ဖြူစင်သော ချစ်ခြင်းဖြင့်

By noraesfictionworld

26.1K 823 27

လူ့ဘောင်လူ့လောကကြီးက ဒီလိုပါပဲ... အချစ်ကို ယောကျာ်းမိန်းမ ဆိုတဲ့နာမ်စားတွေနဲ့ဘောင်ခတ်ပစ်လိုက်ကြတယ်... အချစ်ကတ... More

ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၂)
ဖြူ စင်သောချစ်ခြင်းဖြင့်-အပိုင်း(၃)
ဖြူ စင်သောချစ်ခြင်းဖြင့်- အပိုင်း(၄)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၅)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၆)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၇)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၉)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၁)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁ဝ)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၂)
ဖြူ စင်သောချစ်ခြင်းဖြင့် - အပိုင်း(၁၃)ဇာတ်သိမ်းပိုင်း

ဖြူ စင်သောချစ်ခြင်းဖြင့် -အပိုင်း(၈)

1.2K 49 0
By noraesfictionworld

ဒီနေ့က အစ်မယဉ်ကျေးဝေ၏ စေ့စပ်ပြဲနေ့ဖြစ်သည်။
ရှင်လင်းညို က စတစ်အဖြူ ရောင်လက်ရှည်ဝတ်ပြီး
ပိုးပုဆိုးနက်ပြာရောင်ကိုဝတ်ထား၏။ဒါကို ယဉ်ကျေးဝေကအနားကပ်ပြီး...

"နင့်စေ့စပ်ပြဲလား ငါ့စေ့စပ်ပွဲလားသိပ်တော့မသဲကွဲဘူးဟာ" ဟုပြောသည်။

"ငါစေ့စပ်ပြဲဆို ဒီ့ထက်ပိုပြင်မွာပေါ့"

ယဉ်ကျေးဝေကမျက်စောင်းလေး အသာထိုးလိုက်ရင်း...

"နင်ကယူမယ့်သူရောရှိလို့လား"ဟုမေးတော့
အိမ်ရှေ့မှာ အစစအရာရာလိုက်ကူညီပေးနေတဲ့ ထက်ဦးညီကိုမေးငေါ့ပြလိုက်၏။

"အေးပါဟယ်...ငါမှားပါတယ် ငါမှားပါတယ်..."

ပြောရင်းဆိုရင်း သတို့သားဘက်က ရောက်လာတာမြင်တော့ ယဉ်ကျေးဝေတို့ကအိမ်ရှေ့ထွက်ပြီးသွားကြို၏။
ရှင်လင်းညိုက သွားကြိုသလိုလို ဘာလိုလိုနှင့် ထက်ဦးညီအနားကိုဖြည်းဖြည်းချင်းကပ်လိုက်သည်။
သူ့မျက်လုံးထဲမှာ အသားအရေနှင့်လိုက်ဖက်သည့်
အနက်ရောင်ယောပုဆိုးလေးကိုဝတ်ထားသော ထက်ဦးညီသည်သူများထက်ပင် ပိုပြီးထူးခြားနေသည်။
သူက ထက်ဦးညီလက်ကို ကိုင်မလို့လုပ်ပြီးမှ အိမ်ထဲက အစ်မနေခြည်ရဲ့အသံကြောင့် မကိုင်လိုက်ရပေ။သူလည်း ထက်ဦးညီ အနောက်လိုက်ပြီး အိမ်ထဲဝင်လာခဲ့၏။
သူမ်ားတွေက မင်္ဂလာစေ့စပ်ပြဲကိုကို စိတ်ဝင်စားနေ
ကြသော်လည်း ရှင်လင်းညိုကတော့မဟုတ်။သူ့ထက်ဦးညီကိုသာ မေးထောက်ပြီး တစိမ့်စိမ့်ထိုင်ကြည့်နေလေသည်။

"ဒါက သားလေ အလတ်ကောင်"

