ဖြူ စင်သောချစ်ခြင်းဖြင့်-အပိုင်း(၃)

1.8K 67 2
                                    

"အစ်ကိုဘယ်သွားမလို့လဲ..."
အိမ်ရှေ့ထွက်ပြီးလမ်းလျှောက်မလို့ ထွက်လာစဉ် ရှင်လင်းညိုကိုမြင်ပြီး ထက်ဦးညီကအော်မေးလိုက်သည်။

"လမ်းရှေ့က Mart သွားမလို့ညီ..."

"ညီ လိုက်ခဲ့မယ်"

ရှင်လင်းညိုက ခေါင်းညိတ်ပြလိုက်သည်။ရှင်လင်း
ညို တို့ အိမ်နှင့် မလှမ်းမကမ်းတွင် Martတစ်ခုရှိသည်။ထို့ကြောင့် သိပ်ကြာကြာမလျှောက်လိုက်ရ။ဝယ်စရာရှိတာမြန်မြန်ဝယ်ပြီး ပြန်ထွက်လာခဲ့ကြသည်။လမ်းဖြတ်ကူးဖို့ မီးပွိုင့်စောင့်နေတုန်း ထက်ဦးညီက ဘတ်စ်ကားစောင့်သည့်နေရာကိုလက်ညှိုးထိုးပြပြီး

"အစ်ကို ဒီနေရာကထိုင်လို့ကောင်းတယ်"
မန္တလေးကဆိုင်ကယ်ကိုသာ အဓိကထားစီးကြသောမြို့ဖြစ်ပြီး ဘတ်စ်ကားသိပ်မစီးကြတာမို့ သည်လိုစောင့်သည့်နေရာမျိုးမှာလူမရှိ။ထက်ဦးညီကဆက်ပြောသည်။

"မကြီးနဲ့စိတ်ဆိုးရင်ဖြစ်ဖြစ် တစ်ခုခုစိတ်ညစ်ရင်ဖြစ်ဖြစ် ဒီမှာလာထိုင်ဖြစ်တယ်"
သူ့စကားသူ သဘောကျပြီးရယ်သည်။

"အစ်မနေခြည်နဲ့ရန်ဖြစ်သေးတာလား"

"အင်း...ဒီမွာနေတာတစ်လမပြည့်သေးဘူး နှစ်ခါသုံးခါလောက်ရှိပြီ...သြားစရာနေရာလည်းမရှိလို့ ဒီမှာပဲလာလာထိုင်တာ ပြီးရင်မကြီးကပြန်လာခေါ်တယ်လေ...ဪမီးစိမ်းပြီ"

ထက်ဦးညီက စကားစဖြတ်ပြီး နှစ်ယောက်လုံးလမ်းကူးလာကြသည်။အိမ်နားရောက်မွ ပစ္စည်းတွေဝယ်လာသည်ကိုမေးဖို့ ထက်ဦးညီက သတိရဟန်တူသည်။

"အစ်ကို ဒါတွေဘာလုပ်ဖို့လဲ"

"အဖေ့ကားကိုဆေးပေးဖို့လေ"

"ညီ ကူဆေးပေးမယ်လေ"

တစ်ယောက်တည်းဆေးရမှာပျင်းနေသော ရှင်လင်းညိုကလက်ခံလိုက်သည်။ကားကို တစ်ယောက်တစ်ဖက်ဆေးနေရာမွ ရှင်လင်းညိုက ထက်ဦးညီကိုလှမ်းကြည့်လို်က်တော့ ဆပ်ပြာတွေ ခေါင်းမွာပေနေပြီး
ရယ်ချင်စရာကောင်းနေသည်။ဒါကြောင့် အော်ရယ်မိလိုက်သည်။ရှင်လင်းညို၏ ရယ်သံကြောင့် ထက်ဦးညီက လှမ်းကြည့်လိုက်သည်။ဘာမှန်းမသိဘဲ သူပါရောယောင်ပြီးလိုက်ရယ်သည်။ရှင်လင်းညိုက ရေပိုက်ဖြင့် ထက်ဦးညီခေါင်းပေါ်ကို ရေလောင်းပေးလိုက်သည်။တစ်ကိုယ်လုံးပါ ရွှဲရွှဲစိုသွားပြီဖြစ်သည်။

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now