ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁)

6.9K 144 5
                                    

"မင်း...ငါ့ရှေ့ကဖယ်စမ်း ဒီကောင့်ကိုသတ်ပစ်မယ်"
ရှေ့ကနေ ကာဆီးကာဆီးလုပ်နေသော အမေက သားဖြစ်သူကိုစိုးရိမ်နေသော်လည်း သားဖြစ်သူကမူ ဆေးလိပ်တောင် ထုတ်သောက်နေလိုက်သေးသည်။

"ကြည့်စမ်းဘယ်လောက်တောင် ပမာမခန့်လိုက်သလဲ...မိဘကို ကွယ်ရာမှာ သိက္ခာချတဲ့အပြင် မလေးမစား ဆေးလိပ်တောင်သောက်ပြလိုက်သေးတယ်"

"အဖေကြီးရယ် တော်ပါ...ကျွန်မဆုံးမပါ့မယ်"

"မင်းဒီလိုတွေအလိုလိုက်လို့ ဒီကောင်မိုက်ရိုင်းနေတာ ဒီမှာဟေ့ကောင် မင်းနောက်တစ်ခါ ရန်ဖြစ်ပြီး အချုပ်ထဲဝင်ရရင် အာမခံမလိုက်ပေးနိုင်တော့ဘူး မင်းဘာသာမင်းထောင်ပဲကျကျ"

"နောက်တစ်ခေါက်မှမလား အဲ့တစ်ခါမှထပ်ပြောရအောင် အခုတော့အချုပ်ထဲမှာနေရတာ ပင်ပန်းလာလို့ သွားအိပ်လိုက်ဦးမယ်"

ပြောပြောဆိုဆို ထထွက်သွားသော သားဖြစ်သူကိုကြည့်ရင်း ဦးလင်းထက်ကဒေါသဖြစ် ကျန်ခဲ့ရသည်။
ဒီရပ်ကွက်ထဲမှာ ရှင်လင်းညို ဆိုတာနှင့် ကလေးအစ ခွေးအဆုံး အကုန်သိသည်။

ရပ်ကွက်ထိပ်ရှိ အိမ်နှစ်အိမ်နှင့်ပိတောက်ပင်ကြီး ပါသော ခြံအကျယ်ကြီးသည် ရှင်လင်းညို တို့နေထိုင်ရာ ဖြစ်သည်။

တချို့က သူ့မိဘနှင့်မကင်းရာမကင်းကြောင်းမို့ သူ့အကြောင်းသိကြသည်။ရှင်လင်းညို မိဘများသည် ယခင်က ရပ်ကွက်ထဲတွင် အချမ်းသာဆုံးဖြစ်သည်။ရပ်ကွက်ထဲရှိ ငွေရေးကြေးရေး အခက်အခဲရှိသူတို့ကို ရှင်လင်းညို မိခင်မှ ကူညီပေးခဲ့သောကြောင့် မကင်းရာမကင်းကြောင်းဟုဆိုရသည်။

ယခင်က ရှင်လင်းညို သည် ဒီလောက်မဆိုးသွမ်း။
မိဘဖြစ်သူတို့ စီးပွါးရေးထိုးကျသွားသည့်နောက် အိမ်တွင်းရေးအဆင်မပြေ ဖြစ်ကာ စိတ်ညစ်ပြီးထင်ရာစိုင်းသွားခြင်းဖြစ်သည်။

ယခုလည်း ဖခင်ပြောတာတွေကို တစ်ခုမှ နားမထောင်ဘဲ အိမ်ပေါ်တက်လာခဲ့သည်။ခန္ဓာကိုယ်တစ်ခုလုံးကို မွှေ့ယာပေါ် ဝုန်းခနဲလှဲချပစ်လိုက်သည်။
"ဟူး..."
အိမ်အောက်ထပ်မှ ဖခင်နှင့်မိခင် ရန်ဖြစ်သံကို အတိုင်းတိုင်းကြားနေရသောကြောင့် စိတ်တွေရှုပ်ထွေးလာပြန်သည်။ခေါင်းအုံးနှင့် မျက်နှာကို အပ်ချလိုက်သည်။
အိပ်ပျော်တော့မလို ဖြစ်နေချိန်တွင် တံခါးခေါက်သံကြား၍ လန့်နိုးလာသည်။

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now