Without You

By Sellelthan94

675K 41.7K 929

ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလ... More

Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Season-2
Part-1 (Season-2)
Part-2(Season-2)
Part-3 (Season-2)
Part-4 (Season-2)
Part-5(Season-2)
Part-6 (Season-2)
Part-7(Season-2)
Part-8(Season-2)
Part-9(Season-2)
Part-10 (Season-2)
Part-11(Season-2)
Part-12(Season-2)
Part-13(Season-2)
Part-14(Season-2)
Part-15(Season-2)
ေက်းဇူးတင္လႊာ
Book
Preorderလာပါပြီ 💜
Without You Season 3

Part-3

17.5K 1.2K 6
By Sellelthan94

Without You
Part-3 (unicode)

လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ကန်တော်ကြီးပတ်လမ်းသာရောက်လာတာ ဒင်းမျက်လုံးက ဟိုရှာသည်ရှာနဲ့ပါလား။ လေ့ကျင့်ခန်းလည်းမလုပ် ပုံစံကို ကြည့်ရတာ ဟိုကြည့်သည်ကြည့်နှင့် လူက ဂနာမငြိမ်။ ကြာတော့ ဘေးဘေး သူ့ကို စိတ်မရှည်တော့

"ကိုသု ပြောတော့ လေ့ကျင့်ခန်းလုပ်မှာဆို လုပ်လေ"

"အေးလုပ်မှာပါ နေရာရှာနေတာခဏလေး"ပြောရင်း သူ့မျက်လုံးတွေက ဂနာမငြိမ် ဟိုကြည့်သည်ကြည့် "လာ ဟိုနားထပ်သွားရအောင်" ဆိုပြီး ရှေ့မှသွားတော့ဒီကနောက်ကနေ ထပ်လိုက်ရသည်ပေါ့ ဝဋ်ကြွေး ရှိသမျှတော့ ဘေးဘေးရေ ခံပေဦးဟ ကိုယ့်ကိုကိုယ်ကျိန်ဆဲရင်း အနောက်က ပြေးလိုက်ရလေသည်။

ကန်တော်ကြီးကနေ ချိုးသွားသည့် ကန်ပတ်လမ်းသွယ်လေးသို့ရောက်လျှင် အားကစားလုပ်သူများကို တွေ့လိုက်ရလေသည်။ ဘေးဘေးလည်း အားကစားလုပ်ရင်း သူ့နောက်သာလိုက်နေရသည် လူက စိတ်က သိပ်မပါတော့ ဟုတ်သည်လေ မနက်အစောကြီးထလာရတာ အရမ်းအိပ်ချင်နေသည်။

ဟော တစ်နေရာရောက်တော့ ကိုသုရပ်သွားသည် အားကစားလုပ်တော့မယ်ထင်တယ် ငါအိမ်ပြန်ရတော့မယ်ဟု တွေးရင်း ပျော်သွားမိသည်။ကိုသုကို ကြည့်တော့ အားကစားဝတ်စုံကို စမတ်ကျကျ ဝတ်ထားပြီး ကျော့ရှင်းနေသည့် ကောင်မလေးတစ်ယောက်အနားမှာစကားပြောရင်း အားကစားလုပ်နေသည်ကို တွေ့လိုက်ရတော့

ငါထင်တဲ့ အတိုင်းပဲ ဒင်း အားကစားလုပ်ဖို့လာတာ နှာခေါင်းသီးသန့်အားကစားနည်းကိုး ဒါကြောင့် ဒင်းဒီနေ့တတ်ကြွနေတာကိုးး တွေ့မယ် ငါနဲ့ ...စိတ်ထဲမှကြိမ်းဝါးမိသည်။

