Without You
Part -13 (unicode)
ဒီနေ့ကျောင်းမှာ သန့်ရှင်းရေးနှင့် လေ့ကျင့်ခန်းလုပ်ရမည့်အချိန်ပါ၍ ဘေးဘေး အိမ်ကနေ စောထွက်လာခဲ့သည်။ ကိုမြတ်ကိုတော့ ဖုန်းဆက်ပြီး လာမခေါ်ဖို့ ပြောထားပြီးသားမို့ ကျောင်းကို အစောကြီးထွက်လာခဲ့သည်။
ဖေဖော်ဝါရီလဆိုတော့ ကျောင်းတွေလည်း နောက်လဆို ပိတ်တော့မယ်။ ပြင်ဦးလွင်မြို့ကလေးက မနက်စောစော ပေမဲ့ အချမ်းဓာတ်က မလျော့သေး။ လက်နှစ်ဖက်ကို အိပ်ကပ်ထဲထည့်ပြီး လျှောက်လာမိသည်။
ဒီနေ့အခန်းသော့က ဘေးဘေး ဆီမှာဆိုတော့ စောစော မသွားလို့မရလို့ အစောထထွက်လာခဲ့ပေမဲ့ ကျောင်းရောက်တော့ ဘယ်သူမှပင်မရောက်သေး။ တစ်ကျောင်းလုံး ကိုယ်တစ်ယောက်တည်းပေမဲ့ ခဏနေရင်တော့ သက်နှင့်ကလျာတို့ လာပါတော့မည်။ ထို့ကြောင့် အခန်းထဲဝင်ပြီး ခုံတွေစီ သန့်ရှင်းရေးတွေလုပ်နေမိသည်။
ခါတိုင်းဆိုရင် ဒီလို မနက်အစော တာဝန်ကျရင် ကိုသုက လိုက်ပို့ပေးတတ်သည်။ အဲ့တစ်ခုတော့ ချစ်ဖို့ကောင်းသည် ကိုသုက။ ဆရာမ စားပွဲကို ရှင်းနေရင်း ညက ကိုသု ဖုန်းဆက်သည့်အကြောင်း စဉ်းစားမိ၍ ဒေါသပင်ထွက်လာသည်။
ကိုမြတ်နှင့် ပေးစားသည်လောက် စိတ်တိုဖို့ကောင်းတာမရှိ။ ကိုမြတ်ကို ဒီအတိုင်းပဲ သူငယ်ချင်းအနေနဲ့ ခင်တာဆိုတာ ကိုယ့်စိတ်ကိုယ်သာ သိသည်။ အခုတော့ ကိုယ်နဲ့ အရင်းနှီးဆုံး ကိုသုကမှ အထင်လွဲ ရတယ်လို့။
"မကောင်းတဲ့ကောင် ကိုသု"ဆိုပြီး မကျေမနပ် ပြောမိသည်။
ထိုစဉ်"မင်းက ငါ့ကို မကောင်းတဲ့ အကောင် လို့ ပြောတယ်ပေါ့ ဟုတ်လား ဘေးဘေး"ဆိုပြီး အနောက်သို့ ဆွဲလှည့်ခံလိုက်ရလျှင် အနောက်မှာကိုသု
"နင် ဘယ်တုန်းက ရောက်နေတာလဲ ကိုသု"
"မင်းစားပွဲကိုရှင်းနေတုန်းကပဲ"
"ဒီနေ့ နင့်ဂျူတီ မပါဘူးလေ ဘာလို့ အစောကြီးလာတာလဲ" ဆိုတော့
