Without You
By Sellelthan94
696K 42.1K 935
ကောင်လေးနှစ်ယောက်ကြားမှာ ငယ်ငယ်လေးကတည်းက အနိုင်ယူလာမှုတွေက တစ်နေ့ သဝန်တိုခြင်းတွေနဲ့အတူ အချစ်အဖြစ်သို့ပြောင်းလ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Season-2
Part-1 (Season-2)
Part-2(Season-2)
Part-3 (Season-2)
Part-4 (Season-2)
Part-5(Season-2)
Part-6 (Season-2)
Part-7(Season-2)
Part-8(Season-2)
Part-9(Season-2)
Part-10 (Season-2)
Part-11(Season-2)
Part-12(Season-2)
Part-13(Season-2)
Part-14(Season-2)
Part-15(Season-2)
ကျေးဇူးတင်လွှာ
Book
Preorderလာပါပြီ 💜
Without You Season 3
Part-6
15.1K 1.2K 7
By Sellelthan94
Without You
Part-6 (unicode)
ကျောင်းတတ်ခေါင်းလောင်းထိုး နိုင်ငံတော်သီချင်းဆိုပြီးသည်နှင့် ဆရာမ အတန်းထဲသို့ ဝင်လာသည် အနောက်မှာ ကျောင်းသားတစ်ယောက်ပါလာသည်။ သက်တို့ပြောပြတဲ့အတိုင်း အသားဖြူဖြူ အရပ်ရှည်ရှည်မို့ မြတ်လင်းဉာဏ် ထင်ပါရဲ့
ဘာမှတော့ မဆိုင်ပေမဲ့ ကိုသုနှင့် သူနဲ့ကို စိတ်ထဲ ရုတ်တရတ် ယှဉ်မိသွားသည် ကိုသုက လည်းချောပေမဲ့ ကိုသုကကိုရီးယားမင်းသား ထိုင်းမင်းသားတွေလို နှုတ်ခမ်းပါးပါးလေးနဲ့ ချောတာ မြတ်လင်းဉာဏ်က မေးရိုးကားကား နှုတ်ခမ်းမွှေးရေးရေး နဲ့ အနောက်တိုင်းမင်းသားတွေလိုချောတာ
"ကဲ သားတို့သမီးတို့ ဒါ ဆရာမတို့ကျောင်းကို ရန်ကုန်ကနေပြောင်းလာတဲ့ ကျောင်းသားသစ် မြတ်လင်းဉာဏ်တဲ့ သူ့အဖေက ဒီမြို့ကို တာဝန်နဲ့ ပြောင်းလာရတာမို့ သူတို့မိသားစုပါ ပြောင်းလာရတာ အဲ့ဒီတော့ ပတ်ဝန်းကျင်အသစ်မို့ နွေးနွေးထွေးထွေး ပေါင်းသင်းဆက်ဆံပေးကြနော်" ဟု ဆရာမက သူနှင့် မိတ်ဆက်ပေးလေသည်။
"ဟုတ်ကဲ့ပါဆရာမ" ဟု သံပြိုင်ပြန်လည်ပြောဆိုတော့ သူ့တစ်ချက်ပြုံးသွားသည် သူပြုံးတာမြင်တော့ အတန်းထဲက ကောင်မတွေ ပွက်လောရိုက်သွားတာ မြင်မကောင်းဘူး တော်တော်ဆွဲဆောင်မှုရှိတဲ့သူပဲ ဟု ဘေးဘေးတွေးမိသည်။ ကျောင်းမှာ ကိုသုနဲ့ အပြိုင် မင်းသားတစ်ပါးတော့ ပေါ်လာပြီပဲဟု စိတ်ထဲမှပင်တွေးနေမိလေသည်။
