ယဉ်ကျေးဝေ ရုံးပိတ်ရက် အပြင်သွားဖို့ထွက်လာတုန်း ပိတောက်ပင်အောက်မွာ တိတ်တဆိတ် ထိုင်နေတဲ့ ထက်ဦးညီကိုတွေ့လိုက်ရ၏။ယဉ်ကျေးဝေက အနားကိုဖြည်းဖြည်းချင်း လှျှောက်သွားပြီးထိုင်လိုက်သည်။ယဉ်ကျေးဝေအနားမှာလာထိုင်သည်ကိုတောင် ထက်ဦးညီက သိပုံမပေါ်။
"ညီညီ...နေကောင်းသွားပြီလား"
ယဉ်ကျေးဝေက မေးလိုက်မွ ထက်ဦးညီက ယဉ်ကျေးဝေ ရောက်နေမှန်းသိသွားသည်။
သူ့မျက်နှာလေးက ပုံမှန်ထက်ဖြူ လျော့နေ၏။
ယဉ်ကျေးဝေကို ပြန်ပြုံးပြလိုက်သည့် အပြုံးမှာတောင်အသက်မပါ။
ယဉ်ကျေးဝေက ထက်ဦးညီ ပုခုံးလေးကပုတ်ရင်း ပြောလိုက်သည်။"ညီညီ...လူ့ဘဝဆိုတာကြီးကဘယ်လိုလဲသိလား"
ထက်ဦးညီက ခေါင်းရမ်းပြလိုက်သည်။
"တစ်ခါတစ်လေ ဖြစ်ချင်တာတွေဖြစ်မလာတတ်ဘူးညီ..."
ထက်ဦးညီက ဘယ်လိုအဓိပ္ပါယ်လဲဟူသော သဘောမျိုးဖြင့် လှည့်ကြည့်သည်။
"ညီညီ ဘယ်လိုဘဲဖြစ်ဖြစ် အစ်မကညီညီ့ဘက်မှာအမြဲရှိနေမယ်ဆိုတာတော့ မှတ်ထားနော်...အစ်မသွားပြီ"
သူပြောချင်တာတွေပြောပြီး ထထွက်သြားသော ယဉ်ကျေးဝေကို ငေးကြည့်နေမိသည်။မျက်ဝန်းထဲကနေ ယဉ်ကျေးဝေပျောက်ကွယ်သွားပြီးနောက် အစ်မဖြစ်သူ နေခြည်ကအပြင်ကပြန်ရောက်လာလာချင်း စာအုပ်တွေကိုင်ပြီးအနားကို ပြေးလာသည်ကိုတွေ့လိုက်သည်။
"ညီညီရေ...ဒီမယ်ကြည့်စမ်း...စာရေးဆရာတွေလက်မှတ်ထိုးထားတဲ့စာအုပ်တွေ"
နေခြည်က အမောတကောပြေးလာပြီး စာရေးဆရာတွေ လက်မှတ်ထိုးထားတဲ့စာအုပ်တွေကို ထက်လင်းညီကိုလက်ဆောင်ပေးသည်။
"ညီညီပဲ စာရေးဆရာတွေလက်မှတ်ထိုးထားတဲ့စာအုပ်တွေကိုသဘောကျတယ်ဆို...မကြီး မနည်းရှာလာရတာ...ကြည့်ပါဦး"
ထက်ဦးညီက နေခြည့်နှဖူးပေါ်ကချွေးစက်တွေကို သူ့အကျႌလက်ကလေးနဲ့ ဖြဖြလေးသုတ်ပေးလိုက်၏။
"အရမ်းပင်ပန်းသွားပြီလား...နားလိုက်ပါဦး ညီညီီ ဖတ်မွာပေါ့"
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...