"မင်းမနေ့ညက ဖုန်းဆက်တုန်းက ငါ့ကို ချိုးသွားတဲ့ အချိုးက ဘာလဲ ပြောစမ်း မြတ်သုတညီ"ဆိုပြီး ဘေးဘေး ပုခုံးကို လှုပ်ပြီး အော်လေသည်။ ပုခုံးကို အားဖြင့် ဆွဲကိုင် အလှုပ်ခံလိုက်သဖြင့် စိတ်အရမ်းတိုသွားမိသည်။
"ကိုသု နင်က တကယ်ကို မကောင်းတဲ့ အကောင်ပဲ "ဆ်ိုပြီး ပြန်အော်မိလျှင်
"အေး တကယ်မကောင်းတဲ့ အကောင်က ဘာလဲဆိုတာ ငါမင်းကို ပြမယ် "ဆိုပြီး လက်ကို ဆွဲကိုင်ပြီး နံရံနှင့် ကျောကို ကပ်ပြီး ပုခုံးကို ကိုင်ထားသဖြင့် ရုန်းမရပေ။
ထို့နောက် "မင်းက ငါ့ကို မကောင်းတဲ့ကောင်လို့ ထင်နေမှတော့ အပြောခံရတာနဲ့ တန်အောင် ပြရသေးတာပေါ့ "ဆ်ိုပြီး လက်တွေကို ချုပ်ကိုင်ပြီး နမ်းလေသည်။ ရုတ်တရတ် အနမ်းခံလိုက်ရသဖြင့် မျက်လုံးတွေ ပြူးပြီး လန့်သွားသည်။
"ကိုသု ကိုသု လွှတ် အဲ့လို ကြီး မလုပ်နဲ့ကွာ ငါမကြိုက်ဘူးကွာ"ဟု အတင်းရုန်းပြီးပြောလည်းမရ မျက်နှာပြင် တစ်ခုလုံးရော နှုတ်ခမ်းရော လည်ပင်းတွေပါ မကျန် ဖိနမ်းနေလေသည်။
ဝမ်းနည်းစိတ်က မျက်ရည်အဖြစ်ပြောင်းလဲသွားသည်။ ရှက်တာရော အစော်ကားခံလိုက်ရသည်ဟု တွေးမိလိုက်သောကြောင့် ပိုပြီး ဝမ်းနည်းသွားသည်။ ငါ့ကို သူတွဲနေတဲ့ ကောင်မလေးတွေလိုပဲ တွေးတာပါလားဆိုတဲ့ စိတ်ကြောင့် အားကုန်ရုန်းပြီး တွန်းလိုက်သောကြောင့် ကိုသု အနောက်သို့ယိုင်သွားလေသည်။
"ကိုသု နင်ငါ့ကို နင်တွဲနေတဲ့ ကောင်မလေးတွေလို သဘောထားတာလား ငါက အဲ့လောက်တောင် တန်ဖိုးမရှိခဲ့ဘူးလား"
"ငါ ဘယ်ကောင်မကိုမှ မနမ်းခဲ့ဖူးဘူး မြတ်သုတညီ အဲ့တာကို မင်းသိလား" ဆိုပြီး လူကို ထပ်ချုပ်ပြီး ထပ်နမ်းလေသည်။ မနက်ခင်း အစောကြီး ဘယ်သူမှ မရှိတဲ့ အချိန်မို့ ဒီအဖြစ် အပျက်ကို ဘယ်သူမှမသိကြ။
သူက နမ်းလေ ဘေးဘေးက ရှောင်လေဖြစ်နေလျှင် "မင်းက ဘာလဲ ငါက ဟိုကောင် မဟုတ်လို့ ငါနမ်းတာကို ငြင်းတာလား ငါက အဲ့ကောင်လောက် မက်မောစရာ မကောင်းလို့လားဟမ်" ပြောစမ်းပါဆိုပြီး လူကို လှုပ်ရမ်းပြီးမေးလျှင် အရှိန်လွန်ပြီး ဘေးဘေး ခေါင်းနှင့်နံရံ ထိသွားပြီး ဖင်ထိုင်ရက် ကျသွားလေသည်။
