ဖြူ စင်သောချစ်ခြင်းဖြင့် -အပိုင်း(၈)

1.1K 49 0
                                    

ဒီနေ့က အစ်မယဉ်ကျေးဝေ၏ စေ့စပ်ပြဲနေ့ဖြစ်သည်။
ရှင်လင်းညို က စတစ်အဖြူ ရောင်လက်ရှည်ဝတ်ပြီး
ပိုးပုဆိုးနက်ပြာရောင်ကိုဝတ်ထား၏။ဒါကို ယဉ်ကျေးဝေကအနားကပ်ပြီး...

"နင့်စေ့စပ်ပြဲလား ငါ့စေ့စပ်ပွဲလားသိပ်တော့မသဲကွဲဘူးဟာ" ဟုပြောသည်။

"ငါစေ့စပ်ပြဲဆို ဒီ့ထက်ပိုပြင်မွာပေါ့"

ယဉ်ကျေးဝေကမျက်စောင်းလေး အသာထိုးလိုက်ရင်း...

"နင်ကယူမယ့်သူရောရှိလို့လား"ဟုမေးတော့
အိမ်ရှေ့မှာ အစစအရာရာလိုက်ကူညီပေးနေတဲ့ ထက်ဦးညီကိုမေးငေါ့ပြလိုက်၏။

"အေးပါဟယ်...ငါမှားပါတယ် ငါမှားပါတယ်..."

ပြောရင်းဆိုရင်း သတို့သားဘက်က ရောက်လာတာမြင်တော့ ယဉ်ကျေးဝေတို့ကအိမ်ရှေ့ထွက်ပြီးသွားကြို၏။
ရှင်လင်းညိုက သွားကြိုသလိုလို ဘာလိုလိုနှင့် ထက်ဦးညီအနားကိုဖြည်းဖြည်းချင်းကပ်လိုက်သည်။
သူ့မျက်လုံးထဲမှာ အသားအရေနှင့်လိုက်ဖက်သည့်
အနက်ရောင်ယောပုဆိုးလေးကိုဝတ်ထားသော ထက်ဦးညီသည်သူများထက်ပင် ပိုပြီးထူးခြားနေသည်။
သူက ထက်ဦးညီလက်ကို ကိုင်မလို့လုပ်ပြီးမှ အိမ်ထဲက အစ်မနေခြည်ရဲ့အသံကြောင့် မကိုင်လိုက်ရပေ။သူလည်း ထက်ဦးညီ အနောက်လိုက်ပြီး အိမ်ထဲဝင်လာခဲ့၏။
သူမ်ားတွေက မင်္ဂလာစေ့စပ်ပြဲကိုကို စိတ်ဝင်စားနေ
ကြသော်လည်း ရှင်လင်းညိုကတော့မဟုတ်။သူ့ထက်ဦးညီကိုသာ မေးထောက်ပြီး တစိမ့်စိမ့်ထိုင်ကြည့်နေလေသည်။

"ဒါက သားလေ အလတ်ကောင်"

ဒေါ်အိအိမိုးစကားကြောင့် အားလုံးအကြည့်က ရှင်လင်းညိုဆီ ရောက်သြားသော်လည်း သူကတော့မသိ။
မေးထောက်ပြီး ကြည့်နေတဲ့ ရှင်လင်းညိုရဲ့
အကြည့်တွေက တစ်ဆင့် အားလုံးအကြည့်တွေသည် ထက်ဦးညီဆီရောက်သွားပြန်သည်။
ယဉ်ကျေးဝေကအချိန်မွီ ချောင်းဟန့်သံပေးလိုက်မွ တော်ကာက်သြား၏။
စေ့စပ်ပွဲပြီးလို့ ထက်ဦးညီကသူ့အိမ်သူပြန်တော့လည်း သူကနောက်ကနေလိုက်သွားပြန်သည်။ဒါကိုမြင်တဲ့ ဒေါ်အိအိမိုးက ယဉ်ကျေးဝေကိုကပ်မေး၏။

ဖြူစင်သော ချစ်ခြင်းဖြင့်Where stories live. Discover now