Without You

By Sellelthan94

696K 42.1K 935

ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလ... More

Part-1
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Season-2
Part-1 (Season-2)
Part-2(Season-2)
Part-3 (Season-2)
Part-4 (Season-2)
Part-5(Season-2)
Part-6 (Season-2)
Part-7(Season-2)
Part-8(Season-2)
Part-9(Season-2)
Part-10 (Season-2)
Part-11(Season-2)
Part-12(Season-2)
Part-13(Season-2)
Part-14(Season-2)
Part-15(Season-2)
ေက်းဇူးတင္လႊာ
Book
Preorderလာပါပြီ 💜
Without You Season 3

Part-2

26.4K 1.4K 9
By Sellelthan94

Without You
Part-2 (unicode)

စာမေးပွဲကာလကြီးကိုကျော်ဖြတ်ပြီးသွားပြီမို့ ဘေးဘေးတို့ လွတ်လပ်ရေးရနေလေသည်။ ဒီဇင်ဘာ ကျောင်းပိတ်ရက်က ၁ဝရက်တောင်ပေးတာမို့ သာသာယာယာပါပဲ။ဘေးဘေးတို့ နေတာက ပြင်ဦးလွင်မြို့ကလေးဆိုတော့ ဒီဇင်ဘာလမို့ ခိုက်ခိုက်တုန်အောင်အေးသည့်ဆောင်းနှင့် ဘေးဘေးအိပ်ယာနှင့် ကွက်တိဖြစ်နေသည်။ ချမ်းအေးတဲ့ ဆောင်းရာသီမနက်ခင်းမှာ စောစောမထရပဲ စောင်ပုံထဲ ကွေးနေရတဲ့ ဖီလင်က ဘာနဲ့မှ မလဲနိုင်ပါ။

အိပ်ယာကနိုးနေပြီဆိုပေမဲ့ မနက်ရနာရီမို့ မိုးတော့လင်းနေပါပြီ ဒါပေမဲ့ ကျောင်းပိတ်ရက်ပထမဆုံးနေ့မို့ ဘေးဘေးတစ်ယောက်မထသေးပါ။မေမေကလည်း စာမေးပွဲပြီးနားရက်ဆိုတော့ ဘာမှမပြောပဲလွှတ်ထားတာသည်လေ မဟုတ်ရင် "ဘေးဘေး ဘယ်အချိန်ရှိနေပြီလဲ ကျောင်းမသွားသေးဘူးလား မထသေးဘူးလား" ဆိုပြီး အသံစုံမြည်နေမှာကိုး ကိုယ့်အတွေးနဲ့ကိုယ်သာသာယာယာပဲ ဆက်မှိန်းနေမိစဉ်

" ဟေ့ရောင် ငဘေး မထသေးဘူးလား ...ငဘေး ထတော့ အားကစားသွားလုပ်ကြရအောင်" ဟင် ဘာလဲ ဘာအသံကြီးလဲဆိုပြီးလန့်သွားမိသည်။ ဘေးဘေးအခန်းက လမ်းမနှင့်အနီးဆုံးမို့ အပြင်ကနေအော်ခေါ်သည်နှင့်ကြားရသည်လေ။ ရုတ်တရတ် ခေါင်းထဲဝင်လာသည်က သွားပြီ ငါ့ဘဝတော့ ဂြိုလ်ဆိုးဝင်ပြီ အိပ်ယာအောက်ရေဝင်တာထက်ဆိုးပြီပဲ မဖြစ်ဘူး မကြားချင်ယောင်ဆောင်ပြီး ဆက်အိပ်နေမှပါ တစ်ယောက်တည်း စိတ်ထဲမှ ရေရွတ်ရင်း စောင်ကို ခေါင်းထိဆွဲခြုံပြီး နားပိတ်ပြီးအိပ်နေလိုက်သည် ဘယ်ရမလဲ ဘေးဘေးပဲဟာ ...

"အန်တီနု ဘေးဘေးရှိလား"ဟော အောက်ထပ်က အသံကြားတယ် ဒင်းအိမ်ထဲဝင်လာပြီထင်တယ်..