"ကိုသု ဘာလုပ်နေတာလဲအဲ့တာ" သူ့ဘေးမှာရပ်ပြီး ခေါ်လိုက်လျှင် စပ်ဖြီးဖြီးမျက်နှာနဲ့ ဒီဘက်ပြန်လှည့်လာပြီး အားကစားပါတနာ နဲ့တွေ့တုန်းလေး ဆွေးနွေးနေတာပါကွာ" ဟုပြန်ဖြေလေသည်။ ဖွန်ကြောင်နေတာများမသိရင်ခက်မယ် တဏှာရူးဆိုပြီးစိတ်ထဲမှ ကျိန်ဆဲမိသည် ။ ထိုစဉ် ကိုသုဘေးမှ ကောင်မလေးက

"မြတ်သုတညီပါ ပါလာတာလား" ဆိုပြီး မိတ်ဆက်မှ သြော် ဘယ်သူများလဲလို Cခန်းက နဒီချိုကိုး ဒါကြောင့ ဒီကောင်မလေးမြင်ဖူးပါတယ်မှတ်နေတာ။ ဘေးဘေးတို့နှင့်အခန်းတော့မတူ ဘေးဘေးရော ကိုသုရော နှစ်ယောက်စလုံး Aခန်းကကိုး ဘေးဘေးနဲ့ သိပ်မခင်လို့ ကျောင်းနာမည် မြတ်သုတညီပဲ သိတာမဆန်းပါဘူး။

"ဟုတ်တယ်နဒီချို ကိုသု အတင်းခေါ်တာနဲ့ လိုက်လာတာ" ဟုဖြေလိုက်လျှင် နဒီချိုက မျက်လုံးလေးဝင့်ကာ ကိုသုရော ဘေးဘေးကိုပါ ကြည့်လိုက်ပြီးလျှင်

"ယူတို့က ညီအကို တွေလားကျောင်းမှာ အမြဲတူတူတွေ့ရတယ်နော်" အသံက မချိုမချဉ် ခနဲ့သည့်အသံမို့ စိတ်ထဲ ဖုကနဲဖြစ်သွားသည်။ ဒါကို ဟိုအကောင် ကိုသုကတော့" မေမေတို့က သူငယ်ချင်းတွေဆိုတော့ ဒီအတိုင်းခင်ကြတာပါ ကိုယ့်ရဲ့ ငယ်ကျွန်လေးလေ ငယ်နိုင်ပေါ့ "ဆိုပြီး ဘေးဘေးခေါင်းကို ပွတ်ရင်းပြောလျှင်

"ဘာ ငယ်နိုင်လဲ ဆွဲလုပ်လိုက်ရ သေတော့မယ်" ဟု တွန်းလွှတ်သူ့ကိုကြိမ်းလျှင် သူက "အဲ့ကောင်က အဲ့လိုပဲရှက်ရမ်းရမ်းတတ်တယ် " ဆိုပြီး ပြောလေသည်။

"မသိပါဘူး နာမည်တွေမှာ သု ပါကြတော့ ညီအကိုတွေမှတ်နေတာ ဒါပေမဲ့ ကိုသုက ပိုချောတာပေါ့ " ဟု နဒီချိုကပြောလျှင် ကိုသု မျက်နှာကြီးက ဖြီးလို့ သူ့မှာသာ အောင့်သက်သက် နဒီချို မသိရင် ရုပ်ကလေးလှလှနဲ့ စိတ်ပုတ်မ ဟု စိတ်ထဲမှ မေတ္တာနာနာပို့မိသည်။

ကိုသုလည်းဘာထူးလဲ နှာဘူးကောင် စိတ်ထဲမှသာ အောင့်သက်သက်နဲ့ ပြန်ပြောမိသည်။ ဒါပေမဲ့ သူပြောတာလည်း ဟုတ်သည်ပဲလေ ဘေးဘေးက ချစ်စရာကောင်းပေမယ့် ကိုသုနဲ့ယှဉ်ရင်ကို အလိုလိုရုပ်ဆိုးသွားတာကိုး

"ဟော မေမေတို့ ပြန်တော့မယ်ထင်တယ် ကိုသုတာ့တာနော် မြတ်သုတညီလည်းတာ့တာ"ဆိုပြီး နဒီချို နှုတ်ဆက်ကာထွက်သွားလေသည်။

