလိုက်သောကြောင့် နည်းနည်းအသက်ရှူ ချောင်သွားသည်။ပြီးတော့ အကုန်လုံးနားဖို့ အိမ်ပေါ်တက်သွားကြ၏။ထိုအခါမှ ရှင်လင်းညိုလည်း ကိုယ့်အခန်းကိုယ်ပြန်လာနိုင်တော့သည်။အခန်းထဲရောက်တော့ ထက်ဦးညီကအိပ်ပျော်နေဆဲဖြစ်သည်။နှဖူးလေးကိုစမ်းကြည့်တော့ ချွေးလေးစို့လာ
ပြီဖြစ်တာကြောင့် သဘတ်လေးနဲ့အသာလေးသုတ်ပေးလိုက်၏။ခဏလောက်နေတော့ ဒေါ်အိအိမိုးနှင့်နေခြည်လည်းပြန်ရောက်လာကြသည်။ရှင်လင်းညိုက ဆင်းပြီး ထက်ဦးညီကို သူ့အခန်းမှာသိပ်မယ်ဖြစ်ကြောင်း ခွင့်တောင်းလိုက်၏။တစ်ခေါက်တော့ သူ့မောင်ကိုကြည့်ရန် အိမ်ပေါ်တက်လာလိုက်သည်။အခန်းထဲမှာ အိပ်မောကျနေတဲ့ သူ့မောင်ရဲ့နှဖူးလေးကိုစမ်းပြီး...
"ကျေးဇူးပါပဲအညိုရယ်...ဒါပေမယ့် ဧည့်သည်တွေနဲ့ အိပ်လို့ကောင်းပါ့မလား...အစ်မပဲပြန်ခေါ်သွားလိုက်ရမလား...သူကနေလည်းမကောင်းတော့ အနေခက်မှာစိုးတယ်"
နေခြည့်စကားကိုသေချာပြန်စဉ်းစားကြည့်တော့ ဟုတ်နေသည်။ညီ့အတွက်ကအနေခက်စရာဖြစ်နေမည်။လွှတ်ကလည်း မလွှတ်ချင်။သို့ပေမယ့်လည်း နေခြည်နှင့်ပြန်ထည့်လိုက်ရ၏။အိပ်ခန်းထဲထိ သေချာလိုက်ပို့ပြီး စောင်သေချာခြုံပေးပြီးမှ အိမ်ဘက်ကိုပြန်လာခဲ့၏။အိမ်ရှေ့ရောက်တော့ ဖူးသစ်ဝေနှင့်တည့်တည့်တိုးသည်။
"နေကောင်းလား ညီမလေး မတွေ့တာတောင်နည်းနည်းကြာပြီ"
"ကောင်းတယ်အစ်ကို...အစ်ကိုရော အိမ်မွာနေရတာစိတ်ချမ်းသာတယ်ထင်တယ် ရန်ကုန်မှာတုန်းကတစ်ခါမှမမြင်ဖူးတဲ့အပြုံးကိုတွေ့နေရတယ်"
ဖူးသစ်ဝေ စကားကြောင့် ရှင်လင်းညိုကပြုံးရင်း...
