ထက်ဦးညီလျှောက်လာခဲ့တဲ့ ခြေလှမ်းတွေရပ်တန့့်သွားသည်။
သူ့ရှေ့မှာရပ်နေသည့်သူက ရှင်လင်းညိုမှရှင်လင်းညိုအစစ်...
အိပ်မက်များဖြစ်နေမလားဟူသည့်အထင်နှင့် ကိုယ့်ပါးကိုဆွဲဆိတ်ကြည့်လိုက်သည်။"အ!!"
နီရဲသွားသည့် သူ့ပါးလေးသူပြန်ပွတ်လိုက်၏။ရှင်လင်းညိုက သူ့ကိုကြည့်ပြီး ပြုံးမိနေသည်။
ရှင်လင်းညိုက ခြံတံခါးနားကိုတစ်လှမ်းချင်းတိုးလာသည်။
ပြီးတော့ သူ့အိတ်ထဲကသော့အပိုနှင့်ခြံတံခါးကိုဖွင့်လိုက်ပြီး အထဲဝင်လာခဲ့သည်။
ထက်ဦးညီက နေရာကမလှုပ်မယှက် ကြည့်နေမိ၏။
မကြာခင်မှာပဲ ထက်ဦးညီရှေ့ကို ရှင်လင်းညိုရောက်လာခဲ့သည်။
သူက အကြာကြီး ထက်ဦးညီကိုစိုက်ကြည့်နေပြီးမှ"နေကောင်းသွားပြီလား"
ထက်ဦးညီရဲ့နှဖူးလေးပေါ်ကို လက်တင်ပြီးစမ်းလိုက်သည်။
ထက်ဦးညီက ဘာမွမပြောဘဲလှည့်ထွက်သွားသည်။
သူက ထက်ဦးညီရဲ့ခြေလှမ်းတွေကို အထုတ်တွေဆွဲရင်း အမွီပြေးလိုက်၏။"ညီ...ညီ...ကိုယ်ပြောတာနားထောင်ပါဦးကြာ"
ထက်ဦးညီကလှည့်မကြည့်။သူက ထက်ဦးညီရဲ့လက်ကိုဆွဲပြီး သူ့ရင်ဘတ်အနားထိရောက်အောင်ဆွဲချလိုက်၏။
ရှင်လင်းညိုက လက်တစ်ဖက်ကအထုတ်တွေကို ပစ်ချလိုက်ပြီး ထက်ဦးညီရဲ့ခါးကိုဆွဲဖက်လိုက်သည်။"မျက်နှာလေးချောင်ကျသွားတယ်..."
ထက်ဦးညီက ဆွဲခံထားရတဲ့လက်ကိုရုန်းလိုက်ပြီး ရှင်လင်းညို၏ ပုခုံးကိုသိုင်းဖက်ထားလိုက်သည်။
သူ့အရပ်နဲ့ အများကြီးကွာတာမို့ ခြေဖျားလေးထောက်ပြီး အတင်းဖက်ထား၏။
ရှင်လင်းညိုကလည်း တင်းကြပ်စြာ ပြန်ဖက်ထားလိုက်သည်။
နှစ်ယောက်လုံးရဲ့မျက်ရည်တွေ အတားအစီးမရှိစီးဆင်းလာသည်။"အစ်ကို့ကို ခဏလောက်လွှတ်ပါဦး မျက်နှာေလးသေချာကြည့်ရအောင်"
ထက်ဦးညီကခေါင်းကိုအတင်းရမ်းသည်။ပြီးတော့
"အစ်ကိုထပ်ပြီး ထွက်ပြေးသွားမှာ"
"ညီ့နားကတကယ်ဘယ်မွမသြားတော့ပါဘူး"လို့ ရှင်လင်းညို ကပြောမှလွှတ်ပေးသည်။ရှင်လင်းညိုက သူ့ပါးနှစ်ဖက်ကို လက်နဲ့တယုတယကိုင်ပြီးကြည့်သည်။
YOU ARE READING
ဖြူစင်သော ချစ်ခြင်းဖြင့်
Romanceလူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတကယ်တော့သိပ်ကိုရိုးရှင်းလွန်းပါတယ်... ညီနဲ့အစ်ကိုနဲ့ကြားထဲက အချစ်ကိုစည်းဝိုင်းထဲမှာ ဘောင်ခတ်ပစ်လိုက်ရင် စည်းဝိုင်းနဲ့အဝေးဆုံးနေရာကို ညီနဲ့အတူ...