သူမ ထွက်သွားမှပဲ ကိုသုက "ငါတို့လည်းပြန်ကြစို့ အိပ်ချင်ပြီဟု " ပြောလျှင် "အခုမှ လေ့ကျင့်ခန်းလုပ်တာ နာရီဝက်တောင် မပြည့်သေးဘူးလေ " ဟု ခနဲ့လျှင် "ငါကတော့ပြီးပြီ သွားရအောင် အိပ်ချင်ပြီ ဆိုပြီး ပြန်လေသည်"

လတ်စသတ်တော့ ဒင်း ဆော်ကြောင်ဖို့မနက်အစောကြီး ထလိုက်ပေးရတာကိုး ငါ့မှာတော့ ချမ်းချမ်းအေးအေးနဲ့ လိုက်လာရတာ။ စိတ်တိုတိုနဲ့ "နောက်ရက်တွေ နှာခေါင်းလေ့ကျင့်ခန်းလုပ်ဖို့ဆို လာမခေါ်နဲ့ တစ်ယောက်တည်းကြွ "ဟုအော်လျှင် "ဖုန်းနံပါတ်ရခဲ့ပြီ နောက်ရက်မင်းကိုလည်း လာမနှိုးဘူးဟားဟားး "အော်ပြီးပြေးသွားသော ကိုသုကို နောက်မှကြည့်ရင်း

သေနာကောင် တဏှာရူးး နှာဘူး အော် ငါလည်း အမှတ်မရှိ ပြောမိပြန်ပြီ ကိုယ့်ပါးစပ်ကိုယ်သာ ပြန်ရိုက်ရင်း သူ့နောက်ကိုယ်သာပြေးလိုက်မိသည်။

Without You
Part-3

ေလ့က်င့္ခန္းလုပ္မယ္ဆိုျပီး ကန္ေတာ္ၾကီးပတ္လမ္းသာေရာက္လာတာ ဒင္းမ်က္လံုးက ဟိုရွာသည္ရွာနဲ့ပါလား။ ေလ့က်င့္ခန္းလည္းမလုပ္ ပံုစံကို ၾကည့္ရတာ ဟိုၾကည့္သည္ၾကည့္ႏွင့္ လူက ဂနာမၿငိမ္။ ၾကာေတာ့ ေဘးေဘး သူ့ကို စိတ္မရွည္ေတာ့

"ကိုသု ေျပာေတာ့ ေလ့က်င့္ခန္းလုပ္မွာဆို လုပ္ေလ"

"ေအးလုပ္မွာပါ ေနရာရွာေနတာခဏေလး"ေျပာရင္း သူ့မ်က္လံုးေတြက ဂနာမျငိမ္ ဟိုၾကည့္သည္ၾကည့္ "လာ ဟိုနားထပ္သြားရေအာင္" ဆိုျပီး ေရွ့မွသြားေတာ့ဒီကေနာက္ကေန ထပ္လိုက္ရသည္ေပါ့ ဝဋ္ေၾကြး ရွိသမွ်ေတာ့ ေဘးေဘးေရ ခံေပဦးဟ ကိုယ့္ကိုကိုယ္က်ိန္ဆဲရင္း အေနာက္က ေျပးလိုက္ရေလသည္။

ကန္ေတာ္ၾကီးကေန ခ်ိဳးသြားသည့္ ကန္ပတ္လမ္းသြယ္ေလးသို့ေရာက္လွ်င္ အားကစားလုပ္သူမ်ားကို ေတြ့လိုက္ရေလသည္။ ေဘးေဘးလည္း အားကစားလုပ္ရင္း သူ့ေနာက္သာလိုက္ေနရသည္ လူက စိတ္က သိပ္မပါေတာ့ ဟုတ္သည္ေလ မနက္အေစာႀကီးထလာရတာ အရမ္းအိပ္ခ်င္ေနသည္။