ဒေါ်အိအိမိုးစကားကြောင့် အားလုံးအကြည့်က ရှင်လင်းညိုဆီ ရောက်သြားသော်လည်း သူကတော့မသိ။
မေးထောက်ပြီး ကြည့်နေတဲ့ ရှင်လင်းညိုရဲ့
အကြည့်တွေက တစ်ဆင့် အားလုံးအကြည့်တွေသည် ထက်ဦးညီဆီရောက်သွားပြန်သည်။
ယဉ်ကျေးဝေကအချိန်မွီ ချောင်းဟန့်သံပေးလိုက်မွ တော်ကာက်သြား၏။
စေ့စပ်ပွဲပြီးလို့ ထက်ဦးညီကသူ့အိမ်သူပြန်တော့လည်း သူကနောက်ကနေလိုက်သွားပြန်သည်။ဒါကိုမြင်တဲ့ ဒေါ်အိအိမိုးက ယဉ်ကျေးဝေကိုကပ်မေး၏။

"သမီး...နင့်မောင်လေ...နေခြည့်ကိုများကြိုက်နေသလားဟယ်"

"ဘာလို့လဲအမေ"

"ခုဏတုန်းကလည်း နေခြည့်ကိုစိုက်ကြည့်နေလိုက်တာ အခုလည်းနေခြည့်နောက်လိုက်သွားတယ်လေ"

ယဉ်ကျေးဝေက အသံထွက်အောင်ရယ်မိလိုက်သည်။ကိုယ့်ကိုကိုယ် မနည်းအရှိန်ထိန်းလိုက်ပြီးမှ...

"မကြိုက်ပါဘူးအမေကလည်း မပူနဲ့သူနေခြည့်ကိုလုံးဝမကြိုက်ဘူး" လို့ပြောပြီး အိမ်ထဲဝင်လာခဲ့၏။

ဒေါ်အိအိမိုးလည်း နားမလည်သည့်မျက်လုံးတို့နှင့် တစ်ကြိမ်ထပ်ကြည့်ပြီး အိမ်ထဲပြန်ဝင်ခဲ့လိုက်တော့သည်။

"ဒီလိုတကောက်ကောက်ပဲလိုက်နေတော့မှာလား"

ထက်ဦးညီက နေခြည့်အရိပ်အခြေကိုကြည့်ပြီး တိုးတိုးလေးမေးလိုက်သည်။ရှင်လင်းညိုက ခေါင်းညိတ်ပြလိုက်၏။

"ညီ...ခနနေကျ ဖုန်းဆက်လိုက်ပါမယ် အခုတော့ပြန်တော့ မကြီးရိပ်မိသွားမယ်"

"အင်းအင်း..."
ရှင်လင်းညိုလည်း ထက်ဦးညီတို့အိမ်ထဲကနေထွက်လာပြီး ခြံပြင်ထွက်လာခဲ့သည်။
ဦးတည်ရာ မရှိသော်လည်း လမ်းလျှောက်ရုံသဘောနှင့် ထွက်လာခဲ့၏။
ထိုင်နေတုန်းကအကောင်း၊ထသွားမှကျိုးမှန်းသိဆိုသလိုတော့ဖြစ်ကုန်ပြီ။
ဟိုတစ်ခေါက်က ရန်ဖြစ်ထားသော ကောင်တွေနဲ့ လမ်းမှာထပ်ဆုံပြန်သည်။
မသိချင်ချင်ယောင်ဆောင်ပြီး ဆက်လျှောက်လာသည်။သို့သော်လည်း...

"မင်းသိလား...သူ့အစ်မကစေ့စပ်သွားပြီကွ..."

"ဟုတ်လား...မင်းတော့ရင်တွေကွဲနေပြီပေါ့"

ဒီထိ ရှင်လင်းညိုက သည်းခံလိုက်သေးသည်။နောက်ဆက်တြဲစကားမှာတော့ သူပင်မသိလိုက်ခင်မှာတင် အုတ်နီခဲနဲ့ကောက်ရိုက်လိုက်ပြီဖြစ်၏။

"ဟာ မကြဲပါဘူးဟ...သူ့ညီမလေးရှိသေးတယ်လေကွာ အေးဆေးလိုက်ရင်ရပါတယ်"