"ရှိတယ်သားသု ကျောင်းပိတ်တော့ အခုထိ အပေါ်မှာအိပ်နေတုန်း အခုထိမထသေးဘူးလေ"မေမေ့ပြောသံပြန်ကြားလိုက်ရသည်။

"ဟုတ်လား သားက မနက်စောစောလေ့ကျင့်ခန်းလုပ်ရအောင်လာခေါ်တာ ဆောင်းတွင်းဆိုတော့ ကိုယ်လက်လေ့ကျင့်ခန်းလေးဘာလေး လုပ်မလားလို့ပါ"

ကျောင်းပိတ်ရက်ဆ်ို နေဖင်ထိုးမှ အိပ်ယာထတတ်သည့် ကိုသုက မနက်စောစော လေ့ကျင့်ခန်းလုပ်မယ် ဆိုတော့ ဟင် ငါ အိပ်ချင်မူးတူးနဲ့ နားကြားများမှားသလား ဆိုပြီး မျက်နှာကို လက်ဖဝါးလေးဖြင့် ခပ်ဆတ်ဆတ်ရိုက်မိသည်အထိပဲ။ ဒင်းက လေ့ကျင့်ခန်းလုပ်မယ် စက်ဘီးတောင် ငါတင်နင်းနေရတဲ့ကောင်ကများ မလိုက်ဘူး မလိုက်ဘူး ဘလိုနေနေဆိုပြီး စိတ်ထဲက ကျိန်ဆဲမိလေသည်။

"ကောင်းတာပေါ့သားရဲ့ သွားသွား အပေါ်မှာတတ်နှိုးချေ "ဆိုပြီး မေမေ့စကားသံပြန်ကြားလိုက်ရလျှင်" ဟာသွားပြီ မေမေကလည်း သူ့ဆို အမြဲအလိုလိုက်တာပဲ ဒီကောင်ဘာအရူးထမှန်းမသိဘူး မလိုက်ဘူးဒါပဲ နားပိတ်အိပ်မယ် "ဆ်ိုပြီး မျက်လုံးကိုအတင်းမှိတ် နားကိုလက်နှစ်ဖက်ဖြင့်ပိတ်ကာ အိပ်ဖို့ကြိုးစားလေသည်။

အိမ်ပေါ်တတ်လာသည့်အသံကြားရပြီနောက် ကျွီ""" အခန်းတံခါးဖွင့်သည့်အသံ ဗုဒ္ဓေါ ငါညက အခန်းတံခါး lock မချမိဘူးလား ခွေးဖြစ်ပြီ အမေကယ်ပါ အဲ အမေက သူ့ဘက်ကဆိုတော့ ငါ့ကို ကယ်နိုင်မှာမဟုတ်ဘူး ကယ်နိုင်တဲ့သူ ကယ်ကြပါဟု ရုတ်တရတ် ဆုတောင်းရင်း စောင်ခြုံအောက်မှာ အသက်တောင်မရှူရဲပဲ ကိုသုဆီက လှုပ်ရှားမှုကို အသံတိတ်နားစွင့်နေမိသည်။

"ဟေ့ကောင် ငဘေး ထ လေ့ကျင့်ခန်းသွားလုပ်မယ် မင်းကွာ လူငယ်ဖြစ်ပြီး အပျင်းကြီးလိုက်တာ ထ လေ့ကျင့်ခန်းသွားလုပ်မယ် " သူက ပြောလည်းပြော ခြေထောက်နဲ့လည်းကန်နှိုးသည်မို့ တစ်ဖက်ကိုလှည့်ရင်း အံကြိတ်ပေတေအိပ်နေလိုက်သည်။ဘယ်ရမလဲ ဘေးဘေးပဲဟာ..