"ကဲကျောင်းသားသစ်ကို နေရာချပေးရဦးမယ်" ဟု ဆရာမက ဆိုတော့ ဖြစ်ချင်တော့ ဘေးဘေးရဲ့ ဘေးမှာထိုင်တဲ့ သီဟက ဒီနေ့ကျောင်းမလာ တစ်တန်းလုံးမှာ ဘေးဘေး ဘေးက ခုံတစ်ခုံပဲလွတ်တာမို့ ဒါကို မြင်သော သက်နှင့်ကလျာက
"ဆရာမ မြတ်သုတညီ ဘေးမှာ လူမရှိဘူး ဆရာမ။ ပြီးတော့ မြတ်လင်းဉာဏ်နဲ့ မြတ်သုတညီဆိုတော့ မြတ်မြတ်ခြင်း ထိုင်တော့ မြတ်တာပေါ့ဆရာမရယ် ဆိုပြီးပြောလျှင်" တစ်တန်းလုံး ဝါးကခနဲရယ်လိုက်ကြလေသည်
ဂွစာမတွေ စပ်ို့ပြီဟု သူတို့ဘက်လှည့်ပြီးကျိန်ဆဲရင်း ယောင်ပြီးနောက်ကိုလှည့်ကြည့်မိတော့ ကိုသု မျက်မှောင်ကျုံ့ နေသည် ဘာကို အလိုမကျလို့လဲမသိဘူး ကျောင်းလာတုန်းက အတန်းထဲမဝင်ပဲ နဒီချိုတို့ အခန်းဘက်သွားတာမို့ နဒီချိုနဲ့ အဆင်မပြေလာဘူးလားမသိဘူးဟုသာ တွေးမိသည် ဒါပေမဲ့ ကိုယ်နဲ့မဆိုင်တာမို့ ချက်ချင်းအရှေ့ကို ပြန်လှည့်မိသည်။
ဆရာမကလည်း "ဟုတ်တယ်သား မြတ်သုတညီဘေးမှာ သွားထိုင်လိုက် နောက်ရက် သီဟ ကျောင်းပြန်တတ်မှ ဆရာမသူ့ကို သပ်သပ်နေရာစီစဉ်ပေးလိုက်မယ်"
သူလည်း ဆရာမစကားကို နာခံပြီး ဘေးဘေးရဲ့ ဘေးခုံကို ရောက်လာလေသည်။ခုံမှာထိုင်ထိုင်ခြင်း "ကိုယ်က မြတ်လင်းဉာဏ်ပါ ကိုမြတ်လို့ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ်"ဆိုတော့ ဟိုဘက် ဘေးတန်းမှာထိုင်သည့် ဂွစာမတွေက ကြားဖြစ်အောင်ကြားပြီး
" ကိုမြတ် သူ့ကို ဘေးဘေးလို့ ခေါ်လို့ရတယ် အဲ့တာ သူ့အိမ်နာမည် သက်တို့လည်း ဘေးဘေးလို့ခေါ်တာ"ဟုဝင်ပြောလျှင်
"နင်တို့ကို ဘယ်သူက ရှေ့နေငှားလို့ ဝင်ပြောနေတာလဲ နင်တို့နော် များနေပြီ"ဟု လက်သီးဆုပ်ပြပြီး ကြိမ်းမောင်းလျှင် နှစ်ကောင်သား ရုပ်က စပ်ဖြီးဖြီး မျက်နှာပိုးမသေပဲ ပြန်ပြီးစနောက်နေသည်။
သူက"ေဘေးဘေးဆိုတဲ့ နာမည်က ပိုချစ်ဖို့ ကောင်းတယ် အဲ့တာမှ လူနဲ့ လိုက်သွားတာ" ဆိုပြီး ထပ်ပြောလေတော့ ဟိုနှစ်ကောင် အဟမ်း အဟမ်းတွေ ဖြစ်ကုန်သည်။ ကြာတော့ အမြင်ကတ်လာပြီမို့
" ချောင်းဆိုးနေရင်ကျောင်းလာမနေနဲ့ အိမ်ပြန်ကွမ်းရွက်ပုံ သောက်ကြ" ဟု ဘေးဘေးစွာလျှင် ကိုမြတ်ရော သူတို့ပါ ရယ်ကြလေသည် ဆရာမစာသင်နေတာမို့ ရယ်ကြတာတိုးတိုးလေး...