"ခွေးလိုကောင်"
ရှင်လင်းညို က ဘေးနားကအုတ်နီခဲကို ဆွဲပြီး ပြောတဲ့ကောင်၏ခေါင်းကိုနှစ်ဆင့်ရိုက်ချလိုက်သည်။သူ့ဘေးကကောင်က ရှင်လင်းညိုကို အုတ်နီခဲဖြင့်ပြန်ကောက်ထုသည်။
ရှင်လင်းညိုရဲ့ခေါင်းက သွေးတွေစီးကျလာပြီး အမြင်တွေသိပ်မသဲကြဲတော့။
ဒါတောင် သူ့လက်ထဲကအုတ်နီခဲနဲ့ ထိုကောင်ကိုမိအောင်လှမ်းထုမိလိုက်သေး၏။
မကြာခင် ရှင်လင်းညိုရောထိုနှစ်ကောင်ကိုပါ ရဲကလာဖမ်းသွားသည်။အချုပ်ထပ်ကျပြန်ပြီဖြစ်သည်။
သူ့အမှားမဟုတ်သော်လည်း စလုပ်သူကသူမို့ အချုပ်ထဲတစ်ညအိပ်လိုက်ရပြန်သည်။
မနက်မိုးလင်းတော့ ဦးလင်းထက်ရောက်လာသည်။
မျက်နှာကတော့မကောင်း...အတော်စိတ်ဆိုးလာသည့်ပုံပေါက်သည်။
တစ်ယောက်တည်းလာတာတော့မဟုတ်ပေ။
ထက်ဦးညီလည်းပါလာသည်။
သူလည်းမျက်နှာမကောင်းပေ။
သားအဖလို့တောင်ပြောလို့ရမည်ထင်၏။
အိမ်အပြန်လမ်းတလမ်းလုံး နှစ်ယောက်လုံးကစကားတစ်ခွန်းတောင် မပြောပေ။
အိမ်ထဲရောက်တော့လည်း သူ့ကိုဘယ်သူကမွစကားမပြော။
သွေးတွေနဲ့ဒဏ်ရာကိုတောင် ဘယ်သူမွ အရေးမစိုက်ကြ။ပုံပုံလည်းအပါအဝင်ဖြစ်သည်။
ရှင်လင်းညိုလည်း ရေချိုးပြီးပိတောက်ပင်အောက်ထွက်လာခဲ့သည်။
ဟိုကြည့်သည်ကြည့်လိုက် လျှောက်တွေးလိုက်လုပ်နေသည်။
သိပ်မကြာခင်မွာပဲ ထက်ဦးညီက ဆေးသေတ္တာကြီးကိုဆွဲပြီးရောက်ခ်လာခဲ့၏။
မပြောမဆိုနဲ့ မျက်နှာကိုသူ့ဘက်ကိုဆွဲလှည့်လိုက်သည်။
မျက်နှာထားကတော့ ခပ်တင်းတင်းပင်။
စကားလည်းမပြောဘဲ ဆေးကိုသာထည့်ပေးနေ၏။
ရှင်လင်းညိုက ဘာမွမပြောဘဲ သူ့မျက်နှာကိုသာ ထိုင်ကြည့်နေသည်။သူကဒဏ်ရာကိုဆေးထည့်ပေးပြီး ထအထွက်တွင် လက်ကိုလှမ်းဆွဲထားလို်က်၏။ထက်ဦးညီကလှည့်ကြည့်လိုက်ပြီးပြောသည်။

"စကားပြောရမယ့်အခြေအနေမဟုတ်ဘူးအစ်ကို"

"ဘာလို့လဲ"
ရှင်လင်းညိုက သူ့မျက်နှာကိုစိုက်ကြည့်ပြီးမေးလိုက်၏။ပြီးတော့ ကိုင်ထားတဲ့လက်ကိုဆွဲချလိုက်တော့ ထက်ဦးညီရဲ့တစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲလဲကျသွားသည်။

"အားပျော့လိုက်တာညီရာ"

ထက်ဦးညီက မျက်စောင်းထိုးပြီး သူ့ရင်ခွင်ထဲကရုန်းထွက်လိုက်သည်။ပြီးတော့

"အားပျော့တော့ကောင်းတာပေါ့ အစ်ကို့လိုအစ်မစေ့စပ်ပြဲနေ့မှာ ရန်မဖြစ်နိုင်တော့ဘူးပေါ့" ဟုပြောသည်။နှုတ်ခမ်းလေးစူကာ ကတ်ကတ်လန်ရန်ပြန်တွေ့နေတဲ့ ထက်ဦးညီကို ဘာမှပြန်မပြောနိုင်ဘဲ စိုက်ကြည့်နေမိ၏။

"ညီက ရန်ဖြစ်တာမကြိုက်ဘူးမလား...အစ်ကိုနောက် ရန်မဖြစ်တော့ဘူး"

သူကအဲ့လိုပြောလိုက်မွ ထက်ဦးညီကဘာမှဆက်မပြောတော့ပေ။ပြီးမှ...