"ဘေးဘေး ဘာဖြစ်သွားသေးလဲ" သူစိတ်ပူပန်စွာဖြင့် အနားကို ကပ်လာတော့ "နင်ငါ့အနားကို မကပ်နဲ့ "ဟု အော်မိသည်။
"ငါတောင်းပန်ပါတယ် ဘေးဘေးရာ "
"မတောင်းပန်နဲ့ ငါမှားတာ ငါ့ဘဝတစ်လျှောက်လုံး နင့်လို ကောင်မျိုးကိုပဲ ဂရုစိုက်နေမိတဲ့ ငါမှားတာ"
"မဟုတ်ပါဘူး ဘေးဘေးရာ" ဟု သူပြောလျှင်
"ငါအရမ်းဝမ်းနည်းမိတယ် ငါ့ဘေးမှာ နင့်ကို အနားလည်ပေးနိုင်ဆုံးလို့ ထင်ခဲ့မိတာ ငါနားလည်ပေး သလောက် နင်ငါ့အပေါ် နှိပ်စက် အနိုင်ကျင့်တာတွေ တော်လောက်ပြီကိုသု"ဆိုပြီး ထ၍ ထွက်လာမိလျှင် ကိုသုက လက်ကို လှမ်းဆွဲလေသည်။
"နင် ငါ့လက်က်ိုလွှတ် ကိုသု ဒီနေ့ကစပြီး ငါ့သူငယ်ချင်းထဲမှာ သုတကျော်ဆိုတာ မရှိတော့ဘူး နောက် မပတ်သတ်ပဲနေကြရအောင်" သူ့လက်ကို ဖြုတ်ပြီး ထွက်လာခဲ့မိသည်။ ရင်ထဲမှာ နာကျင်နေတာ ကိုယ်ပဲသိတယ်။
Without You
Part -13
ဒီေန႔ေက်ာင္းမွာ သန္႔ရွင္းေရးႏွင့္ ေလ့က်င့္ခန္းလုပ္ရမည့္အခ်ိန္ပါ၍ ေဘးေဘး အိမ္ကေန ေစာထြက္လာခဲ့သည္။ ကိုျမတ္ကိုေတာ့ ဖုန္းဆက္ၿပီး လာမေခၚဖို႔ ေျပာထားၿပီးသားမို႔ ေက်ာင္းကို အေစာႀကီးထြက္လာခဲ့သည္။
ေဖေဖာ္ဝါရီလဆိုေတာ့ ေက်ာင္းေတြလည္း ေနာက္လဆို ပိတ္ေတာ့မယ္။ ျပင္ဦးလြင္ၿမိဳ႕ကေလးက မနက္ေစာေစာ ေပမဲ့ အခ်မ္းဓာတ္က မေလ်ာ့ေသး။ လက္ႏွစ္ဖက္ကို အိပ္ကပ္ထဲထည့္ၿပီး ေလွ်ာက္လာမိသည္။
ဒီေန႔အခန္းေသာ့က ေဘးေဘး ဆီမွာဆိုေတာ့ ေစာေစာ မသြားလို႔မရလို႔ အေစာထထြက္လာခဲ့ေပမဲ့ ေက်ာင္းေရာက္ေတာ့ ဘယ္သူမွပင္မေရာက္ေသး။ တစ္ေက်ာင္းလံုး ကိုယ္တစ္ေယာက္တည္းေပမဲ့ ခဏေနရင္ေတာ့ သက္ႏွင့္ကလ်ာတို႔ လာပါေတာ့မည္။ ထို႔ေၾကာင့္ အခန္းထဲဝင္ၿပီး ခံုေတြစီ သန္႔ရွင္းေရးေတြလုပ္ေနမိသည္။