ကိုသုကို လှည့်ကြည့်တော့ ဘာကြည့်တာလဲ အထိုးခံချင်လို့လားဆိုပြီး အသံတိတ်ပြောပြီး လက်သီးထောင်ပြတော့ နှုတ်ခမ်းကိုက်ပြီး အရှေ့ပြန်လှည့်မိသည် အားနေသူ့စိတ်ကြည့်ပဲ ငိုးမ ဟု စိတ်ထဲက ဆဲဖြစ်အောင် ဆဲလိုက်သေးသည် သြော် နင်နဲ့တော့ တယ်ခက်ပါလား ကိုသု....ကိုသု...
Without You
Part-6
ဘာမှတော့ မဆိုင်ပေမဲ့ ကိုသုနှင့် သူနဲ့ကို စိတ်ထဲ ရုတ်တရတ် ယှဉ်မိသွားသည် ကိုသုက လည်းချောပေမဲ့ ကိုသုကကိုရီးယားမင်းသား ထိုင်းမင်းသားတွေလို နှုတ်ခမ်းပါးပါးလေးနဲ့ ချောတာ မြတ်လင်းဥာဏ်က မေးရိုးကားကား နှုတ်ခမ်းမွှေးရေးရေး နဲ့ အနောက်တိုင်းမင်းသားတွေလိုချောတာ
"ကဲ သားတို့သမီးတို့ ဒါ ဆရာမတို့ကျောင်းကို ရန်ကုန်ကနေပြောင်းလာတဲ့ ကျောင်းသားသစ် မြတ်လင်းဥာဏ်တဲ့ သူ့အဖေက ဒီမြို့ကို တာဝန်နဲ့ ပြောင်းလာရတာမို့ သူတို့မိသားစုပါ ပြောင်းလာရတာ အဲ့ဒီတော့ ပတ်ဝန်းကျင်အသစ်မို့ နွေးနွေးထွေးထွေး ပေါင်းသင်းဆက်ဆံပေးကြနော်" ဟု ဆရာမက သူနှင့် မိတ်ဆက်ပေးလေသည်။
ဂွစာမတွေ စပို့ပြီဟု သူတို့ဘက်လှည့်ပြီးကျိန်ဆဲရင်း ယောင်ပြီးနောက်ကိုလှည့်ကြည့်မိတော့ ကိုသု မျက်မှောင်ကျုံ့ နေသည် ဘာကို အလိုမကျလို့လဲမသိဘူး ကျောင်းလာတုန်းက အတန်းထဲမဝင်ပဲ နဒီချိုတို့ အခန်းဘက်သွားတာမို့ နဒီချိုနဲ့ အဆင်မပြေလာဘူးလားမသိဘူးဟုသာ တွေးမိသည် ဒါပေမဲ့ ကိုယ်နဲ့မဆိုင်တာမို့ ချက်ချင်းအရှေ့ကို ပြန်လှည့်မိသည်။
Continue Reading
You'll Also Like
6.1K 372 49
လူတွေကအသက်ရှင်ရန်အတွက်လေလိုအပ်တယ်တဲ့။ ဒီလိုဆိုကိုယ့်နှလုံးသားလေးရှင်သန်ရန် မင်းရဲ့နေရောင်လေးလိုအပ်နေတယ်။ February 21.2.2023 Sart.14.7.2023
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
241K 10K 33
ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွမ်းရေးထက် ခင်ဗျားကို ချစ်ရမှာကြောက်တယ် #စစ်ခွန်းသ ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွ...
549K 14.9K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...