နှိုးလေ ရအောင်နှိုးစမ်း စိတ်ထဲမှပြောရင်း စောင်အောက်မှပင် ညစ်ကျယ်ကျယ်လေး ပြုံးမိသေးသည်။ ခဏကြာတော့ ဘာအသံမှ မကြားရတော့ပါလား ဆိုပြီး တွေးနေတုန်း ရုတ်တရတ် အခွခံလိုက်ရတာမို့ လန့်သွားလေသည်။အရှိန်နဲ့မို့ လန့်လည်းလန့် လူလည်း အီစလံလည်းဝေသွားလေသည်။

"ကိုသု ဟ ဘာလုပ်တာလဲ နာလိုက်တာ ဖယ်စမ်းပါ နင့်ကိုယ်လုံးကြီးနဲ့ ငါ့ခါးတော့ ကျိုးပြီလား မသိဘူး" အိပ်ယာမှ လူးလဲ ထဖို့ကြိုးစားရင်း စိတ်တိုတိုနဲ့ အော်မိသည်။ အိပ်ယာကနေ ထဖို့ကြိုးစားပေမဲ့ မရပါ သူ့ခန္ဓာကိုယ်ကြီးဖြင့် တတ်ခွထားတာမို့ ထဖို့ကမလွယ်ပါ။

ကိုသုက "မင်းကလည်း ယောက်ျားမဟုတ်တာကြနေတာပဲ ဒါလေးခွတာကို ဖြစ်ပျက်ပြနေလိုက်တာ" ဟုပြန်ပြောလေသည်။

"ဒါလေးဟုတ်လား နာတယ်ဟ နင် ပြန်အခွခံကြည့်ပါလား သေနာကောင်"ဟု ဘေးဘေးဆဲလိုက်မိတော့

ကိုသုက ဘေးဘေးဆံပင်ကို သူ့လက်ဖြင့်ဆွဲဖွလိုက်ပြီး "မင်းကလည်း မိန်းကလေးလိုပဲစွာလိုက်တာ အခု ငါက အပေါ် မင်းက အောက်ဆိုတော့ ဟင်းဟင်း " ပြောရင်းဆိုရင်း ဒင်းခေါင်းကြီး အနားကပ်လာလျှင် "ဖယ်စမ်းပါ ငါ့ပေါ်ကနေ"ဆိုပြီး သူ့ရင်ဘတ်ကို လက်နဲ့တွန်းဖယ်ရင်း အိပ်ယာပေါ်မှ ထလိုက်ရလေသည်။

ဘေးဘေးဖြစ်ပျက်သွားသည့်ပုံစံကိုသုက ကြည့်ရင်းသဘောကျသွားသည်ထင်သည် မင်းကိုယောက်ျားချင်းဘာမှမလုပ်ဘူး စိတ်ပူတတ်လိုက်တာဆိုပြီး ဗိုက်နှိပ်ပြီးအော်ရယ်နေလေသည်။

အပြောခံလိုက်ရတော့ စိတ်ထဲမှာတင်းသွားတာမို့ "ငါကလည်းမကြိုက်ပါဘူး ဝေးသေး" ဟု ပြန်ကတ်မိသည်။ အမြဲတမ်း ခွေးနှင့်ကြောင်လို ကိုက်နေကြမို့ ဒီလိုမျိုး စကားများရန်ဖြစ်တာတွေကတော့ မဆန်းတော့ပါ။ ဒါကြောင့် မေမေတို့က နင်တို့နှစ်ကောင် တွေ့ရင်ရန်ဖြစ် မတွေ့ရင် ချောင်းကြည့် ခွေးနဲ့ကြောင်လိုပဲဆိုပြီး ပြောကြတာနေမှာ။ အဲ့လိုအပြောခံရတိုင်းဘေးဘေး အမြဲလုပြောဖြစ်တာရှိသည် "ဘေးဘေးက ကြောင်နော် သူသာ ခွေး "ဟု ပြောတိုင်း ကိုသု ရှူးရှူးရှဲရှဲ ဖြစ်သွားတတ်သည်လေ။