"ဆိုပါတော့ညီမလေးရာ...အလုပ်ရောအဆင်ပြေရဲ့လား...ညီမလေး နည်းနည်းပိန်သွားတယ်နော် ဒါပေမယ့် လွနေတုန်းပါပဲ"
ဖူးသစ်ဝေပါးကလေး ချက်ချင်းနီရဲသွားသည်။အတန်ကြာ လွမ်းနေခဲ့ရတဲ့ မျက်နှာလေးကိုမြင်နေရတာကြောင့် ဖူးသစ်ဝေရင်တွေပေါက်ထွက်တော့မတတ် တဒိတ်ဒိတ်နဲ့ခုန်နေ၏။ဒါကို ရှင်လင်းညိုကတော့ မသိ။သူ့ညီမလေးလို သဘောထားပြီး သူကတော့
ပြောချင်တာတွေပြောနေတော့သည်။
"ဟို အဆင်....အဆင်ပြေပါတယ်အစ်ကို"
"အင်းအင်း...အေးဆေးနေနော် ဒီမွာ "
စကားစဆက်ပြီး အိမ်ပေါ်တက်လာခဲ့သည်။ပြီးတော့အဝတ်အစားလဲပြီး အိပ်ယာပေါ်ဘုန်းခနဲလှဲချလိုက်သည်။
ရင်ထဲမွာ ထက်ဦးညီအတွက်စိတ်ပူပြီး ပူလောင်နေ၏။အိမ်ရာထဲက ပြန်ထလိုက်သည်။
အိမ်ရှေ့ ဝရန်တာကို ထွက်လာလိုက်သည်။
ဝရန်တာကနေ လှမ်းကြည့်ရင် ထက်ဦးညီအခန်းကိုတန်းနေအောင်မြင်ရသည်။
အချိန်အကြာကြီး ရပ်ကြည့်နေမိသေးသည်။ပြီးတော့ အိမ်ပေါ်ကနေပြေးဆင်းလာပြီး မီးဖိုခန်းထဲမှာရှိတဲ့ အမေဖြစ်သူဆီပြေးလာ၏။
"အမေ"
"ဟဲ့အမောတကောနဲ့ဘာလဲ..."
"သား ဒီနေ့ညတော့ ညီနဲ့သွားပြီး အဖော်အိပ်ပေးမှ
ဖြစ်မယ်ထင်တယ်"
"ဟဲ့ကောင်လေးရဲ့ ဘယ်လိုကောင်းမလဲ နေခြည်လည်းရှိနေတဲ့ဟာ"
ရှင်လင်းညို အနည်းငယ်စိတ်ရှုပ်သွားသည်။ပြီးတော့ အိမ်ပေါ်ကဆင်းလာတဲ့ ပုံပုံကိိုတွေ့တာနှင့်...
"ပုံပုံ...ပုံပုံ့ကိုပါခေါ်သွားလိုက်မယ်လေ အစ်မနေခြည်နဲ့အတူအိပ်ရအောင်"
သူအော်ပြီးပြောလိုက်တာကြောင့် ပုံပုံရော သူ့အမေပါလန့်သွားသည်။သူ့အမေက နောက်ကျောကိုတစ်ချက် အသာလေးရိုက်လိုက်ရင်း...
"ဘာဖြစ်နေတာလဲ...သူ့အစ်မတစ်ယောက်လုံးရှိနေတဲ့ဟာ"
"သနားပါတယ်အမေကလည်း နှစ်ယောက်တည်းမို့လို့လေ အရမ်းဖ်ားနေတာညီညီက"
အသနားခံတဲ့မျက်လုံးလေးတွေနှင့် အမေဖြစ်သူကို
ကြည့်သည်။
"သမီးလည်းလိုက်အိပ်လိုက်ပါ့မယ်အမေရယ်...ဟုတ်လည်းဟုတ်တယ် ဟိုတစ်ခါကလို ညီညီ သတိလစ်သွားမှဒုက္ခ"
ယဉ်ကျေးဝေက အိမ်ရောက်ရောက်ချင်း ဝင်ပြောပေးလိုက်သည်။ပြီးတော့ ရှင်လင်းညိုကိုတိတ်တိတ်လေး မျက်စိမှိတ်ရင်း လက်မထောင်ပြ၏။
"သဘောပဲဟယ် သွားကြသွားကြ...မနက်တော့ အိမ်ပြန်ပြီး မနက်စာစားနော် နေခြည့်ကိုဝန်မလေးစေနဲ့ဦး"
"ဟုတ်"
နှစ်ယောက်လုံးကတက်ညီလက်ညီဖြေပြီးရယ်မိကြသည်။ပုံပုံကတော့ နှစ်ယောက်လုံးကိုကြည့်ပြီး သူ့နှဖူးသူရိုက်လိုက်၏။ယဉ်ကျေးဝေက ရေချိုးအဝတ်အစားလဲမလို့ အခန်းထဲဝင်တာတောင် နောက်ကနေတကောက်ကောက်လိုက်လာသည်။သူတင်မဟုတ် ပုံပုံ့ကိုပါ ပျောက်သွားမှာစိုးလို့ လက်ကိုဆွဲပြီးခေါ်လာသည်။
"အကဲပိုလိုက်တာ ကိုကိုရာ" လို့ သူ့ကိုကြည့်ရင်းပုံပုံကတောင် ပြောယူ၏။ရေချိုးခန်းထဲဝင်သြားတာ
မကြာသေးတဲ့ ယဉ်ကျေးဝေကိုလည်း ခဏခဏတံခါးသြားခေါက်ရင်း...