ခါတိုင္းဆိုရင္ ဒီလို မနက္အေစာ တာဝန္က်ရင္ ကိုသုက လိုက္ပို႔ေပးတတ္သည္။ အဲ့တစ္ခုေတာ့ ခ်စ္ဖို႔ေကာင္းသည္ ကိုသုက။ ဆရာမ စားပြဲကို ရွင္းေနရင္း ညက ကိုသု ဖုန္းဆက္သည့္အေၾကာင္း စဥ္းစားမိ၍ ေဒါသပင္ထြက္လာသည္။
ကိုျမတ္ႏွင့္ ေပးစားသည္ေလာက္ စိတ္တိုဖို႔ေကာင္းတာမရွိ။ ကိုျမတ္ကို ဒီအတိုင္းပဲ သူငယ္ခ်င္းအေနနဲ႔ ခင္တာဆိုတာ ကိုယ့္စိတ္ကိုယ္သာ သိသည္။ အခုေတာ့ ကိုယ္နဲ႔ အရင္းႏွီးဆံုး ကိုသုကမွ အထင္လြဲ ရတယ္လို႔။
"မေကာင္းတဲ့ေကာင္ ကိုသု"ဆိုၿပီး မေက်မနပ္ ေျပာမိသည္။
ထိုစဥ္"မင္းက ငါ့ကို မေကာင္းတဲ့ အေကာင္ လို႔ ေျပာတယ္ေပါ့ ဟုတ္လား ေဘးေဘး"ဆိုၿပီး အေနာက္သို႔ ဆြဲလွည့္ခံလိုက္ရလွ်င္ အေနာက္မွာကိုသု
"နင္ ဘယ္တုန္းက ေရာက္ေနတာလဲ ကိုသု"
"မင္းစားပြဲကိုရွင္းေနတုန္းကပဲ"
"ဒီေန႔ နင့္ဂ်ဴတီ မပါဘူးေလ ဘာလို႔ အေစာႀကီးလာတာလဲ" ဆိုေတာ့
"မင္းမေန႔ညက ဖုန္းဆက္တုန္းက ငါ့ကို ခ်ိဳးသြားတဲ့ အခ်ိဳးက ဘာလဲ ေျပာစမ္း ျမတ္သုတညီ"ဆိုၿပီး ေဘးေဘး ပုခံုးကို လႈပ္ၿပီး ေအာ္ေလသည္။ ပုခံုးကို အားျဖင့္ ဆြဲကိုင္ အလႈပ္ခံလိုက္သျဖင့္ စိတ္အရမ္းတိုသြားမိသည္။
"ကိုသု နင္က တကယ္ကို မေကာင္းတဲ့ အေကာင္ပဲ "ဆ္ိုၿပီး ျပန္ေအာ္မိလွ်င္
"ေအး တကယ္မေကာင္းတဲ့ အေကာင္က ဘာလဲဆိုတာ ငါမင္းကို ျပမယ္ "ဆိုၿပီး လက္ကို ဆြဲကိုင္ၿပီး နံရံႏွင့္ ေက်ာကို ကပ္ၿပီး ပုခံုးကို ကိုင္ထားသျဖင့္ ႐ုန္းမရေပ။
ထို႔ေနာက္ "မင္းက ငါ့ကို မေကာင္းတဲ့ေကာင္လို႔ ထင္ေနမွေတာ့ အေျပာခံရတာနဲ႔ တန္ေအာင္ ျပရေသးတာေပါ့ "ဆ္ိုၿပီး လက္ေတြကို ခ်ဳပ္ကိုင္ၿပီး နမ္းေလသည္။ ႐ုတ္တရတ္ အနမ္းခံလိုက္ရသျဖင့္ မ်က္လံုးေတြ ျပဴးၿပီး လန္႔သြားသည္။
"ကိုသု ကိုသု လႊတ္ အဲ့လို ႀကီး မလုပ္နဲ႔ကြာ ငါမႀကိဳက္ဘူးကြာ"ဟု အတင္း႐ုန္းၿပီးေျပာလည္းမရ မ်က္ႏွာျပင္ တစ္ခုလံုးေရာ ႏႈတ္ခမ္းေရာ လည္ပင္းေတြပါ မက်န္ ဖိနမ္းေနေလသည္။