"အစ်မကျေးဝေတို့ကိုတောင် ခဏခဏကတိတွေပေးဖူးတာပဲအစ်ကိုက...ညီကဒီကတိကိုဘယ်လိုယုံရမှာလဲ"

"ညီ...အစ်ကိုဆေးလိပ်သောက်တာမြင်လား"

ထက်ဦးညီလည်း ဘာမှဆက်မပြောနိုင်တော့ဘဲ သူ့ဘေးနားမှာအကြာကြီးထိုင်နေမိသည်။

"အစ်ကိုဘာလို့ရန်ဖြစ်တာလဲမနေ့က"

"ပုံပုံနဲ့အစ်မကိုထိလို့လေ"

ထက်ဦးညီက သူ့ကိုဘေးဘက်ကနေ အတန်ငယ်စိုက်ကြည့်ပြီးမှ...

"ညီသာဆိုလည်းလုပ်မိမွွာပဲ..."

"............"

"ညီတောင်းပန်ပါတယ်..."

"ဘာကိုလဲညီ"

"အစ်ကို့ကို နားမလည်ခဲ့ဘဲနဲ့ စိတ်ဆိုးနေမိလို့"

တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိုက်ကြည့့်ပြီး နားလည်မှုတစ်ခုကိုရလိုက်မိကြ၏။ရှင်လင်းညိုက သူ့နှဖူးလေးကိုဖွဖွလေးနမ်းလိုက်သည်။

"ညီသာစိတ်ဆိုးတယ်ဆိုရင် အစ်ကိုကဟိုးကမ္ဘာထိလည်းလိုက်ချော့မှာပါ"

**************************
"အစ်မရေ...တံခါးဖွင့်ပါဦးဟာ...ပုံပုံ...အချစ်ကလေးတွေ...နင်တို့ကလည်းဟာ မတရားလိုက်တာ..ငါ့မွာတော့နင်တို့်အတွက်နဲ့အချုပ်ထဲအိပ်ရတာတွေများနေပြီ တံခါးလေးတော့ဖွင့်ဟာနော်"

ခဏနေတော့ ပုံပုံကတံခါးလာဖွင့်သည်။ယဉ်ကျေးဝေက စောင်ကိုခေါင်းမြီးခြုံ ပြီးအိပ်နေ၏။ရှင်လင်း
ညိုက သူ့ခုတင်ဘေးနားမှာကပ်ထိုင်လိုက်သည်။ပုံပုံကတော့ စိတ်ပြေသွားဟန်တူသည်။ဘေးနားကနေ ရပ်ကြည့်နေ၏။

"အစ်မရယ်...ငါ့မှာနင့်အတွက်ဒီမှာကြည့်ဦး ခေါင်းကိုအရိုက်ခံခဲ့ရတာဟ...စိတ်ဆိုးတော့ပြေပါဟာ
ငါနောက်တကယ်ရန်မဖြစ်တော့ဘူးဟာ"

ထိုအခါမွ ယဉ်ကျေးဝေကထလာပြီး ဒဏ်ရာကိုသူ့လက်ကလေးနှင့်အသာကိုင်ကြည့်သည်။

"နင်တကယ်နောက်ရန်မဖြစ်ရဘူးနော်..."

ရှင်လင်းညိုက ပြုံးပြီးခေါင်းညိတ်ပြသည်။ပုံပုံကရှင်လင်းညိုကို အနောက်ကသိုင်းဖက်လိုက်ရင်းသဘောကျနေ၏။

"ဒါနဲ့ နင့်မင်္ဂလာပွဲနေ့ကဘယ်နေ့သတ်မှတ်လိုက်တာလဲ ငါမသိလိုက်လို့ဟ"

"နောက်လ ၂၉ရက်နေ့လေ နင်ကဘယ်လိုသိမှာလည်း နင့်ဟာလေးကိုပဲအာရုံရောက်နေတာကိုးဟ"

ယဉ်ကျေးဝေက သူ့လက်မောင်းကိုရိုက်ရင်းပြောသည်။ပုံပုံကနှစ်ယောက်လုံးကို တလှည့်စီကြည့်ရင်းအံ့သြနေ၏။