"ကြာလိုက်တာအစ်မရာ...စူဠလိပ်ရေထဲလွှတ်လိုက်သလိုပဲ"
"နင်ကလည်းဟာ ငါချိုးတာမကြာသေးပါဘူးဟာ ကိုယ့်ပါကိုယ် သွားလိုက်တော့အဲ့ဆိုလည်း"
ယဉ်ကျေးဝေကအဲ့လိုပြောလိုက်မွ ငြိမ်သွားသည်။
အိမ်အောက်ထပ်ကနေ အကျႌလဲနေတဲ့ယဉ်ကျေးဝေကိုစောင့်ရင်း ထိုင်လိုက်ထလိုက်လုပ်နေသည်။ကြာလာတော့ပုံပုံလည်း...
"မျက်စိနောက်တယ် ကိုကိုရာ...ငြိမ်ငြိမ်လေးနေပါဦး"
ယဉ်ကျေးဝေဆင်းလာတော့လည်း ဖြည်းဖြည်းသွားလို့ရတဲ့လမ်းကို အမြန်တွေဇွတ်သွားသည်။သူ့ကိုမှီအောင် မနည်းလိုက်နေရ၏။နေခြည်က သူတို့သုံးယောက်ကိုမြင်တော့ အတော်လေးအံ့သြနေသည်။
နေခြည်က သူအဆင်ပြေကြောင်းပြောနေပေမယ့်လည်း မောင်ဖြစ်သူရှင်လင်းညိုကြောင့် အတင်းတွေအဆင်မပြေခိုင်းနေရ၏။နောက်ဆုံး နေခြည်နဲ့အတူ ပုံပုံနှင့်ယဉ်ကျေးဝေကိုအိပ်ခိုင်းပြီး ရှင်လင်းညိုကိုထက်ဦးညီနှင့်အိပ်ဖို့သဘောတူလိုက်ရတော့သည်။
ခွင့်ပြုချက်ရပြီးကတည်းက အိမ်ပေါ်ကိုရှင်လင်းညိုတို့ ရောက်သွားလိုက်တာမ်ား မြန်လိုက်တာဆိုတာ။
အခန်းတံခါးဖွင့်သံကြားတော့ ထက်ဦးညီကဘေးဘက်လှည့်အိပ်နေရာက လှည့်ကြည့်သည်။
ရှင်လင်းညိုမှန်းလည်းသိရော သဘောကျပြီးရယ်တောင်ရယ်သည်။
မျက်နှာလေးဖြူ ဆုတ်နေရာက အနည်းငယ်တော့ရော့သွားပြီဖြစ်သည်။
ရှင်လင်းညိုက ကုတင်ပေါ်မှာထိုင်ချလိုက်ရင်း ထက်ဦးညီ၏ နှဖူးလေးကိုလက်နှင့်အသာစမ်းလိုက်၏။
ပြီးတော့သူ့နှဖူးသူ ပြန်စမ်းလိုက်လုပ်နေသည်။
"အဖျားကျသွားပြီပဲ...ငွေ့ငွေ့လေးတော့ရှိသေးတယ်"
ကုတင်ပေါ်ကိုဇွတ်တွေတိုးပြီး အိပ်ချလိုက်သည်။ထက်ဦးညီကလန့်တောင်သွားသည်။
"အစ်ကို...မကြီးမြင်သွားရင်ဘယ်လိုလုပ်မလဲ"
"မမြင်ပါဘူးစိတ်ခ်...ဟိုနှစ်ကောင်ကိုအစောင့်ခေါ်လာတယ်..."
