ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၁)

1.1K 52 1
                                    

နိုဝင်ဘာ(၂၉)ရက်...
ယဉ်ကျေးဝေ မင်္ဂလာဆောင်နေ့...
ရှင်လင်းညိုက ဘယ်ဧည့်သည်မှမနှုတ်ဆက်ပဲ ထောင့်တစ်နေရာမှာ ထိုင်နေပေမယ့် ထက်ဦးညီကသူ့မင်္ဂလာဆောင်အတိုင်း ဧည့်သည်တွေကိုလိုက်ဧည့်ခံနေသည်။မကြာခင်မွာပဲ ထက်ဦးညီကသူ့အနားရောက်လာပြီး...

"အစ်ကို နည်းနည်းလောက်ထပြီးနှုတ်ဆက်ပါဦး...အားနာစရာကြီးဧည့်သည်တွေ"

ရှင်လင်းညိုက ဘာမှပြန်မပြောပဲ သူ့ကိုစိုက်ကြည့်ပြီး ပြုံးပြုံးကြီးလုပ်နေသည်။

"အစ်ကို"

"မဟုတ်ပါဘူး...ညီ ဒီနေ့တော်တော်ချစ်စရာကောင်းနေလို့ပါ"

တကယ်လည်းပြောချင်စရာပင်။နဂိုကမွအသားဖွေးဥနေသည့်သူက နေဗီပြာပိုးပုဆိုးကိုဝတ်ပြီး၊အဖြူ ရောင်စတစ်အကျႌကိုလက်ခေါက်တင်ထားသည့် ထက်ဦးညီပုံစံသည် အတော်လေးကို ပြည့်စုံနေသည်။ရှင်လင်းညို ကထိုင်နေရာက ထပြီး ပြုတ်နေတဲ့ကြယ်သီး တစ်လုံးကို အနားကပ်ပြီးတပ်ပေးလိုက်သည်။

"ဟာ အစ်ကို...တျခားသူတွေ"

"မြင်တော့ဘာဖြစ်လဲ...မတပ်ပေးဘဲနေလိုက်မှညီ့ရင်ဘတ်ကိုသူမ်ားတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ"

"အဟမ်း အဟမ်း"

အနောက်ကနေ ဟိန်းသူက ချောင်းဟန့်သံပေးပြီးတားသည်။ရှင်လင်းညိုကလှည့်ကြည့်တော့...

"မင်းတို့မင်္ဂလာဆောင်လား...အစ်မကျေးဝေမင်္ဂလာဆောင်လားမသဲကြဲပါဘူးကြာ...ဧည့်သည်တွေနဲ့မြင်သွားရင်မကောင်းဘူးခဏလောက်လွှတ်လိုက်ပါဦးကြာ"

ဟိန်းသူကသူ့ကို ဆြဲခေါ်လာခဲ့သည်။ဟိန်းသူခေါ်လာတဲ့ ခုံမှာထိုင်ပြီးရှင်လင်းညိုကထက်ဦးညီကိုလိုက်ရှာတော့လည်း အရိပ်အယောင်တောင်မတွေ့ရတော့ပေ။ဟိုကြည့်ဒီကြည့်လုပ်နေတုန်း မျက်လုံးက အနီးအနားမှာရှိတဲ့အစ်မတို့အတွဲဆီရောက်သွား၏။ပြုံးပျော်နေတဲ့ အစ်မကိုကြည့်ပြီး သူပါလိုက်ပြုံးမိသည်။သူတို့ဝိုင်းဘက်ကို သူ့အစ်မရောက်လာတော့ သူ့နားနားလေးကိုကပ်ပြီး...

"ညီညီ့ကိုရှာမနေနဲ့...ဟိုကပြန်သွားပြီ...နေခြည်နေမကောင်းလို့"

ဖြူစင်သော ချစ်ခြင်းဖြင့်Onde histórias criam vida. Descubra agora