ထိုစဉ် ကိုသုက "ဟေ့ ဘာတွေတွေးနေတာလဲ ကြိုက်တာတွေ မကြိုက်တာတွေနောက်ထား သွား မျက်နှာသစ်အဝတ်အစားလဲ အားကစားသွားလုပ်မယ် "ဟုပြောသည်။

" ငါလိုက်မယ်လို့ မပြောမိဘူးနော်"လို့ ဘေးဘေးပြန်ပြောမိသည် ။

"မလိုက်လို့မရဘူး လိုက်ကိုလိုက်ရမယ် ကဲကွာကြာတယ် အချိန်ငါးမိနစ်ပေးမယ် ငါးမိနစ်အတွင်းမပြီးရင် ငါကိုယ်တိုင် အဝတ်အစားလဲပေး မျက်နှာသစ် ရေပါအဆစ်ချိုးပေးမှာနော်"ဆိုပြီး ရုပ်ရှင်တွေထဲက လူယုတ်မာတွေ လေသံဖြင့်ပြောလေသည်။အဲ့ဒီအပြုံးကို သိတယ်မလား ငါးခူပြုံးက်ို ဆားသိပ်ထားတာလေ သူ့မျက်နှာကိုကြည့်ရင်း သိပ်လိုက်ဖက်တာ ဒင်းနဲ့ဆိုပြီး တွေးမိလေသည်။ ဒါပေမဲ့အခုစကားတော့ ဘေးဘေးလန့်သည် သူက တကယ်လုပ်တဲ့သူမို့ ဘေးဘေးကြောက်ပြီး ရေချိုးခန်းထဲပြေးဝင်ရင်း သေနာကြီးဟု တိတ်တဆိတ်ကျိန်ဆဲမိသည်။

Without You
Part-2

စာေမးပြဲကာလၾကီးကိုေက်ာ္ျဖတ္ျပီးသြားျပီမို့ ေဘးေဘးတို့ လြတ္လပ္ေရးရေနေလသည္။ ဒီဇင္ဘာ ေက်ာင္းပိတ္ရက္က ၁၀ရက္ေတာင္ေပးတာမို့ သာသာယာယာပါပဲ။ေဘးေဘးတို့ ေနတာက ျပင္ဦးလြင္ျမိဳ့ကေလးဆိုေတာ့ ဒီဇင္ဘာလမို့ ခိုက္ခိုက္တုန္ေအာင္ေအးသည့္ေဆာင္းႏွင့္ ေဘးေဘးအိပ္ယာႏွင့္ ကြက္တိျဖစ္ေနသည္။ ခ်မ္းေအးတဲ့ ေဆာင္းရာသီမနက္ခင္းမွာ ေစာေစာမထရပဲ ေစာင္ပံုထဲ ေကြးေနရတဲ့ ဖီလင္က ဘာနဲ႔မွ မလဲႏိုင္ပါ။

အိပ္ယာကနိုးေနျပီဆိုေပမဲ့ မနက္၇နာရီမို့ မိုးေတာ့လင္းေနပါျပီ ဒါေပမဲ့ ေက်ာင္းပိတ္ရက္ပထမဆံုးေန့မို့ ေဘးေဘးတစ္ေယာက္မထေသးပါ။ေမေမကလည္း စာေမးပြဲျပီးနားရက္ဆိုေတာ့ ဘာမွမေျပာပဲလႊတ္ထားတာသည္ေလ မဟုတ္ရင္ "ေဘးေဘး ဘယ္အခ်ိန္ရွိေနျပီလဲ ေက်ာင္းမသြားေသးဘူးလား မထေသးဘူးလား" ဆိုၿပီး အသံစံုျမည္ေနမွာကိုး ကိုယ့္အေတြးနဲ့ကိုယ္သာသာယာယာပဲ ဆက္မွိန္းေနမိစဥ္