"ဘယ်နှစ်ကောင်လဲ"
"ပုံပုံနဲ့ အစ်မနဲ့လေ"
ထက်ဦးညီက သွားတက်လေးတွေပေါ်လာတဲ့အထိရယ်သည်။သူ့ပုံစံလေးကနေမကောင်းနေတာတောင် ချစ်စရာတော်တော်လေးကောင်းနေသည်။ရှင်လင်းညိုက သူ့မျက်နှာနားကိုကပ်သွားလိုက်ပြီး သူ့ကိုသေချာစိုက်ကြည့်နေမိ၏။ဖြောင့်ဆင်းနေတဲ့နှာတံ၊ရှည်လျားလှတဲ့မျက်တောင်ကလေး
တွေ၊မည်းနက်နေတဲ့ မျက်လုံးအိမ်ကလေးနဲ့ နှုတ်ခမ်းဖူးဖူးလေးတွေက စွဲမက်စရာကောင်းနေသည်။
ရှင်လင်းညိုက ထက်ဦးညီမျက်နှာနှင့်အနီးဆုံးထိ သူ့မျက်နှာကိုတိုးလာတော့...
"အစ်ကို..."
ထက်ဦးညီစကားမဆုံးခင်မွာဘဲ သူကထက်ဦးညီ နှုတ်ခမ်းလေးကိုနမ်းချလိုက်သည်။ထက်ဦးညီ ဘာမှဆက်မပြောနိုင်ဘဲ မျက်လုံးကိုစုံမှိတ်ထားမိ၏။
"အညိုရေ"
ဝုန်းခနဲ တံခါးကိုဖွင့်ချလိုက်တဲ့အချိန်မွာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ယဉ်ကျေးဝေလက်ထဲမှာကိုင်ထားတဲ့ ဆန်ပြုတ်ပန်းကန်တောင် ပြုတ်ကျမလိုဖြစ်သွားသည်။ရှင်လင်းညိုရော ထက်ဦးညီရောပါ လန့်သွားကြပေမယ့် ယဉ်ကေ်းဝေကတံခါးကြီးကိုဝုန်းခနဲပိတ်ချလိုက်ပြီး အပေါ်ထပ်တက်လာတဲ့နေခြည့်ကို
"အိပ်နေကြပြီနှစ်ယောက်လုံး...ဒါကိုကြောင်အိမ်ထဲထည့်ထားလိုက်မယ်...ညီညီနိုးလာရင် အညိုတိုက်လိမ့်မယ်လေ"
"မအိပ်လောက်သေးပါဘူးကျေးဝေရဲ့"
အခန်းကိုဝင်ဖို့လုပ်နေတဲ့ နေခြည့်ကိုသူမက ရှေ့ကနေပိတ်လိုက်ပြီး...
"နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေကြတာ...သွားနှိုး
လိုက်ရင်ပိုဆိုးလိမ့်မယ်...လာပါ"
ဇွတ်အတင်းအောက်ဆင်းဖို့ခေါ်နေတဲ့ ယဉ်ကျေးဝေအသံကြောင့် နှစ်ယောက်လုံးအခန်းထဲကနေ အသံမထွက်အောင်ရယ်မိကြသည်။
"အစ်မကျေးဝေကသိတာလား အစ်ကို"
"အင်း အစ်မအရင်သိတာ"
ရှင်လင်းညိုက နှဖူးလေးကိုဖွဖွလေးငုံ့နမ်းလိုက်ပြီး ရင်ခွင်ထဲထည့်ထားလိုက်၏။
သိပ်မကြာခင်မွာပဲ ထက်ဦးညီအိပ်ပျော်သွားခဲ့သည်။
ချစ်ရတဲ့သူရဲ့ရင်ခွင်မွာ အိပ်စက်ရတဲ့ညက သာယာလှတယ်မဟုတ်လား....။
အပိုင်း(၁ဝ)မျှော်
Author နည်းနည်းUpတာနောက်ကျမိသွားလို့ ရှည်ရှည်လေး Upပေးထားပါတယ်နော်
ဖတ်ပေးကြတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်
အရမ်းလည်းချစ်ပါကြောင်း