"ဘာတွေပြောနေကြတာလဲ...ကိုကိုကဘယ်သူ့ကို
ကြည့်တာလဲမမ"

"ဟယ်ကလေးတွေသိစရာမလိုပါဘူးကွာ"

ပုံပုံက ယဉ်ကျေးဝေကိုကပ်မေးလိုက်၊ရှင်လင်းညိုကိုကပ်မေးလိုက်လုပ်သည်။ဘယ်သူကမွမဖြေတော့ စိတ်ကောက်သည်။ဒါကိုပဲ ယဉ်ကျေးဝေရောရှင်လင်းညိုရောက သဘောကျပြီးကျိတ်ရယ်မိကြ၏။

"အေးပါအေးပါ...ပုံ့ကိုပြောပြရင်ပုံက အမေနဲ့အဖေကိုသွားတိုင်မွာလား"

ရှင်လင်းညိုအသံကြားတော့မှ ခေါင်းထောင်ကြည့့်၏။ပြီးတော့ ခေါင်းရမ်းပြသည်။

"နင်ရောအစ်မရော တစ်ပုံစံတည်းပဲနော်...ဒီကိုလာ"

ပုံပုံကသူ့ကုတင်ကနေ ရှင်လင်းညိုတို့ဘက်ကအပြေးကူးလာ၏။

"ကိုကိုက ဟိုဘက်အိမ်ကတစ်ယောက်နဲ့ကြိုက်နေတာ"

ပုံပုံကသူ့ပါးစပ်သူလက်ကလေးနှင့်အုပ်ရင်း အံ့သြဟန်လုပ်သည်။

"မမနေခြည်နဲ့လားကိုကို"

"ဟာ မဟုတ်တာ"လို့ ယဉ်ကျေးဝေကပြောတော့ သူကနှုတ်ခမ်းလေးစူပြီး

"အဲ့အိမ်မွာ မိန်းကလေးဆိုလို့မမနေခြည်ပဲရှိတဲ့ဟာ"ဟုပြန်ပြောသည်။

"ကိုကိုကလေ ကိုကိုညီနဲ့ချစ်သူတွေဖြစ်နေတာ"

ပုံပုံ ဒီတစ်ခါမှတကယ်အံ့သြသွားသည်။

"ဟာ...ကိုကိုကလည်း မဟုတ်တာ"

"ဟုတ်တယ် ပုံလေးရဲ့ တကယ်"

ယဉ်ကျေးဝေကဝင်ပြောတာတောင်မယုံချင်။

"ပုံ မယုံလည်းကိုကိုကတော့ ဘာမွမပြောတော့ဘူး အေးနော် အမေတို့ကိုသွားပြောရင်ကိုကိုတကယ်စိတ်ဆိုးမွာ"

ရှင်လင်းညိုကအခန်းထဲကထွက်မယ်လုပ်မွ အကျႌကိုဆွဲပြီးမေး၏။

"ကိုကိုတကယ်လားဟင်"

ရှင်လင်းညိုကခေါင်းညိတ်ပြလိုက်သည်။ပုံပုံက ယဉ်ကျေးဝေကိုလှမ်းကြည့်သည်။ယဉ်ကျေးဝေကလည်းခေါင်းညိတ်ပြလိုက်၏။

"ဒါဆို ကိုကိုညီညီ့ကို ပုံက ယောင်းမတော်ရမွာပေါ့နော်"

ပုံပုံ့စကားကြောင့် ပွဲကျသွားသည်။ပုံပုံရော ယဉ်ကျေးဝေ ရော နှစ်ယောက်လုံး သူတို့ကိုနားလည်ပေး
ကြတာမို့ အတော်ကံကောင်းသည်ဟုဆိုရမည်။
သို့သော် ရှေ့ဆက်ဖြစ်လာမည့် အဆိုးမ်ားကိုတော့
မည်သူမွ် မမြင်နိုင်ခဲ့ကြပေ...။

အပိုင်း(၉)မျှော်

Continue Reading

You'll Also Like

1.5K 107 11
ဤဇာတ်လမ်းသည် ဖြစ်ရပ်မှန်ပေါ် အခြေခံကာ ပြန်လည်ရေးသားထားခြင်းဖြစ်သည် ။
11.5K 358 44
🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိ...
29.2K 952 34
ဝတ္တုပါအကြောင်းအရာများသည် စိတ်ကူးယဥ်သာဖြစ်သည်