" ေဟ့ေရာင္ ငေဘး မထေသးဘူးလား ...ငေဘး ထေတာ့ အားကစားသြားလုပ္ၾကရေအာင္" ဟင္ ဘာလဲ ဘာအသံႀကီးလဲဆိုၿပီးလန္႔သြားမိသည္။ ေဘးေဘးအခန္းက လမ္းမနွင့္အနီးဆံုးမို့ အျပင္ကေနေအာ္ေခၚသည္နွင့္ၾကားရသည္ေလ။ ရုတ္တရတ္ ေခါင္းထဲဝင္လာသည္က သြားျပီ ငါ့ဘဝေတာ့ ျဂိဳလ္ဆိုးဝင္ျပီ အိပ္ယာေအာက္ေရဝင္တာထက္ဆိုးျပီပဲ မျဖစ္ဘူး မၾကားခ်င္ေယာင္ေဆာင္ျပီး ဆက္အိပ္ေနမွပါ တစ္ေယာက္တည္း စိတ္ထဲမွ ေရရြတ္ရင္း ေစာင္ကို ေခါင္းထိဆြဲျခံဳျပီး နားပိတ္ျပီးအိပ္ေနလိုက္သည္ ဘယ္ရမလဲ ေဘးေဘးပဲဟာ ...

"အန္တီနု ေဘးေဘးရွိလား"ေဟာ ေအာက္ထပ္က အသံၾကားတယ္ ဒင္းအိမ္ထဲဝင္လာျပီထင္တယ္..

"ရွိတယ္သားသု ေက်ာင္းပိတ္ေတာ့ အခုထိ အေပၚမွာအိပ္ေနတုန္း အခုထိမထေသးဘူးေလ"ေမေမ့ေျပာသံျပန္ၾကားလိုက္ရသည္။

"ဟုတ္လား သားက မနက္ေစာေစာေလ့က်င့္ခန္းလုပ္ရေအာင္လာေခၚတာ ေဆာင္းတြင္းဆိုေတာ့ ကိုယ္လက္ေလ့က်င့္ခန္းေလးဘာေလး လုပ္မလားလို့ပါ"

ေက်ာင္းပိတ္ရက္ဆ္ို ေနဖင္ထိုးမွ အိပ္ယာထတတ္သည့္ ကိုသုက မနက္ေစာေစာ ေလ့က်င့္ခန္းလုပ္မယ္ ဆိုေတာ့ ဟင္ ငါ အိပ္ခ်င္မူးတူးနဲ႔ နားၾကားမ်ားမွားသလား ဆိုၿပီး မ်က္ႏွာကို လက္ဖဝါးေလးျဖင့္ ခပ္ဆတ္ဆတ္႐ိုက္မိသည္အထိပဲ။ ဒင္းက ေလ့က်င့္ခန္းလုပ္မယ္ စက္ဘီးေတာင္ ငါတင္နင္းေနရတဲ့ေကာင္ကမ်ား မလိုက္ဘူး မလိုက္ဘူး ဘလိုေနေနဆိုၿပီး စိတ္ထဲက က်ိန္ဆဲမိေလသည္။

"ေကာင္းတာေပါ့သားရဲ့ သြားသြား အေပၚမွာတတ္နွိုးေခ် "ဆိုၿပီး ေမေမ့စကားသံျပန္ၾကားလိုက္ရလွ်င္" ဟာသြားျပီ ေမေမကလည္း သူ့ဆို အျမဲအလိုလိုက္တာပဲ ဒီေကာင္ဘာအရူးထမွန္းမသိဘူး မလိုက္ဘူးဒါပဲ နားပိတ္အိပ္မယ္ "ဆ္ိုၿပီး မ်က္လံုးကိုအတင္းမွိတ္ နားကိုလက္ႏွစ္ဖက္ျဖင့္ပိတ္ကာ အိပ္ဖို႔ႀကိဳးစားေလသည္။