ေဟာ တစ္ေနရာေရာက္ေတာ့ ကိုသုရပ္သြားသည္ အားကစားလုပ္ေတာ့မယ္ထင္တယ္ ငါအိမ္ျပန္ရေတာ့မယ္ဟု ေတြးရင္း ေပ်ာ္သြားမိသည္။ကိုသုကို ၾကည့္ေတာ့ အားကစားဝတ္စံုကို စမတ္က်က် ဝတ္ထားျပီး ေက်ာ့ရွင္းေနသည့္ ေကာင္မေလးတစ္ေယာက္အနားမွာစကားေျပာရင္း အားကစားလုပ္ေနသည္ကို ေတြ့လိုက္ရေတာ့

ငါထင္တဲ့ အတိုင္းပဲ ဒင္း အားကစားလုပ္ဖို့လာတာ နွာေခါင္းသီးသန့္အားကစားနည္းကိုး ဒါေၾကာင့္ ဒင္းဒီေန့တတ္ၾကြေနတာကိုးး ေတြ့မယ္ ငါနဲ့ ...စိတ္ထဲမွႀကိမ္းဝါးမိသည္။

"ကိုသု ဘာလုပ္ေနတာလဲအဲ့တာ" သူ့ေဘးမွာရပ္ျပီး ေခၚလိုက္လွ်င္ စပ္ျဖီးျဖီးမ်က္နွာနဲ့ ဒီဘက္ျပန္လွည့္လာျပီး အားကစားပါတနာ နဲ့ေတြ့တုန္းေလး ေဆြးေႏြးေနတာပါကြာ" ဟုျပန္ေျဖေလသည္။ ဖြန္ေၾကာင္ေနတာမ်ားမသိရင္ခက္မယ္ တဏွာရူးဆိုျပီးစိတ္ထဲမွ က်ိန္ဆဲမိသည္ ။ ထိုစဥ္ ကိုသုေဘးမွ ေကာင္မေလးက

"ျမတ္သုတညီပါ ပါလာတာလား" ဆိုျပီး မိတ္ဆက္မွ ေၾသာ္ ဘယ္သူမ်ားလဲလို Cခန္းက နဒီခ်ိဳကိုး ဒါေၾကာင့ ဒီေကာင္မေလးျမင္ဖူးပါတယ္မွတ္ေနတာ။ ေဘးေဘးတို့နွင့္အခန္းေတာ့မတူ ေဘးေဘးေရာ ကိုသုေရာ ႏွစ္ေယာက္စလံုး Aခန္းကကိုး ေဘးေဘးနဲ့ သိပ္မခင္လို့ ေက်ာင္းနာမည္ ျမတ္သုတညီပဲ သိတာမဆန္းပါဘူး။

"ဟုတ္တယ္နဒီခ်ိဳ ကိုသု အတင္းေခၚတာနဲ့ လိုက္လာတာ" ဟုေျဖလိုက္လွ်င္ နဒီခ်ိဳက မ်က္လံုးေလးဝင့္ကာ ကိုသုေရာ ေဘးေဘးကိုပါ ၾကည့္လိုက္ျပီးလွ်င္

"ယူတို့က ညီအကို ေတြလားေက်ာင္းမွာ အျမဲတူတူေတြ့ရတယ္ေနာ္" အသံက မခ်ိဳမခ်ဥ္ ခနဲ့သည့္အသံမို့ စိတ္ထဲ ဖုကနဲျဖစ္သြားသည္။ ဒါကို ဟိုအေကာင္ ကိုသုကေတာ့" ေမေမတို့က သူငယ္ခ်င္းေတြဆိုေတာ့ ဒီအတိုင္းခင္ၾကတာပါ ကိုယ့္ရဲ့ ငယ္ကြ်န္ေလးေလ ငယ္နိုင္ေပါ့ "ဆိုျပီး ေဘးေဘးေခါင္းကို ပြတ္ရင္းေျပာလွ်င္

"ဘာ ငယ္နိုင္လဲ ဆြဲလုပ္လိုက္ရ ေသေတာ့မယ္" ဟု တြန္းလႊတ္သူ့ကိုၾကိမ္းလွ်င္ သူက "အဲ့ေကာင္က အဲ့လိုပဲရွက္ရမ္းရမ္းတတ္တယ္ " ဆိုျပီး ေျပာေလသည္။