ဝမ္းနည္းစိတ္က မ်က္ရည္အျဖစ္ေျပာင္းလဲသြားသည္။ ရွက္တာေရာ အေစာ္ကားခံလိုက္ရသည္ဟု ေတြးမိလိုက္ေသာေၾကာင့္ ပိုၿပီး ဝမ္းနည္းသြားသည္။ ငါ့ကို သူတြဲေနတဲ့ ေကာင္မေလးေတြလိုပဲ ေတြးတာပါလားဆိုတဲ့ စိတ္ေၾကာင့္ အားကုန္႐ုန္းၿပီး တြန္းလိုက္ေသာေၾကာင့္ ကိုသု အေနာက္သို႔ယိုင္သြားေလသည္။
"ကိုသု နင္ငါ့ကို နင္တြဲေနတဲ့ ေကာင္မေလးေတြလို သေဘာထားတာလား ငါက အဲ့ေလာက္ေတာင္ တန္ဖိုးမရွိခဲ့ဘူးလား"
"ငါ ဘယ္ေကာင္မကိုမွ မနမ္းခဲ့ဖူးဘူး ျမတ္သုတညီ အဲ့တာကို မင္းသိလား" ဆိုၿပီး လူကို ထပ္ခ်ဳပ္ၿပီး ထပ္နမ္းေလသည္။ မနက္ခင္း အေစာႀကီး ဘယ္သူမွ မရွိတဲ့ အခ်ိန္မို႔ ဒီအျဖစ္ အပ်က္ကို ဘယ္သူမွမသိၾက။
သူက နမ္းေလ ေဘးေဘးက ေရွာင္ေလျဖစ္ေနလွ်င္ "မင္းက ဘာလဲ ငါက ဟိုေကာင္ မဟုတ္လို႔ ငါနမ္းတာကို ျငင္းတာလား ငါက အဲ့ေကာင္ေလာက္ မက္ေမာစရာ မေကာင္းလို႔လားဟမ္" ေျပာစမ္းပါဆိုၿပီး လူကို လႈပ္ရမ္းၿပီးေမးလွ်င္ အရွိန္လြန္ၿပီး ေဘးေဘး ေခါင္းႏွင့္နံရံ ထိသြားၿပီး ဖင္ထိုင္ရက္ က်သြားေလသည္။
"ေဘးေဘး ဘာျဖစ္သြားေသးလဲ" သူစိတ္ပူပန္စြာျဖင့္ အနားကို ကပ္လာေတာ့ "နင္ငါ့အနားကို မကပ္နဲ႔ "ဟု ေအာ္မိသည္။
"ငါေတာင္းပန္ပါတယ္ ေဘးေဘးရာ "
"မေတာင္းပန္နဲ႔ ငါမွားတာ ငါ့ဘဝတစ္ေလွ်ာက္လံုး နင့္လို ေကာင္မ်ိဳးကိုပဲ ဂ႐ုစိုက္ေနမိတဲ့ ငါမွားတာ"
"မဟုတ္ပါဘူး ေဘးေဘးရာ" ဟု သူေျပာလွ်င္
"ငါအရမ္းဝမ္းနည္းမိတယ္ ငါ့ေဘးမွာ နင့္ကို အနားလည္ေပးႏိုင္ဆံုးလို႔ ထင္ခဲ့မိတာ ငါနားလည္ေပး သေလာက္ နင္ငါ့အေပၚ ႏွိပ္စက္ အႏိုင္က်င့္တာေတြ ေတာ္ေလာက္ၿပီကိုသု"ဆိုၿပီး ထ၍ ထြက္လာမိလွ်င္ ကိုသုက လက္ကို လွမ္းဆြဲေလသည္။
"နင္ ငါ့လက္က္ိုလႊတ္ ကိုသု ဒီေန႔ကစၿပီး ငါ့သူငယ္ခ်င္းထဲမွာ သုတေက်ာ္ဆိုတာ မရွိေတာ့ဘူး ေနာက္ မပတ္သတ္ပဲေနၾကရေအာင္" သူ႔လက္ကို ျဖဳတ္ၿပီး ထြက္လာခဲ့မိသည္။ ရင္ထဲမွာ နာက်င္ေနတာ ကိုယ္ပဲသိတယ္။