အိမ္ေပၚတတ္လာသည့္အသံၾကားရျပီေနာက္ ကြ်ီ""" အခန္းတံခါးဖြင့္သည့္အသံ ဗုေဒၶါ ငါညက အခန္းတံခါး lock မခ်မိဘူးလား ေခြးျဖစ္ျပီ အေမကယ္ပါ အဲ အေမက သူ့ဘက္ကဆိုေတာ့ ငါ့ကို ကယ္နိုင္မွာမဟုတ္ဘူး ကယ္နိုင္တဲ့သူ ကယ္ၾကပါဟု ရုတ္တရတ္ ဆုေတာင္းရင္း ေစာင္ျခံဳေအာက္မွာ အသက္ေတာင္မရွူရဲပဲ ကိုသုဆီက လႈပ္ရွားမႈကို အသံတိတ္နားစြင့္ေနမိသည္။

"ေဟ့ေကာင္ ငေဘး ထ ေလ့က်င့္ခန္းသြားလုပ္မယ္ မင္းကြာ လူငယ္ျဖစ္ျပီး အပ်င္းၾကီးလိုက္တာ ထ ေလ့က်င့္ခန္းသြားလုပ္မယ္ " သူက ေျပာလည္းေျပာ ေျခေထာက္နဲ့လည္းကန္နွိုးသည္မို့ တစ္ဖက္ကိုလွည့္ရင္း အံၾကိတ္ေပေတအိပ္ေနလိုက္သည္။ဘယ္ရမလဲ ေဘးေဘးပဲဟာ..

နွိုးေလ ရေအာင္နွိုးစမ္း စိတ္ထဲမွေျပာရင္း ေစာင္ေအာက္မွပင္ ညစ္က်ယ္က်ယ္ေလး ျပံဳးမိေသးသည္။ ခဏၾကာေတာ့ ဘာအသံမွ မၾကားရေတာ့ပါလား ဆိုၿပီး ေတြးေနတုန္း ရုတ္တရတ္ အခြခံလိုက္ရတာမို႔ လန္႔သြားေလသည္။အရွိန္နဲ့မို့ လန့္လည္းလန့္ လူလည္း အီစလံလည္းေဝသြားေလသည္။

"ကိုသု ဟ ဘာလုပ္တာလဲ နာလိုက္တာ ဖယ္စမ္းပါ နင့္ကိုယ္လံုးၾကီးနဲ့ ငါ့ခါးေတာ့ က်ိဳးျပီလား မသိဘူး" အိပ္ယာမွ လူးလဲ ထဖို႔ႀကိဳးစားရင္း စိတ္တိုတိုနဲ့ ေအာ္မိသည္။ အိပ္ယာကေန ထဖို႔ႀကိဳးစားေပမဲ့ မရပါ သူ႔ခႏၶာကိုယ္ႀကီးျဖင့္ တတ္ခြထားတာမို႔ ထဖို႔ကမလြယ္ပါ။

ကိုသုက "မင္းကလည္း ေယာက္်ားမဟုတ္တာၾကေနတာပဲ ဒါေလးခြတာကို ျဖစ္ပ်က္ျပေနလိုက္တာ" ဟုျပန္ေျပာေလသည္။

"ဒါေလးဟုတ္လား နာတယ္ဟ နင္ ျပန္အခြခံၾကည့္ပါလား ေသနာေကာင္"ဟု ေဘးေဘးဆဲလိုက္မိေတာ့

ကိုသုက ေဘးေဘးဆံပင္ကို သူ့လက္ျဖင့္ဆြဲဖြလိုက္ျပီး "မင္းကလည္း မိန္းကေလးလိုပဲစြာလိုက္တာ အခု ငါက အေပၚ မင္းက ေအာက္ဆိုေတာ့ ဟင္းဟင္း " ေျပာရင္းဆိုရင္း ဒင္းေခါင္းၾကီး အနားကပ္လာလွ်င္ "ဖယ္စမ္းပါ ငါ့ေပၚကေန"ဆိုၿပီး သူ့ရင္ဘတ္ကို လက္နဲ့တြန္းဖယ္ရင္း အိပ္ယာေပၚမွ ထလိုက္ရေလသည္။

ေဘးေဘးျဖစ္ပ်က္သြားသည့္ပံုစံကိုသုက ၾကည့္ရင္းသေဘာက်သြားသည္ထင္သည္ မင္းကိုေယာက္်ားခ်င္းဘာမွမလုပ္ဘူး စိတ္ပူတတ္လိုက္တာဆိုျပီး ဗိုက္နွိပ္ျပီးေအာ္ရယ္ေနေလသည္။