"မသိပါဘူး နာမည္ေတြမွာ သု ပါၾကေတာ့ ညီအကိုေတြမွတ္ေနတာ ဒါေပမဲ့ ကိုသုက ပိုေခ်ာတာေပါ့ " ဟု နဒီခ်ိဳကေျပာလွ်င္ ကိုသု မ်က္နွာၾကီးက ျဖီးလို့ သူ့မွာသာ ေအာင့္သက္သက္ နဒီခ်ိဳ မသိရင္ ရုပ္ကေလးလွလွနဲ့ စိတ္ပုတ္မ ဟု စိတ္ထဲမွ ေမတၱာနာနာပို႔မိသည္။

ကိုသုလည္းဘာထူးလဲ နွာဘူးေကာင္ စိတ္ထဲမွသာ ေအာင့္သက္သက္နဲ့ ျပန္ေျပာမိသည္။ ဒါေပမဲ့ သူေျပာတာလည္း ဟုတ္သည္ပဲေလ ေဘးေဘးက ခ်စ္စရာေကာင္းေပမယ့္ ကိုသုနဲ့ယွဥ္ရင္ကို အလိုလိုရုပ္ဆိုးသြားတာကိုး

"ေဟာ ေမေမတို့ ျပန္ေတာ့မယ္ထင္တယ္ ကိုသုတာ့တာေနာ္ ျမတ္သုတညီလည္းတာ့တာ"ဆိုျပီး နဒီခ်ိဳ နွုတ္ဆက္ကာထြက္သြားေလသည္။

သူမ ထြက္သြားမွပဲ ကိုသုက "ငါတို့လည္းျပန္ၾကစို့ အိပ္ခ်င္ျပီဟု " ေျပာလွ်င္ "အခုမွ ေလ့က်င့္ခန္းလုပ္တာ နာရီဝက္ေတာင္ မျပည့္ေသးဘူးေလ " ဟု ခနဲ့လွ်င္ "ငါကေတာ့ျပီးျပီ သြားရေအာင္ အိပ္ခ်င္ျပီ ဆိုျပီး ျပန္ေလသည္"

လတ္စသတ္ေတာ့ ဒင္း ေဆာ္ေၾကာင္ဖို့မနက္အေစာၾကီး ထလိုက္ေပးရတာကိုး ငါ့မွာေတာ့ ခ်မ္းခ်မ္းေအးေအးနဲ့ လိုက္လာရတာ။ စိတ္တိုတိုနဲ့ "ေနာက္ရက္ေတြ နွာေခါင္းေလ့က်င့္ခန္းလုပ္ဖို့ဆို လာမေခၚနဲ့ တစ္ေယာက္တည္းၾကြ "ဟုေအာ္လွ်င္ "ဖုန္းနံပါတ္ရခဲ့ျပီ ေနာက္ရက္မင္းကိုလည္း လာမနွိုးဘူးဟားဟားး "ေအာ္ျပီးေျပးသြားေသာ ကိုသုကို ေနာက္မွၾကည့္ရင္း

ေသနာေကာင္ တဏွာရူးး နွာဘူး ေအာ္ ငါလည္း အမွတ္မရွိ ေျပာမိျပန္ၿပီ ကိုယ့္ပါးစပ္ကိုယ္သာ ျပန္ရိုက္ရင္း သူ့ေနာက္ကိုယ္သာေျပးလိုက္မိသည္။

Continue Reading

You'll Also Like

1.3M 130K 65
သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ.........။
177K 9.1K 25
"အစ်ကို့ကို ချစ်တယ်" ဇိုင်းခွန်းခ " မချစ်နဲ့ ငါဘယ်သူ့ကိုမှထပ်မချစ်တော့ဘူး" ...
110K 7.5K 54
ဤဇာတ္လမ္းပါအေၾကာင္းအရာမ်ားအားလံုးသည္စာေရးသူ၏စိတ္ကူးယဥ္ဖန္တီးမႈသက္သက္သာၿဖစ္ပါသည္။
427K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...