အေျပာခံလိုက္ရေတာ့ စိတ္ထဲမွာတင္းသြားတာမို့ "ငါကလည္းမၾကိဳက္ပါဘူး ေဝးေသး" ဟု ျပန္ကတ္မိသည္။ အၿမဲတမ္း ေခြးႏွင့္ေၾကာင္လို ကိုက္ေနၾကမို႔ ဒီလိုမ်ိဳး စကားမ်ားရန္ျဖစ္တာေတြကေတာ့ မဆန္းေတာ့ပါ။ ဒါေၾကာင့္ ေမေမတို႔က နင္တို႔ႏွစ္ေကာင္ ေတြ႕ရင္ရန္ျဖစ္ မေတြ႕ရင္ ေခ်ာင္းၾကည့္ ေခြးနဲ႔ေၾကာင္လိုပဲဆိုၿပီး ေျပာၾကတာေနမွာ။ အဲ့လိုအေျပာခံရတိုင္းေဘးေဘး အၿမဲလုေျပာျဖစ္တာရွိသည္ "ေဘးေဘးက ေၾကာင္ေနာ္ သူသာ ေခြး "ဟု ေျပာတိုင္း ကိုသု ရႉးရွဴးရွဲရွဲ ျဖစ္သြားတတ္သည္ေလ။

ထိုစဥ္ ကိုသုက "ေဟ့ ဘာေတြေတြးေနတာလဲ ၾကိဳက္တာေတြ မၾကိဳက္တာေတြေနာက္ထား သြား မ်က္နွာသစ္အဝတ္အစားလဲ အားကစားသြားလုပ္မယ္ "ဟုေျပာသည္။

" ငါလိုက္မယ္လို့ မေျပာမိဘူးေနာ္"လို့ ေဘးေဘးျပန္ေျပာမိသည္ ။

"မလိုက္လို့မရဘူး လိုက္ကိုလိုက္ရမယ္ ကဲကြာၾကာတယ္ အခ်ိန္ငါးမိနစ္ေပးမယ္ ငါးမိနစ္အတြင္းမျပီးရင္ ငါကိုယ္တိုင္ အဝတ္အစားလဲေပး မ်က္နွာသစ္ ေရပါအဆစ္ခ်ိဳးေပးမွာေနာ္"ဆိုၿပီး ႐ုပ္ရွင္ေတြထဲက လူယုတ္မာေတြ ေလသံျဖင့္ေျပာေလသည္။အဲ့ဒီအျပံဳးကို သိတယ္မလား ငါးခူျပံဳးက္ို ဆားသိပ္ထားတာေလ သူ႔မ်က္ႏွာကိုၾကည့္ရင္း သိပ္လိုက္ဖက္တာ ဒင္းနဲ႔ဆိုၿပီး ေတြးမိေလသည္။ ဒါေပမဲ့အခုစကားေတာ့ ေဘးေဘးလန္႔သည္ သူက တကယ္လုပ္တဲ့သူမို႔ ေဘးေဘးေၾကာက္ျပီး ေရခ်ိဳးခန္းထဲေျပးဝင္ရင္း ေသနာၾကီးဟု တိတ္တဆိတ္က်ိန္ဆဲမိသည္။

Continue Reading

You'll Also Like

967K 68.3K 42
Stivan Victor + Khon Shao Zin
241K 10K 33
ကိုယ့္နွလံုးသားက မင္းနဲ႔မွ တကယ္ခ်စ္တတ္လာတာပါ #လြမ္းေရးထက္ ခင္ဗ်ားကို ခ်စ္ရမွာေျကာက္တယ္ #စစ္ခြန္းသ ကိုယ့်နှလုံးသားက မင်းနဲ့မှ တကယ်ချစ်တတ်လာတာပါ #လွ...
1.9M 91K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
551K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်